Dictionary Entries
Showing 1,441–1,460 of 1,758 words
န
နှစ်လည်
[n̥ɪʔlɛ̀]
Arakanese:
တနှစ် ကုန်လွန်၍ နောက် တနှစ်သို့ ရောက်ယား ဖြစ်တေ
Burmese:
တစ်နှစ် ကုန်လွန်၍ နောက် တစ်နှစ်သို့ ရောက်ပြီး ဖြစ်သည်
English:
annual
Grammar Note:
ကြိယာ
နှစ်လည်ပတ်ကုံး
[n̥ɪʔlɛ̀paʔkóʊɴ]
Arakanese:
နှစ် ပရိစေ္ဆဒ ကြာရှည် လေးမြင့်စွာ
Burmese:
နှစ် ပရိစေ္ဆဒ ကြာရှည် လေးမြင့်စွာ
English:
many year
Grammar Note:
ကြိယာဝိသေသန
နှစ်လို
[n̥ɪʔlÒ]
Arakanese:
လိုလား နှစ်သက်ရေ။ မြတ်နိုးရေ။ ဖြူပြာနီညို၊ ရွှန်းစိုစိုသည်၊ နှစ်လို ရှုဖွယ်သာတည်း (မြို့သူကြီး)
Burmese:
လိုလား နှစ်သက်သည်။ မြတ်နိုးသည်။ ဖြူပြာနီညို၊ ရွှန်းစိုစိုသည်၊ နှစ်လို ရှုဖွယ်သာတည်း (မြို့သူကြီး)
English:
like
Grammar Note:
ကြိယာ
နှစ်လိုဝမ်းသာ
[n̥ɪʔlÒwáɴθà]
Arakanese:
သဖောကျရေ။ နှစ်သက်ရေ။ စုံမက်ရေ။ မြတ်နိုးသည်
Burmese:
သဘော ကျသည်။ နှစ်သက်သည်။ စုံမက်သည်။ မြတ်နိုးသည်
English:
like
Grammar Note:
ကြိယာ
နှစ်လုံးနှစ်ခွ
[n̥ɪʔlóʊɴn̥ɪʔkʰw]
Arakanese:
အယူဝါဒ၊ စကား၊ စိတ် အစဟိစွာရို့ နှစ်မျိုး နှစ်စား ဖြစ်နီခြင်း
Burmese:
အယူဝါဒ၊ စကား၊ စိတ် စသည်တို့ နှစ်မျိုး နှစ်စား ဖြစ်နေခြင်း
English:
ambivalent
Grammar Note:
နာမ်
နှစ်လုံးနှစ်ဝ
[n̥ɪʔlóʊɴn̥ɪʔw]
Arakanese:
၁၊ စိတ်တိုင်းကျ ဖြစ်ပနာ နှစ်သက် အားရရေ။ ကျီနပ်ရေ။ ၂၊ နှစ်သိမ့် အားရရေ
Burmese:
၁၊ စိတ်တိုင်းကျ ဖြစ်၍ နှစ်သက် အားရသည်။ ကျေနပ်သည်။ ၂၊ နှစ်သိမ့် အားရသည်
English:
satisfy
Grammar Note:
ကြိယာ
နှစ်လုံးပြတ်
[n̥ɪʔlóʊɴpɹaʔ]
Arakanese:
တနှစ် လုံးလုံး။ တနှစ်လုံးလုံး
Burmese:
တစ်နှစ် ပတ်လုံး။ တစ်နှစ်လုံးလုံး
English:
the whole year
Grammar Note:
နာမ်
နှစ်လုံးပြူး
[n̥ɪʔlóʊɴpɹú]
Arakanese:
ပြောင်း နှစ်လုံး ပူးတွဲပြီးကေ ပါဟိရေ သီနတ်
Burmese:
ပြောင်း နှစ်လုံး ပူးတွဲ၍ ပါရှိသော သေနတ်
English:
Double-barrell-edgun
Grammar Note:
နာမ်
နှစ်လုံးမပြတ်
[n̥ɪʔlóʊɴmpɹaʔ]
Arakanese:
တနှစ်လုံးလုံး။ တနှစ်လုံးလုံး။၂၊ မပြတ်မလပ်
Burmese:
တစ်နှစ်ပတ်လုံး။ တစ်နှစ်လုံးလုံး။၂၊ မပြတ်မလပ်
English:
the whole year
Grammar Note:
ကြိယာဝိသေသန
နှစ်လုံးမြီကျ(ထိုင်)
[n̥ɪʔlóʊɴmɹìt͡ɕ(tʰàɪɴ)]
Arakanese:
ခြီနှစ်ချောင်း ကြက်ခြေခတ် ပိုင် ကွေးချိတ်ကာ တင်သား ချပနာ ထိုင်ရေ။ တင်ပျိုင်ခွေ ထိုင်သည်
Burmese:
ခြေနှစ်ချောင်း ကြက်ခြေခတ် သဖွယ် ကွေးချိတ်ကာ တင်ပါး ချ၍ ထိုင်သည်။ တင်ပျဉ်ခွေ ထိုင်သည်
English:
Cross-legged
Grammar Note:
ကြိယာ
နှစ်ဝက်တစ်ဝက်
[n̥ɪʔwɛʔtɪʔwɛʔ]
Arakanese:
အမင်ာင်နှမျှ နှစ်စု ခွဲဝီ၍ တခုသော အဖို့ အဝီ
Burmese:
အညီအမျှ နှစ်စု ခွဲဝေ၍ တစ်ခုသော အဖို့ ဝေစု
English:
half
Grammar Note:
နာမ်
နှစ်သက်
[n̥ɪʔθɛʔ]
Arakanese:
