Dictionary Entries
Showing 1,201–1,220 of 1,758 words
န
နောက်ပစ်
[nɔ́ɛʔpɪʔ]
Arakanese:
‘အဲ’ သရအတွက် မျှိုင်းစောင်း နောက်ကို ပစ်ရေ။ (-ဲ)
Burmese:
‘အဲ’ သရအတွက် မျဉ်းစောင်း နောက်သို့ ပစ်သည်။ (-ဲ)
English:
none
Grammar Note:
ကြိယာ
နောက်ပစ်လွဲ
[nɔ́ɛʔpɪʔlwɛ]
Arakanese:
ကိုယ့် ဆောင်ရွက်ရန် တာဝန်ကို အရာ တစုံ တယောက်အား ပြောင်းပြီးကေ ပီးအပ်ရေ။ ကိုယ့် တက်စား ဆောင်ရွက် စီရေ
Burmese:
မိမိ ဆောင်ရွက်ရန် တာဝန်ကို အခြား တစ်စုံ တစ်ယောက်အား ပြောင်း၍ ပေးအပ်သည်။ မိမိ ကိုယ်စား ဆောင်ရွက် စေသည်
English:
on behalf of
Grammar Note:
ကြိယာ
နောက်ပိတ်
[nɔ́ɛʔpeɪʔ]
Arakanese:
၁၊ အစွန်ဆုံး ဖြစ်ရေ အရာ။ ၂၊ အားလုံးရို့၏ နောက်ဆုံးမာ ထီး ထားရေ အရာ။ တန်းခါးကိုအဂုမပိတ်ကေ့ နောက်ပိတ်
Burmese:
၁၊ အစွန်ဆုံး ဖြစ်သော အရာ။ ၂၊ အားလုံးတို့၏ နောက်ဆုံးတွင် ပိတ်ဆို့ ထားသော အရာ။ တံခါးကိုအဂုမပိတ်ကေ့ နောက်ပိတ်
English:
end
Grammar Note:
နာမ်
နောက်ပိတ်ဆုံး
[nɔ́ɛʔpeɪʔsʰóʊɴ]
Arakanese:
နောက်ဆုံး ရောက်သော အချိန်။ အားလုံးရို့၏ နောက် အကျဆုံး ဖြစ်ရေ
Burmese:
နောက်ဆုံး ရောက်သော အချိန်။ အားလုံးတို့၏ နောက် အကျဆုံး ဖြစ်သော
English:
end
Grammar Note:
နာမ်
နောက်ပိုင်း
[nɔ́ɛʔpáɪɴ]
Arakanese:
ဝတ္တု၊ ဇာတ်လမ်း အစဟိစွာရို့၏ ပြီးဆုံးခါနီး အပိုင်း
Burmese:
ဝတ္တု၊ ဇာတ်လမ်း စသည်တို့၏ ပြီးဆုံးခါနီး အပိုင်း
English:
the last-the end
Grammar Note:
နာမ်
နောက်ပီး
[nɔ́ɛʔpï]
Arakanese:
ကျောပီးရေ။ ကျောခိုင်းရေ။ နောက်ခိုင်းသည်
Burmese:
ကျောပေးသည်။ ကျောခိုင်းသည်။ နောက်ခိုင်းသည်
English:
turn back on
Grammar Note:
ကြိယာ
နောက်ပေါက်
[nɔ́ɛʔpaʊʔ]
Arakanese:
ခြင်းလုံး ခတ်ရာမာ ခြင်းလုံးကို ခြေဖနောင့်ဖြင့် အထက်ကို ပင့်၍ ခတ်သည်
Burmese:
ခြင်းလုံး ခတ်ရာတွင် ခြင်းလုံးကို ခြေဖနောင့်ဖြင့် အထက်သို့ ပင့်၍ ခတ်သည်
English:
play cane ball
Grammar Note:
ကြိယာ
နောက်ပေါက်၂
