Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 1,758 words

    န

    နစ်နာချက်

    [nɪʔnàɕɛʔ]
    တခုတရီ ပျက်စီး ဆုံးယှုံးမှု
    တစ်စုံတစ်ခု ပျက်စီး ဆုံးရှုံးမှု
    grievance
    နာမ်

    နစ်ပျော

    [nɪʔprɔ́]
    ပချဲ့နချဲ့။ ရွီတွက်မှန်လိုက်၊ ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ကကောင်းကြိတ်ပါ၊ တိုက်သောခါလည်း (ပဉ္စဘုတ်)
    ပျစ်ပျစ်နှစ်နှစ်။ ရွီတွက်မှန်လိုက်၊ ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ကောင်းကောင်းကြိတ်ပါ၊ တိုက်သောခါလည်း (ပဉ္စဘုတ်)
    pungent
    နာမဝိသေသန

    နစ်မျိုး(နစ်မျော)

    [nɪʔmró(nɪʔmrɔ́)]
    ရီထဲမာ နစ်မြုပ် မျိုးပါ လားရေ
    ရေထဲတွင် နစ်မြုပ် မျောပါ သွားသည်
    float
    ကြိယာ

    နစ်မြုပ်

    [nɪʔmɹoʊʔ]
    (ရေ၊ ညွန် အစဟိစွာ ဩ၏ အထဲအောက်ကို) ဝင်လှားရေ
    (ရေ၊ ညွန် စသည် ဩ၏ အတွင်းအောက်သို့) ဝင်သွားသည်
    sink
    ကြိယာ

    နစ်မြုပ်၂

    [nɪʔmɹoʊʔ၂]
    (ဥပစာ) ဝန် ဥစ္စာ ဆုံးယှုံး ပျက်စီးပနာ အခြီအရဲမဲ့ ဖြစ်လှားရေ
    (ဥပစာ) ပစ္စည်း ဥစ္စာ ဆုံးရှုံး ပျက်စီး၍ အခြေအနေမဲ့ ဖြစ်သွားသည်
    poor
    ကြိယာ

    နစ်မွန်း

    [nɪʔmʊ́ɴ]
    ၁၊ ရေ အစဟိစွာမာ နစ်မြုပ်၍ အသက်ရှူ ပိတ်ယား မသက်မသာ ခံစားရရေ။ ၂၊ (ဥပစာ) အကျိုး ဆုတ်ယုတ်ရေ။ (ဘဝ) ဆုံးယှုံးရေ
    ၁၊ ရေ စသည်တွင် နစ်မြုပ်၍ အသက်ရှူ ပိတ်ပြီး မသက်မသာ ခံစားရသည်။ ၂၊ (ဥပစာ) အကျိုး ဆုတ်ယုတ်သည်။ (ဘဝ) ဆုံးရှုံးသည်
    be ruined
    ကြိယာ

    နံစွာလည်းမဟောက်

    [nံswàlɛ́mhɔ́ɛʔ]
    (အရပ်) (တစုံ တခုသော အလုပ်အကြံ၊ အတတ် ပညာ စစွာကို) တတ်ကျွမ်း စွာလေ့ မဟုတ်ဘဲ။ လိမ္မာ တတ်ပွန် စွာလေ့ မဟုတ်ဘဲဗျာယ်
    (အရပ်) (တစ်စုံ တစ်ခုသော အလုပ်အကြံ၊ အတတ် ပညာ စသည်ကို) တတ်ကျွမ်း သည်လည်း မဟုတ်ပဲ။ လိမ္မာ တတ်ပွန် သည်လည်း မဟုတ်ပဲလျက်
    unversed
    ကြိယာဝိသေသန

    နံဆီခါ

    [nံsʰíkʰà]
    ခေါင်းပါးရေ။ ပါးရှားရေ။ နည်းရေ။ ချိုတည့်ရေ။ ကျွန်းရွာကျေးလက်မာ သားငါးမစားရ၊ နံဆီခါရေ
    ခေါင်းပါးသည်။ ပါးရှားသည်။ နည်းသည်။ ချိုတည့်သည်။ တောရွာကျေးလက်မှာ သားငါးမစားရ၊ နံဆီခါရေ
    needy
    ကြိယာ

    နည်း

    [nɛ́]
    (အရွီအတွက်) မများရေ
    (အရေအတွက်) မများသော
    few
    နာမဝိသေသန

    နည်း၂

    [nɛ́၂]
    ၁၊ မှတ်သား လိုက်နာဖွယ်။ ထုံးနည်း။ အစိုင်အလာ။ ၂၊ ကျင့်ကြံ အားထုတ်ဖွယ်။ ညွန်ကြားရေ့ အတိုင်း လိုက်နာ ဆောင်ရွက်ချက်
    ၁၊ မှတ်သား လိုက်နာဖွယ်။ ထုံးနည်း။ အစဉ်အလာ။ ၂၊ ကျင့်ကြံ အားထုတ်ဖွယ်။ ညွန်ကြားသည့် အတိုင်း နာခံ ဆောင်ရွက်ချက်
    method
    နာမ်

