Dictionary Entries
Showing 1,501–1,520 of 1,758 words
န
နှမ်းဆီ
[n̥áɴsʰí]
Arakanese:
နှမ်းစိ ပါးကြိတ်ပနာ ရရေ ဆီ
Burmese:
နှမ်းစေ့ ဆီကြိတ်၍ ရသော ဆီ
English:
sesame oil
Grammar Note:
နာမ်
နှမ်းထမင်း
[n̥áɴtʰmɪ́ɴ]
Arakanese:
နှမ်းကို လောင်းာ်၍ ထောင်းပြီးကေ ဆီထုတ် ယူပြီး ယင်းမှ နှမ်းဖတ်ကို ထမင်းနန့် ရော၍ ဆုံမာ ထောင်းကာ ပြုလုပ်ထားရေ ထမင်း။ စားဖွယ်
Burmese:
နှမ်းကို လှော်၍ ထောင်းပြီးလျှင် ဆီထုတ် ယူပြီး ယင်းမှ နှမ်းဖတ်ကို ထမင်းနှင့် ရော၍ ဆုံတွင် ထောင်းကာ ပြုလုပ်ထားသော ထမင်း။ စားဖွယ်
English:
sesame rice
Grammar Note:
နာမ်
နှမ်းပျစ်
[n̥áɴprɪʔ]
Arakanese:
နှမ်းကို လောင်းာ်၍ ကြံသကာရည်နန့် ရောလုပ်ထားရေ မုန့်
Burmese:
နှမ်းကို လှော်၍ ကြံသကာရည်နှင့် ရောလုပ်ထားသော မုန့်
English:
sesame brittle
Grammar Note:
နာမ်
နှမ်းပြောက်
[n̥áɴpɹɔ́ɛʔ]
Arakanese:
ပြောက်ကျားသော အရောင် အသွီး ဟိရေ နှမ်း တမျိုး
Burmese:
ပြောက်ကျားသော အရောင် အသွေး ရှိသော နှမ်း တစ်မျိုး
English:
sesame
Grammar Note:
နာမ်
နှမ်းဖီနှမ်းဖတ်
[n̥áɴpʰín̥áɴpʰaʔ]
Arakanese:
စိကေချေ အနှမ်းပဲ။ ရူးနှမ်းနှမ်း
Burmese:
အနည်းငယ် စိတ်မနှံ့ပဲ။ ရူးနှမ်းနှမ်း
English:
crazy
Grammar Note:
ကြိယာဝိသေသန
နှမ်းဖီနှမ်းဖွား
[n̥áɴpʰín̥áɴpʰWà]
Arakanese:
စိတ်မငြိမ်ပဲ ပျက်ချိပျက်ချော် ပြောဆို ပြုမှုဗျာယ်။ ရူးကြောင်ကြောင်။ ပေါ်ချီပေါ်ချာ
Burmese:
စိတ်မငြိမ်ပဲ ပေါ့ပေါ့တန်တန် ပြောဆို ပြုမှုလျက်။ ရူးကြောင်ကြောင်။ ရူးပေါပေါ
English:
crazy
Grammar Note:
ကြိယာဝိသေသန
နှမ်းဖဲပင်
[n̥áɴpʰɛpɪ̀ɴ]
Arakanese:
မာသော သစ် တမျိုး
Burmese:
မာသော သစ် တစ်မျိုး
English:
tree
Grammar Note:
နာမ်
နှမ်းဖြုး
[n̥áɴpʰɹoʊး]
Arakanese:
(ဥပစာ) သူတိ တိုင်းလုပ်ပနာ ပြီးနန့်စွာကို ဗန်းပြ ပြုလုပ်ရေ
Burmese:
(ဥပစာ) သူများ တကာလုပ်၍ ပြီးနှင့်သည်ကို ဟန်ပြ ပြုလုပ်သည်
English:
bge slightly
Grammar Note:
နာမ်
နှမ်းဖွား
[n̥áɴpʰWà]
Arakanese:
စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမှုဗျာယ်။ ရူးကြောင်ကြောင်။ ပေါ်ချီပေါ်ချာ
