Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,661–1,680 of 1,758 words

    န

    နှုတ်ကျိုး

    [n̥oʊʔt͡ɕó]
    ပြောဆို ပြုလုပ်ဖန်များ သနန့် အလိအကျင့် ဖြစ်နီရေ။ အလိ စွဲမြဲနိန်ရေ
    ပြောဆို ပြုလုပ်ဖန်များ သဖြင့် အလေ့အကျင့် ဖြစ်နေသည်။ အလေ့ စွဲမြဲနေသည်
    practice
    ကြိယာ

    နှုတ်ကျွံ

    [n̥oʊʔt͡ɕwံ]
    စကားကို ပြောသင့် ပြောထိုက်သည် အထက် ပိုပြီးကေ ပြောဆို မိရေ။ ကြမ်းပေါက်ကျွံကေ နှုတ်လို ရရေ၊ နှုတ်ကျွံကေ နှုတ်လို့မရ (ပုံ)
    စကားကို ပြောသင့် ပြောထိုက်သည် အထက် ပိုမို၍ ပြောဆို မိသည်။ ကြမ်းပေါက်ကျွံကေ နှုတ်လို ရရေ၊ နှုတ်ကျွံကေ နှုတ်လို့မရ (ပုံ)
    be verbally committed
    ကြိယာ

    နှုတ်ကြင်း

    [n̥oʊʔt͡ɕɪ́ɴ]
    ၁၊ စကား ပျံ့နှံ့လားရေ။ ၂၊ စကားကို များစွာ ပြောရေ။ စကားကို တွိ့ကရာ မြင်ရာ ပြောရေ။ ၃၊ နှုတ်မလုံ ဖြစ်တေ
    ၁၊ စကား ပျံ့နှံ့သွားသည်။ ၂၊ စကားကို များစွာ ပြောသည်။ စကားကို တွေ့ကရာ မြင်ရာ ပြောသည်။ ၃၊ နှုတ်မလုံ ဖြစ်သည်
    spread
    ကြိယာ

    နှုတ်ကြမ်း

    [n̥oʊʔt͡ɕáɴ]
    ကြမ်းတမ်းစွာ ပြောဆို တတ်ရေ။ စကား အပြောအဆို ရုန်ရင်း ကြမ်းတမ်းသော
    ကြမ်းတမ်းစွာ ပြောဆို တတ်သော။ စကား အပြောအဆို ရုန်ရင်း ကြမ်းတမ်းသော
    rude
    နာမဝိသေသန

    နှုတ်ကြမ်း၂

    [n̥oʊʔt͡ɕáɴ၂]
    ကြမ်းတမ်းစွာ ပြောဆို တတ်ရေ။ စကား အပြောအဆို ရုန်ရင်း ကြမ်းတမ်းသည်
    ကြမ်းတမ်းစွာ ပြောဆို တတ်သည်။ စကား အပြောအဆို ရုန်ရင်း ကြမ်းတမ်းသည်
    rude
    ကြိယာ

    နှုတ်ကြမ်း၃

    [n̥oʊʔt͡ɕáɴ၃]
    ယင်းပိုင် ပြောဆိုလေ့ ဟိသူ
    ယင်းသို့ ပြောဆိုလေ့ ရှိသူ
    crudeness
    နာမ်

    နှုတ်ကြွီးတင်

    [n̥oʊʔt͡ɕwïtɪ̀ɴ]
    ပြောရေ အတိုင်း ဆောင်ရွက် မပီးနှိုင်ရေ့၍ ဝတ္တရား မကျီ ဖြစ်တေ
    ပြောသည့် အတိုင်း ဆောင်ရွက် မပေးနိုင်သည့်၍ ဝတ္တရား မကျေ ဖြစ်သည်
    bounden
    ကြိယာ

    နှုတ်ခနက်

    [n̥oʊʔkʰnɛʔ]
    နှုတ်က ထွက်သော စကား
    နှုတ်မှ ထွက်သော စကား
    verbal promise
    နာမ်

    နှုတ်ခနက်၂

    [n̥oʊʔkʰnɛʔ၂]
    ပစ။ ခံမား
    ပါးစပ်။ ခံတွင်း
    mouth
    နာမ်

    နှုတ်ခမ်း

    [n̥oʊʔkʰáɴ]
    ပစ ခံမား၏ အပြင်သို့ ထွက်နိန်ရေ အသားစွန်း
    ပါးစပ် ခံတွင်း၏ အပြင်သို့ ထွက်နေသော အသားစွန်း
    lip
    နာမ်

