Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,281–1,300 of 1,758 words

    န

    နော်ရာ

    [nɔ̀ɹà]
    ညောင်ရီအိုး တည်သော မြူတာအိုး ငယ်ပိုင် ကြီးဖြင့် ပြုလုပ် ထားရေ အဝငယ်သော အိုးငယ် တမျိုး။ (ရသေ့နှင့် ဟိန်းဒုတ် ဆာဒူကြီးရို့ အမြဲ အသုံးပြုလေ့ ဟိရေ။
    ရေချမ်းအိုး တည်သော မြူတာအိုး ငယ်ကဲ့သို့ ကြေးဖြင့် ပြုလုပ် ထားသော အဝငယ်သော အိုးငယ် တစ်မျိုး။ (ရသေ့နှင့် ဟိန္ဒူ ဆာဒူကြီးတို့ အမြဲ အသုံးပြုလေ့ ရှိသည်။
    pot
    နာမ်

    နော်ရောင်

    [nɔ̀ɹàʊɴ]
    ၁၊ ထထာ့ကကြွ လှုပ်လှုပ် ယှားယှားး မဟိသူ။ ပေါ့ပေါ့ပါးပါး၊ဖြတ်ဖြတ် လတ်လတ် မဟိ။ ၂၊ အလွန် ညံ့ဖျင်းသူ
    ၁၊ ထထကြွကြွ လှုပ်လှုပ် ရှားရှား မရှိသူ။ ပေါ့ပေါ့ပါးပါး၊ ဖျတ်ဖျတ် လတ်လတ် မရှိ။ ၂၊ အလွန် ညံ့ဖျင်းသူ
    not up to the standard
    နာမ်

    နြီာ

    [nɹìà]
    ၁၊ အချိန် ကာလ။ ၂၊ တရက်၏ နှစ်ဆယ့် လေးပုံ တပုံ။ မိနစ် ခြောက်ဆယ်။ ၃၊ ရှီးအခါက ဆိုကေ တရက်၏ အပုံ ခြောက်ဆယ်မာ တပုံ။ နိသုံးဆယ်၊ ညဉ့်သုံးဆယ်အနိန်နန့် တရက်နှင့် တညည့်ဉ့် (တရက်) ကို နာရီ အစိတ်ပေါင်း ခြောက်ဆယ် ဟိ၏။ ခြောက်ဆယ်နာရီ တရက်၊ ခုနစ်ရက် တစ
    ၁၊ အချိန် ကာလ။ ၂၊ တစ်ရက်၏ နှစ်ဆယ့် လေးပုံ တစ်ပုံ။ မိနစ် ခြောက်ဆယ်။ ၃၊ ရှေးအခါက ဆိုလျှင် တစ်ရက်၏ အပုံ ခြောက်ဆယ်တွင် တစ်ပုံ။ နေ့သုံးဆယ်၊ ညဉ့်သုံးဆယ် အားဖြင့် တစ်နေ့နှင့် တစ်ညဉ့် (တစ်ရက်) ကို နာရီ အစိတ်ပေါင်း ခြောက်ဆယ် ရှိ၏။ ခြောက်ဆယ်နာရီ တစ်ရက်၊ ခုနစ်ရက် တစ
    hours
    နာမ်

    နွံ

    [nwံ]
    ၁၊ ကိုယ်စိတ် ပင်ပန်းသော။ ညှိုးမှိန်သော။ ၂၊ ခွန်အား နည်းပါးသော။ ခွန်အား ကုန်ခန်းသော။ ၃၊ အလွန် ပင်ပန်း ညှိုးငယ်သော
    ၁၊ ကိုယ်စိတ် ပင်ပန်းသော။ ညှိုးမှိန်သော။ ၂၊ ခွန်အား နည်းပါးသော။ ခွန်အား ကုန်ခန်းသော။ ၃၊ အလွန် ပင်ပန်း ညှိုးငယ်သော
    weak
    နာမဝိသေသန

    နွံ၂

    [nwံ၂]
    ပျပ်ဝပ် ညွတ်ကျိုးရေ။ ရိုသေ ကြောက်ရွံ့ ညွက်ကိုင်းရေ။ ပျပ်ဝပ် ကျိုးနွံသည်
    ပျပ်ဝပ် ညွတ်ကျိုးသည်။ ရိုသေ ကြောက်ရွံ့ ညွက်ကိုင်းသည်။ ပျပ်ဝပ် ကျိုးနွံသည်
    be humble
    ကြိယာ

