Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,581–1,600 of 1,758 words

    န

    နှာဖားကြိုး

    [n̥àpʰát͡ɕó]
    ကျွဲ၊ နွားရို့၏ နဖား ပေါက်မာ လျှိုသွင်းကာ ချိုနောက်က (ကြိုးစနှစ်ဖက်ကို) သိုင်းခြည်ရရေ ကြိုး
    ကျွဲ၊ နွားတို့၏ နဖား ပေါက်တွင် လျှိုသွင်းကာ ချိုနောက်က (ကြိုးစနှစ်ဖက်ကို) သိုင်းချည်ရသော ကြိုး
    Nose-ring
    နာမ်

    နှာဖားပေါက်

    [n̥àpʰápaʊʔ]
    ကြိုး၊ အပ်ခြည်မျှင်၊ အချောင်းအတံ အစဟိစွာ အမျိုးမျိုး လျှိုသွင်းရန် ဖေါက်ထားရေ အပေါက်
    ကြိုး၊ အပ်ချည်မျှင်၊ အချောင်းအတံ စသည် အမျိုးမျိုး လျှိုသွင်းရန် ဖေါက်ထားသော အပေါက်
    eye of a needle
    နာမ်

    နှာဖူး

    [n̥àpʰùး]
    ကုလား အမျိုးသမီးရို့ နခေါင်း အဖုမာ အလှ ပန်ဆင် ထားရေ နခေါင်း တန်ဆာ တမျိုး
    ကုလား အမျိုးသမီးတို့ နှာခေါင်း အဖုတွင် အလှ ပန်ဆင် ထားသော နှာခေါင်း တန်ဆာ တစ်မျိုး
    nosering
    နာမ်

    နှာမည်

    [n̥àmɛ̀]
    အမည်။ ဘွဲ့အမည်။ သမုတ် ဝေါဟာ ခေါ်ဝေါ်ခြင်း
    အမည်။ ဘွဲ့အမည်။ သမုတ် ဝေါဟာ ခေါ်ဝေါ်ခြင်း
    name
    နာမ်

    နှာမောင်း

    [n̥àmáʊɴ]
    ၁၊ လူ၏ လက်ပိုင် အရာမာ အသုံး ပြုရရေ ရှည်သွယ်သော ဆင်နှာတံ။ ၂၊ ချိတ်တွယ် မှီရရေ နွယ်ပင်၏ အဖျား အစိတ်အပိုင်း
    ၁၊ လူ၏ လက်ကဲ့သို့ အရာတွင် အသုံး ပြုရသော ရှည်သွယ်သော ဆင်နှာတံ။ ၂၊ ချိတ်တွယ် မှီရသော နွယ်ပင်၏ အဖျား အစိတ်အပိုင်း
    trunk
    နာမ်

    နှာမွှန်

    [n̥àmW̯àɴ]
    အအီးမိ နှာစီးပနာ နခေါင်းမှ လီထွက် လီဝင် ရှူးရှဲ မြည်သည်
    အအေးမိ နှာစေး၍ နှာခေါင်းမှ လေထွက် လေဝင် ရှူးရှဲ မြည်သည်
    have a running nose
    ကြိယာ

    နှာမှုတ်

    [n̥àm̥oʊʔ]
    နခေါင်း လေဖြင့် အပြင်သို့ နင်လားငါလား မှုတ်ထုတ်ရေ။ ဆင်ရာဇာမာ၊ အသာခူးနတ်၊ နှာဖြင့်မှုတ်လို့ (ဆဒ္ဒန်)
    နှာခေါင်း လေဖြင့် အပြင်သို့ တအား မှုတ်ထုတ်သည်။ ဆင်ရာဇာမှာ၊ အသာခူးနတ်၊ နှာဖြင့်မှုတ်လို့ (ဆဒ္ဒန်)
    take a snuff
    ကြိယာ

    နှာမှုတ်၂

    [n̥àm̥oʊʔ၂]
    နခေါင်း မားထဲကို နှာဆီးမှုန့်ကို ဝင်အောင် မှုတ်၍ သွင်းသည်
    နှာခေါင်း တွင်းထဲသို့ နှာဆေးမှုန့်ကို ဝင်အောင် မှုတ်၍ သွင်းသည်
    take a snuff
    ကြိယာ

    နှာယှူ

    [n̥àʃù]
    နှာဆီးမှုန့်ကို ဖြစ်စီ၊ ရေမွှီး စစွာကို ဖြစ်စီ နခေါင်း မားထဲကို ဟိုက်၍ သွင်းသည်
    နှာဆေးမှုန့်ကို ဖြစ်စေ၊ ရေမွှေး စသည်ကို ဖြစ်စေ နှာခေါင်း တွင်းထဲသို့ ရှိုက်၍ သွင်းသည်
    take a snuff
    ကြိယာ

    နှာရည်

    [n̥àɹɛ̀]
    နခေါင်းမှ ယိုစီး ကျသော အရည်
    နှာခေါင်းမှ ယိုစီး ကျသော အရည်
    nasal mucus
    နာမ်

    နှာရိုး

    [n̥àɹó]
    မျက်စိ နှစ်လုံး အကြားဟိ နခေါင်း၏ အလျားလိုက် အရိုးတံ။ နှာတံ
    မျက်စိ နှစ်လုံး အကြားရှိ နှာခေါင်း၏ အလျားလိုက် အရိုးတံ။ နှာတံ
    ridge of nose
    နာမ်

