Dictionary Entries
Showing 1,601–1,620 of 1,758 words
န
နှိပ်စက်
[n̥ìaʔsɛʔ]
Arakanese:
ဖိစီး နှောင့်ယှက်ရေ။ ညှဉ်းဆဲရေ။ ဆင်းရဲ ငြိုငြင်းအောင် လုပ်ရေ။ အားဓမ အဓမ္မ နိုင်ထက် စီးနင် ပြုသည်
Burmese:
ဖိစီး နှောင့်ယှက်သည်။ ညှဉ်းဆဲသည်။ ဆင်းရဲ ငြိုငြင်းအောင် လုပ်သည်။ အတင်း အဓမ္မ နိုင်ထက် စီးနင် ပြုသည်
English:
torture-persecute
Grammar Note:
ကြိယာ
နှိပ်စက်ကလူ
[n̥ìaʔsɛʔklù]
Arakanese:
ညှဉ်းပန်း နှိပ်စက်ရေ သဘောနန့်။ ဆင်းရဲ ငြိုငြင်အောင် လုပ်ရေ အနိဖြင့်။ နှိပ်စက်ကလူ ပြုတော်မူ၏ (ရခိုင်ကာ)
Burmese:
ညှဉ်းပန်း နှိပ်စက်သည့် သဘောဖြင့်။ ဆင်းရဲ ငြိုငြင်အောင် လုပ်သည့် အနေ့ဖြင့်။ နှိပ်စက်ကလူ ပြုတော်မူ၏ (ရခိုင်ကာ)
English:
persecute-torment
Grammar Note:
ကြိယာဝိသေသန
နှိပ်စေ့သီး
[n̥ìaʔsḛθï]
Arakanese:
အောက်ခြမ်း အပေါက်ငယ်မာ အထက်ခြမ်း အဖုအကျွံ ဝင်အောင် ဖိတပ်ရရေ စိသီး တမျိုး
Burmese:
အောက်ခြမ်း အပေါက်ငယ်တွင် အထက်ခြမ်း အဖုအကျွံ ဝင်အောင် ဖိတပ်ရသော ကြယ်သီး တစ်မျိုး
English:
press button
Grammar Note:
နာမ်
နှိပ်နင်း
[n̥ìaʔnɪ́ɴ]
Arakanese:
လွတ်လပ်မှု ကင်းမဲ့အောင် စိုးမိုးရေ။ ဖိနှိပ် ခြီဖျက်ရေ။ အနိုင်အထက် ပြုသည်
Burmese:
လွတ်လပ်မှု ကင်းမဲ့အောင် စိုးမိုးသည်။ ဖိနှိပ် ချေဖျက်သည်။ အနိုင်အထက် ပြုသည်
English:
stamp-vanquish
Grammar Note:
ကြိယာ
နှိပ်နယ်
[n̥ìaʔnɛ̀]
Arakanese:
ခန္ဓာ ကိုယ်ကို လက်ဖြင့် ဖိညှပ် ပီးရေ
Burmese:
ခန္ဓာ ကိုယ်ကို လက်ဖြင့် ဖိညှပ် ပေးသည်
English:
massage
Grammar Note:
ကြိယာ
နှိပ်နယ်၂
[n̥ìaʔnɛ̀၂]
Arakanese:
ဖိနှိပ်ရေ။ နှိမ့်ချ ပုတ်ခတ် ပြောဆိုရေ။ နှိပ်နယ်ညှဉ်းပန်း၊ ဒလကြမ်းဖြင့် (ရှီးထုံး)
Burmese:
ဖိနှိပ်သည်။ နှိမ့်ချ ပုတ်ခတ် ပြောဆိုသည်။ နှိပ်နယ်ညှဉ်းပန်း၊ ဒလကြမ်းဖြင့် (ရှေးထုံး)
English:
oppress
Grammar Note:
ကြိယာ
နှိပ်ပြီနှိပ်ပြက်
[n̥ìaʔpɹìn̥ìaʔpɹɛʔ]
Arakanese:
မျက်စိ နှိပ်တုံဖွင့်တုံ ပြုလုပ်ရေ
Burmese:
မျက်စိ နှိပ်တုံဖွင့်တုံ ပြုလုပ်သည်
English:
blink
Grammar Note:
ကြိယာ
နှိပ်သီး
[n̥ìaʔθï]
Arakanese:
အောက်ခြမ်း အပေါက်ငယ်မာ အထက်ခြမ်း အဖုအကျွံ ဝင်အောင် ဖိတပ်ရရေ စိသီး တမျိုး
Burmese:
အောက်ခြမ်း အပေါက်ငယ်တွင် အထက်ခြမ်း အဖုအကျွံ ဝင်အောင် ဖိတပ်ရသော ကြယ်သီး တစ်မျိုး
English:
press button
