Dictionary Entries
Showing 1,481–1,500 of 1,758 words
န
နှပ်ချီး
[n̥aʔɕï]
Arakanese:
နခေါင်း ပေါက်မှ ထွက်သော ချွဲပျစ် ပျောင်းသော အညစ်အကြီး
Burmese:
နှာခေါင်း ပေါက်မှ ထွက်သော ချွဲပျစ် စေးကပ်သော အညစ်အကြေး
English:
nasal mucous
Grammar Note:
နာမ်
နှပ်ချီးခြူ
[n̥aʔɕïkʰɹù]
Arakanese:
လူမမည်သော အချေဘဝ။ နှပ်ချီးခြူလို့၊ လူမဖြစ်ခင်၊ အညစ်အကြီး၊ အတန်တန်ကို၊ ခံကာမွီးလည်း၊ ကျေးဇုတရစ် (ပန်း)
Burmese:
လူမမည်သော ကလေးဘဝ။ နှပ်ချီးခြူလို့၊ လူမဖြစ်ခင်၊ အညစ်အကြေး၊ အတန်တန်ကို၊ ခံကာမွေးလည်း၊ ကျေးဇူးတရစ် (ပန်း)
English:
child who has not yet attained the age of reason
Grammar Note:
နာမ်
နှပ်ချီးခြူ၂
[n̥aʔɕïkʰɹù၂]
Arakanese:
အလွန် အိုမင်း ရင့်ရော်သော (ဝါကြီး)
Burmese:
အလွန် အိုမင်း ရင့်ရော်သော (အဖိုးအို)
English:
patriarch
Grammar Note:
နာမဝိသေသန
နှပ်ချီးခြူ၃
[n̥aʔɕïkʰɹù၃]
Arakanese:
နခေါင်း၊ နှုတ်ခမ်း အစဟိစွာမာ နှပ်ချီးများ ပေကျံ နိန်ရေ
Burmese:
နှာခေါင်း၊ နှုတ်ခမ်း စသည်တွင် နှပ်ချေးများ ပေကျံ နေသည်
English:
spread
Grammar Note:
ကြိယာ
နှပ်ချီးမစင်
[n̥aʔɕïmsɪ̀ɴ]
Arakanese:
လူမမည်သော အရွယ်။ အချေ ဘဝ
Burmese:
လူမမည်သော အရွယ်။ ကလေး ဘဝ
English:
child who has not yet attained the age of reason
Grammar Note:
နာမ်
နှပ်ညှည့်
[n̥aʔɲ̯ɛ့̀]
Arakanese:
နခေါင်းကို ဖိညှစ်၍ အထဲဟိ အကျိအချွဲကို နခေါင်းလေဖြင့် တအား မှုတ်ထုတ်သည်
Burmese:
နှာခေါင်းကို ဖိညှစ်၍ အတွင်းရှိ အကျိအချွဲကို နှာခေါင်းလေဖြင့် တစ်အား မှုတ်ထုတ်သည်
English:
Blow the nose
Grammar Note:
ကြိယာ
နှပ်တက်ခတ်
[n̥aʔtɛʔkʰaʔ]
Arakanese:
မပြတ်မလပ် မျက်စီကို နှိပ်တုံဖွင့်တုံ ပြုလုပ်ရေ
Burmese:
မပြတ်မလပ် မျက်စီကို နှိပ်တုံဖွင့်တုံ ပြုလုပ်သည်
English:
blink
Grammar Note:
ကြိယာ
နှပ်ရည်စီး
[n̥aʔɹɛ̀sï]
Arakanese:
နခေါင်း ပေါက်မှ အကျိအချွဲများ စီးယို ကျရေ
Burmese:
