Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,561–1,580 of 1,758 words

    န

    နှာခေါင်းပိတ်

    [n̥àkʰèàɪ́ɴpeɪʔ]
    နှာရည် စေးနိန်ပနာ အသက်ရှူ ကျပ်နိန်ရေ
    နှာရည် စေးနေ၍ အသက်ရှူ ကျပ်နေသည်
    have a blocked nose
    ကြိယာ

    နှာခေါင်းပူနာ

    [n̥àkʰèàɪ́ɴpùnà]
    နခေါင်းမှ မကြာ ခဏ သွီးထွက်သော ရောဂါ
    နှာခေါင်းမှ မကြာ ခဏ သွေးထွက်သော ရောဂါ
    bleeding
    နာမ်

    နှာခေါင်းပူသွီး

    [n̥àkʰèàɪ́ɴpùθwï]
    နခေါင်း ပေါက်ဖျားမှသွီးလျှံ ထွက်ယိုကျ
    နှာခေါင်း ပေါက်ဖျားမှ သွေးလျှံ ထွက်ယိုကျ
    bleeding
    နာမ်

    နှာခေါင်းပေါက်

    [n̥àkʰèàɪ́ɴpaʊʔ]
    နခေါင်းဟိ အသက်ရှူရာ အပေါက်
    နှာခေါင်းရှိ အသက်ရှူရာ အပေါက်
    nostrils
    နာမ်

    နှာခေါင်းပွင့်

    [n̥àkʰèàɪ́ɴpwɪ̀ɴ့]
    ကုလား အမျိုးသမီးရို့ နခေါင်း အဖုမာ အလှ ပန်ဆင် ထားရေ နခေါင်း တန်ဆာ တမျိုး
    ကုလား အမျိုးသမီးတို့ နှာခေါင်း အဖုတွင် အလှ ပန်ဆင် ထားသော နှာခေါင်း တန်ဆာ တစ်မျိုး
    nosering
    နာမ်

    နှာခေါင်းရှုပ်

    [n̥àkʰèàɪ́ɴʃoʊʔ]
    ၁၊ လိုလားမှု၊ နှစ်သက်မှု၊ ကျီနပ်မှု မဟိရေ အမူအရာကို ပြရေ။ ၂၊ (ဥပစာ) ရွံ့ရှာ သလမိရေ
    ၁၊ လိုလားမှု၊ နှစ်သက်မှု၊ ကျေနပ်မှု မရှိသော အမူအရာကို ပြသည်။ ၂၊ (ဥပစာ) ရွံ့ရှာ စက်ဆုပ်သည်
    loathe
    ကြိယာ

    နှာခေါင်းရှုပ်၂

    [n̥àkʰèàɪ́ɴʃoʊʔ၂]
    တခုတရီ မကောင်းရေ အနံ့အသက်ကို ရပြီးကေ နခေါင်းကို အတွန့်ဖြစ်ယောင် လုပ်ရေ
    တစ်စုံတစ်ခု မကောင်းသော အနံ့အသက်ကို ရ၍ နှာခေါင်းကို အတွန့်ဖြစ်အောင် လုပ်သည်
    be disgusted
    ကြိယာ

    နှာခေါင်းသံ

    [n̥àkʰèàɪ́ɴθံ]
    နခေါင်း အစိတ်အပိုင်း ချွတ်ယွင်း နိန်ပနာ ဖြစ်စီ၊ နွဲ့နှောင်း ပျော့ပျောင်းရေ အမူအရာဖြင့် ပြောဆို လိုရေတွက်နန့် ဖြစ်စီ စကား ပြောရေအခါ ဖြစ်ပေါ်လှာသော အသံ
    နှာခေါင်း အစိတ်အပိုင်း ချွတ်ယွင်း နေ၍ ဖြစ်စေ၊ နွဲ့နှောင်း ပျော့ပျောင်းသော အမူအရာဖြင့် ပြောဆို လို၍ ဖြစ်စေ စကား ပြောသောအခါ ဖြစ်ပေါ်လာသော အသံ
    nasal voice
    နာမ်

