Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,681–1,700 of 1,758 words

    န

    နှုတ်စအာစ

    [n̥oʊʔsʔs]
    စကား ပြောဆို နိုင်စွမ်း အရည်အခြင်း
    စကား ပြောဆို နိုင်စွမ်း အရည်အချင်း
    clever in conversation
    နာမ်

    နှုတ်စောင့်

    [n̥oʊʔsɔ́ɪ̰ɴ]
    ၁၊ စကား ပြောဆို ရာမာ စောင့်စည်း ချုပ်တည်း ထားရေ။ သတိ ထားရေ။၂၊ အပြစ် မကင်း စရေ စကား စစွာကို ဖော်ထုတ်မပြောပဲ သိုသိပ် ထားရေ
    ၁၊ စကား ပြောဆို ရာတွင် စောင့်စည်း ချုပ်တည်း ထားသည်။ သတိ ထားသည်။၂၊ အပြစ် မကင်း စသည့် စကား စသည်ကို ဖော်ထုတ်မပြောပဲ သိုသိပ် ထားသည်
    be guarded in speech
    ကြိယာ

    နှုတ်စွမ်း

    [n̥oʊʔsʊ̀ɴ]
    ပြောဆို ဆောင်ရွက် နှိုင်ရေ အရည်အခြင်း အရည်အသွီး
    ပြောဆို ဆောင်ရွက် နိုင်သော အရည်အချင်း အရည်အသွေး
    clever in conversation
    နာမ်

    နှုတ်စွမ်းနှုတ်စ

    [n̥oʊʔsʊ̀ɴn̥oʊʔs]
    အပြောအဆိုနန့် ဆိုင်ရေ အရည်အသွီး အစွမ်းအစ
    အပြောအဆိုနှင့် ပတ်သက်သော အရည်အသွေး အစွမ်းအစ
    clever in conversation
    နာမ်

    နှုတ်ဆက်

    [n̥oʊʔsʰɛʔ]
    လူချင်း တွိဆုံသော အခါ လိုလား နှစ်သက်ဖွယ်ရာ စကားတိကို ပြောဆိုရေ။ နှုတ်ဆက်ခမက်ဖြစ် (ပုံ)
    လူချင်း တွေ့ဆုံသော အခါ လိုလား နှစ်သက်ဖွယ်ရာ စကားများကို ပြောဆိုသည်။ နှုတ်ဆက်ခမက်ဖြစ် (ပုံ)
    greet
    ကြိယာ

    နှုတ်ဆိတ်

    [n̥oʊʔsʰeɪʔ]
    မဆက်ပဲ နိန်ရေ။ ငြိမ်သက် နိန်ရေ
    စကားမပြောပဲ နေသည်။ ငြိမ်သက် နေသည်
    calm
    ကြိယာ

    နှုတ်ဆွ့

    [n̥oʊʔsʰw့]
    စကား ပြောရာမာ အထိန်း အသိမ်း မဟိဘဲ နှုတ်လွတ် လက်လွတ် ပြောရေ တွိရာ ထင်ရာ တောင်စဉ် ရေမရ ပြောရေ
    စကား ပြောရာတွင် အထိန်း အသိမ်း မရှိပဲ နှုတ်လွတ် လက်လွတ် ပြောသည် တွေ့ရာ ထင်ရာ တောင်စဉ် ရေမရ ပြောသည်
    incoherently
    ကြိယာ

    နှုတ်တက်

    [n̥oʊʔtɛʔ]
    (စာကို) အာဂုံ ဆောင်ရေ။ အလပ် ရရေ
    (စာကို) အာဂုံ ဆောင်သည်။ အလွတ် ရသည်
    learn by heart
    ကြိယာ

    နှုတ်တက်ရွရွ

    [n̥oʊʔtɛʔɹwɹw]
    (စာကိုနှုတ်မာ) အလပ်ရရေအနိန်နန့်။ သင်ကြားပညာ၊ ဆိုကာမတ္တ၊ မဟုတ်ကတ်ပဲ၊ နှုတ်တပ်ရွရွ၊ အာလုပ်ဟဗျာယ် (ထွန်းတိ)
    (စာကိုနှုတ်တွင်) အလွတ်ရသော အားဖြင့်။ သင်ကြားပညာ၊ ဆိုကာမတ္တ၊ မဟုတ်ကြပဲ၊ နှုတ်တပ်ရွရွ၊ အာလုပ်ဟလျက် (ထွန်းတိ)
    learn by heart
    ကြိယာဝိသေသန