    နွမ်း

    [nʊ̀ɴ]
    ၁၊ ညှိုးမှိန်သော။ ဒယော ဝတ်လို့ နွမ်းနီဗျာယ် ဖွတ်ရဖို့။ ၂၊ ခွန်အား ဗလ ကုန်ခန်းသော။ အလုပ် ပင်ပန်းလို့ နွမ်းနီဗျာယ်
    ၁၊ ညှိုးမှိန်သော။ ဒယော ဝတ်လို့ နွမ်းနီဗျာယ် ဖွတ်ရဖို့။ ၂၊ ခွန်အား ဗလ ကုန်ခန်းသော။ အလုပ် ပင်ပန်းလို့ နွမ်းနီဗျာယ်
    fade
    နာမဝိသေသန

    နွမ်ချိ

    [nwàɴɕì]
    ဆင်းရဲ ပင်ပန်းသော။ ဆင်းရံနွှမ်ချိ၊ ဖြစ်ဘိပိုင် (ရှီးထုံး)
    ဆင်းရဲ ပင်ပန်းသော။ ဆင်းရံနွှမ်ချိ၊ ဖြစ်ဘိအလား (ရှေးထုံး)
    fade
    နာမဝိသေသန

    နွမ်းညှိုး

    [nʊ̀ɴɲ̯ó]
    (စစ်) ယှုံးနိမ့်ရေ။ ကလိင်္ဂရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍ (လျောက်ထုံး)
    (စစ်) ရှုံးနိမ့်သည်။ ကလိင်္ဂရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍ (လျောက်ထုံး)
    lose
    ကြိယာ

    နွမ်းပါး

    [nʊ̀ɴpàး]
    ပြည့်စုံ ကုံလုံခြင်း မဟိရေ။ ဆင်းရဲ မွဲတေသော
    ပြည့်စုံ ကုံလုံခြင်း မရှိသော။ ဆင်းရဲ မွဲတေသော
    poor
    နာမဝိသေသန

    နွမ်းလျော်

    [nʊ̀ɴlrɔ̀]
    ၁၊ ပင်ပန်း ညှိုးငယ်သော။ ပူဆာညှိုးမြန်း၊ ပင်ပန်းနွမ်းလျော်၊ ဖြော့တော်ကိုယ်လက်၊ အိပ်စက်မရွင် (ပဉ္စဘုတ်)။ ၂၊ ခွန်အား ကုန်ခန်းသော
    ၁၊ ပင်ပန်း ညှိုးငယ်သော။ ပူဆာညှိုးမြန်း၊ ပင်ပန်းနွမ်းလျော်၊ ဖြော့တော်ကိုယ်လက်၊ အိပ်စက်မရွင် (ပဉ္စဘုတ်)။ ၂၊ ခွန်အား ကုန်ခန်းသော
    weak
    နာမဝိသေသန

    နွယ်

    [nwɛ̀]
    ၁၊ တနီရာမှ တနီရာသို့ တွယ်ယှက် ရစ်ပတ် ကူးဆက်ပြီးကေ ပြန့်ပွားသော ကြိုးနှင့် တူသော အပင်။ ကမ်းချောင်းသစ်မြစ်၊ နွယ်ခြုံယှက်လျှက်၊ ချောင်းထက်ကြီးငယ်၊ သွယ်သွယ်ဟိထ၊ ကစ္ဆပဟု (ဥတေန)။ ၂၊ ဆွီမျိုးစဉ်ဆက်။ အဆက်အနွယ်။ နွယ်ရာစဉ်ရိုး၊ မင်းအမျိုးဟု၊ တန်ခိုးဂုဏ်အင်၊ ညှိုးမထင
    ၁၊ တစ်နေရာမှ တစ်နေရာသို့ တွယ်ယှက် ရစ်ပတ် ကူးဆက်၍ ပြန့်ပွားသော ကြိုးနှင့် တူသော အပင်။ ကမ်းချောင်းသစ်မြစ်၊ နွယ်ချုံယှက်လျှက်၊ ချောင်းထက်ကြီးငယ်၊ သွယ်သွယ်ဟိထ၊ ကစ္ဆပဟု (ဥတေန)။ ၂၊ ဆွေမျိုးစဉ်ဆက်။ အဆက်အနွယ်။ နွယ်ရာစဉ်ရိုး၊ မင်းအမျိုးဟု၊ တန်ခိုးဂုဏ်အင်၊ ညှိုးမထင
    descent
    နာမ်

    နွယ်ကန်

    [nwɛ̀kàɴ]
    ရက်ကန်း ရက်ရာမာ ယက္ကန်း အထည်ကို မတွန့်ရယောင် ထောက်ကန် ထားရရေ ကွပ်စူး တပ်ထားရေ တုတ်တံချောင်း
    ယက်ကန်း ရက်ရာတွင် ယက္ကန်း အထည်ကို မတွန့်ရအောင် ထောက်ကန် ထားရသော သံစူး တပ်ထားသော တုတ်တံချောင်း
    none
    နာမ်

