Dictionary Entries
Showing 1,381–1,400 of 1,758 words
န
နှင်ချ
[n̥ɪ̀ɴɕ]
Arakanese:
(အိမ်၊ နီရာ စကပင်) ဆင်းသွား စီရေ
Burmese:
(အိမ်၊ နေရာ စသည်မှ) ဆင်းသွား စေသည်
English:
banish
Grammar Note:
ကြိယာ
နှင်းဆီ
[n̥ɪ́ɴsʰí]
Arakanese:
စူးဟိရေ ပန်းပင် တမျိုး။ (အဖြူ၊ အရဲ၊ အဝါရောင် အစဟိစွာ ပွင့်ရေ။) ပန်းနှင်းဆီ၊ ပန်းအင်ကြင်း၊ ခဒက်ချိုင်ရွှီတူ၊ မဉ္စူ ပန်းခပင်းရို့ (မြို့သူကြီး)
Burmese:
ဆူးရှိသော ပန်းပင် တစ်မျိုး။ (အဖြူ၊ အနီ၊ အဝါရောင် စသည် ပွင့်သည်။) ပန်းနှင်းဆီ၊ ပန်းအင်ကြင်း၊ ပုန်းညက်ရွှေတူ၊ မဉ္စူ ပန်းခပင်းတို့ (မြို့သူကြီး)
English:
rose
Grammar Note:
နာမ်
နှင်းဆီရောင်
[n̥ɪ́ɴsʰíɹàʊɴ]
Arakanese:
ပန်းနုရောင်
Burmese:
ပန်းနုရောင်
English:
pink red
Grammar Note:
နာမ်
နှင်းတော
[n̥ɪ́ɴtɔ́]
Arakanese:
ဆောင်းအခါ မြီမျက်နှာပြင် နံဖီး ထူထပ်စွာ ဝေနိန်ရေ ရေခိုးရေငွီ့။ ဆီးနှင်း
Burmese:
ဆောင်းအခါ မြေမျက်နှာပြင် အနီး ထူထပ်စွာ ဝေနေသော ရေခိုးရေငွေ့။ ဆီးနှင်း
English:
snow
Grammar Note:
နာမ်
နှင်းတောတိုး
[n̥ɪ́ɴtɔ́tó]
Arakanese:
(ဥပစာ) ကိုယ့်အပြစ်ကို လူတိအား အပြစ် ဖြစ်ယောင် သွပ်သွင်း၍ ထည့်ယူရေ
Burmese:
(ဥပစာ) မိမိအပြစ်ကို သူတစ်ပါးအား အပြစ် ဖြစ်အောင် သွပ်သွင်း၍ ထည့်ယူသည်
English:
heap all the blame on
Grammar Note:
ကြိယာ
နှင်ထုတ်
[n̥ɪ̀ɴtʰoʊʔ]
Arakanese:
မောင်းထုတ်ရေ။ ဖဲခွာ ထွက်လှား စီရေ
Burmese:
မောင်းထုတ်သည်။ ဖဲခွာ ထွက်သွား စေသည်
English:
banish
Grammar Note:
ကြိယာ
နှင်းထူ
[n̥ɪ́ɴtʰù]
Arakanese:
နှင်းမှုန်များ မိုက်နီအောင် ကျရေ
Burmese:
နှင်းမှုန်များ မှောင်နေအောင် ကျသည်
English:
snow
Grammar Note:
ကြိယာ
နှင်နှင်
[n̥ɪ̀ɴn̥ɪ̀ɴ]
Arakanese:
၁၊ ဧကန်။ မုချ။ ရာကေ။ ထပ်တူ။ ဗီဇနာသမုတ်၊ မျိုးဆွေယုတ်သား၊ ဖြစ်ငြားနှင်နှင်၊ သုံးကျိပ်စင်ဟု (ပဝေဏီ)။ ဂဠုန်နံကား၊ အစိုးအခင်း ဟိနှင်နှင်တည်း ၂၊ အလျင်း။ လုံးဝ။ လုံးလုံး။ (ပဋိသေဒ ကြိယာနှင့် တွဲစပ်သော အခါ မသင့်၊ မလျော်၊ မလျောက်ပတ်၊ မအပ်စပ် အစဟိစွာ့အနက်သာ ထင်ရေ
Burmese:
