Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 1,758 words

    န

    နှံစိတ်ကေ

    [n̥ံseɪʔkè]
    မြက်ခင်း၊ ခြုံဖုတ် အချေ အကြားမာ နိန်ပနာ မြည်တတ်ရေ ပိုးကောင်။ နှံကောင်။ နှံစိတ်ကေစီဖာ၊ ဖာလာတောက၊ မြည်လယ်ယာ (ပဲ)
    မြက်ခင်း၊ ချုံဖုတ် ကလေး အကြားတွင် နေ၍ မြည်တတ်သော ပိုးကောင်။ နှံကောင်။ နှံစိတ်ကေစီဖာ၊ ဖာလာတောက၊ မြည်လယ်ယာ (ပဲ)
    grass hopper
    နာမ်

    နှံစိနှံခွာ

    [n̥ံsìn̥ံkʰwà]
    ပဲစင်းငုံ အရွက်နန့် တူသော အပင် တမျိုး။ ယောအပင်မှ အရွက် ရို့စွာ လူမဟိလျင် တရွက်နန့် တရွက် ပူးလိုက် ခွာလိုက် လုပ်ဗလင့် ဟိရေ။ ပီယမာ သုံးရေ ဟူ၏။
    ပဲစင်းငုံ အရွက်နှင့် တူသော အပင် တစ်မျိုး။ ယောအပင်မှ အရွက် တို့သည် လူမရှိလျင် တစ်ရွက်နှင့် တစ်ရွက် ပူးလိုက် ခွာလိုက် လုပ်လေ့ ရှိသည်။ ပီယတွင် သုံးသည် ဟူ၏။
    pigeon pea cajanus cajan like plant
    နာမ်

    နှံစုတ်ကေ၂

    [n̥ံsoʊʔkè၂]
    နှုတ်သီး ရှည်ချွန် စိကေချေ ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ် တမျိုး
    နှုတ်သီး ရှည်ချွန် အနည်းငယ် ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ် တစ်မျိုး
    wren
    နာမ်

    နှစ်

    [n̥ɪʔ]
    ဟင်းလျာ အဖြစ် စားသုံး ရရေ အမြစ်ခြီမှ ထွက်စ ဝါးပင်အစို့။ ဝတုတ်
    ဟင်းလျာ အဖြစ် စားသုံး ရသော အမြစ်ခြေမှ ထွက်စ ဝါးပင်အစို့။ မျှစ်
    bamboo shoot
    နာမ်

    နှစ်၂

    [n̥ɪʔ၂]
    တန်းခူး (စွာကူး) လ က စပြီးကေ ရွီတွက်သော် (တပေါင်းလ) တဆယ့်နှစ်လ စိသည် အထိဖြစ်ရေ ကာလ အပိုင်းအရာ။ လေးနှစ်ကို ထိမ်းမြှားသော် မဆမဖြစ်အံ့ (ပါရာ)
    တန်းခူး (တာကူး) လ က စ၍ ရေတွက်သော် (တပေါင်းလ) တစ်ဆယ့်နှစ်လ စေ့သည် အထိဖြစ်သော ကာလ အပိုင်းအခြား။ လေးနှစ်ကို ထိမ်းမြှားသော် မုဆိုးမဖြစ်အံ့ (ပါရာ)
    year
    နာမ်

    နှစ်၃

    [n̥ɪʔ၃]
    တနှင့် သုံးအကြားဟိ အရွီတွက်
    တစ်နှင့် သုံးအကြားရှိ အရေတွက်
    two
    နာမ်

    နှစ်၄

    [n̥ɪʔ၄]
    ရီထဲမာ နစ်စီရေ။ မြုပ်သည်
    ရေထဲတွင် နစ်စေသည်။ မြုပ်သည်
    sink
    ကြိယာ

    နှစ်၅

    [n̥ɪʔ၅]
    နှိပ်စက်ရေ။ ဒုက္ခပီးရေ။ ချစ်ရာမရောက်၊ နှစ်ရာရောက်တေ (ပုံ)
    နှိပ်စက်သည်။ ဒုက္ခပေးသည်။ ချစ်ရာမရောက်၊ နှစ်ရာရောက်တေ (ပုံ)
    torture-persecute
    ကြိယာ

