Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,221–1,240 of 1,758 words

    န

    နောက်မတုံးဆွဲ

    [nɔ́ɛʔmtóʊɴsʰwɛ]
    လူများ နောက်က လိုက်ပါရေ သူ
    လူများ နောက်က လိုက်ပါသော သူ
    follower
    နာမ်

    နောက်မတုံးဆွဲ၂

    [nɔ́ɛʔmtóʊɴsʰwɛ၂]
    အမျှောင်မ၊ လင်ငယ် ထားရေ
    မယားငယ်၊ လင်ငယ် ထားသည်
    commit adultery
    ဥပစာ

    နောက်မယား

    [nɔ́ɛʔmjá]
    ပထမ မယားမဟိ ပြီးကေ နောက်ထပ် အိမ်ထောင် ပြုထားရေ မယား။ နောက်ခါ ယူသော မယား
    ပထမ မယားမရှိ ပြီးနောက် နောက်ထပ် အိမ်ထောင် ပြုထားသော မယား။ နောက်မှ ယူသော မယား
    lesser wife
    နာမ်

    နောက်မှီ

    [nɔ́ɛʔm̥í]
    နောက်မာ အမှီပါရေ ထိုင်စရာ။ နောက်ကုန်းဖြင့် မှီရရေ အရာ
    နောက်တွင် အမှီပါသော ထိုင်စရာ။ ကျောကုန်းဖြင့် မှီရသော အရာ
    back rest
    နာမ်

    နောက်မှီထရံ

    [nɔ́ɛʔm̥ítʰɹံ]
    (ဥပစာ) မှီခို အားထားစရာ။ အမှီ ပြုစရာ။ အားကိုး အားထား။ အားကိုး ရပ်တည်ရာ
    (ဥပစာ) မှီခို အားထားစရာ။ အမှီ ပြုစရာ။ အားကိုး အားထား။ အားကိုး ရပ်တည်ရာ
    depend upon
    နာမ်

    နောက်ယောက်ခံ

    [nɔ́ɛʔjɔ́ɛʔkʰံ]
    သူတိနှင့် တတူ လိုက်မလားပဲ စိတ်လိမ် စိတ်ကောက်ဖြင့် နောက်ယောင် ခံ၍ လိုက်ရေ
    သူများနှင့် အတူ လိုက်မသွားပဲ စိတ်လိမ် စိတ်ကောက်ဖြင့် နောက်ယောင် ခံ၍ လိုက်သည်
    shadow
    ကြိယာ

    နောက်လင်

    [nɔ́ɛʔlɪ̀ɴ]
    ပထမ လင်မဟိ ပြီးကေ နောက်ခါ ယူသော လင်
    ပထမ လင်မရှိ ပြီးနောက် နောက်မှ ယူသော လင်
    paramour
    နာမ်

    နောက်လိုက်

    [nɔ́ɛʔlaɪʔ]
    သူတိ နောက်က လိုက်ပါရေ အရာ
    သူများ နောက်က လိုက်ပါသော အရာ
    shadow
    နာမ်

    နောက်လိုက်နောက်ပါ

    [nɔ́ɛʔlaɪʔnɔ́ɛʔpà]
    နောက်က ဝန်းရံ၍ တတူတကွ လိုက်ပါ လာသူ
    နောက်က ဝန်းရံ၍ အတူတကွ လိုက်ပါ လာသူ
    follower
    နာမ်

    နောက်လွှဲပစ်

    [nɔ́ɛʔlW̯ɛpɪʔ]
    ကိုယ့် ဆောင်ရွက်ရန် တာဝန်ကို အရာ တစုံ တယောက်အား ပြောင်းပြီးကေ ပီးအပ်ရေ။ ကိုယ့် တက်စား ဆောင်ရွက်စီရေ။ ၂၊ ကိုယ့် တာဝန်ကို အားလုံး လွဲအပ်ရေ
    မိမိ ဆောင်ရွက်ရန် တာဝန်ကို အခြား တစ်စုံ တစ်ယောက်အား ပြောင်း၍ ပေးအပ်သည်။ မိမိ ကိုယ်စား ဆောင်ရွက်စေသည်။ ၂၊ မိမိ တာဝန်ကို အကုန် လွဲအပ်သည်
    hand over
    ကြိယာ

    နောက်သားနောင်လာ

    [nɔ́ɛʔθánàʊɴlà]
    နောင်ခါ လာအံ့သော သားမြေး အစိုင်အဆက်
    နောင်ခါ လာလတ္တံ့သော သားမြေး အစဉ်အဆက်
    descendant
    နာမ်

    နောက်အိမ်ထောင်

    [nɔ́ɛʔʔèɪɴtʰàʊɴ]
    ပထမ အိမ်ထောင် (လင်၊ မယား) မဟိပြီးးကေ နောက်ခါ ယူသော လင်၊ မယား
    ပထမ အိမ်ထောင် (လင်၊ မယား) မရှိပြီးနောက် နောက်မှ ယူသော လင်၊ မယား
    second marriage
    နာမ်

