Dictionary Entries
Showing 1,521–1,540 of 1,758 words
န
နှလုံးငြိမ်
[n̥lóʊɴɲèɪɴ]
Arakanese:
လှုပ်ယှားမှု မဟိ ငြိမ်သက်သီာ စိတ်ဟိရေ
Burmese:
လှုပ်ရှားမှု မရှိ ငြိမ်သက်သော စိတ်ရှိသည်
English:
none
Grammar Note:
ကြိယာ
နှလုံးညွတ်
[n̥lóʊɴɲwaʔ]
Arakanese:
တခုတရီ ပါးသို့ အာရုံ ရောက်ရေ
Burmese:
တစ်စုံတစ်ခု ဆီသို့ အာရုံ ရောက်သည်
English:
at short notice
Grammar Note:
ကြိယာ
နှလုံးတုန်
[n̥lóʊɴtòʊɴ]
Arakanese:
တခုတရီ အကြောင်းကြောင့်ဖြင့် ထိတ်လန့်မှု အစဟိစွာရို့ကြောင့် နှလုံး တုန်လှုပ် ခါရေ။ ရင်တုန်ရေ။ ကြောက်ရွံ့ထိတ်တုံ၊ နှလုံးခုန်ဗျာယ်၊ ရန်တုန်ရှဲရှဲ၊ မာနခဲဖြင့် (မြို့တည်။
Burmese:
တစ်စုံတစ်ရာ အကြောင်းကြောင့်ဖြင့် ထိတ်လန့်မှု စသည်တို့ကြောင့် နှလုံး တုန်လှုပ် ခါသည်။ ရင်တုန်သည်။ ကြောက်ရွံ့ထိတ်တုံ၊ နှလုံးခုန်လျက်၊ ရန်တုန်ရှဲရှဲ၊ မာနခဲဖြင့် (မြို့တည်။
English:
be agitated
Grammar Note:
ကြိယာ
နှလုံးထိတ်
[n̥lóʊɴtʰeɪʔ]
Arakanese:
စိတ် တုန်လှုပ် ချောက်ချားရေ။ လန့်ရေ။ ကြောက်ရွံ့ရေ။ ရောက်လတ်အဟိတ်၊ နှလုံးထိတ်၍ (ပဉ္စဘုတ်)
Burmese:
စိတ် တုန်လှုပ် ချောက်ချားသည်။ လန့်သည်။ ကြောက်ရွံ့သည်။ ရောက်လတ်အဟိတ်၊ နှလုံးထိတ်၍ (ပဉ္စဘုတ်)
English:
be agitated
Grammar Note:
ကြိယာ
နှလုံးနာ
[n̥lóʊɴnà]
Arakanese:
၁၊ အော့ချင် ပျို့ချင်ခြင်း ဖြစ်တေ။ ၂၊ မသတီစရာ စက်ဆုတ် သနရေ။ ၃၊ စိတ်နှလုံး ထိခိုက်ရေ။ အလွန် ရွံမုန်းရေ။ စိတ် ဆင်းရဲမှုကို ခံစားရရေ။ တိုင်းသူ ပြည်သား ရို့စွာ နှလုံးနာ ကုန်ဗျာယ် အချက်အလက်ကို ကြည့်၍ ပုန်စားရန် အခွင့်ကို ကြံဗျာယ် နေကတ်ကုန်၏ (ဓညသစ်)
Burmese:
၁၊ အော့ချင် အန်ချင်ခြင်း ဖြစ်သည်။ ၂၊ မသတီစရာ စက်ဆုတ် ရွံရှာသည်။ ၃၊ စိတ်နှလုံး ထိခိုက်သည်။ အလွန် ရွံမုန်းသည်။ စိတ် ဆင်းရဲမှုကို ခံစားရသည်။ တိုင်းသူ ပြည်သား တို့သည် နှလုံးနာ ကုန်လျက် အချက်အလက်ကို ကြည့်၍ ပုန်စားရန် အခွင့်ကို ကြံလျက် နေကြကုန်၏ (ဓညသစ်)
English:
be disgusted
Grammar Note:
ကြိယာ
နှလုံးနှစ်ခွ
[n̥lóʊɴn̥ɪʔkʰw]
Arakanese:
စိတ် မတိုင်းခြင်း။ စိတ် ဒွိဟ။ ချီတုန် ချတုန် (ယုံမား) တွေးခေါ်ခြင်း။ နှလုံးနှစ်ခွ၊ သံသယဟု၊ ဒွိဟတွေးမှတ်၊ ဆုံးဖြတ်ကပ်ပြီးကေ (ရှီးထုံး)
Burmese:
စိတ် မတည်ငြိမ်ခြင်း။ စိတ် ဒွိဟ။ သို့လော သို့လော (ယုံမှား) တွေးတောခြင်း။ နှလုံးနှစ်ခွ၊ သံသယဟု၊ ဒွိဟတွေးမှတ်၊ ဆုံးဖြတ်ကပ်လျက် (ရှေးထုံး)
English:
disquiet
Grammar Note:
နာမ်
နှလုံးပိုက်
[n̥lóʊɴpaɪʔ]
Arakanese:
အာရုံ ပြုရေ။ အာရုံ စူးစိုက်ရေ။ စိတ်၌ မှတ်ယူရေ
Burmese:
အာရုံ ပြုသည်။ အာရုံ စူးစိုက်သည်။ စိတ်၌ မှတ်ယူသည်
English:
focus
Grammar Note:
ကြိယာ
နှလုံးပူ
[n̥lóʊɴpù]
Arakanese:
စိုးရိမ်ပူပင်ရေ။ ကြောင့်ကြ စိုးရိမ်မှု ဖြစ်တေ
Burmese:
စိုးရိမ် ပူပန်သည်။ ကြောင့်ကြ စိုးရိမ်မှု ဖြစ်သည်
English:
be anxious
Grammar Note:
ကြိယာ
နှလုံးပျို့
[n̥lóʊɴpro̰]
Arakanese:
ပျို့ချင် ပျို့ချင် ဖြစ်တေ။ အော်ဂလီ ဆန်ရေ။ ရင်ကလေ့ဆို့၊ မေသက်ဝေလေ၊ စမ္ပါယ်ကုံးမာ၊ နှလုံးပျို့လို့ (ပဒုမ္မ)
Burmese:
ပျို့ချင် အန်ချင် ဖြစ်သည်။ အော်ဂလီ ဆန်သည်။ ရင်ကလည်းဆို့၊ မေသက်ဝေလေ၊ စမ္ပါယ်ကုံးမှာ၊ နှလုံးပျို့လို့ (ပဒုမ္မ)
English:
feel nauseated
Grammar Note:
ကြိယာ
နှလုံးပြု
[n̥lóʊɴpɹoʊ]
Arakanese:
စိတ် အာရုံ စူးစိုက်ရေ။ တွက်ဖော် ဆင်ခြင်ရေ။ နှလုံး သွင်းရေ။ မင်းချင်းတိုင်းရို့ ကဲ့၏ရရေ အကြောင်းအရာ ဖြစ်တေဟု နှလုံးပြုဗျာယ် --- ရတနာသုံးပါးကို တိုင်၍ (ဓညသစ်)
Burmese:
စိတ် အာရုံ စူးစိုက်သည်။ စဉ်းစား ဆင်ခြင်သည်။ နှလုံး သွင်းသည်။ မင်းချင်းတကာတို့ ကဲ့ရဲ့ရသော အကြောင်းအရာ ဖြစ်သည်ဟု နှလုံးပြုလျက် --- ရတနာသုံးပါးကို တိုင်ကြား၍ (ဓညသစ်)
English:
focus
Grammar Note:
ကြိယာ
နှလုံးပွေ
[n̥lóʊɴpwè]
Arakanese:
စိတ်ခြူရေ။ စိတ်နီာက်သည်
Burmese:
စိတ်ရှုပ်သည်။ စိတ်နောက်သည်
English:
be insane
Grammar Note:
ကြိယာဝိသေသန
နှလုံးဖြူ
[n̥lóʊɴpʰɹù]
Arakanese:
စိတ်သဖောထား ကောင်းရေ။ နှလုံး ကောင်းရေ။ သဖောထား ပြည့်ဝရေ။ နှလုံးဖြူ အူစင် (ပုံ)
Burmese:
စိတ်သဘောထား ကောင်းသည်။ နှလုံး ကောင်းသည်။ သဘောထား ပြည့်ဝသည်။ နှလုံးဖြူ အူစင် (ပုံ)