၁၊ ဧကန်။ မုချ။ သာလျှင်။ ထပ်တူ။ ဗီဇနာသမုတ်၊ မျိုးဆွေယုတ်သား၊ ဖြစ်ငြားနှင်နှင်၊ သုံးကျိပ်စင်ဟု (ပဝေဏီ)။ ဂဠုန်နံကား၊ အစိုးအခင်း ဟိနှင်နှင်တည်း ၂၊ အလျင်း။ လုံးဝ။ လုံးလုံး။ (ပဋိသေဒ ကြိယာနှင့် တွဲစပ်သော အခါ မသင့်၊ မလျော်၊ မလျောက်ပတ်၊ မအပ်စပ် စသည့်အနက်သာ ထင်သည်
English:
surely certainly
Grammar Note:
ကြိယာဝိသေသန
နှင်နှင်ကရ
[n̥ɪ̀ɴn̥ɪ̀ɴkɹ]
Arakanese:
သာမန်။ သေးသေး ဖွဲ့ဖွဲ့။ သိမ်သိမ် ငယ်ငယ်။ အညတရ။ ဤအသွင်ကို၊ စီရင်ကုံးကေ၊ ပန်းသိန်သျှင်က၊ နှင်နှင်ကရ၊ မဟုတ်လှပါ (ဓမ္မသာ)
Burmese:
သာမန်။ သေးသေး ဖွဲ့ဖွဲ့။ သိမ်သိမ် ငယ်ငယ်။ အညတရ။ ဤအသွင်ကို၊ စီရင်ကုံးကေ၊ ပန်းကုံးသျှင်က၊ နှင်နှင်ကရ၊ မဟုတ်လှပါ (ဓမ္မသာ)
English:
normal
Grammar Note:
ကြိယာဝိသေသန
နှင်ပစ်
[n̥ɪ̀ɴpɪʔ]
Arakanese:
နှင်ထုတ်သည်
Burmese:
နှင်ထုတ်သည်
English:
banish
Grammar Note:
ကြိယာ
နှင်းပန်း
[n̥ɪ́ɴpáɴ]
Arakanese:
ဥမှ ရိုးတံရှည် ထွက်ပြီးကေ ပွင့်သော ပန်း တမျိုး။ ပန်းရွှီကြာ၊ မိုးစီပန်း၊ နှင်းပန်းရွှီလျော်၊ သာနိုးခေါ်ရေ၊ ကံ့ကော်နာရီပန်းနန့် (မြို့သူကြီး)
Burmese:
ဥမှ ရိုးတံရှည် ထွက်၍ ပွင့်သော ပန်း တစ်မျိုး။ ပန်းရွှေကြာ၊ မိုးစီပန်း၊ နှင်းပန်းရွှေလျော်၊ သာနိုးခေါ်သည်၊ ကံ့ကော်နာရီပန်းနှင့် (မြို့သူကြီး)
English:
lily
Grammar Note:
နာမ်
နှင်းပျက်ပျက်
[n̥ɪ́ɴprɛʔprɛʔ]
Arakanese:
ဝန်ကို တန်ဘိုး ထားခြင်း မဟိဘဲ။ နှင်းပျက်ပျက်နန့် ပစ်ထားရေ
Burmese:
ပစ္စည်းကို တန်ဘိုး ထားခြင်း မရှိပဲ။ နှင်းပျက်ပျက်နန့် ပစ်ထားရေ
English:
reckless
Grammar Note:
ကြိယာဝိသေသန
နှင်းပျပျ
[n̥ɪ́ɴprpr]
Arakanese:
(အသီးအပွင့်များ ထက်ရို့) နှင်းမှုန် ထူထပ်စွာ ကျရေ
Burmese:
(အသီးအပွင့်များ ပေါ်သို့) နှင်းမှုန် ထူထပ်စွာ ကျသည်
English:
snow
Grammar Note:
ကြိယာ
နှင်းမိုး
[n̥ɪ́ɴmó]
Arakanese:
မိုးရီ မိုးကျောက်ပေါက်ပိုင် တဖွဲဖွဲကျသော နှင်းမှုန်
Burmese:
မိုးရေ မိုးပေါက်ကဲ့သို့ တဖွဲဖွဲကျသော နှင်းမှုန်
English:
snow
Grammar Note:
နာမ်
နှင်းရည်
[n̥ɪ́ɴɹɛ̀]
Arakanese:
ဆောင်းလအခါ နပျိုးဖက်၊ သစ်ရွက် အစဟိစွာရို့မှ ဖြူဖွေးသော နှင်းမှုန်များ တင်နေစွာကို ယူသော အရည်။ ---ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ညက်အောင်ကြိတ်ပါ (ပဉ္စဘုတ်)