    နှုတ်တင်

    [n̥oʊʔtɪ̀ɴ]
    ၁၊ အသာ ယူရေ။ အသား ယူရေ။ ၂၊ စောစွာကပင် တင်ကူးပနာ ပြောထားရေ
    ၁၊ အသာ ယူသည်။ အသား ယူသည်။ ၂၊ စောစွာကပင် တင်ကူး၍ ပြောထားသည်
    take pride
    ကြိယာ

    နှုတ်တင်းအာတင်း

    [n̥oʊʔtɪ́ɴʔtɪ́ɴ]
    ဒေါနှင့် မောနှင့် (ပြောရေ။
    ဒေါနှင့် မောနှင့် (ပြောသည်။
    angry
    ကြိယာဝိသေသန

    နှုတ်တိတ်

    [n̥oʊʔteɪʔ]
    စကား မပြောပဲ နိန်ရေ။ ငြိမ်သက် နိန်ရေ
    စကား မပြောပဲ နေသည်။ ငြိမ်သက် နေသည်
    calm
    ကြိယာ

    နှုတ်တို

    [n̥oʊʔtÒ]
    စကား နည်းရေ။ စကား အပြောအဆို နည်းသည်
    စကား နည်းသည်။ စကား အပြောအဆို နည်းသည်
    Button-up
    ကြိယာ

    နှုတ်တိုက်

    [n̥oʊʔtaɪʔ]
    နှုတ်က ထွက်သော စကားဖြင့်
    နှုတ်မှ ထွက်သော စကားဖြင့်
    give a dictation
    ကြိယာဝိသေသန

    နှုတ်တိုက်ချ

    [n̥oʊʔtaɪʔɕ]
    (စာအုပ်၊ သင်ပုန်း မလိုပဲနန့်) စာကိုနှုတ် (မှထွက်သော စကား)ဖြင့် ရွတ်ဆို သင်ပီးသည်
    (စာအုပ်၊ သင်ပုန်း မလိုပဲ) စာကိုနှုတ် (မှထွက်သော စကား)ဖြင့် ရွတ်ဆို သင်ပေးသည်
    Instruct by dictation
    ကြိယာ

    နှုတ်တိုက်ပြော

    [n̥oʊʔtaɪʔpɹɔ́]
    (စာအုပ် စာတမ်း မလိုပဲနန့်) အလပ် ပြောပြရေ
    (စာအုပ် စာတမ်း မလိုပဲ) အလွတ် ပြောပြသည်
    give a dictation
    ကြိယာ

    နှုတ်တိုက်သင်

    [n̥oʊʔtaɪʔθɪ̀ɴ]
    (စာအုပ် စာတမ်း မလိုပဲနန့်) နှုတ်ထွက် စကားဖြင့် အလွှတ် သင်ပီးသည်
    (စာအုပ် စာတမ်း မလိုပဲ) နှုတ်ထွက် စကားဖြင့် အလွှတ် သင်ပေးသည်
    Instruct by dictation
    ကြိယာ

    နှုတ်တောင်း

    [n̥oʊʔtáʊɴ]
    နှုတ်အားဖြင့် စကားကို ပြောဆို စီခြင်း
    နှုတ်အားဖြင့် စကားကို ပြောဆို စေခြင်း
    give a dictation
    နာမ်

    နှုတ်တောင်းစကား

    [n̥oʊʔtáʊɴská]
    ၁၊ နှုတ်ဖြင့် ပီးအပ်ရေ ကတိ။ ၂၊ စောစွာကပင် ကြိုတင် ပြောထားရေ စကား
    ၁၊ နှုတ်ဖြင့် ပေးအပ်သော ကတိ။ ၂၊ စောစွာကပင် ကြိုတင် ပြောထားသော စကား
    verbal promise
    နာမ်

    နှုတ်တွက်

    [n̥oʊʔtwɛʔ]
    ဂဏန်းကို နှုတ်ဖြင့် တွက်ခြင်း
    ဂဏန်းကို နှုတ်ဖြင့် တွက်ခြင်း
    calculate by heart
    နာမ်