    နွယ်ကန်၂

    [nwɛ̀kàɴ၂]
    ရက်ကန်း ထည်ကို မတွန်ရယောင် နွယ်ကန်ဖြင့် ထောက်ကန် ထားရေ
    ယက်ကန်း ထည်ကို မတွန်ရအောင် နွယ်ကန်ဖြင့် ထောက်ကန် ထားသည်
    none
    ကြိယာ

    နွယ်ကြိုး

    [nwɛ̀t͡ɕó]
    ကြိုးပိုင် သုံးရရေ နွယ်ပင် အပိုင်းအပြတ်
    ကြိုးကဲ့သို့ သုံးရသော နွယ်ပင် အပိုင်းအပြတ်
    vine rope
    နာမ်

    နွယ်ချို

    [nwɛ̀ɕÒ]
    အရသာ ချိုမြိန်သော ဆီးဘက် ဝင်ရေ့ နွယ်ပင်။ သစ်ပုပ်နွယ်ချို၊ ဇာဒိပိ္ဖုလ်ဟု၊ ရှောက်သကြားလုံးမျက်ချိုဒပြုတ်နှင့် (မြို့သူကြီး)
    အရသာ ချိုမြိန်သော ဆေးဘက် ဝင်သည့် နွယ်ပင်။ သစ်ပုပ်နွယ်ချို၊ ဇာဒိပိ္ဖုလ်ဟု၊ ရှောက်ချိုချဉ်ဒပြုတ်နှင့် (မြို့သူကြီး)
    liquorice
    နာမ်

    နွယ်ခြု

    [nwɛ̀kʰɹoʊ]
    အရွက်၊ အခက်၊ အကိုင်း၊ အနွယ် အစဟိစွာရို့ ထွီးယှက် ရစ်ပတ်၍ ပေါင်းစည်း ပေါက်ရောက် နိန်ရေ အင်အုပ်စု
    အရွက်၊ အခက်၊ အကိုင်း၊ အနွယ် စသည်တို့ ထွေးယှက် ရစ်ပတ်၍ ပေါင်းစည်း ပေါက်ရောက် နေသော အင်အုပ်စု
    creeper
    နာမ်

    နွယ်ငင်

    [nwɛ̀ŋɪ̀ɴ]
    က၊ ခ၊ ဂ၊ ဇ အစဟိရေ ဗျည်းများမာ တချောင်း ငင်စွာကို ခေါ်သော စကားလုံး။ (ု ကု)
    က၊ ခ၊ ဂ၊ ဇ စသော ဗျည်းများတွင် တစ်ချောင်း ငင်သည်ကို ခေါ်သော စကားလုံး။ (ု ကု)
    none
    နာမ်

    နွယ်စူး

    [nwɛ̀sùး]
    (ရက်ကန်းစင်လုံး) နွယ်ကန် အဖျားမာ တပ်ထားရေ ကွပ်စူး
    (ယက်ကန်းစင်လုံး) နွယ်ကန် အဖျားတွင် တပ်ထားသော သံစူး
    none
    နာမ်

    နွယ်တာလ

    [nwɛ̀tàl]
    ဝါဆိုလ ခေါ်သော အမည်။ နွယ်တာဝါဆို၊ ဝါခေါင်ကိုလေ့၊ မလိုစုံဖက် (ပါရာ)။ နွယ်တာလဆောက်မူ ကျွဲ၊ နွားအစဟိရေ အခြီလေးခု သတ္တဝါများပျောက်အံ့ (ဗိသုကာ)။ နွယ်တာဆိုရေ ဝါဆိုလမူ အမတ်သေအံ့ (ပါရာ)
    ဝါဆိုလ ခေါ်သော အမည်။ နွယ်တာဝါဆို၊ ဝါခေါင်ကိုလည်း၊ မလိုထိမ်းမြား (ပါရာ)။ နွယ်တာလဆောက်မူ ကျွဲ၊ နွားစသော အခြေလေးခု သတ္တဝါများပျောက်အံ့ (ဗိသုကာ)။ နွယ်တာဟူသော ဝါဆိုလမူ အမတ်သေအံ့ (ပါရာ)
    th month of Arakanese year
    နာမ်

    နွယ်ပင့်

    [nwɛ̀pɪ̀ɴ့]
    က၊ ခ၊ ပ၊ ဖ၊ ဗ အစဟိရေ ဗျည်းများမာ ယ ပင့်စွာကို ခေါ်သော စကားလုံး။ (ျ ကျ)
    က၊ ခ၊ ပ၊ ဖ၊ ဗ စသော ဗျည်းများတွင် ယ ပင့်သည်ကို ခေါ်သော စကားလုံး။ (ျ ကျ)
    none
    နာမ်