Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,641–1,660 of 1,758 words

    န

    နှီးနှီးနှောနှော

    [n̥ïn̥ïn̥ɔ́n̥ɔ́]
    ၁၊ တယောက်နှင့် တယောက် အယူအဆ ဆွေးနွေး လက်သပ်ရေ။ ၂၊ အပေါင်းအသင်း ပြုရေ။ ဧပိုင် သုံးသပ် နှီးနှော ရောပြွမ်း ဆက်ဆံဗျာယ် ပေါင်းဖက်၍ နီကတ် ကုန်သတည်း (ဓညသစ်)
    ၁၊ တစ်ယောက်နှင့် တစ်ယောက် အယူအဆ ဆွေးနွေး တိုင်ပင်သည်။ ၂၊ အပေါင်းအသင်း ပြုသည်။ ဤသို့ သုံးသပ် နှီးနှော ရောပြွမ်း ဆက်ဆံလျက် ပေါင်းဖက်၍ နေကြ ကုန်သတည်း (ဓညသစ်)
    discuss
    ကြိယာ

    နှီးနှော

    [n̥ïn̥ɔ́]
    ၁၊ တယောက်နှင့် တယောက် အယူအဆ ဆွေးနွေး လက်သပ်ရေ။ ၂၊ အပေါင်း အသင်း ပြုရေ။ ဧပိုင် သုံးသပ် နှီးနှော ရောပြွမ်း ဆက်ဆံဗျာယ် ပေါင်းဖက်၍ နေကတ်ကုန် သတည်း (ဓညသစ်)
    ၁၊ တစ်ယောက်နှင့် တစ်ယောက် အယူအဆ ဆွေးနွေး တိုင်ပင်သည်။ ၂၊ အပေါင်း အသင်း ပြုသည်။ ဤသို့ သုံးသပ် နှီးနှော ရောပြွမ်း ဆက်ဆံလျက် ပေါင်းဖက်၍ နေကြကုန် သတည်း (ဓညသစ်)
    discuss
    ကြိယာ

    နှီးပြား

    [n̥ïpɹá]
    (နှီးကို ဒေါင်မထိုးပဲ) အပြား ထိုးထားရေ နှီး
    (နှီးကို ဒေါင်မထိုးပဲ) အပြား ထိုးထားသော နှီး
    thin bamboo strips
    နာမ်

    နှီးဖြာ

    [n̥ïpʰɹà]
    ဝါးကို ဓါးဖြင့် ပါးပါး ဖြစ်ယောင် လွှာသည်
    ဝါးကို ဓါးဖြင့် ပါးပါး ဖြစ်အောင် လွှာသည်
    split bamboo into strips
    ကြိယာ

    နှီးရှည်

    [n̥ïʃɛ̀]
    အရှည် ထိုးသော နှီးပင်
    အရှည် ထိုးသော နှီးပင်
    thin bamboo strips
    နာမ်

    နှီးဝါး

    [n̥ïwàး]
    အသား ပျော့ပျောင်းရေ ဝါးမျိုး
    အသား ပျော့ပျောင်းသော ဝါးမျိုး
    thin bamboo strips
    နာမ်

    နှီးသပ်

    [n̥ïθaʔ]
    ချောအောင် နှီးကို ဓါးဖြင့် ပြုပျင်သည်
    ချောအောင် နှီးကို ဓါးဖြင့် ပြုပြင်သည်
    split bamboo into strips
    ကြိယာ

    နှီးသား

    [n̥ïθá]
    နှီးကြောနှင့် နှီးအူကို ပယ်ပနာ ကျန်အသား
    နှီးကြောနှင့် နှီးအူကို ပယ်၍ ကျန်အသား
    none
    နာမ်

    နှီးအုပ်

    [n̥ïʔoʊʔ]
    (ဆွမ်းပို့ရန်) ဝါးနှီးဖြင့် ပြုလုပ် ထားပြီးသား သစ်စေး၊ သရိုးကိုင် ထားရေ နှီးအုပ်။ (နှီးခွက်၊ နှီးဘုရား စစွာလေ့ ဟိကြ သိရေ။) ကျောင်းတိုက်ခွင်၊ ဝင်ရေ့ဆွမ်းအုပ်၊ နတ်ပန်းထိန်လျင်၊ ယင်းရွှီနှီးအုပ်ကို၊ သွန်းလုပ်စင်စစ်၊ ဖြစ်လီဖို့ထင် (မိုး)
    (ဆွမ်းပို့ရန်) ဝါးနှီးဖြင့် ပြုလုပ် ထားပြီး သစ်စေး၊ သရိုးကိုင် ထားသော နှီးအုပ်။ (နှီးခွက်၊ နှီးဘုရား စသည်လည်း ရှိကြ သေးသည်။) ကျောင်းတိုက်ခွင်၊ ဝင်သည့်ဆွမ်းအုပ်၊ နတ်ပန်းထိန်လျင်၊ ယင်းရွှေနှီးအုပ်ကို၊ သွန်းလုပ်စင်စစ်၊ ဖြစ်မည်ထင် (မိုး)
    Oleo-resin obtained from the tree
    နာမ်

    နှီးအူ

    [n̥ïʔù]
    ဝါး၏ အထဲ ဘက်ဟိ အသား
    ဝါး၏ အတွင်း ဘက်ရှိ အသား
    inside bamboo
    နာမ်