Grammar Note:
နာမ်
နှိမ်
[n̥èɪɴ]
Arakanese:
တစုံ တဦးအား ဂုဏ်သိက္ခာ နိမ့်ကျအောင် ကဲ့၏ ပြောဆိုရေ။ ဖိနှိပ်ရေ။ နိုင်နင်းအောင် လုပ်ရေ။ အကြီး ဖြစ်ရေ မင်းဒေါလျာကို နှိမ်၍ အချေဖြစ်သူ ဂါမဏီကို အိမ်ဟိအရာ အပ်နှင်းပီးရေ (ဓညသစ်)
Burmese:
တစ်စုံ တစ်ဦးအား ဂုဏ်သိက္ခာ နိမ့်ကျအောင် ကဲ့ရဲ့ ပြောဆိုသည်။ ဖိနှိပ်သည်။ နိုင်နင်းအောင် လုပ်သည်။ အကြီး ဖြစ်သော မင်းဒေါလျာကို နှိမ်၍ အငယ်ဖြစ်သူ ဂါမဏီကို အိမ်ရှေ့အရာ အပ်နှင်းပေး၏ (ဓညသစ်)
English:
lower
Grammar Note:
ကြိယာ
နှိမ့်
[n̥ḛɪɴ]
Arakanese:
အောက်ကို နှိမ့်ကျအောင် လုပ်ရေ
Burmese:
အောက်သို့ နှိမ့်ကျအောင် လုပ်သည်
English:
lower
Grammar Note:
ကြိယာ
နှိမ်း
[n̥éɪɴ]
Arakanese:
အရည် အမှုန့် စစွာကို ပျံ့နှံ့အောင် ပွတ်လူးရေ။ နှိမ်းရေ။ ကပ်ငြိ ပေကျံအောင် ပြုရေ။ သနပ်ခါး နိမ်းရေ၊ ပေါင်ဒါနိမ်းရေ
Burmese:
အရည် အမှုန့် စသည်ကို ပျံ့နှံ့အောင် ပွတ်လူးသည်။ လိမ်းကျံသည်။ ကပ်ငြိ ပေကျံအောင် ပြုသည်။ သနပ်ခါး နိမ်းရေ၊ ပေါင်ဒါနိမ်းရေ
English:
apply
Grammar Note:
ကြိယာ
နှိမ်ချ
[n̥èɪɴɕ]
Arakanese:
အဂေါင်းကို ညွှတ်ကိုင်း၍ ဟိခိုးရေ။ ဟတ္ထာဆယ်ဖြာ၊ ပဒုံကြာကို၊ ခေါင်းမာတင်ချီကတ်ပနာ၊ ဦးနှိမ့်ချရိုညွှတ်ကာ
Burmese:
ဦးခေါင်းကို ညွှတ်ကိုင်း၍ ရှိခိုးသည်။ ဟတ္ထာဆယ်ဖြာ၊ ပဒုံကြာကို၊ ခေါင်းမှာတင်ချီကြလျက်၊ ဦးနှိမ့်ချရိုညွှတ်ကာ
English:
pay homage
Grammar Note:
ကြိယာ
နှိမ့်ချ
[n̥ḛɪɴɕ]
Arakanese:
၁၊ အောက်ကို နှိမ့်ကျရေ။ ၂၊ မာန်မာန တက်ကြွ ထောင်လွှားမှု မဟိအောင် လုပ်ရေ
Burmese:
၁၊ အောက်သို့ နှိမ့်ကျသည်။ ၂၊ မာန်မာန တက်ကြွ ထောင်လွှားမှု မရှိအောင် လုပ်သည်
English:
lower
Grammar Note:
ကြိယာ
နှိမ်နင်း
[n̥èɪɴnɪ́ɴ]
Arakanese:
လွတ်လပ်မှု ကင်းမဲ့အောင် စိုးမိုးသည်
Burmese:
လွတ်လပ်မှု ကင်းမဲ့အောင် စိုးမိုးသည်
English:
stamp
Grammar Note:
ကြိယာ
နှိုး
[n̥ó]
Arakanese:
၁၊ အိပ်ပျော် နီသူအား နိုးထ စီရေ။ ၂၊ စည်၊ စောင်း၊ ပတ်သာ တူရိယာ ရို့ကို (တပြိုင်တည်း) တီးခတ်ရေ။ သံသာခွက်ခွင်း၊ ခရုသင်းသည်၊ ဒုံမင်းထမ်းပိုး၊ သံပြိုင်နှိုးဗျာယ် (ရခိုင်ကာ)။ ၃၊ ဂါထာ၊ မန္ဒရားကို တန်ခိုး အာနိသင် ဟိအောင် ရွတ်ဆိုရေ။ ၄၊ ငြိမ်သက် နေစွာကို ထအောင်
Burmese:
၁၊ အိပ်ပျော် နေသူအား နိုးထ စေသည်။ ၂၊ စည်၊ စောင်း၊ ပတ်သာ တူရိယာ တို့ကို (တပြိုင်နက်) တီးခတ်သည်။ သံသာခွက်ခွင်း၊ ခရုသင်းသည်၊ ဒုံမင်းတံပိုး၊ သံပြိုင်နှိုးလျက် (ရခိုင်ကာ)။ ၃၊ ဂါထာ၊ မန္တာန်ကို တန်ခိုး အာနိသင် ရှိအောင် ရွတ်ဆိုသည်။ ၄၊ ငြိမ်သက် နေသည်ကို ထကြွအောင်
English:
wake
Grammar Note:
ကြိယာ
နှိုက်
[n̥aɪʔ]
Arakanese:
မားထဲက ကလန့် (ကုလားမသိတ်း) ကို အဖျား ကောက်သော သံချိတ်ဖြင့် ဆွဲထုတ် ယူရေ။ (ဂဏန်းထွတ်သည်၊ ဒေါင်းပြောက်၊ ငါးယက်ဖြူ ထွတ်သည် စရေ။) လက်ကို တစုံ တခု၏ အထဲထဲကို ထည့်သွင်းရေ။ (အိုးထဲက ငါးကို ထွတ်စားရေ။
Burmese:
တွင်းထဲမှ ဂဏန်းကောင် (ပုဇွန်လုံး) ကို အဖျား ကောက်သော သံချိတ်ဖြင့် ဆွဲထုတ် ယူသည်။ (ဂဏန်းနှိုက်သည်၊ ဒေါင်းပြောက်၊ ငါးယက်ဖြူ နှိုက်သည် စသည်။) လက်ကို တစ်စုံ တစ်ခု၏ အတွင်းထဲသို့ ထည့်သွင်းသည်။ (အိုးထဲမှ ငါးကို နှိုက်စားသည်။
English:
put hand into pot
Grammar Note:
ကြိယာ
နှိုက်၂
[n̥aɪʔ၂]
Arakanese:
အချိန် နီရာရို့ကို ပြသော စကားလုံး။ သက္ကရာဇ် ၉၄၃ ခု၊ ဖိုးခေါင်တောင်၏ အဟိဖက် ကလုံတောင်ထွတ် ဘုရား တည်တော်မူ၏ (လောဝီ)
Burmese:
အချိန် နေရာတို့ကို ပြသော စကားလုံး။ သက္ကရာဇ် ၉၄၃ ခု၊ ဖိုးခေါင်တောင်၏ အရှေ့ဖက် ကလုံတောင်နှိုက် ဘုရား တည်တော်မူ၏ (လောဝီ)
English:
at
Grammar Note:
ဝိသေသန
နှိုက်နှိုက်ချိုက်ချိုက်
[n̥aɪʔn̥aɪʔɕaɪʔɕaɪʔ]
Arakanese:
သီသီ ချာချာ။ စိစိ စပ်စပ်။ အထဲ ကျကျ။ ထိုးထွင်းဗျာယ်။ ၂၊ ကျီနပ် အားရစွာ
Burmese:
သေသေ ချာချာ။ စေ့စေ့ စပ်စပ်။ အတွင်း ကျကျ။ ထိုးထွင်းလျက်။ ၂၊ ကျေနပ် အားရစွာ
English:
certainly-surely
Grammar Note:
ကြိယာဝိသေသန
နှိုင်း
[n̥áɪɴ]
Arakanese:
တယောက်နှင့် တယောက် တခုနှင့် တခု လက်တွဲ ပြရေ။ ငဒါသကျွန်၊ နမူနာကို၊ ထုတ်ပနာခိုင်းလို့၊ နှိုင်းရပြန်သော် (ပဋါ)
Burmese:
တစ်ယောက်နှင့် တစ်ယောက် တစ်ခုနှင့် တစ်ခု ယှဉ်တွဲ ပြသည်။ ငဒါသကျွန်၊ ဥပမာကို၊ ထုတ်ကာခိုင်းလို့၊ နှိုင်းရပြန်သော် (ပဋါ)
English:
compare
Grammar Note:
ကြိယာ
နှိုင်းခိုင်း
[n̥áɪɴkʰáɪɴ]
Arakanese:
ခိုင်းနှိုင်းရေ။ ထပ်တူ ပြုရေ။ တူညီကြောင်း ဖက်တွဲပြီးကေ ပြရေ။ နှိုင်းခိုင်းယူဂန္ဓဗ္ဗ၊ စိတ္တရကေလာ၊ ကုသိနာဟု၊ ပမာမယွင်းခွတည်း (မြို့သူကြီး)
Burmese:
ခိုင်းနှိုင်းသည်။ ထပ်တူ ပြုသည်။ တူညီကြောင်း ဖက်တွဲ၍ ပြသည်။ နှိုင်းခိုင်းယူဂန္ဓဗ္ဗ၊ စိတ္တရကေလာ၊ ကုသိနာဟု၊ ပမာမယွင်းခွတည်း (မြို့သူကြီး)
English:
compare
Grammar Note:
ကြိယာ