Dictionary Entries
Showing 1,261–1,280 of 1,758 words
န
နောင်းနောင်းမာမာ၃
[náʊɴnáʊɴmàmà၃]
Arakanese:
ချောင်ခြင်း လျော့ခြင်း မဟိ။ တောင့်တင်းကျကျိုင်းခိုင်မြဲရေ။ တင်းကျပ် ခိုင်မြဲရေ။ သားသမီးတိကို နောင်းနောင်းမာမာ စည်းကမ်းနန့် ကွပ်ကဲရဖို့
Burmese:
ချောင်ခြင်း လျော့ခြင်း မရှိ။ တောင့်တင်း မာကျော ခိုင်မြဲသည်။ တင်းကျပ် ခိုင်မြဲသည်။ သားသမီးတိကို နောင်းနောင်းမာမာ စည်းကမ်းနန့် ကွပ်ကဲရဖို့
English:
firm
Grammar Note:
ကြိယာ
နောင့်နောင့်မြဲ
[na̰ʊɴna̰ʊɴmɹɛ]
Arakanese:
အမြဲတစေ ရင်းနှီးစွာ ဆက်ဆံသည်
Burmese:
အမြဲတစေ ရင်းနှီးစွာ ဆက်ဆံသည်
English:
be familiar
Grammar Note:
ကြိယာ
နောင်နှစ်
[nàʊɴn̥ɪʔ]
Arakanese:
အဂုနှစ်မှ စပြီးကေ သုံးနှစ် မြောက်သော နှစ်
Burmese:
ယခုနှစ်မှ စ၍ သုံးနှစ် မြောက်သော နှစ်
English:
after three years
Grammar Note:
နာမ်
နောင့်ပူနောင့်တူ
[na̰ʊɴpùna̰ʊɴtù]
Arakanese:
ဗြုန်းခနဲ မမျှော် လင့်သော အာရုံ ခံစားမှုကြောင့် တကိုယ်လုံး ချွေးပြန်လို့ ပူလားရေ
Burmese:
ရုတ်တရက် မမျှော် လင့်သော အာရုံ ခံစားမှုကြောင့် တစ်ကိုယ်လုံး ချွေးပြန်ပြီး ပူသွားသော
English:
feel hot all over
Grammar Note:
နာမဝိသေသန
နောင်ဘဝ
[nàʊɴbʱw]
Arakanese:
နောင်ဖြစ် အံ့သော ဘဝ
Burmese:
နောင်ဖြစ် လတ္တံ့သော ဘဝ
English:
future existence
Grammar Note:
နာမ်
နောင်မင်း
[nàʊɴmɪ́ɴ]
Arakanese:
ကိုယ့် အိမ်ထောင်ဖက် ယောက်ျား။ ခင်ပွန်း။ လင်။ ကိုယ့်ကိုယ်ခြည်း၊ တကိုယ်တည်းလျင်၊ နောင်မင်းပျိုကို၊ ဆိုငိုတ လို့ (ထာနု)
Burmese:
မိမိ၏ အိမ်ထောင်ဖက် ယောက်ျား။ ခင်ပွန်း။ လင်။ မိမိကိုယ်ချည်း၊ တစ်ကိုယ်တည်းလျင်၊ နောင်မင်းပျိုကို၊ ဆိုငိုတ လို့ (ထာနု)
English:
spouse
Grammar Note:
နာမ်
နောင်မင်း၂
[nàʊɴmɪ́ɴ၂]
Arakanese:
ကိုယ့်ထက် ကြီးရေ သူစိမ်းကို ယောက်ျားချင်း နောင်မင်း ဟု လေးလေး စားစား ခေါ်ဆိုရေ စကား
Burmese:
မိမိထက် ကြီးသော သူစိမ်းကို ယောက်ျားချင်း နောင်မင်း ဟု လေးလေး စားစား ခေါ်ဆိုသော စကား
English:
brother
Grammar Note:
နာမ်
နောင်ရင်း
[nàʊɴɹɪ́ɴ]
Arakanese:
၁၊ တမိတည်း၊ တဖတည်းမှ ပေါက်ဖွား လာရေ အစ်မောင်သျှင်း။ ၂၊ ခင်မင် ရင်းနှီးသူ။ အဖေါ်မိတ်ချင်း၊ ဆွီနောင်ရင်း (ကျီးတက်)
Burmese:
၁၊ တစ်မိတည်း၊ တစ်ဖတည်းမှ ပေါက်ဖွား လာသော အစ်ကိုရင်း။ ၂၊ ခင်မင် ရင်းနှီးသူ။ အဖေါ်မိတ်ချင်း၊ ဆွီနောင်ရင်း (ကျီးတက်)
English:
brother
Grammar Note:
နာမ်
နောင်ရီး
[nàʊɴɹï]
Arakanese:
နောင်အခါမှ ဖြစ်ပေါ်လှာဆဲ၊ ဖြစ်ပေါ်လှာ အံ့သော အရီးကိစ္စ
Burmese:
နောင်အခါတွင် ဖြစ်ပေါ်လာဆဲ၊ ဖြစ်ပေါ်လာ လတ္တံ့သော အရေးကိစ္စ
English:
the future
Grammar Note:
နာမ်
နောင်လ
[nàʊɴl]
Arakanese:
အဂုလမှ စပြီးကေ သုံးလ မြောက်သော လ
Burmese:
ယခုလမှ စ၍ သုံးလ မြောက်သော လ
English:
after three months
Grammar Note:
နာမ်
နောင်လာနောင်သား
[nàʊɴlànàʊɴθá]
Arakanese:
နောင်လာ အံ့သော သားစဉ် မြီးဆက်
Burmese:
နောင်လာ လတ္တံ့သော သားစဉ် မြေးဆက်
English:
descendant
Grammar Note:
နာမ်
နောင့်ဟိန်းဟိန်း
[na̰ʊɴhéɪɴhéɪɴ]
Arakanese:
လွန်ကဲစွာ ပူသော အငွီ့အဟိန်ကို ထိတွိ ခံစားရရေ
Burmese:
လွန်ကဲစွာ ပူသော အငွေ့အရှိန်ကို ထိတွေ့ ခံစားရသော
English:
hot
Grammar Note:
နာမဝိသေသန
နောစရိ.
