Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,621–1,640 of 1,758 words

    န

    နှိုင်းချိန်

    [n̥áɪɴɕèɪɴ]
    ကောင်းရေ၊ ဆိုးသည် အစဟိစွာရို့ကို အထပ်ထပ် မှန်းဆ ဆင်ခြင်ရေ။ အရာရာကို၊ ဉာဏ်ဖြင့်နှိုင်းချိန်၊ သုခမိန် (ပုံ)
    ကောင်းသည်၊ ဆိုးသည် စသည်တို့ကို အထပ်ထပ် မှန်းဆ ဆင်ခြင်သည်။ အရာရာကို၊ ဉာဏ်ဖြင့်နှိုင်းချိန်၊ သုခမိန် (ပုံ)
    weigh the pros and cons
    ကြိယာ

    နှိုင်းစာ

    [n̥áɪɴsà]
    နှစ်ခုကို လက်တွဲပြီးကေ ကြည့်သည်
    နှစ်ခုကို ယှဉ်တွဲ၍ ကြည့်သည်
    compare
    ကြိယာ

    နှိုင်းဆ

    [n̥áɪɴsʰ]
    ကောင်းရေ၊ ဆိုးသည် အစဟိစွာရို့ကို အထပ်ထပ် မှန်းဆ ဆင်ခြင်ရေ။ အရာရာကို၊ ဉာဏ်ဖြင့်နှိုင်းချိန်၊ သုခမိန် (ပုံ)
    ကောင်းသည်၊ ဆိုးသည် စသည်တို့ကို အထပ်ထပ် မှန်းဆ ဆင်ခြင်သည်။ အရာရာကို၊ ဉာဏ်ဖြင့်နှိုင်းချိန်၊ သုခမိန် (ပုံ)
    compare
    ကြိယာ

    နှိုင်းတု

    [n̥áɪɴtoʊ]
    နိူင်းဘက် ပြိုင်ဆိုင်သည်
    ယှဉ်ဘက် ပြိုင်ဆိုင်သည်
    compete
    ကြိယာ

    နှိုင်းတုလွတ်

    [n̥áɪɴtoʊlwaʔ]
    အတုမဟိ။ ပြိုင်ဖက် ကင်းမဲ့ရေ။ သုံးလူ့ဘောင်၊ နှိုင်းတုလွတ်၊ ဓမ္မသခင် ကျိန်းတော်ရှင်သည်၊ သျှင်ပင်စာတီမြတ်ကို (မြို့သူကြီး)
    အတုမရှိ။ ပြိုင်ဖက် ကင်းမဲ့သည်။ သုံးလူ့ဘောင်၊ နှိုင်းတုလွတ်၊ ဓမ္မသခင် ကျိန်းတော်ရှင်သည်၊ သျှင်ပင်စေတီမြတ်ကို (မြို့သူကြီး)
    beyond compare
    ကြိယာ

    နှိုင်းတွေး

    [n̥áɪɴtwé]
    တွေးခေါ် ဆင်ခြင်ရေ။ တွက်ဖော် ချိန်ဆသည်
    တွေးတော ဆင်ခြင်သည်။ စဉ်းစား ချိန်ဆသည်
    consider
    ကြိယာ

    နှိုင်းယှဉ်

    [n̥áɪɴʃɪ̀ɴ]
    တယောက်နှင့် တယောက် တခုနှင့် တခု လက်တွဲ ပြရေ။ ငဒါသကျွန်၊ နမူနာကို၊ ထုတ်ပနာခိုင်းလို့၊ နှိုင်းရပြန်သော် (ပဋါ)။
    တစ်ယောက်နှင့် တစ်ယောက် တစ်ခုနှင့် တစ်ခု ယှဉ်တွဲ ပြသည်။ ငဒါသကျွန်၊ ဥပမာကို၊ ထုတ်ကာခိုင်းလို့၊ နှိုင်းရပြန်သော် (ပဋါ)။
    compare
    ကြိယာ

    နှိုးဆော်

    [n̥ósʰɔ̀]
    ၁၊ တိုက်တွန်း ခိုင်းစီရေ။ အမှု ကိစ္စ တခုကို လုပ်ဆောင်ရန် ညွှန်ကြားရေ။ ၂၊ (ကြက်၊ ဒေါင်း အစဟိစွာရို့) ကြွီးကြော်သံ ပြုရေ။ တွန်ရေ။ သစ်ကိုင်းထက်က၊ တောကြက်တွန်ကာ၊ ကောက်ကကား်ဟု
    ၁၊ တိုက်တွန်း စေခိုင်းသည်။ အမှု ကိစ္စ တစ်ခုကို လုပ်ဆောင်ရန် ညွှန်ကြားသည်။ ၂၊ (ကြက်၊ ဒေါင်း စသည်တို့) ကြွေးကြော်သံ ပြုသည်။ တွန်သည်။ သစ်ကိုင်းထက်က၊ တောကြက်တွန်ကာ၊ ကောက်ကရော်ဟု
    urge-remind
    ကြိယာ

    နှိုးဆော်၂

    [n̥ósʰɔ̀၂]
    မမိမလျော့ အောက်မိယောင် လုပ်ရေ
    မမေ့မလျော့ သတိရအောင် လုပ်သည်
    urge-remind
    ကြိယာ

