Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,241–1,260 of 1,758 words

    န

    နောင်ခါ

    [nàʊɴkʰà]
    နောင်လာ အံ့သော အခါ ကာလ
    နောင်လာ လတ္တံ့သော အခါ ကာလ
    future
    နာမ်

    နောင်ခါလာနောင်ခါစျီး

    [nàʊɴkʰàlànàʊɴkʰàsrï]
    မျက်မှောက် ကာလ ပြေလည်ယောင် မလုပ်ပဲ နောင်အကြောင်း အနိန်နန့် (ဖြစ်ပေါ် လာသမျှကို တာဝန်ယူရေ့ အနိန်နန့်)
    မျက်မှောက် ကာလ ပြေလည်အောင် မလုပ်ပဲ နောင်အကြောင်း အားလျော်စွာ (ဖြစ်ပေါ် လာသမျှကို တာဝန်ယူသည့် အနေဖြင့်)
    in agreement
    ကြိယာဝိသေသန

    နောင်တ

    [nàʊɴt]
    ပြုသင့်စွာကို မပြုမိ၊ မပြုသင့်စွာကို ပြုမိရေ အတွက်ကြောင့် နောင်အခါ စိုးရိမ်ပူပင်ခြင်း။ နောင်တ နောက်ထပ်၊ပူပင်မရ၊ မြွီပါသျှေကို၊ အားပါးကျရေ (ရိုး)
    ပြုသင့်သည်ကို မပြုမိ၊ မပြုသင့်သည်ကို ပြုမိသည့် အတွက်ကြောင့် နောင်အခါ စိုးရိမ် ပူပန်ခြင်း။ နောင်တ တဖန်၊ ပူပန်မရ၊ မြွီပါသျှေကို၊ အားပါးကျရေ (ရိုး)
    repentance
    နာမ်

    နောင့်တချီ

    [na̰ʊɴtɕí]
    ကြောင့်ကြ စိုးရိမ်မှု ဖြစ်တေ။ လိုအင် ဆန္ဒ မပြည့်ဝ ခြင်းကြောင့် စိတ်ထိခိုက် နွမ်းလျသည်
    ကြောင့်ကြ စိုးရိမ်မှု ဖြစ်သည်။ လိုအင် ဆန္ဒ မပြည့်ဝ ခြင်းကြောင့် စိတ်ထိခိုက် နွမ်းလျသည်
    worry
    ကြိယာ

    နောင်တစ်ချိန်

    [nàʊɴtɪʔɕèɪɴ]
    ၁၊ နောင်ဖြစ် အံ့သော ကာလ။ အံ့ရေအခါ။ ၂၊ အနာဂတ် ကာလကို ရည်ရွယ်၍ ပြောသော စကား
    ၁၊ နောင်ဖြစ် လတ္တံ့သော ကာလ။ လတ္တံ့သောအခါ။ ၂၊ အနာဂတ် ကာလကို ရည်ရွယ်၍ ပြောသော စကား
    future
    နာမ်

    နောင့်တဆွေး

    [na̰ʊɴtsʰwé]
    စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်
    စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်
    worry
    ကြိယာ

    နောင့်တံပူတံ

    [na̰ʊɴtံpùtံ]
    အသံ ကျကျယ်လောင်လောင် အခဲမကျီ ပြောဆို ဟစ်ကြွီးဗျာယ်
    အသံ ကျယ်လောင်စွာ မကျေမနပ် ပြောဆို ဟစ်ကြွေးလျက်
    loud
    ကြိယာဝိသေသန

    နောင်တဖန်

    [nàʊɴtpʰàɴ]
    နောက်တခေါက်။ ထပ်မံပနာ
    နောက်တစ်ကြိမ်။ ထပ်မံ၍
    again
    ကြိယာဝိသေသန