English:
be good natured
Grammar Note:
ကြိယာ
နှလုံးမငြိမ်
[n̥lóʊɴmɲèɪɴ]
Arakanese:
စိတ် မတည်ကြည်မှု၊ မငြိမ်သက်မှု ဖြစ်တေ
Burmese:
စိတ် မတည်ကြည်မှု၊ မငြိမ်သက်မှု ဖြစ်သည်
English:
disquiet
Grammar Note:
ကြိယာ
နှလုံးမအီ
[n̥lóʊɴmʔí]
Arakanese:
၁၊ စားသည့် အစားအစာကို မအီမလည် ကိုယ်မား၌ ခံစားရမှု ဖြစ်တေ။ ၂၊ တခုတရီ သံသယ ကိန်းဝင်ရေ
Burmese:
၁၊ စားသည့် အစားအစာကို မအီမလည် ကိုယ်တွင်း၌ ခံစားရမှု ဖြစ်သည်။ ၂၊ တစ်စုံတစ်ရာ သံသယ ကိန်းဝင်သည်
English:
ill at ease
Grammar Note:
ကြိယာ
နှလုံးမူ
[n̥lóʊɴmù]
Arakanese:
တခုတရီ၌ အာရုံ စွဲစိုက်ရေ။ အာရုံ ပြုသည်
Burmese:
တစ်စုံတစ်ခု၌ အာရုံ စွဲစိုက်သည်။ အာရုံ ပြုသည်
English:
focus
Grammar Note:
ကြိယာ
နှလုံးရည်
[n̥lóʊɴɹɛ̀]
Arakanese:
စိတ်နှလုံး၏ စွမ်းရည် သတ္တိ။ စိတ်နှလုံး၏ စွမ်းဆောင် နှိုင်ရေ အရည်အခြင်း
Burmese:
စိတ်နှလုံး၏ စွမ်းရည် သတ္တိ။ စိတ်နှလုံး၏ စွမ်းဆောင် နိုင်သော အရည်အချင်း
English:
mental faculty
Grammar Note:
နာမ်
နှလုံးရောဂါ
[n̥lóʊɴɹɔ́ɡà]
Arakanese:
နှလုံး၌ ဖြစ်ရေ ရောဂါ၊ တခုတရီကို လိုချင်၊ စားချင်၊ တောင့်တမူ အာသာ
Burmese:
နှလုံး၌ ဖြစ်သော ရောဂါ၊ တစ်စုံတစ်ခုကို လိုချင်၊ စားချင်၊ တောင့်တမူ အာသာ
English:
heart disease
Grammar Note:
နာမ်
နှလုံးလှ
[n̥lóʊɴɬ]
Arakanese:
ဖြူစင် ကောင်းမြတ်သော စိတ် သဖောထား။ ကောင်းမြတ်သော စိတ် အမူအကျင့်
Burmese:
ဖြူစင် ကောင်းမြတ်သော စိတ် သဘောထား။ ကောင်းမြတ်သော စိတ် အမူအကျင့်
English:
be good-hearted
Grammar Note:
နာမ်
နှလုံးဝေဒနာ
[n̥lóʊɴwèdnà]
Arakanese:
နှလုံး၌ ဖြစ်ရေ ရောဂါ၊ တစုံ တခုကို လိုချင်စားချင်၊ တောင့်တမူ အာသာ
Burmese:
နှလုံး၌ ဖြစ်သော ရောဂါ၊ တစ်စုံ တစ်ခုကို လိုချင်စားချင်၊ တောင့်တမူ အာသာ
English:
heart disease
Grammar Note:
နာမ်
နှလုံးသည်းပြွတ်
[n̥lóʊɴθɛ́pWɹaʔ]
Arakanese:
နှလုံးနှင့် အစုံသော အသည်း
Burmese:
နှလုံးနှင့် အစုံသော အသည်း
English:
heart
Grammar Note:
နာမ်