Dictionary Entries
Showing 1,461–1,480 of 1,758 words
န
နှတ်
[n̥aʔ]
Arakanese:
နခေါင်း ထဲကို နှာမှုန့် စစွာကို ထည့်သွင်းရေ။ ခပ်သိမ်းရောဂါ၊ ဆုတ်ခွာဘိသည်၊ နခေါင်းလီနှတ်၊ မျက်စဉ်းခတ်သည် (ပဉ္စဘုတ်)
Burmese:
နှာခေါင်း ထဲသို့ နှာမှုန့် စသည်ကို ထည့်သွင်းသည်။ ခပ်သိမ်းရောဂါ၊ ဆုတ်ခွာဘိသည်၊ နှာခေါင်းလီနှတ်၊ မျက်စဉ်းခတ်သည် (ပဉ္စဘုတ်)
English:
administer snuff
Grammar Note:
ကြိယာ
နှတ်၂
[n̥aʔ၂]
Arakanese:
ရက်ကန်း လွန်းထိုးရန် အတိုင် ခြည်ကို အထက်အောက် ကွဲအောင် ခွဲပီးရေ ကြိုးမျှင်စု။ အာကာမာဘုံနှင့် ပြဿာဒ်၊ ယိုင်စင်မာ နွယ်နှင့်နှတ် (ပန်းဝှက်)
Burmese:
ယက်ကန်း လွန်းထိုးရန် အတိုင် ချည်ကို အထက်အောက် ကွဲအောင် ခွဲပေးသော ကြိုးမျှင်စု။ အာကာမှာဘုံနှင့် ပြဿာဒ်၊ ရက်ကန်းစင်မှာ နွယ်နှင့်နှတ် (ပန်းဝှက်)
English:
none
Grammar Note:
နာမ်
နှတ်ကောက်
[n̥aʔkɔ́ɛʔ]
Arakanese:
အတိုင် ခြည်မျှင်တိကို တပင်စီ နှတ်ကွင်းထဲကို ထည့်သွင်းသည်
Burmese:
အတိုင် ချည်မျှင်များကို တစ်ပင်စီ နှတ်ကွင်းထဲသို့ ထည့်သွင်းသည်
English:
none
Grammar Note:
နာမ်
နှတ်ကျည်
[n̥aʔt͡ɕɛ̀]
Arakanese:
ရက်ကန်း ရက်ရာမာ အတိုင် ခြည်ပင် လားရရေ့ နှတ်မာ အကွင်းလိုက် ဖြစ်ယောင် နှတ်ကောက် ရာမာ နှတ်တန်းသိန်နှင့် ပူးတွဲပြီးကေ ပါဝင်ရေ့ ဝါးကျည်
Burmese:
ယက်ကန်း ရက်ရာတွင် အတိုင် ချည်ပင် သွားရသည့် နှတ်တွင် အကွင်းလိုက် ဖြစ်အောင် နှတ်ကောက် ရာတွင် နှတ်သီတံနှင့် ပူးတွဲ၍ ပါဝင်သည့် ဝါးကျည်
English:
none
Grammar Note:
နာမ်
နှတ်ကျိတ်တောက်
[n̥aʔt͡ɕeɪʔtɔ́ɛʔ]
Arakanese:
ရက်ကန်း ရက်ရာမာ အတိုင် ခြည်ပင် လားရရေ့ နှတ်မာ အကွင်းလိုက် ဖြစ်ယောင် နှတ်ကောက် ရာမာ နှတ်တန်းသိန်နှင့် ပူးတွဲပြီးကေ ပါဝင်ရေ့ ဝါးကျည်
Burmese:
ယက်ကန်း ရက်ရာတွင် အတိုင် ချည်ပင် သွားရသည့် နှတ်တွင် အကွင်းလိုက် ဖြစ်အောင် နှတ်ကောက် ရာတွင် နှတ်သီတံနှင့် ပူးတွဲ၍ ပါဝင်သည့် ဝါးကျည်
English:
none
Grammar Note:
နာမ်
နှတ်ကြိုး
[n̥aʔt͡ɕó]
Arakanese:
ရက်ကန်း ရက်ရာမာ လွန်းထိုးရန် အတွက် အတိုင်ခြည်ကို အထက်အောက် ကွဲအောင် ခွဲပီးရေ ခြည်မျှင်အစု
Burmese:
ယက်ကန်း ရက်ရာတွင် လွန်းထိုးရန် အတွက် အတိုင်ချည်ကို အထက်အောက် ကွဲအောင် ခွဲပေးသော ချည်မျှင်အစု
English:
none
Grammar Note:
နာမ်
နှတ်ခြည်
[n̥aʔkʰɹɛ]
Arakanese:
သစ်စေးဖြင့် မာအောင် ကျစ်ထားရေ နှတ်ကောက်သော ခြည်မျှင်
Burmese:
သစ်စေးဖြင့် မာအောင် ကျစ်ထားသော နှတ်ကောက်သော ချည်မျှင်
English:
cotton
Grammar Note:
နာမ်
နှတ်ခြည်ထိုး
[n̥aʔkʰɹɛtʰó]
Arakanese:
ယင်း ခြည်မျှင်ဖြင့် နှတ် ပြုလုပ်ရေ
Burmese:
ယင်း ချည်မျှင်ဖြင့် နှတ် ပြုလုပ်သည်
English:
none
Grammar Note:
ကြိယာ
နှတ်ခြီနင်း
[n̥aʔkʰɹìnɪ́ɴ]
Arakanese:
အတိုင်ခြည် အထက်အောက် နှစ်လွှာကွဲအောင် နင်းပီးရရေ ခြေနင်း မောင်းတံ
Burmese:
အတိုင်ချည် အထက်အောက် နှစ်လွှာကွဲအောင် နင်းပေးရသော ခြေနင်း မောင်းတံ
English:
running board
Grammar Note:
နာမ်
နှတ်ခြူပင်