မြတ်နိုးရေ။ စုံမက်ရေ။ နှစ်လို ကျီနပ်ရေ။ ကျွန်သာလောင်းထက်၊ မြစ်တဖက်က၊ နှစ်သက်ဟိပူဇော်၍ (မြို့သူကြီး)
Burmese:
မြတ်နိုးသည်။ စုံမက်သည်။ နှစ်လို ကျေနပ်သည်။ ကျွန်သာလှေထက်၊ မြစ်တစ်ဖက်က၊ နှစ်သက်ရှိပူဇော်၍ (မြို့သူကြီး)
English:
like
Grammar Note:
ကြိယာ
နှစ်သစ်ကူး
[n̥ɪʔθɪʔkùး]
Arakanese:
နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသည်
Burmese:
နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသည်
English:
change year
Grammar Note:
ကြိယာ
နှစ်သိမ့်
[n̥ɪʔθèɪɴ့]
Arakanese:
စိတ်တိုင်းကျ ဖြစ်ပနာ နှစ်သက် အားရရေ။ သည်းမာချမ်းငြိမ်း၊ တစိမ့်စိမ့်နှင့်၊ နှစ်သိမ့်ရွှင်လန်း၊ ပီတိမွှမ်းမျှ (မြို့တည်)
Burmese:
စိတ်တိုင်းကျ ဖြစ်၍ နှစ်သက် အားရသည်။ သည်းတွင်ချမ်းငြိမ်း၊ တစိမ့်စိမ့်နှင့်၊ နှစ်သိမ့်ရွှင်လန်း၊ ပီတိမွှမ်းမျှ (မြို့တည်)
English:
like
Grammar Note:
ကြိယာ
နှစ်ဟင်း
[n̥ɪʔhɪ́ɴ]
Arakanese:
(ဝါးပင်အစို့) ဝတုတ်ကို စားသုံးရန် အတွက် ချက်ထားရေ ဟင်း။ ဝတုတ်ဟင်း
Burmese:
(ဝါးပင်အစို့) မျှစ်ကို စားသုံးရန် အတွက် ချက်ထားသော ဟင်း။ မျှစ်ဟင်း
English:
bamboo shoot
Grammar Note:
နာမ်
နှစ်ဦး
[n̥ɪʔʔú]
Arakanese:
နှစ်၏ ပွေလာဦး ဖြစ်ရေ တန်ခူးလ။ နှစ်ဦးအစ၊ တန်းခူးလ၏၊ ပြိဿရာသီ၊ ပုဏ္ဏမီဝယ် (ပါရာ)။ မှတ်မိစိမ့်သောငှာ၊ ကျမ်းလာမှန်လှ၊ ဖော်ပြထင်ထင်၊ နှစ်မာမဦး၊ တန်ခူးသာခေါင် (ပါရာ)
Burmese:
နှစ်၏ အစအဦး ဖြစ်သော တန်ခူးလ။ နှစ်ဦးအစ၊ တန်းခူးလ၏၊ ပြိဿရာသီ၊ ပုဏ္ဏမီဝယ် (ပါရာ)။ မှတ်မိစိမ့်သောငှာ၊ ကျမ်းလာမှန်လှ၊ ဖော်ပြထင်ထင်၊ နှစ်တွင်မဦး၊ တန်ခူးသာခေါင် (ပါရာ)
English:
April
Grammar Note:
နာမ်
နှစ်ဦး၂
[n̥ɪʔʔú၂]
Arakanese:
နှစ်ယောက်
Burmese:
နှစ်ယောက်
English:
two
Grammar Note:
နာမ်
နှစ်ဦးနှစ်ပါး
[n̥ɪʔʔún̥ɪʔpàး]
Arakanese:
အပြန်အလှန် တဖက်နှင့် တဖက် အတုံ့အလှယ်အနိန်နန့်။ နှစ်ဦးနှစ်ပါး၊ သနားချစ်ခင်၊ ကျွမ်းဝင်မေတ္တာ၊ ပီတိဖြာဗျာယ် (မြို့တည်)
Burmese:
အပြန်အလှန် တစ်ဖက်နှင့် တစ်ဖက် အတုံ့အလှယ် အားဖြင့်။ နှစ်ဦးနှစ်ပါး၊ သနားချစ်ခင်၊ ကျွမ်းဝင်မေတ္တာ၊ ပီတိဖြာလျက် (မြို့တည်)
English:
mutually
Grammar Note:
ကြိယာဝိသေသန
နှစ်ဦးနှစ်ပါး၂
[n̥ɪʔʔún̥ɪʔpàး၂]
Arakanese:
ထိုဖက်မှ ပုဂ္ဂိုလ်နှင့် ဤဖက်မှ ပုဂ္ဂိုလ်။ ထိုဖက် အုပ်စုနှင့် ဤဖက် အုပ်စု
Burmese:
ထိုဖက်မှ ပုဂ္ဂိုလ်နှင့် ဤဖက်မှ ပုဂ္ဂိုလ်။ ထိုဖက် အုပ်စုနှင့် ဤဖက် အုပ်စု
English:
both parties
Grammar Note:
နာမ်
နှစ်ဦးနှစ်ဖက်
[n̥ɪʔʔún̥ɪʔpʰɛʔ]
Arakanese:
ထိုဖက်မှ ပုဂ္ဂိုလ်နှင့် ဤဖက်မှ ပုဂ္ဂိုလ်။ ထိုဖက် အုပ်စုနှင့် ဤဖက် အုပ်စု
Burmese:
ထိုဖက်မှ ပုဂ္ဂိုလ်နှင့် ဤဖက်မှ ပုဂ္ဂိုလ်။ ထိုဖက် အုပ်စုနှင့် ဤဖက် အုပ်စု
English:
both parties
Grammar Note:
နာမ်