    နှစ်ကိုယ်

    [n̥ɪʔkÒɛ̀]
    နှစ်ယောက်။ မမာ့နှင့် ယောက်ျား။ လပျိုနှင့် အပျို။ လပျိုဘဝ၊ ကညာပျိုနှင့်၊ နှစ်ကိုယ်ကျက၊ ဆွချင်ရို့ချင်၊ စကားငင်ပျာ (ဓမ္မသာ)
    နှစ်ယောက်။ မိန်းမနှင့် ယောက်ျား။ လူပျိုနှင့် အပျို။ လူပျိုဘဝ၊ ကညာပျိုနှင့်၊ နှစ်ကိုယ်ကျက၊ ဆွချင်တို့ချင်၊ စကားငင်ပျာ (ဓမ္မသာ)
    Tete-a-tete
    နာမ်

    နှစ်ကိုယ်ခွဲ

    [n̥ɪʔkÒɛ̀kʰwɛ]
    လူတယောက် တည်းက ရုပ်နှစ်ရုပ်မျိုး ဆောင်ထားရေ
    လူတစ်ယောက် တည်းက ရုပ်နှစ်ရုပ်မျိုး ဆောင်ထားသည်
    dual role
    ကြိယာ

    နှစ်ကိုယ်တစ်စိတ်

    [n̥ɪʔkÒɛ̀tɪʔseɪʔ]
    (အလွန် ချစ်ခင် ရင်းနှီး၍) စိတ် သဖောထားချင်း တူညီရေအနိန်နန့်
    (အလွန် ချစ်ခင် ရင်းနှီး၍) စိတ် သဘော ထားချင်း တူညီသော အားဖြင့်
    in agreement
    နာမ်

    နှစ်ကိုယ်တူ

    [n̥ɪʔkÒɛ̀tù]
    ကွဲကွာခြင်း၊ သီခြား ဖြစ်ခြင်း မဟိဘဲ။ တပေါင်းတည်း။ တပါတည်း။ တကွ။ တတူတကွ
    ကွဲကွာခြင်း၊ သီခြား ဖြစ်ခြင်း မရှိပဲ။ တပေါင်းတည်း။ တပါတည်း။ တကွ။ အတူတကွ
    in agreement
    ကြိယာဝိသေသန

    နှစ်ကုန်လများ

    [n̥ɪʔkòʊɴlmrá]
    နှစ်၊ လအနိန်နန့် ကြာညောင်းစွာ
    နှစ်၊ လ အားဖြင့် ကြာညောင်းစွာ
    many year
    နာမ်

    နှစ်ကူး

    [n̥ɪʔkùး]
    နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသည်
    နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသည်
    change year
    ကြိယာ

    နှစ်ကြေး

    [n̥ɪʔt͡ɕé]
    နှစ်အလိုက် ပီးရရေ အခွန်ငွီ
    နှစ်အလိုက် ပေးရသော အခွန်ငွေ
    annual fee
    နာမ်

    နှစ်ချင်း

    [n̥ɪʔɕɪ́ɴ]
    တနှစ်တည်းနှင့်
    တစ်နှစ်တည်းနှင့်
    within a year
    ကြိယာဝိသေသန

    နှစ်ချင်းပေါက်

    [n̥ɪʔɕɪ́ɴpaʊʔ]
    တနှစ်တည်းနှင့် အရာမာ အောင်မြင်သည်
    တစ်နှစ်တည်းနှင့် ပြီးမြောက် အောင်မြင်သည်
    within a year
    ကြိယာ

    နှစ်ချင်းသီး

    [n̥ɪʔɕɪ́ɴθï]
    စ ၍ စိုက်ပျိုးသော နှစ်မာပင် သီးသည်
    စ ၍ စိုက်ပျိုးသော နှစ်မှာပင် သီးသည်
    within a year
    ကြိယာ

    နှစ်ချဉ်

    [n̥ɪʔɕɪ̀ɴ]
    ထမင်း၊ ဆား၊ ရေ အစဟိစွာနှင့် ချိုင်အောင် လုပ်ထားရေ ဝတုတ်
    ထမင်း၊ ဆား၊ ရေ စသည်နှင့် ချဉ်အောင် လုပ်ထားသော မျှစ်
    sour bamboo
    နာမ်

    နှစ်ချုပ်

    [n̥ɪʔɕoʊʔ]
    တနှစ်တာ လုပ်ဆောင်ချက် တိကို ပေါင်းစု၍ ရီးသား ထားရေ မှတ်တမ်း
    တစ်နှစ်တာ လုပ်ဆောင်ချက် များကို ပေါင်းစု၍ ရေးသား ထားသော မှတ်တမ်း
    annual
    နာမ်