    နှုံး

    [n̥óʊɴ]
    အနံ့ပြင်း၍ အရွက်ကို ဟင်းခတ် အမွီးအကြိုင် အဖြစ် အသုံး ပြုရေ အပင်ငယ် တမျိုး။ တူရသိန်။ နှုံးသောင်ပိလော၊ ကျောက်ဖရုံကို၊ ဆွတ်ပုံထားကေ (မျိုးက်)
    အနံ့ပြင်း၍ အရွက်ကို ဟင်းခတ် အမွေးအကြိုင် အဖြစ် အသုံး ပြုသည့် အပင်ငယ် တစ်မျိုး။ ပင်စိမ်း။ နှုံးသောင်ပိလော၊ ကျောက်ဖရုံကို၊ ဆွတ်ပုံထားကေ (မျောက်)
    basil
    နာမ်

    နှုံး၂

    [n̥óʊɴ၂]
    စည်း တူညီချက်ကို နှိုင်းနိူင်း ပြသော စကား၊ ပိုင်။ ပိုင်။ လို။ နှယ်။ သောင်းသောင်းမွမ်းဖျင်၊ အလောင်းတော်ကို၊ စီရင်ပြီးခါ၊ ပြည်တော်သာက၊ စကြာမင်းနှုံး၊ ဖုတ်သဂြိုလ်ကေ၊ ဆိုရီထုံးသို့ (ကော်)
    စည်း တူညီချက်ကို နှိုင်းယှဉ် ပြသော စကား၊ ကဲ့သို့။ သဖွယ်။ လို။ နှယ်။ သောင်းသောင်းမွမ်းဖျင်၊ အလောင်းတော်ကို၊ စီရင်ပြီးခါ၊ ပြည်တော်သာက၊ စကြာမင်းနှုံး၊ ဖုတ်သဂြိုလ်ကေ၊ ဆိုသည်ထုံးသို့ (ကော်)
    as-like
    နာမ်

    နှုံးကြီး

    [n̥óʊɴt͡ɕï]
    ဟင်းခတ် အဖြစ် အသုံးပြုရေ (ရိုးရိုး) တူရသိန် အရွက်ထက် ကြီးပြီးကေ အရွက်ကို ဆီးဖက်အဖြစ် အသုံး ပြုရေ တူရသိန်ကြီး တမျိုး
    ဟင်းခတ် အဖြစ် အသုံးပြုသော (ရိုးရိုး) ပင်စိမ်း အရွက်ထက် ကြီး၍ အရွက်ကို ဆေးဖက်အဖြစ် အသုံး ပြုသည့် ပင်စိမ်းကြီး တစ်မျိုး
    basil
    နာမ်

    နှုတ်

    [n̥oʊʔ]
    တခုတရီ စိုက်ထား ရာမှ ဆွဲငင် ထုတ်ယူရေ
    တစ်စုံတစ်ခု စိုက်ထား ရာမှ ဆွဲငင် ထုတ်ယူသည်
    deduct
    ကြိယာ

    နှုတ်၂

    [n̥oʊʔ၂]
    ပစး၊ ခံမား
    ပါးစပ်း၊ ခံတွင်း
    mouth
    နာမ်

    နှုတ်ကတိ

    [n̥oʊʔktì]
    ၁၊ နှုတ်ဖြင့် ပီးအပ်ရေ ကတိ။၂၊ စောစွာကပင် ကြိုတင် ပြောထားရေ စကား
    ၁၊ နှုတ်ဖြင့် ပေးအပ်သော ကတိ။၂၊ စောစွာကပင် ကြိုတင် ပြောထားသော စကား
    verbal promise
    နာမ်

    နှုတ်ကောင်း

    [n̥oʊʔkáʊɴ]
    ၁၊ အပြော အဆို လိမ္မာရေ။ ၂၊ စားသောက်ပနာ အရသာ တွိရေ
    ၁၊ အပြော အဆို လိမ္မာသည်။ ၂၊ စားသောက်၍ အရသာ တွေ့သည်
    indulge
    ကြိယာ

    နှုတ်ကျက်

    [n̥oʊʔt͡ɕɛʔ]
    စာကို အလပ် ရရေ။ အရ ကျက်မှတ် ထားရေ။ အာဂုံ ဆောင်ထားရေ။ အမှတ်စွဲဗျာယ်၊ နှုတ်ကျက်လည်းရ၊ သာခြင်းဆိုကေ၊ စောင်းကိုတီးပျာ၊ ပွဲကြီးချဗျာယ် (ဆဒ္ဒန်)
    စာကို အလွတ် ရသည်။ အရ ကျက်မှတ် ထားသည်။ အာဂုံ ဆောင်ထားသည်။ အမှတ်စွဲလျက်၊ နှုတ်ကျက်လည်းရ၊ သာခြင်းဆိုကေ၊ စောင်းကိုတီးပျာ၊ ပွဲကြီးချလျက် (ဆဒ္ဒန်)
    learn by heart
    ကြိယာ

    နှုတ်ကျင့်

    [n̥oʊʔt͡ɕɪ̰ɴ]
    အမြဲ စွဲစိုက် ပြုလုပ်မှု၊ အကျင့်
    အမြဲ စွဲစိုက် ပြုလုပ်မှု၊ အကျင့်
    practice
    ကြိယာ

    နှုတ်ကျင့်၂

    [n̥oʊʔt͡ɕɪ̰ɴ၂]
    ပြောကျင့် ပါနိန်ရေ။ ပြောလီ့ ပြောထား ဟိရေ။ ပြောကျင့်၊ ဆိုကျင့် ဟိနိန်ရေ
    ပြောကျင့် ပါနေသည်။ ပြောလေ့ ပြောထား ရှိသည်။ ပြောကျင့်၊ ဆိုကျင့် ရှိနေသည်
    practice
    ကြိယာ