    နှိုးဆော်စာ

    [n̥ósʰɔ̀sà]
    တစုံ တခု ပြုလုပ်ဖို့ အတွက် သတိပီး မြှောက်ပင့်ပီးစာ
    တစ်စုံ တစ်ခု ပြုလုပ်ရန် အတွက် သတိပေး လှုံ့ဆော်စာ
    reminder-notice
    နာမ်

    နှိုးဆွ့

    [n̥ósʰw့]
    ငြိမ်သက်ရာမှ လှုပ်ရှား လာယောင် ပြုလုပ်ရေ
    ငြိမ်သက်ရာမှ လှုပ်ရှား လာအောင် ပြုလုပ်သည်
    agitate
    ကြိယာ

    နှီး

    [n̥ï]
    ဝါးကို ပါးလွှာအောင် စိပ်ဖြာထားရေ အရာ။ နှီးနန့်မလိမ်၊ ကြိမ်နန့်မကွပ်၊ အသျှင်ပြည်မာ၊ နန်းပြဿဒ် (ပန်းဝှက်)
    ဝါးကို ပါးလွှာအောင် စိပ်ဖြာထားသော အရာ။ နှီးနန့်မလိမ်၊ ကြိမ်နန့်မကွပ်၊ အသျှင်ပြည်မှာ၊ နန်းပြဿဒ် (ပန်းဝှက်)
    thin bamboo strips
    နာမ်

    နှီး၂

    [n̥ï၂]
    အရည်ပျစ်၊ အစီး၊ အဆီ၊ အမှုန့် စစွာကို ပျံ့နှံ့အောင် ပွတ်လူးရေ။ နှိမ်းရေ။ သနပ်ခါးဖုံဖုံ၊ နှီးလို့နီ၊ ဂုယောင်ထက်တောင်၊ မဆင်းသိလား (လောင်းချပ်)။ မောင်သျှင်သူငယ်၊ လူထွက်တေ၊ ဆနွင်းယူခ၊ နှီးကတ်မေ (ဇမ်း)
    အရည်ပျစ်၊ အစေး၊ အဆီ၊ အမှုန့် စသည်ကို ပျံ့နှံ့အောင် ပွတ်လူးသည်။ လိမ်းကျံသည်။ သနပ်ခါးဖုံဖုံ၊ နှီးလို့နီ၊ ဂုယောင်ထက်တောင်၊ မဆင်းသိလား (လှေချပ်)။ မောင်သျှင်သူငယ်၊ လူထွက်တေ၊ နနွင်းယူခ၊ နှီးကတ်မေ (ဇမ်း)
    apply
    ကြိယာ

    နှီး၃

    [n̥ï၃]
    အခွံ၊ အခါက်၊ အရေ စစွာကို တွယ်ကပ် နီရာမှ ခွာထွက်သည်
    အခွံ၊ အခါက်၊ အရေ စသည်ကို တွယ်ကပ် နေရာမှ ခွာထွက်သည်
    leave
    ကြိယာ

    နှီးကြောဖျာ

    [n̥ït͡ɕɔ́pʰrà]
    နှီးခေါက်ဖြင့် ရက်လုပ် ထားရေ ဖျာ။ စပါးလှမ်းဖျာ
    နှီးခေါက်ဖြင့် ရက်လုပ် ထားသော ဖျာ။ နှီးကြောဖျာ
    bamboo mat
    နာမ်

    နှီးခေါက်

    [n̥ïkʰaʊʔ]
    ဝါးကို အသား မပါစီပဲ ပါးပါး စိပ်ဖြာ ထားရေ ဝါး၏ အပြင်လွှာ
    ဝါးကို အသား မပါစေပဲ ပါးပါး စိပ်ဖြာ ထားသော ဝါး၏ အပြင်လွှာ
    bamboo
    နာမ်

    နှီးခေါက်ဖျာ

    [n̥ïkʰaʊʔpʰrà]
    နှီးခေါက်ဖြင့် ရက်လုပ် ထားရေ ဖျာ။ စပါးလှမ်းဖျာ
    နှီးခေါက်ဖြင့် ရက်လုပ် ထားသော ဖျာ။ နှီးကြောဖျာ
    bamboo mat
    နာမ်

    နှီးစိုက်

    [n̥ïsaɪʔ]
    တောင်း ရက်ရာမာ အောက်ခံ ရက်ပြီးကေ အထက်ကို ဆက်ပြီးကေ ရက်နှိုင်ယောင် ဆက်စိုက် ပီးရရေ နှီးပင်။ စိုက်ပင်
    တောင်း ရက်ရာ၌ အောက်ခံ ရက်ပြီးနောက် အထက်သို့ ဆက်၍ ရက်နိုင်အောင် ဆက်စိုက် ပေးရသော နှီးပင်။ စိုက်ပင်
    thin bamboo strips
    နာမ်

    နှီးတောင်း

    [n̥ïtáʊɴ]
    ဝါးနှီးဖြင့် ရက်လုပ် ထားရေ တောင်း
    ဝါးနှီးဖြင့် ရက်လုပ် ထားသော တောင်း
    bamboo basket
    နာမ်

    နှီးထိုး

    [n̥ïtʰó]
    နှီးပင် ဖြစ်ယောင် နှီးဝါးကို ဓါးဖြင့် ပါးပါး စိပ်သည်
    နှီးပင် ဖြစ်အောင် နှီးဝါးကို ဓါးဖြင့် ပါးပါး စိပ်သည်
    split bamboo into strips
    ကြိယာ