[nɔ́sɹì.]
Arakanese:
သဖောပေါက် နားလည်ရေ။ တတ်ကျွမ်း လိမ္မာသည်
Burmese:
သဘောပေါက် နားလည်သည်။ ကျွမ်းကျင် လိမ္မာသည်
English:
understand
Grammar Note:
ကြိယာ
နောတာ
[nɔ́tà]
Arakanese:
ထင်ရာကို ပြုလုပ်ပနာ မိုက်မဲ အဆိုးအဆာ။ ဆိုဆုံးမ မခက်သူ
Burmese:
ထင်ရာကို ပြုလုပ်၍ မိုက်မဲ ဆိုးသွမ်းသူ။ ဆိုဆုံးမ မခက်သူ
English:
juvenile delinquent
Grammar Note:
ကြိယာ
နောတာ၂
[nɔ́tà၂]
Arakanese:
ယင်းပိုင် မိုက်မဲ အဆိုးအဆာ။ ဆိုဆုံးမ ခက်သူ
Burmese:
ယင်းသို့ မိုက်မဲ ဆိုးသွမ်းသူ။ ဆိုဆုံးမ ခက်သူ
English:
juvenile delinquent
Grammar Note:
နာမ်
နော်စရာငွီ
[nɔ̀sɹàŋwí]
Arakanese:
ရပ်ရွာမာ တန့်ရီး ရွာရီး တရား စစ်ဆီးရာမာ တရား သူကြီးအား ပီးရရေ ငွီ
Burmese:
ရပ်ရွာတွင် ရပ်ရေး ရွာရေး တရား စစ်ဆေးရာ၌ တရား သူကြီးအား ပေးရသော ငွေ
English:
fine
Grammar Note:
နာမ်
နော်ဇာပန်း
[nɔ̀zàpáɴ]
Arakanese:
ပွင့်ချပ် ငါးခု ဆိုင်၍ ပွင့်သော ပန်းတမျိုး။ နော်ဇာမိုးစွေ၊ ကြောင်မြီးရှည်နှင့် (ပဒုမ္မ)
Burmese:
ပွင့်ချပ် ငါးခု ဆိုင်၍ ပွင့်သော ပန်းတစ်မျိုး။ နော်ဇာမိုးစွေ၊ ကြောင်မြီးရှည်နှင့် (ပဒုမ္မ)
English:
flower
Grammar Note:
နာမ်
နော်နာသီး
[nɔ̀nàθï]
Arakanese:
မှည့်ရေအခါ အပြင်အခွံ အုန်းနီရောင် ဟိပြီးး အထဲသား နူးအိ ဟိရေ့ အရသာ ဟိရေ သစ်သီး တမျိုး
Burmese:
မှည့်သောအခါ အပြင်အခွံ အုန်းနီရောင် ရှိပြီး အတွင်းသား ပျော့အိအိ ရှိသည့် အရသာ ရှိသော သစ်သီး တစ်မျိုး
English:
fruit
Grammar Note:
နာမ်
နော်နီနော်နဲ့
[nɔ̀nínɔ̀né]
Arakanese:
ချစ်စဖွယ် ပွတ်ချီပွတ်ချက် ပြောရေ။ ချွဲပျစ် ပြောဆိုရေ
Burmese:
ချစ်စဖွယ် တီတီတာတာ ပြောသည်။ ချွဲပျစ် ပြောဆိုသည်
English:
wheedle
Grammar Note:
ကြိယာ
နော်နော်သီး
[nɔ̀nɔ̀θï]
Arakanese:
မှည့်ရေအခါ အပြင်အခွံ အုန်းနီရောင် ဟိပြီးး အထဲသား နူးအိ ဟိရေ့ အရသာ ဟိရေ သစ်သီး တမျိုး
Burmese:
မှည့်သောအခါ အပြင်အခွံ အုန်းနီရောင် ရှိပြီး အတွင်းသား ပျော့အိအိ ရှိသည့် အရသာ ရှိသော သစ်သီး တစ်မျိုး
English:
fruit
Grammar Note:
နာမ်