[n̥aʔkʰɹùpɪ̀ɴ]
Arakanese:
အစီး ထွက်သော ခြုံပင် တမျိုး။ (ယင်း အစီးကို အပေါက်ငယ် ပါရေ အချောင်းတံဖြင့် လီမှုတ်သော် ရေပူဖေါင်း ပိုင် ဖေါင်းဖို့ လာသနန့် လီထဲမာ မှုတ်ကစပ်တေ။
Burmese:
အစေး ထွက်သော ချုံပင် တစ်မျိုး။ (ယင်း အစေးကို အပေါက်ငယ် ပါသော အချောင်းတံဖြင့် လေမှုတ်သော် ရေပူဖေါင်း ကဲ့သို့ ဖေါင်းဖို့ လာသဖြင့် လေထဲတွင် မှုတ်ကစားသည်။
English:
bush
Grammar Note:
နာမ်
နှတ်ငင်
[n̥aʔŋɪ̀ɴ]
Arakanese:
အတိုင် ခြည်မျှင် တိကို တပင်စီ နှတ်ကွင်း ထဲကို ထည့်သွင်းသည်
Burmese:
အတိုင် ချည်မျှင် များကို တစ်ပင်စီ နှတ်ကွင်း ထဲသို့ ထည့်သွင်းသည်
English:
none
Grammar Note:
ကြိယာ
နှတ်ဆီးကြိုး
[n̥aʔsʰït͡ɕó]
Arakanese:
(ကြိုး) ဖြေရ လွယ်ကူအောင် ကြိုးချိုင်နည်း တမျိုး
Burmese:
(ကြိုး) ဖြေရ လွယ်ကူအောင် ကြိုးချည်နည်း တစ်မျိုး
English:
bowline
Grammar Note:
ကြိယာ
နှတ်တံ
[n̥aʔtံ]
Arakanese:
နှတ် ကောက်ရာမာ နှတ်ခြည် တိကို သီထားရေ ဝါးချောင်းတံ
Burmese:
နှတ် ကောက်ရာတွင် နှတ်ချည် များကို သီထားသော ဝါးချောင်းတံ
English:
bamboo stick
Grammar Note:
နာမ်
နှတ်ပျိုးပင်
[n̥aʔprópɪ̀ɴ]
Arakanese:
နပျိုးပင်။ တထာ၊ ယင်းတတူ၊ ကဒလီ၊ နှတ်ပျိုးပင်ကို၊ နရောပေယျ၊ မစိုက်ရာ (သစ်ကြန်)
Burmese:
ငှက်ပျောပင်။ တထာ၊ ထို့အတူ၊ ကဒလီ၊ နှတ်ပျိုးပင်ကို၊ နရောပေယျ၊ မစိုက်ရာ (သစ်ကြန်)
English:
banana plant
Grammar Note:
နာမ်
နှတ်သီတံ
[n̥aʔθítံ]
Arakanese:
နှတ်ကောက် ရာမာ နှတ်ခြည် တိကို သီထားရေ ဝါးချောင်းတံ
Burmese:
နှတ်ကောက် ရာတွင် နှတ်ချည် များကို သီထားသော ဝါးချောင်းတံ
English:
bamboo stick
Grammar Note:
နာမ်
နှန်း
[n̥áɴ]
Arakanese:
မင်း၊ မိဖရားနှင့် နတ်ဒေဝါများ နီရာအဆောင်။ ဘုံ။ ဗိမာန်။ (နန်း၊ နှန်း၊ နှောင်း ဆိုပနာလည်း သုံးရေ။
Burmese:
မင်း၊ မိဖရားနှင့် နတ်ဒေဝါများ နေရာအဆောင်။ ဘုံ။ ဗိမာန်။ (နန်း၊ နှန်း၊ နှောင်း ဟူ၍လည်း သုံးသည်။
English:
palace
Grammar Note:
ပစ္စည်း
နှပလုပ်ကောင်
[n̥ploʊʔkàʊɴ]
Arakanese:
နခေါင်း ရောဂါကို ဖြစ်စီ တတ်ရေ ပိုးကောင် တမျိုး
Burmese:
နှာခေါင်း ရောဂါကို ဖြစ်စေ တတ်သော ပိုးကောင် တစ်မျိုး
English:
none
Grammar Note:
နာမ်
နှံပီစွက်
[n̥ံpíswɛʔ]
Arakanese:
နှုတ်သီး ရှည်ချွန် စိကေချေ ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ် တမျိုး
Burmese:
နှုတ်သီး ရှည်ချွန် အနည်းငယ် ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ် တစ်မျိုး
English:
wren
Grammar Note:
နာမ်
နှပ်
[n̥aʔ]
Arakanese:
နခေါင်း ပေါက်မှ ထွက်သော ချွဲပျစ် ပျောင်းသော အညစ်အကြီး
Burmese:
နှာခေါင်း ပေါက်မှ ထွက်သော ချွဲပျစ် စေးကပ်သော အညစ်အကြေး
English:
nasal discharge
Grammar Note:
နာမ်
နှပ်၂
[n̥aʔ၂]
Arakanese:
ထမင်း၊ ဟင်း စစွာကို နူးအောင် လုပ်ရေ။ ထမင်းကို နပ်အောင် နှပ်သည်
Burmese:
ထမင်း၊ ဟင်း စသည်ကို နူးအောင် လုပ်သည်။ ထမင်းကို နပ်အောင် နှပ်သည်
English:
tenderize
Grammar Note:
ကြိယာ