    နောင်တရ

    [nàʊɴtɹ]
    ပြုခ မိဖူးရေ့ အမှုအတွက် နောင်အခါ စိတ်နှလုံး စိုးရိမ်ခြင်း ဖြစ်မိရေ။ ဖြစ်ပျက်မှုကို မြင်တွိ၍ ဆင်ခြင်ဉာဏ် ပွားသည်
    ပြုခဲ့ မိဖူးသည့် အမှုအတွက် နောင်အခါ စိတ်နှလုံး စိုးရိမ်ခြင်း ဖြစ်မိသည်။ ဖြစ်ပျက်မှုကို မြင်တွေ့၍ ဆင်ခြင်ဉာဏ် ပွားသည်
    regret
    ကြိယာ

    နောင့်တူနောင့်တာ

    [na̰ʊɴtùna̰ʊɴtà]
    ၁၊ ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုရေ။ မရမက တောင်းဆိုရေ။ ၂၊ စိတ် မချမ်းမသာ ကသိ ကအောက် ဖြစ်တေ
    ၁၊ ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုသည်။ မရမနေ တောင်းဆိုသည်။ ၂၊ စိတ် မချမ်းမသာ ကသိ ကအောက် ဖြစ်သည်
    demand
    ကြိယာ

    နောင်တော်

    [nàʊɴtɔ̀]
    အစ်ကို ယဉ်ယဉ် ကျေးကျေး ခေါ်ဆိုရေ အသုံးအနှုန်း။ စောမာလာနှင့် သက္ကရာဇ် ၇၆၃ ခုမာ နောင်တော်၏ ထီးနန်းကို အုပ်စိုး တော်မူလီ၏ (ဓညသစ်)
    အစ်ကို ယဉ်ယဉ် ကျေးကျေး ခေါ်ဆိုသော အသုံးအနှုန်း။ စောမာလာနှင့် သက္ကရာဇ် ၇၆၃ ခုတွင် နောင်တော်၏ ထီးနန်းကို အုပ်စိုး တော်မူလေ၏ (ဓညသစ်)
    brother
    နာမ်

    နောင်နိ.

    [nàʊɴnì.]
    ယနိမှ စပြီးကေ သုံးရက်မြောက် ဖြစ်ရေ နိ
    ယနေ့မှ စ၍ သုံးရက်မြောက် ဖြစ်သော နေ့
    after three days
    နာမ်

    နောင်နောင်

    [nàʊɴnàʊɴ]
    ကြီးနင်း (ကြီးမောင်း) ကို တီးခတ်၍ မြည်သော အသံ
    ကြေးနင်း (ကြေးမောင်း) ကို တီးခတ်၍ မြည်သော အသံ
    none
    နာမ်

    နောင်းနောင်း

    [náʊɴnáʊɴ]
    ၁၊ သာယာ ချိုမြသော အသံဖြင့်။ ၂၊ အလိုသို့ လိုက်လျောသောအနိန်နန့်။ မထူးပြန်သော်၊ ထပ်မံလောင်း၍၊ နောင်းနောင်းသံမြ၊ အာလုပ်ဟဗျာယ် (ကော်)။ ၃၊ နားခံသာယောင် သာယာညင်သာစွာ။ မည်းရှီဆရာ၊ မည်ရမာဆို၊ ထိုပုဂ္ဂိုလ်က၊ သံထွက်နောင်းနောင်း၊ ဆိုတုံသျှောင်းသော် (ထွန်းတိ)
    ၁၊ သာယာ ချိုမြသော အသံဖြင့်။ ၂၊ အလိုသို့ လိုက်လျောသော အားဖြင့်။ မထူးပြန်သော်၊ ထပ်မံလောင်း၍၊ နောင်းနောင်းသံမြ၊ အာလုပ်ဟလျက် (ကော်)။ ၃၊ နားခံသာအောင် သာယာညင်သာစွာ။ မည်းရှီဆရာ၊ မည်ရတွင်ဆို၊ ထိုပုဂ္ဂိုလ်က၊ သံထွက်နောင်းနောင်း၊ ဆိုတုံသျှောင်းသော် (ထွန်းတိ)
    beautiful voice
    ကြိယာဝိသေသန