Burmese:
ဆောင်းလအခါ ငှက်ပျောရွက်၊ သစ်ရွက် စသည်တို့မှ ဖြူဖွေးသော နှင်းမှုန်များ တင်နေသည်ကို ယူသော အရည်။ ---ဆယ့်ခုနစ်ကို၊ နစ်နစ်ညက်ကြောင်း၊ နှင်းရည်လောင်း၍၊ ညက်အောင်ကြိတ်ပါ (ပဉ္စဘုတ်)
English:
rose water
Grammar Note:
နာမ်
နှင့်ရာ
[n̥ɪ̀ɴ့ɹà]
Arakanese:
တင်ကူး ဖြစ်တေကို ပြသော စကားလုံး။ တခုတရီ ပြုလုပ်ဖို့ အတွက် ကြိုတင် အာမခံချက် ထားရေ။ လားဖို့နှင့်ရာ၊ စားဖို့နှင့်ရာ၊ လုပ်ဖို့နှင့်ရာ အစဟိစွာ
Burmese:
တင်ကူး ဖြစ်သည်ကို ပြသော စကားလုံး။ တစ်စုံတစ်ခု ပြုလုပ်ရန် အတွက် ကြိုတင် အာမခံချက် ထားသည်။ လားဖို့နှင့်ရာ၊ စားဖို့နှင့်ရာ၊ လုပ်ဖို့နှင့်ရာ စသည်
English:
insurance
Grammar Note:
ပစ္စည်း
နှင်းဝီဝီ
[n̥ɪ́ɴwíwí]
Arakanese:
နှင်းများ မိုက်ဝေ နီအောင် ကျရေ။ နှင်းလည်းဝီဝီ၊ မိုးခြီမှိုင်းဆင်၊ နီရှင်ရှင်တည်း (ပါရာ)
Burmese:
နှင်းများ မှောင်ဝေ နေအောင် ကျသည်။ နှင်းလည်းဝီဝီ၊ မိုးခြီမှိုင်းဆင်၊ နီရှင်ရှင်တည်း (ပါရာ)
English:
snow
Grammar Note:
ကြိယာ
နှင်းသံ
[n̥ɪ́ɴθံ]
Arakanese:
ဆောင်းခါ ကာလ သစ်ရွက် သစ်ခက်မှ နှင်းရည် ပေါက်များ ကျလှာရေ အသံ။ နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖေါက်သို့၊ ကြားရရေလေ (တေး)
Burmese:
ဆောင်းတွင်း ကာလ သစ်ရွက် သစ်ခက်မှ နှင်းရည် ပေါက်များ ကျလာသော အသံ။ နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖေါက်သို့၊ ကြားရရေလေ (တေး)
English:
sound of snow water falling
Grammar Note:
နာမ်
နှင်းအပ်
[n̥ɪ́ɴʔaʔ]
Arakanese:
၁၊ စောင့်ယှောက် ထိန်းသိမ်းရန် တာဝန် ပီးရေ။ ၂၊ (ထီးနန်း၊ စည်းစိမ် အစဟိစွာ့ မွန်မြတ်သော ဝန် တခုတရီကို) အပြီးအပိုင် ပီးရေ
Burmese:
၁၊ စောင့်ရှောက် ထိန်းသိမ်းရန် တာဝန် ပေးသည်။ ၂၊ (ထီးနန်း၊ စည်းစိမ် စသည့် မွန်မြတ်သော ပစ္စည်း တစ်စုံတစ်ခုကို) အပြီးအပိုင် ပေးသည်
English:
confer
Grammar Note:
ကြိယာ
နှံစပ်
[n̥ံsaʔ]
Arakanese:
၁၊ (ဆီး) အားလုံး ရောနှော မိရေ။ ၂၊ နီရာ အားလုံး ပေါက်ရောက်ရေ
Burmese:
၁၊ (ဆေး) အားလုံး ရောနှော မိသည်။ ၂၊ နေရာ အကုန် ပေါက်ရောက်သည်
English:
be mixed up
Grammar Note:
ကြိယာ