    နည်း၃

    [nɛ́၃]
    အဇာ၊ မည်သည့် အစဟိစွာ ရို့နန့် မီးခွန်း တိကို မီးမြန်းရာမာ အဆုံးသတ် ရရေ စကားလုံး။ သင်ကား အဇာသူ နည်းဟု မေးလေသော်
    အဘယ်၊ မည်သည့် စသည် တို့ဖြင့် မေးခွန်း များကို မေးမြန်းရာ၌ အဆုံးသတ် ရသော စကားလုံး။ သင်ကား အဘယ်သူ နည်းဟု မေးလေသော်
    none
    ပစ္စည်း

    နည်း၄

    [nɛ́၄]
    ပိုင်။ နည်းတူ။ လို။ မဟာပညာကျော်သား ကျီးညိုကိုလေ့ အဖနည်း သူကောင်းပြု တော်မူပြီးကေ (ဓညသစ်)
    ကဲ့သို့။ နည်းတူ။ လို။ မဟာပညာကျော်သား ကျီးညိုကိုလည်း အဖနည်း သူကောင်းပြု တော်မူ၍ (ဓညသစ်)
    as-like
    ကြိယာဝိသေသန

    နည်းကျ

    [nɛ́t͡ɕ]
    ၁၊ ဥပဒေသနှင့် ကိုက်ညီရေ။ ၂၊ သဘောအနိန်နန့် ကိုက်ညီရေ
    ၁၊ ဥပဒေသနှင့် ကိုက်ညီသည်။ ၂၊ သဘော အားဖြင့် ကိုက်ညီသည်
    comform
    ကြိယာ

    နည်းခံ

    [nɛ́kʰံ]
    တစုံ တခုသော အတတ် ပညာကို သင်ယူရေ
    တစ်စုံ တစ်ခုသော အတတ် ပညာကို သင်ယူသည်
    learn by heart
    ကြိယာ

    နည်းခိုး

    [nɛ́kʰó]
    အတု ယူရေ။ အထောက် အထား အခြီခံ ပြုသည်
    အတု ယူသည်။ အထောက် အထား အခြေခံ ပြုသည်
    emulate
    ကြိယာ

    နည်းစနစ်

    [nɛ́snɪʔ]
    အစိုင် အဆက် လုပ်ကိုင် ဆောင်ရွက် ပါလတ်တေ့ ပုံစံ
    အစဉ် အဆက် လုပ်ကိုင် ဆောင်ရွက် လာခဲ့သည့် ပုံစံ
    method
    နာမ်

    နည်းတူ

    [nɛ́tù]
    (တစုံ တခုနှင့်) တမျိုး တစားတည်း။ ၄င်းနည်းတူ သံပူရည်နန့် တိုက် (ပုံ)
    (တစ်စုံ တစ်ခုနှင့်) တစ်မျိုး တစ်စားတည်း။ ၄င်းနည်းတူ သံပူရည်နန့် တိုက် (ပုံ)
    like-just as
    ကြိယာဝိသေသန

    နည်းတူ

    [nɛ́tù]
    အတု ယူရေ။ အထောက် အထား အခြီခံ ပြုသည်
    အတု ယူသည်။ အထောက် အထား အခြေခံ ပြုသည်
    emulate
    ကြိယာ

    နည်းနည်း

    [nɛ́nɛ́]
    (နည်း အစဟိစွာအနိန်နန့် သုံးလီ့ ဟိရေ။) အသည်းပြိုလုကာ - လာတဖဲ့ချေ၊ မျက်စိထဲမာ မျှော်ဗျာယ်၊ တမ်းရှာကြလိမ့်မည် (ဗမာချီ)
    (နည်း စသည်ဖြင့် သုံးလေ့ ရှိသည်။) အသည်းပြိုလုကာ - လာနည်းနည်း၊ မျက်စိထဲတွင် မျှော်လျက်၊ တမ်းရှာကြလိမ့်မည် (ဗမာချီ)
    sign
    ပစ္စည်း

    နည်းနည်းစီ

    [nɛ́nɛ́sí]
    စိုးစဉ်း။ စိကေချေ။ အနည်းအကျိုင်း
    စိုးစဉ်း။ အနည်းငယ်။ အနည်းအကျဉ်း
    few
    ကြိယာဝိသေသန