    နှာရုပ်

    [n̥àɹoʊʔ]
    ကျွဲ၊ နများ (စပါး) အစာ မစားဂတ်မေ နှုတ်သီး ပစမာ ဖာခြုပ်ပိုင် ချုပ်ပနာ စွပ်ထားရေ အရာ
    ကျွဲ၊ နွားများ (စပါး) အစာ မစားရအောင် နှုတ်သီး ပါးစပ်တွင် ဖာခြုပ်သဖွယ် ချုပ်၍ စွပ်ထားသော အရာ
    basket
    နာမ်

    နှာရုပ်စွပ်

    [n̥àɹoʊʔswaʔ]
    နွား နခေါင်းဖျား (ပစ) မာ တခုတရီ စွပ်ထား ပိုင် အဖြူ အရီးအကြောင်း ပါရေ နမျိုး
    နွား နှာခေါင်းဖျား (ပါးစပ်) တွင် တစ်စုံတစ်ခု စွပ်ထား သကဲ့သို့ အဖြူ အရေးအကြောင်း ပါသော နွားမျိုး
    none
    နာမ်

    နှာရောင်

    [n̥àɹàʊɴ]
    မျက်လုံး နှစ်လုံး အကြားဟိ နခေါင်း၏ အလျားလိုက် အတံ။ နှုတ်သီးနှာရောင်၊ ကြီးမပြောင်ကေ (မျိုးက်)။ နဖူးမောက်မောက်၊ နှာရောင်ကောက်လို့ (ရာမ)။ ပါးပျိုက်ပျောင်လေ၊ နှာရောက်ကောက်နှင့်၊ မျိုးက်ကိုမြင်သော် (မျိုးက်)
    မျက်လုံး နှစ်လုံး အကြားရှိ နှာခေါင်း၏ အလျားလိုက် အတံ။ နှုတ်သီးနှာရောင်၊ ကြီးမပြောင်ကေ (မျောက်)။ နဖူးမောက်မောက်၊ နှာရောင်ကောက်လို့ (ရာမ)။ ပါးပျိုက်ပျောင်လေ၊ နှာရောက်ကောက်နှင့်၊ မျောက်ကိုမြင်သော် (မျောက်)
    ridge of nose
    နာမ်

    နှာရောင်ကုပ်

    [n̥àɹàʊɴkoʊʔ]
    ဝန်တိုသော၊ မာန်ပါရေ အမူအရာကို ပြရေ
    ဝန်တိုသော၊ စိတ်ဆိုးသော အမူအရာကို ပြသည်
    stingy
    ကြိယာ

    နှာရောင်ကုပ်၂

    [n̥àɹàʊɴkoʊʔ၂]
    ၁၊ မလိုလားမှု၊ မကြိုက်မှု ဆိုရေ အမူအရာကို ပြရေ။ ၂၊ (ဥပစာ) သန သလမိရေ
    ၁၊ မလိုလားမှု၊ မနှစ်သက်မှု ဟူသော အမူအရာကို ပြသည်။ ၂၊ (ဥပစာ) ရွံရှာ စက်ဆုပ်သည်
    be disgusted
    ကြိယာ

    နှာရှုံ့

    [n̥àʃo̰ʊɴ]
    မကြိုက်သော ခံစားချက်ကြောင့် မျက်နှာကို တွန့်ခေါက်အောင် ပြုသည်
    မနှစ်သက်သော ခံစားချက်ကြောင့် မျက်နှာကို တွန့်ခေါက်အောင် ပြုသည်
    be disgusted
    ကြိယာ

    နှာရှုပ်

    [n̥àʃoʊʔ]
    ဝန်တိုသော၊ မာန်ပါရေ အမူအရာကို ပြရေ
    ဝန်တိုသော၊ စိတ်ဆိုးသော အမူအရာကို ပြသည်
    stingy
    ကြိယာ

    နှာသံ

    [n̥àθံ]
    နခေါင်း အစိတ်အပိုင်း ချွတ်ယွင်း နိန်ပနာ ဖြစ်စီ၊ နွဲ့နှောင်း ပျော့ပျောင်းရေ အမူအရာဖြင့် ပြောဆို လိုရေတွက်နန့် ဖြစ်စီ စကားပြော ရေအခါ ဖြစ်ပေါ် လာရေ အသံ
    နှာခေါင်း အစိတ်အပိုင်း ချွတ်ယွင်း နေ၍ ဖြစ်စေ၊ နွဲ့နှောင်း ပျော့ပျောင်းသော အမူအရာဖြင့် ပြောဆို လို၍ ဖြစ်စေ စကားပြော သောအခါ ဖြစ်ပေါ် လာသော အသံ
    nasal voice
    နာမ်

    နှိပ်

    [n̥ìaʔ]
    နှိမ့်ချ ပုတ်ခတ်ရေ။ ၂၊ ကိုယ်လက် အညောင်းအဖျား ပြေစီရန် လက်ဖြင့် ဖိညပ်ပီးရေ။ ၃၊ တစုံ တရာ တံဆိပ် အမှတ်အသား ပေါ်လှာစီရန် အောက်ခံ အရာမာ ဖိပီးရေ
    နှိမ့်ချ ပုတ်ခတ်သည်။ ၂၊ ကိုယ်လက် အညောင်းအညာ ပြေစေရန် လက်ဖြင့် ဖိညပ်ပေးသည်။ ၃၊ တစ်စုံ တစ်ရာ တံဆိပ် အမှတ်အသား ပေါ်လာစေရန် အောက်ခံ အရာတွင် ဖိပေးသည်
    massage
    ကြိယာ