Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 1,758 words

    န

    နွားသင်းပြန်တက်

    [nWàθɪ́ɴpɹàɴtɛʔ]
    သင်းကေလေ့ ချီးသော နွား။ နသိုးကြောင်
    သင်းသော်လည်း မစင်သော နွား။ နွားသိုးကြောင်
    ox-bull
    နာမ်

    နွားသင်းပြီး

    [nWàθɪ́ɴpɹï]
    ၁၊ တိရိစ္ဆာန်များ အထီးက အမ နောက်ကို တကောက်ကောက် ရစ်ဝဲ လိုက်ရေ။ ၂၊ ကာမ ဆက်ဆံရေ။ ၃၊ အရွေလိုက်ရေ
    ၁၊ တိရိစ္ဆာန်များ အထီးက အမ နောက်သို့ တကောက်ကောက် ရစ်ဝဲ လိုက်သည်။ ၂၊ ကာမ ဆက်ဆံသည်။ ၃၊ အရွေလိုက်သည်
    mate
    ကြိယာ

    နွားသိုးကြီး

    [nWàθót͡ɕï]
    (ဥပစာ) အသုံး မကျသူ။ လူအ လူန။ နုံချာသူ။ ညံ့ဖျင်းသူ
    (ဥပစာ) အသုံး မကျသူ။ လူအ လူန။ နုံချာသူ။ ညံ့ဖျင်းသူ
    blockhead-dullard
    နာမ်

    နွားသိုးကြီး၂

    [nWàθót͡ɕï၂]
    ၁၊ အသက်ကြီး ကေလေ့ သင်းမကွပ်ပဲ ထားရေ နထီး။ ၂၊ အသက်ကြီး ကေလေ့ အသိ အလိမ္မာ နည်းသော သူ
    ၁၊ အသက်ကြီး သော်လည်း သင်းမကွပ်ပဲ ထားသော နွားထီး။ ၂၊ အသက်ကြီး သော်လည်း အသိ အလိမ္မာ နည်းသော သူ
    ox-bull
    နာမ်

    နွားအရွီပြီး

    [nWàʔɹwípɹï]
    ၁၊ တိရိစ္ဆာန်များ အထီးက အမ နောက်ကို တကောက်ကောက် ရစ်ဝဲလိုက်ရေ။ ၂၊ ကာမ ဆက်ဆံရေ။ ၃၊ အရွေလိုက်ရေ
    ၁၊ တိရိစ္ဆာန်များ အထီးက အမ နောက်သို့ တကောက်ကောက် ရစ်ဝဲလိုက်သည်။ ၂၊ ကာမ ဆက်ဆံသည်။ ၃၊ အရွေလိုက်သည်
    mate
    ကြိယာ

    နွားအူပိုင်း

    [nWàʔùpáɪɴ]
    မျက်နှာ၊ ကိုယ်လက် အစဟိစွာ ပွတ်တိုက် သန့်စင်ရရေ အများအနိန်နန့် ခြည်ပွ မွေးဖွာဖြင့် ရက်လုပ်ရေ့ အထည်ပိုင်း
    မျက်နှာ၊ ကိုယ်လက် စသည် ပွတ်တိုက် သန့်စင်ရသော အများ အားဖြင့် ချည်ပွ မွေးဖွာဖြင့် ရက်လုပ်သည့် အထည်ပိုင်း
    towel
    နာမ်

    နွီ(နွေ)

    [nwí(nwè)]
    နွီရာသီ
    နွေရာသီ
    summer
    နာမ်

    နွီး(နွေး)

    [nwï(nwé)]
    စိကေချေ ပူသော အတွိ အထိ ဟိရေ။ တဖက်ကအီး၊ ဖက်နွီးလို့၊ ရောထွီးခြုံကာ၊ စက်မွိ.ရာမာ (ဓမ္မသာ)
    အနည်းငယ် ပူသော အတွေ့ အထိ ရှိသော။ တဖက်ကအီး၊ ဖက်နွီးလို့၊ ရောထွီးချုံကာ၊ စက်မွိ.ရာမှာ (ဓမ္မသာ)
    warm
    နာမဝိသေသန

    နွီခါ

    [nwíkʰà]
    နွေကာလ
    နွေကာလ
    summer
    နာမ်

    နွီစပါး

    [nwíspàး]
    မိုးကောင်း ပြီးကေ ဆောင်းနှင့် နွေမားမာ စိုက်ပျိုးလေ့ ဟိရေ စပါး တမျိုး။ မုရင်းစပါး
    မိုးကောင်း ပြီးနောက် ဆောင်းနှင့် နွေတွင်းတွင် စိုက်ပျိုးလေ့ ရှိသော စပါး တစ်မျိုး။ မုရင်းစပါး
    paddy
    နာမ်

    နွီးနွီး

    [nwïnwï]
    ပူနွေးသော အတွိ အထိကို ရဟိရေအနိန်နန့်
    ပူနွေးသော အတွေ့ အထိကို ရရှိသော အားဖြင့်
    warm
    ကြိယာဝိသေသန

    နွီရာသီ

    [nwíɹàθí]
    နွေ၊ မိုး၊ ဆောင်း ဥတု သုံးပါးမာ အပူ ဖြစ်ရေ နွီဥတု။ တချို့တပင်၊ ညွှန့်ဖူးကင်းကေ၊ ရွက်ကျင်ပြန်စ၊ နွီရာသီလေ၊ ဂိမာန်ပြောင်းကေ၊ တပေါင်းလမာ (ကော်)
    နွေ၊ မိုး၊ ဆောင်း ဥတု သုံးပါးတွင် အပူ ဖြစ်သော နွေဥတု။ တစ်ချို့တစ်ပင်၊ ညွှန့်ဖူးကင်းကေ၊ ရွက်ကျင်ပြန်စ၊ နွီရာသီလေ၊ ဂိမာန်ပြောင်းကေ၊ တပေါင်းလမှာ (ကော်)
    summer
    နာမ်