    နှာချီ

    [n̥àɕí]
    တခုတရီ ကြောင့် ဝမ်းမားမှ လီရေ အပြင်သို့ အားကန် ထွက်ရေ။ ချေဆတ်သည်
    တစ်စုံတစ်ရာ ကြောင့် ဝမ်းတွင်းမှ လေသည် အပြင်သို့ အားကန် ထွက်သည်။ ချေဆတ်သည်
    sneeze
    ကြိယာ

    နှာချီး

    [n̥àɕï]
    နခေါင်းမှ ထွက်သော အကျိအချွဲ
    နှာခေါင်းမှ ထွက်သော အကျိအချွဲ
    nasal discharge
    နာမ်

    နှာစီး

    [n̥àsï]
    အအီးမိ၍ နှာရည် ယိုသည်
    အအေးမိ၍ နှာရည် ယိုသည်
    catch cold turn a blind eye
    ကြိယာ

    နှာဆီး

    [n̥àsʰï]
    နှာဆီးမှုန့်။ နှာဆီးရည်
    နှာဆေးမှုန့်။ နှာဆေးရည်
    none
    နာမ်

    နှာတောင့်

    [n̥àta̰ʊɴ]
    နှာနှတ် ရရေ ကိရိယာ။ နှာနှတ်တံ
    နှာနှတ် ရသော ကိရိယာ။ နှာနှတ်တံ
    administer snuff
    နာမ်

    နှာထောက်

    [n̥àtʰɔ́ɛʔ]
    အခြီအရဲကို သိရယောင် မီးမြန်း ထောက်လှမ်း ဆင်ခြင် စိုင်းစားရေ။ စနည်းနာ မီးမြန်းသည်
    အခြေအနေကို သိရအောင် မေးမြန်း ထောက်လှမ်း ဆင်ခြင် စဉ်းစားသည်။ စုံစမ်း မေးမြန်းသည်
    enquire
    ကြိယာ

    နှာနုထွက်

    [n̥ànoʊtʰwɛʔ]
    နခေါင်း၊ နှာမောင်း ရို့၏ အထဲဟိ အရိုးနု
    နှာခေါင်း၊ နှာမောင်း တို့၏ အတွင်းရှိ အရိုးနု
    septum of nose
    နာမ်

    နှာနှတ်

    [n̥àn̥aʔ]
    ၁၊ မူးမော် မေ့မျိုး နီသူကို ရေမွှီး စစွာတိနန့် အနံ့ပီးရေ။ ၂၊ နှာမှုတ် ဆီးဖြင့် နခေါင်း အဝသို့ ဝင်အောင် မှုတ်သွင်း ပီးရေ
    ၁၊ မူးမော် မေ့မျော နေသူကို ရေမွှေး စသည်တို့ဖြင့် အနံ့ပေးသည်။ ၂၊ နှာမှုတ် ဆေးဖြင့် နှာခေါင်း အဝသို့ ဝင်အောင် မှုတ်သွင်း ပေးသည်
    administer snuff
    ကြိယာ

    နှာနှတ်ဆီး

    [n̥àn̥aʔsʰï]
    နှာနှတ် ဆီးရည်။ နှာနှတ် ဆီးမှုန့်
    နှာနှတ် ဆေးရည်။ နှာနှတ် ဆေးမှုန့်
    none
    နာမ်

    နှာပိတ်

    [n̥àpeɪʔ]
    နှာရည် စေးနိန်ပနာ အသက်ရှူ ကျပ်နိန်ရေ
    နှာရည် စေးနေ၍ အသက်ရှူ ကျပ်နေသည်
    sinus
    နာမ်

    နှာပုပ်

    [n̥àpoʊʔ]
    နခေါင်း မားမှ ထွက်သော အရိအရွဲရို့ ပုပ်သည်
    နှာခေါင်း တွင်းမှ ထွက်သော အရိအရွဲတို့ ပုပ်သည်
    nasal discharge
    ကြိယာ

    နှာပေါက်

    [n̥àpaʊʔ]
    နခေါင်းဟိ အသက်ရှူရာ အပေါက်
    နှာခေါင်းရှိ အသက်ရှူရာ အပေါက်
    nostrils
    နာမ်