    နှုတ်ခမ်းကွဲ

    [n̥oʊʔkʰáɴkwɛ]
    ရာသီဥတု စရေ ရို့ကြောင့် နှုတ်ခမ်းများ ကွဲရေ
    ရာသီဥတု စသည့် တို့ကြောင့် နှုတ်ခမ်းများ ကွဲသည်
    have heave cleht lips
    ကြိယာ

    နှုတ်ခမ်းစူ

    [n̥oʊʔkʰáɴsù]
    (ဥပစာ) ကိုယ့် အလို မကျပနာ မကြိုက် ဖြစ်တေ
    (ဥပစာ) မိမိ အလို မကျ၍ မနှစ်သက် ဖြစ်သည်
    pout
    ကြိယာ

    နှုတ်ခမ်းပလိန်တင်

    [n̥oʊʔkʰáɴplèɪɴtɪ̀ɴ]
    သဘောမကျ မကြိုက်ခြင်း အမူအရာကို ပြရေ။ သဘောမကျ မနှစ် သက်ခြင်း ဖြစ်တေ
    သဘောမကျ မနှစ်သက်ခြင်း အမူအရာကို ပြသည်။ သဘောမကျ မနှစ် သက်ခြင်း ဖြစ်သည်
    dislike
    ကြိယာ

    နှုတ်ခမ်းပဲ့ချင်း

    [n̥oʊʔkʰáɴpéɕɪ́ɴ]
    (ဥပစာ) ၁၊ အစစ အရာရာ လိုက်လျောညီစွာ။ အလိုချင်း ညီညွတ်စွာ။၂၊ စိတ်တူ ကိုယ်မျှ၊ စိတ်တူ သဘောတူ
    (ဥပစာ) ၁၊ အစစ အရာရာ လိုက်လျောညီစွာ။ အလိုချင်း ညီညွတ်စွာ။၂၊ စိတ်တူ ကိုယ်မျှ၊ စိတ်တူ သဘောတူ
    harelips
    ကြိယာဝိသေသန

    နှုတ်ချို

    [n̥oʊʔɕÒ]
    ချိုသာသော စကားကို ပြောဆို တတ်ရေ။ နှုတ်ချို သျှိုတပါး (ပုံ)
    ချိုသာသော စကားကို ပြောဆို တတ်သော။ နှုတ်ချို သျှိုတစ်ပါး (ပုံ)
    honey tongued
    နာမဝိသေသန

    နှုတ်ချွန်း

    [n̥oʊʔɕʊ́ɴ]
    (ဥပစာ) ရန်တွိ့ စကား ပြောတတ်ရေ။ လူတိကို ဖို့လိုစိတ်ဖြင့် ပြောဆို ပြုမှု တတ်ရေ
    (ဥပစာ) ရန်တွေ့ စကား ပြောတတ်သော။ သူတစ်ပါး အပေါ် ရန်လိုစိတ်ဖြင့် ပြောဆို ပြုမှု တတ်သော
    reprove
    နာမဝိသေသန

    နှုတ်ခွန်း

    [n̥oʊʔkʰʊ́ɴ]
    နှုတ်ပြော စကား။ နဖူးမာရို့၊ လှမုတ္တိုရ်မာ၊ ဆိုနှုတ်ခွန်းနန့် (ကော်)
    နှုတ်ပြော စကား။ နဖူးမှာတို့၊ လှမုတ္တိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့် (ကော်)
    speech
    နာမ်

    နှုတ်ငုံ

    [n̥oʊʔŋòʊɴ]
    (ဥပစာ)ကိုယ်ဝန်။ ပဋိသန္ဓေ
    (ဥပစာ)ကိုယ်ဝန်။ ပဋိသန္ဓေ
    pregnancy
    နာမ်

    နှုတ်ငုံ၂

    [n̥oʊʔŋòʊɴ၂]
    ကျမ်းဂန် စာပီကို နှုတ်တက် အလပ်ရယောင် (ကျက်မှတ် ထားရေ။
    ကျမ်းဂန် စာပေကို နှုတ်တက် အလွတ်ရအောင် (ကျက်မှတ် ထားသည်။
    learn by heart
    ကြိယာဝိသေသန

    နှုတ်ငုံဆောင်

    [n̥oʊʔŋòʊɴsʰàʊɴ]
    စာကို အလပ်ရယောင် ကျက်မှတ် ထားရေ
    စာကို အလွတ်ရအောင် ကျက်မှတ် ထားသည်
    learn by heart
    ကြိယာ