    နွီလခေါင်ခေါင်

    [nwílkʰèàɪ̀ɴkʰèàɪ̀ɴ]
    နွီဥတု၏ အလယ်ပိုင်း
    နွေဥတု၏ အလယ်ပိုင်း
    Mid-summer
    နာမ်

    နွီဦးပေါက်စ

    [nwíʔúpaʊʔs]
    နွီဥတု၏ အစ အလဦး
    နွေဥတု၏ အစ အလဦး
    spring
    နာမ်

    နွဲ့

    [nwé]
    လေးဖင့် ဆိုင်းတွရေ။ သွက်လက်မှု ကင်းရေ။ ကြာ ချေကျောက်ရေ။ ထုံထိုင်းရေ။ အယင်လာ၊ နွဲ့မနီကေ့
    လေးဖင့် ဆိုင်းတွသည်။ သွက်လက်မှု ကင်းသည်။ နှေးကွေး လေးကန်သည်။ ထုံထိုင်းသည်။ အယင်လာ၊ နွဲ့မနီကေ့
    slow
    ကြိယာ

    နွဲ့၂

    [nwé၂]
    ၁၊ ချွဲပျစ်၍ ကပ်ငြိသည့် အစွမ်း ဟိရေ။ ပျော့ပျောင်း ပျောင်းသော။ ၂၊ နူးညံ့ ပျော့ပျောင်းရေ။ ဆန်ကောင်းလို့ ထမင်းနွဲ့နီရေ။ ကောက်ညင်းမနွဲ့၊ ကောက်ကြမ်းနွဲ့ နီရေ (ပုံ)
    ၁၊ ချွဲပျစ်၍ ကပ်ငြိသည့် အစွမ်း ရှိသော။ ပျော့ပျောင်း စေးကပ်သော။ ၂၊ နူးညံ့ ပျော့ပျောင်းသော။ ဆန်ကောင်းလို့ ထမင်းနွဲ့နီရေ။ ကောက်ညင်းမနွဲ့၊ ကောက်ကြမ်းနွဲ့ နီရေ (ပုံ)
    sticky
    နာမဝိသေသန

    နွဲ့၃

    [nwé၃]
    ၁၊ သနား ချစ်ခင် ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူရေ။ ပွတ်ချီပွတ်ချက် ပြောဆို ပြုမူရေ။ နှမတော်လေ၊ ခန္ဓာသက်ကေ၊ ပျက်မည်ထင်ဟု၊ လင်ကိုလေ့နွဲ့၊ လွမ်းခြင်းစီကေ၊ ဧပိုင်ဖွဲ့ရေ (ထာနု)။ ၂၊ ချစ်မှန်းသိပနာ ကိုယ့် အလိုပြည့် စီရန် ချစ်သော သူရို့အား စိတ် အနှောင့် အယှက် ဖြစ်စီရေ။ နွဲ့ဆိ
    ၁၊ သနား ချစ်ခင် ဖွယ်ရာ ချွဲ၍ ပြောဆို ပြုမူသည်။ တီတီတာတာ ပြောဆို ပြုမူသည်။ နှမတော်လေ၊ ခန္ဓာသက်ကေ၊ ပျက်မည်ထင်ဟု၊ လင်ကိုလည်းနွဲ့၊ လွမ်းခြင်းစီကေ၊ ဤသို့ဖွဲ့ရေ (ထာနု)။ ၂၊ ချစ်မှန်းသိ၍ မိမိ အလိုပြည့် စေရန် ချစ်သော သူတို့အား စိတ် အနှောင့် အယှက် ဖြစ်စေသည်။ နွဲ့ဆိ
    wheedle
    ကြိယာ

    နွဲ့၄

    [nwé၄]
    နွဲ့နီနွဲ့နွဲ့။ ပျော့ပျော့ ပျောင်းပျောင်း။ နွဲ့နှောင်း ပျော့ပျောင်းရေ အမူအရာနှင့်။ မိပဖာမာ၊ နှစ်ဖြာတူကွဲ၊ အုံးမွီ့ရာမာ၊ နွဲ့ကာလျောင်းကေ၊ မပေါင်းရပဲ (ထာနု)
    ကနွဲ့ကလျ။ ပျော့ပျော့ ပျောင်းပျောင်း။ နွဲ့နှောင်း ပျော့ပျောင်းသော အမူအရာနှင့်။ မိပဖာမှာ၊ နှစ်ဖြာတူကွဲ၊ အုံးမွေ့ရာမှာ၊ နွဲ့ကာလျောင်းကေ၊ မပေါင်းရပဲ (ထာနု)
    graceful
    ကြိယာဝိသေသန

    နွဲချိ.ပက်ချိ.

    [nwɛɕì.pɛʔɕì.]
    သနား ဖွယ်ရာ ချစ်ခင် ဖွယ်ရာ ပြောဆို ပြုမူသော အမူအရာနှင့်
    သနား ဖွယ်ရာ ချစ်ခင် ဖွယ်ရာ ပြောဆို ပြုမူသော အမူအရာနှင့်
    act coaxingly
    ကြိယာဝိသေသန

    နွဲ့ပျောင်း

    [nwépráʊɴ]
    နူးညံ့ ပျော့ပျောင်းရေ
    နူးညံ့ ပျော့ပျောင်းသော
    gentle
    နာမဝိသေသန