Burmese:
စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမှုလျက်။ ရူးကြောင်ကြောင်။ ရူးပေါပေါ
English:
crazy
Grammar Note:
ကြိယာဝိသေသန
နှမ်းဖွားဝါး
[n̥áɴpʰWàwàး]
Arakanese:
မရင့်မီ ခုတ်ဖြတ်ပနာ လျော့တွန့် ချိုင့်ဝင် ပျောင် လားရေ ဝါး။ သုံးနှုန်း မရရေ ဝါး
Burmese:
မရင့်မီ ခုတ်ဖြတ်၍ လျော့တွန့် ချိုင့်ဝင် ပိန်ရှုံ့ သွားသော ဝါး။ သုံးနှုန်း မရသော ဝါး
English:
bamboo
Grammar Note:
နာမ်
နှမြိုး
[n̥mɹó]
Arakanese:
၁၊ တွန့်တိုရေ။ ကပ်စီး နှဲရေ။ မပီးရက် မကမ်းရက် ဖြစ်တေ။ ၂၊ စုံမက် မြတ်နိုးရေ။ ၃၊ မစွန့်ရွှတ်နိုင် ဖြစ်တေ။ ဝန်တိုရေ
Burmese:
၁၊ တွန့်တိုသည်။ ကပ်စေး နှဲသည်။ မပေးရက် မကမ်းရက် ဖြစ်သည်။ ၂၊ စုံမက် မြတ်နိုးသည်။ ၃၊ မစွန့်လွှတ်နိုင် ဖြစ်သည်။ ဝန်တိုသည်
English:
be stingy
Grammar Note:
ကြိယာ
နှမြိုး၂
[n̥mɹó၂]
Arakanese:
လေးမြတ် စုံမက်ရေ။ နှစ်သက်သည်
Burmese:
လေးမြတ် စုံမက်သည်။ နှစ်သက်သည်
English:
like
Grammar Note:
ကြိယာ
နှမြိုးနှမိ
[n̥mɹón̥mì]
Arakanese:
ဝန် ဥစ္စာ တစုံ တရာ အကြောင်းကြောင့် ပျက်စီး ဆုံးယှုံး လားရာမာ မတော်တဆ ပျက်စီး ဆုံးယှုံး လားရရေဟု နှမြိုး တွန့်တို၍ ပြောဆိုရေ စကား
Burmese:
ပစ္စည်း ဥစ္စာ တစ်စုံ တစ်ရာ အကြောင်းကြောင့် ပျက်စီး ဆုံးရှုံး သွားရာ၌ မတော်တဆ ပျက်စီး ဆုံးရှုံး သွားရသည်ဟု နှမြော တွန့်တို၍ ပြောဆိုသော စကား
English:
be stingy
Grammar Note:
နာမ်
နှရွဲသီး
[n̥ɹwɛθï]
Arakanese:
ချိုရေ သစ်သီး တမျိုး။ နရွဲထောက်ရှာ၊ မာလကာဟု၊ ချိုစွာအီးမြ (ရာမ)။ အမျိုးချင်းကွဲ၊ သီးနှရွဲနှင့်၊ ပိန္နဲသရက် (ကော်)
Burmese:
ချိုသော သစ်သီး တစ်မျိုး။ နရွဲထောက်ရှာ၊ မာလကာဟု၊ ချိုစွာအီးမြ (ရာမ)။ အမျိုးချင်းကွဲ၊ သီးနှရွဲနှင့်၊ ပိန္နဲသရက် (ကော်)
English:
Plum-like fruits
Grammar Note:
နာမ်
နှလုံး
[n̥lóʊɴ]
Arakanese:
၁၊ ပိန်တုံ တခါ ဖေါင်းတုံ တချက်ဖြင့်သွီး လည်ပတ်ခြင်းကို ဖြစ်စီ တတ်ရေ ကိုယ်မားမာ အခေါင်းဟိရေ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ၂၊ (ဥပစာ)စိတ်။ မနော။ ဟဒယ။ စိတ်နှလုံးမာ၊ မသာမယာပဲ၊ တွေဝေဆပွား (ထွန်းတိ)။ ဟဒယနှလုံး၊ ရွှင်ပြုံးကတ်ပနာ (ရခိုင်ကာ)