နှာခေါင်း ပေါက်မှ အကျိအချွဲများ စီးယို ကျသည်
English:
have a running nose
Grammar Note:
ကြိယာ
နှပ်ရည်စီး၂
[n̥aʔɹɛ̀sï၂]
Arakanese:
(ဥပစာ) ၁၊ တခုတရီ (ကိုယ့်ထံမာ) အပြစ် သက်ရောက် နီရေ အတွက် အကွန်ဆောင် နိန်ရေ။ ၂၊ ဝန် ဆုံးယှုံး ပျက်စီးမှုကြောင့် မကြံတတ် မဖန်တတ် အကြံ အိုက်နိန်ရေ
Burmese:
(ဥပစာ) ၁၊ တစ်စုံတစ်ခု (မိမိထံတွင်) အပြစ် သက်ရောက် နေသည့် အတွက် ဟန်ဆောင် နေသည်။ ၂၊ ပစ္စည်း ဆုံးရှုံး ပျက်စီးမှုကြောင့် မကြံတတ် မဖန်တတ် အကြံ အိုက်နေသည်
English:
pretend
Grammar Note:
ကြိယာ
နှပ်ရည်ယိုပါးရည်ယို
[n̥aʔɹɛ̀jÒpàးɹɛ̀jÒ]
Arakanese:
နခေါင်း၊ ခံမားမှ ထွက်သော မကောင်း အနံ့ အသက်ဟိသည့် အကျိအချွဲ (အရိအရွဲ) များ ယိုးစီး ကျရေ
Burmese:
နှာခေါင်း၊ ခံတွင်းမှ ထွက်သော မကောင်း အနံ့ အသက်ရှိသည့် အကျိအချွဲ (အရိအရွဲ) များ ယိုးစီး ကျသည်
English:
have a running nose
Grammar Note:
ကြိယာ
နှပ်ရိုး
[n̥aʔɹó]
Arakanese:
ရင်ရိုးနန့် ပုခုံးရိုးစွန်းကို ဆက်ထားရေ အရိုး
Burmese:
ရင်ရိုးနှင့် ပုခုံးရိုးစွန်းကို ဆက်ထားသော အရိုး
English:
Collar-bone
Grammar Note:
နာမ်
နှံ့ပြား
[n̥ံ့pɹá]
Arakanese:
အားလုံး တတ်ကျွမ်းရေ။ ဆရာသူမွန်၊ ကျမ်းဂန်နှံ့ပြား၊ တွက်၍ထားရေ၊ အများရှောင် ကုန်ရာသတည်း (ပါရာ)
Burmese:
အကုန်အစင် တတ်ကျွမ်းသည်။ ဆရာသူမွန်၊ ကျမ်းဂန်နှံ့ပြား၊ တွက်၍ထားသည်၊ အများရှောင် ကုန်ရာသတည်း (ပါရာ)
English:
be skilled
Grammar Note:
ကြိယာ
နှံဖြူ
[n̥ံpʰɹù]
Arakanese:
ပိုးဖက်၍ အသီး ယှူရေ ဖြူဖွေး၍ နိန်ရေ စပါးနှံ
Burmese:
ပိုးဖက်၍ အသီး မအောင်မြင် ဖြူဖွေး၍ နေသော စပါးနှံ
English:
none
Grammar Note:
နာမ်
နှံဖြူထွက်
[n̥ံpʰɹùtʰwɛʔ]
Arakanese:
(စပါးပင်မာ ရောဂါ တမျိုး ဖြစ်ခြင်းကြောင့်) စပါး နှံဖြူ ရော်လားရေ
Burmese:
(စပါးပင်တွင် ရောဂါ တစ်မျိုး ဖြစ်ခြင်းကြောင့်) စပါး နှံဖြူ ရော်သွားသည်
English:
none
Grammar Note:
ကြိယာ
နှံဖြူပိုး
[n̥ံpʰɹùpó]
Arakanese:
စပါးပင်ကို ဖျက်စီး တတ်ရေ ပိုး တမျိုး
Burmese:
စပါးပင်ကို ဖျက်စီး တတ်သော ပိုး တစ်မျိုး
English:
microbe worm
Grammar Note:
နာမ်
နှမ
[n̥m]
Arakanese:
၁၊ ပေါက်ဖွား လာရေ တမိသားချင်း ရို့အနက် ယောက်ျား တိက ကိုယ့်အောက် ငယ်သော ကလိန့်မေသျှေကို ခေါ်ဝေါ်သော အမည်။ နှမရင်မာ ဝတ်သော ဒတ်ကို ပီးပြီးကေ ဝတ်ရလီရေ (နိသျှ)။ ၂၊ ကိုယ့် မယားအား ခေါ်ဝေါ်သော အမည်။ မျိုးကြင်ဆွယ်မေ အလှ၊ နှမနှစ်ဖြာ၊ ဆင်းကလျာနှင့်၊ လှူဒါပေးစွမ်းငှလျက
Burmese:
၁၊ ပေါက်ဖွား လာသော တစ်မိသားချင်း တို့အနက် ယောက်ျား များက မိမိအောက် ငယ်သော မိန်းကလေးကို ခေါ်ဝေါ်သော အမည်။ နှမရင်တွင် ဝတ်သော ဒတ်ကို ပေး၍ ဝတ်ရလေသည် (နိသျှ)။ ၂၊ မိမိ မယားအား ခေါ်ဝေါ်သော အမည်။ မျိုးကြင်ဆွယ်မယ် အလှ၊ နှမနှစ်ဖြာ၊ ဆင်းကလျာနှင့်၊ လှူဒါပေးစွမ်းငှလျက
English:
sister
Grammar Note:
နာမ်
နှမတော်
[n̥mtɔ̀]
Arakanese:
ကိုယ့် မယားအား ခေါ်ဝေါ်သော အမည်။ ခွေယိုင်ပန်းမော၊ တန့်မနားက၊ ဤတောမာပင်၊ နှမတော်လေ၊ ပျက်မည်ထင်ဟု (ထာနု)
Burmese:
မိမိ မယားအား ခေါ်ဝေါ်သော အမည်။ ခွေယိုင်ပန်းမော၊ တန့်မနားက၊ ဤတောမှာပင်၊ နှမတော်လေ၊ ပျက်မည်ထင်ဟု (ထာနု)
English:
wife
Grammar Note:
နာမ်
နှမ်း
[n̥áɴ]
Arakanese:
အစိ ငယ်၍ ဆီ ကြိတ်ရရေ တနှစ် ခံသော အပင်ငယ်
Burmese:
အစေ့ ငယ်၍ ဆီ ကြိတ်ရသော တစ်နှစ် ခံသော အပင်ငယ်
English:
sesame
Grammar Note:
နာမ်
နှမ်း၂
[n̥áɴ၂]
Arakanese:
ပကတိ ဟိရင်းစွဲ အခြီအရဲ၌ မတည်ပဲ စိတ်ဖောက် ပြန်ကာ ပေါ်ချီပေါ်ချာ ရူးကြောင်ကြောင် ဖြစ်ရေ။ လူနှမ်းလရူး၊ စွာထက်ထူး၏
Burmese:
ပကတိ ရှိရင်းစွဲ အခြေအနေ၌ မတည်ပဲ စိတ်ဖောက် ပြန်ကာ ရူးပေါပေါ ရူးကြောင်ကြောင် ဖြစ်သော။ လူနှမ်းလူရူး၊ သည်ထက်ထူး၏
English:
mad
Grammar Note:
နာမဝိသေသန
နှမ်းခိုး
[n̥áɴkʰó]
Arakanese:
လူ၏ ခန္ဓာကိုယ် အရီပြားမာ တသားတည်း ဖြစ်နီသော မှဲ့
Burmese:
လူ၏ ခန္ဓာကိုယ် အရေပြားတွင် တသားတည်း ဖြစ်နေသော မှဲ့
English:
none
Grammar Note:
နာမ်