    နောကျီကျီ

    [nɔ́t͡ɕít͡ɕí]
    ကြီစပ် ကစပ်တေ။ ချော့မြူသည်
    ကျီစယ် ကစားသည်။ ချော့မြူသည်
    tease affectionately
    ကြိယာ

    နောကျေ

    [nɔ́t͡ɕè]
    တတ်သိ လိမ္မာရေ။ လိလာ ပွန်းတီးရေ။ ရှင်းရှင်း လင်းလင်း သိဟိ နားလည်ရေ။ (နမူနာ - ၁၀၈ ကို ၉ ဖြင့် စားပါက ၉ - ၁၂ လီ ၁၀၈၊ ၉ နှင့် စားပနာ ကျေ သည်)
    တတ်သိ လိမ္မာသည်။ လေ့လာ ပွန်းတီးသည်။ ရှင်းရှင်း လင်းလင်း သိရှိ နားလည်သည်။ (ဥပမာ - ၁၀၈ ကို ၉ ဖြင့် စားပါက ၉ - ၁၂ လီ ၁၀၈၊ ၉ နှင့် စား၍ ကျေ သည်)
    know well
    ကြိယာ

    နောချွဲ

    [nɔ́ɕwɛ]
    ပလီ ပြောဆိုရေ။ ပလီစိချောက်ချက် ပြောဆိုရေ
    ချွဲပစ် ပြောဆိုသည်။ ပလီပလာ ပြောဆိုသည်
    wheedle
    ကြိယာ

    နောင်

    [nàʊɴ]
    အနာဂတ် ကာလ။ နောက်ပုညဇာာင်သံသာ၊ ဆံမြွာမပြား၊ တူနှစ်ပါးသည်၊ ဖြစ်ငြားရလိုပါဟု (မြို့သူကြီး)
    အနာဂတ် ကာလ။ နောက်ပုညနောင်သံသာ၊ ဆံမြွာမပြား၊ တူနှစ်ပါးသည်၊ ဖြစ်ငြားရလိုပါဟု (မြို့သူကြီး)
    future
    နာမ်

    နောင့်

    [na̰ʊɴ]
    (တစုံ တခုသို့ လားပနာ မလာပဲ ကြာနိန်ရေ့ အတွက်ကြောင့်) စိုးရိမ်ပူပင်ခြင်း ဖြစ်တေ။ တခါမလာ၊ ကြာလီစွာကြောင့်၊ နှလုံးနောင့်၏ (ထွန်းတိ)
    (တစ်စုံ တစ်ခုသို့ သွား၍ မလာပဲ ကြာနေသည့် အတွက်ကြောင့်) စိုးရိမ် ပူပန်ခြင်း ဖြစ်သည်။ တခါမလာ၊ ကြာလီသည်ကြောင့်၊ နှလုံးနောင့်၏ (ထွန်းတိ)
    worry
    ကြိယာ

    နောင်း

    [náʊɴ]
    ခိုင်မြဲစွာ။ နောင်းနောင်း။ တောင့်တင်း ကြံ့ခိုင်စွာ။ ယိမ်းယိုင်မှု မဟိဘဲ။ (တိုင်ကို နောင်းအောင်စိုက်။ ကြိုးနန့် နောင်းအောင်ခြည်) ချပ်တန်းဆာကို၊ နနောင်းအောင်၊ တောင့်တောင့်ဝတ်လို့ (ဒွေး)
    ခိုင်မြဲစွာ။ ခိုင်ခိုင်မာမာ။ တောင့်တင်း ကြံ့ခိုင်စွာ။ ယိမ်းယိုင်မှု မရှိပဲ။ (တိုင်ကို နောင်းအောင်စိုက်။ ကြိုးနန့် နောင်းအောင်ချည်) ချပ်တန်းဆာကို၊ ခိုင်မာအောင်၊ တောင့်တောင့်ဝတ်လို့ (ဒွေး)
    firm
    ကြိယာဝိသေသန

    နောင်၂

    [nàʊɴ၂]
    ညီအစ်ကို နှစ်ယောက်မာ အစ်ကို အကြီး။ နောင်ညီနှစ်ယောက်၊ ကြီးမြင့်ရွယ်ရောက်၊ လူလားမြောက်သော် (ရာမ)
    ညီအစ်ကို နှစ်ယောက်တွင် အစ်ကို အကြီး။ နောင်ညီနှစ်ယောက်၊ ကြီးမြင့်ရွယ်ရောက်၊ လူလားမြောက်သော် (ရာမ)
    brother
    နာမ်

    နောင်ကြီးသျှင်

    [nàʊɴt͡ɕïʃɪ̀ɴ]
    ကိုယ့် အစ်ကို အကြီး (မောင်ကြီးသျှင်) ကို ချစ်စနိုးဖြင့် ခေါ်သော စကား
    မိမိ၏ အစ်ကို အကြီး (မောင်ကြီး) ကို ချစ်စနိုးဖြင့် ခေါ်သော စကား
    brother
    နာမ်