    နောင်းနောင်း၂

    [náʊɴnáʊɴ၂]
    မရွေ့မလျော ရယောင် ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်ကိုက်ပျားကေ။ မက္ကလာယေ ရိုင်ရိုင်၊ ကြိမ်းတုတ်ကို၊ နောင်းနောင်းကိုင် (တေး)
    မရွေ့မလျော ရအောင် ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်ကိုက်လျက်။ မက္ကလာယေ ရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို၊ နောင်းနောင်းကိုင် (တေး)
    firm
    ကြိယာဝိသေသန

    နောင်းနောင်း၃

    [náʊɴnáʊɴ၃]
    မရွေ့မလျောအောင် ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်ပနာ ကိုင်ထားရေ
    မရွေ့မလျောအောင် ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်၍ ကိုင်ထားသည်
    firm
    ကြိယာ

    နောင်းနောင်းနင်းနင်း

    [náʊɴnáʊɴnɪ́ɴnɪ́ɴ]
    မရွေ့မလျော ရယောင်ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်ကိုက်ပျားကေ။ မက္ကလာယေ ရိုင်ရိုင်၊ ကြိမ်းတုတ်ကို၊ နောင်းနောင်းကိုင် (တေး)။ ၂၊ မလှုပ်မရွေ့
    မရွေ့မလျော ရအောင်ခိုင်မြဲစွာ လက်ဖြင့် (နောင်းနောင်း) ဆုတ်ကိုက်လျက်။ မက္ကလာယေ ရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို၊ နောင်းနောင်းကိုင် (တေး)။ ၂၊ မလှုပ်မရွေ့
    firm
    ကြိယာဝိသေသန

    နောင့်နောင့်ပူး

    [na̰ʊɴna̰ʊɴpùး]
    ထိကပ် စီရေ။ (လက်နှစ်ဘက်ကို ဟိခိုး ပိုင် နောင့်နောင့် ပူးကပ် စီရေ။
    ထိကပ် စေသည်။ (လက်နှစ်ဘက်ကို ရှိခိုး သကဲ့သို့ နောင့်နောင့် ပူးကပ် စေသည်။
    clasp together
    ကြိယာ

    နောင်းနောင်းမာမာ

    [náʊɴnáʊɴmàmà]
    ၁၊ တောင့်တင်း ကြံ့ခိုင်စွာ။ အခိုင်အမာ။ ၂၊ သေချာ ကျနစွာ။ အမှန်မုချအနိန်နန့်။ မလိုက်နှိုင်ယောင်၊ ဇာပိုင်ခက်လည်း၊ မပျက်ကောင်းဟု၊ နောင်းနောင်းမာမာ၊ ဆိုလေပါကေ (ဒွေး)
    ၁၊ တောင့်တင်း ကြံ့ခိုင်စွာ။ အခိုင်အမာ။ ၂၊ သေချာ ကျနစွာ။ အမှန်မုချ အားဖြင့်။ မလိုက်နိုင်အောင်၊ ဇာပိုင်ခက်လည်း၊ မပျက်ကောင်းဟု၊ နောင်းနောင်းမာမာ၊ ဆိုလေပါကေ (ဒွေး)
    firm
    ကြိယာဝိသေသန

    နောင်းနောင်းမာမာ၂

    [náʊɴnáʊɴmàmà၂]
    ၁၊ မလွဲ မသွေ ဖြစ်ရေ။ မုချ ဧကန် ဖြစ်ရေ။ ၂၊ စီစပ် ကျနသော
    ၁၊ မလွဲ မသွေ ဖြစ်သော။ မုချ ဧကန် ဖြစ်သော။ ၂၊ စေ့စပ် ကျနသော
    exactly
    နာမဝိသေသန