[nɔ́ɛʔpaʊʔ၂]
Arakanese:
ခြေဖြင့် နောက်ကျော ဖက်သို့ ခနုန့်သတ်ရေ
Burmese:
ခြေဖြင့် နောက်ကျော ဖက်သို့ ကန်ကျောက်သည်
English:
play cane ball
Grammar Note:
ကြိယာ
နောက်ပေါ်
[nɔ́ɛʔpɔ̀]
Arakanese:
နောက်ပြီးကေမှ ဖြစ်ထွန်း ပေါ်ပေါက် လာရေ
Burmese:
နောက်ပြီးမှ ဖြစ်ထွန်း ပေါ်ပေါက် လာသော
English:
new
Grammar Note:
နာမဝိသေသန
နောက်ပေါ်၂
[nɔ́ɛʔpɔ̀၂]
Arakanese:
နောက်ပြီးကေမှ ပေါ်ပေါက် လာရေ သူ
Burmese:
နောက်ပြီးမှ ပေါ်ပေါက် လာသော သူ
English:
new
Grammar Note:
နာမ်
နောက်ပြင်
[nɔ́ɛʔpɹɪ̀ɴ]
Arakanese:
နောက်ကုန်း။ ကျောပြင်။ တချက်ကြည့်ပါ။ ကျွန့်ခန္ဓာမာ၊ ကြောမာနီာက်ပြင်၊ တင်သားမလွတ်၊ ဆတ်ကျာသတ်ရာလေ၊ ဝိဇ္ဇာသတ်လို့ (ကော်)
Burmese:
ကျောကုန်း။ ကျောပြင်။ တချက်ကြည့်ပါ။ ကျွန့်ခန္ဓာတွင်၊ ကြောမှာနောက်ပြင်၊ တင်သားမလွတ်၊ ကြိမ်ဒဏ်ရာလေ၊ ဝိဇ္ဇာသတ်လို့ (ကော်)
English:
back
Grammar Note:
နာမ်
နောက်ပြန်
[nɔ́ɛʔpɹàɴ]
Arakanese:
မျက်နှာကို မလှည့်ပဲ နောက်ကို ပြန်ဗျာယ်။ နောက်ခိုင်းဗျာယ်
Burmese:
မျက်နှာကို မလှည့်ပဲ နောက်သို့ ပြန်လျက်။ နောက်ခိုင်းလျက်
English:
backwards
Grammar Note:
ကြိယာဝိသေသန
နောက်ပြော့ခန်း
[nɔ́ɛʔpɹɔ̰kʰáɴ]
Arakanese:
ကြွက်ထက်၊ အလယ်ခန်း (အထဲခန်း) ၊ နောက်ပြော့ခန်း ဆိုပနာ သုံးခန်း ရို့မာ သုံးခုမြောက် ဖြစ်ရေ အခန်း။ (ရခိုင် အိမ်ရို့၌ အိမ်မ ကိုယ်မာ ပြော့ခန်း ဆိုပနာ သုံးပိုင်း ခွဲခြား ထားရေ။ နောက်ပြော့ခန်းမာ နောက်ဖေး အဆောင် ခေါ် မီးဖိုဆောင် ချထားရေ။) နောက်ပြော့ခန်းမာ၊
Burmese:
အိမ်ဦးခန်း၊ အလယ်ခန်း (အထဲခန်း) ၊ နောက်ပြော့ခန်း ဟူ၍ သုံးခန်း တို့တွင် သုံးခုမြောက် ဖြစ်သော အခန်း။ (ရခိုင် အိမ်တို့၌ အိမ်မ ကိုယ်တွင် ပြော့ခန်း ဟူ၍ သုံးပိုင်း ခွဲခြား ထားသည်။ နောက်ပြော့ခန်းတွင် နောက်ဖေး အဆောင် ခေါ် မီးဖိုဆောင် ချထားသည်။) နောက်ပြော့ခန်းမှာ၊
English:
none
Grammar Note:
နာမ်
နောက်ဖယ်
[nɔ́ɛʔpʰɛ̀]
Arakanese:
ကိုယ့်တွေ့လိုသည် ရို့နန့် ရွတ်မြောက်အောင် ဖယ်ထွက်ရေ။ ဖယ်ရှောင်သည်
Burmese:
မိမိတွေ့လိုသည် တို့နှင့် လွတ်ကင်းအောင် ဖယ်ထွက်သည်။ ရှောင်ဖယ်သည်
English:
leave
Grammar Note:
ကြိယာ
နောက်ဖီ
[nɔ́ɛʔpʰí]
Arakanese:
အိမ်၊ ကျောင်း၊ အဆောက်အဦးရို့၏ နောက်မာ ကပ်မြှောင် မှီတွယ်၍ ဆောက်လုပ် ထားရေ အဆောင်ငယ်
Burmese:
အိမ်၊ ကျောင်း၊ အဆောက်အဦးတို့၏ နောက်တွင် ကပ်မြှောင် မှီတွယ်၍ ဆောက်လုပ် ထားသော အဆောင်ငယ်
English:
water closest
Grammar Note:
နာမ်
နောက်ဖေး
[nɔ́ɛʔpʰé]
Arakanese:
၁၊ ကျင်ကြီး။ ချီး။ ၂၊ အိမ်၊ ကျောင်း၊ အစဟိစွာရို့၏ နောက်ဖြစ်ရေ အရပ်
Burmese:
၁၊ ကျင်ကြီး။ မစင်။ ၂၊ အိမ်၊ ကျောင်း၊ စသည်တို့၏ နောက်ဖြစ်သော အရပ်
English:
latrine
Grammar Note:
နာမ်
နောက်ဖေးဆောင်
[nɔ́ɛʔpʰésʰàʊɴ]
Arakanese:
အိမ် အစဟိစွာ အဆောင် အဦးမာ ချက်ပြုတ် စရာနှင့် စားသောက်ဖို့ အတွက် ပြုလုပ်ထားရေ အဆောင်တမျိုး။ ဆဖို။ (ချက်ပြုတ်ရန် အတွက် သီးသန့် ဆောက်လုပ် ထားရေ မီးစရုံး အိမ် စစွာလေ့ ဟိရေ။
Burmese:
အိမ် စသည် အဆောင် အဦးတွင် ချက်ပြုတ် စရာနှင့် စားသောက်ရန် အတွက် ပြုလုပ်ထားသော အဆောင်တစ်မျိုး။ မီးဖိုချောင်။ (ချက်ပြုတ်ရန် အတွက် သီးခြား ဆောက်လုပ် ထားသော မီးစရုံး အိမ် စသည်လည်း ရှိသည်။
English:
kitchen
Grammar Note:
နာမ်
နောက်ဖေးလား
[nɔ́ɛʔpʰélá]
Arakanese:
ကျင်ကြီး စွန့်ရေ။ ချီးပါရေ။ ချီး စွန့်သည်
Burmese:
ကျင်ကြီး စွန့်သည်။ ချေးပါသည်။ မစင် စွန့်သည်
English:
latrine
Grammar Note:
ကြိယာ
နောက်ဖေးအိမ်
[nɔ́ɛʔpʰéʔèɪɴ]
Arakanese:
ကျင်ကြီး ကျင်ငယ် စွန့်ရာ အရပ်။ အိမ်သာ
Burmese:
ကျင်ကြီး ကျင်ငယ် စွန့်ရာ အရပ်။ အိမ်သာ
English:
latrine
Grammar Note:
နာမ်
နောက်ဖြစ်ရှိ.ဖြစ်
[nɔ́ɛʔpʰɹɪʔʃḭ.pʰɹɪʔ]
Arakanese:
အတိတ် ကာလနှင့် အနာဂတ် ကာလမာ ဖြစ်ပေါ်သော
Burmese:
အတိတ် ကာလနှင့် အနာဂတ် ကာလတွင် ဖြစ်ပေါ်သော
English:
reading the past and future
Grammar Note:
နာမဝိသေသန