Burmese:
၁၊ ပိန်တုံ တစ်ခါ ဖေါင်းတုံ တစ်ချက်ဖြင့် သွေး လည်ပတ်ခြင်းကို ဖြစ်စေ တတ်သော ကိုယ်တွင်းတွင် အခေါင်းရှိသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ၂၊ (ဥပစာ)စိတ်။ မနော။ ဟဒယ။ စိတ်နှလုံးမှာ၊ မသာမယာပဲ၊ တွေဝေဆပွား (ထွန်းတိ)။ ဟဒယနှလုံး၊ ရွှင်ပြုံးကြလျက် (ရခိုင်ကာ)
English:
heart
Grammar Note:
နာမ်
နှလုံးကောင်း
[n̥lóʊɴkáʊɴ]
Arakanese:
စိတ်နီစိတ်ထား၊ နှလုံးသွင်း ပြည့်ဝသော
Burmese:
စိတ်နေစိတ်ထား၊ နှလုံးသွင်း ပြည့်ဝသော
English:
be good natured
Grammar Note:
နာမဝိသေသန
နှလုံးကျ
[n̥lóʊɴt͡ɕ]
Arakanese:
၁၊ အလွန် သဖောကျရေ။ အလွန် ကျီနပ်မှု ရဟိရေ။ ၂၊ ကြောင့်ကြ စိုးရိမ်မှု ကင်းပသည်
Burmese:
၁၊ အလွန် သဘော ကျသည်။ အလွန် ကျေနပ်မှု ရရှိသည်။ ၂၊ ကြောင့်ကြ စိုးရိမ်မှု ကင်းပသည်
English:
satisfy
Grammar Note:
ကြိယာဝိသေသန
နှလုံးခက်ထန်
[n̥lóʊɴkʰɛʔtʰàɴ]
Arakanese:
ရုန့်ရင်း ကြမ်းတမ်းသော စိတ်ဟိရေ။ ကြမ်းတမ်းသော သဘောဟိရေ။ --- မဖြောင့်ခိုးတတ်အံ့။ နှလုံးခက်ထန် စောင်းမာန် ကြီးအံ့ (ပါရာ)
Burmese:
ရုန့်ရင်း ကြမ်းတမ်းသော စိတ်ရှိသော။ ကြမ်းတမ်းသော သဘောရှိသော။ --- မဖြောင့်ခိုးတတ်အံ့။ နှလုံးခက်ထန် စောင်းမာန် ကြီးအံ့ (ပါရာ)
English:
rude
Grammar Note:
နာမဝိသေသန
နှလုံးခုန်
[n̥lóʊɴkʰòʊɴ]
Arakanese:
တခုတရီ အကြောင်းကြောင့် ဖြင့် ထိတ်လန့်မှု အစဟိစွာရို့ကြောင့် နှလုံး တုန်လှုပ် ခါရေ။ ရင်တုန်ရေ။ ကြောက်ရွံ့ထိတ်တုံ၊ နှလုံးခုန်ဗျာယ်၊ ရန်တုန်ရှဲရှဲ၊ မာနခဲဖြင့် (မြို့တည်။
Burmese:
တစ်စုံတစ်ရာ အကြောင်းကြောင့် ဖြင့် ထိတ်လန့်မှု စသည်တို့ကြောင့် နှလုံး တုန်လှုပ် ခါသည်။ ရင်တုန်သည်။ ကြောက်ရွံ့ထိတ်တုံ၊ နှလုံးခုန်လျက်၊ ရန်တုန်ရှဲရှဲ၊ မာနခဲဖြင့် (မြို့တည်။
English:
heart beat
Grammar Note:
ကြိယာ
နှလုံးချ
[n̥lóʊɴɕ]
Arakanese:
ကြောင့်ကြ စိုးရိမ်မှု မဟိဘဲ။ စိတ်အီး လက်အီး။ စိတ်ချလက်ချ
Burmese:
ကြောင့်ကြ စိုးရိမ်မှု မရှိပဲ။ စိတ်အေး လက်အေး။ စိတ်ချလက်ချ
English:
peace of mind
Grammar Note:
ကြိယာ