Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,701–1,720 of 1,758 words

    န

    နှုတ်တွန့်အာတွန့်

    [n̥oʊʔtʊ̰ɴʔtʊ̰ɴ]
    စကား ပြောဖို့ မရဲမဝံ့ ဖြစ်တေ။ တွန်တို ချေကျောက်ရေ
    စကား ပြောရန် မရဲမဝံ့ ဖြစ်သည်။ တွန်တို လေးကန်သည်
    timidly
    ကြိယာ

    နှုတ်ထည့်

    [n̥oʊʔtʰɛ̰]
    လူတယောက်ယောက်ကို တစုံ တယောက်သော သူ့ပါး တဆင့် စကား မာကြား လိုက်ရေ။ ၂၊ ကြိုတင်ပနာ သွန်သင် ထားရေ။ တရံရောအခါ လောင်းကြက်စား ငကုသလသည် ငစည်ထွတ်သားကို ခေါ်ဗျာယ် နှုတ်ထည့်၏ (ဓညသစ်)
    တစ်စုံ တစ်ယောက်သော သူအား တစ်စုံ တစ်ယောက်သော သူထံ တစ်ဆင့် စကား မှာကြား လိုက်သည်။ ၂၊ ကြိုတင်၍ သွန်သင် ထားသည်။ တရံရောအခါ လောင်းကြက်စား ငကုသလသည် ငစည်နှိုက်သားကို ခေါ်လျက် နှုတ်ထည့်၏ (ဓညသစ်)
    reorder
    ကြိယာ

    နှုတ်ထိန်း

    [n̥oʊʔtʰéɪɴ]
    ၁၊ စကား ပြောဆို ရာမာ စောင့်စည်း ချုပ်တည်း ထားရေ။ သတိ ထားရေ။ ၂၊ အပြစ် မကင်း စရေ စကား စစွာကို ဖော်ထုတ် မပြောပဲ သိုသိပ် ထားရေ
    ၁၊ စကား ပြောဆို ရာတွင် စောင့်စည်း ချုပ်တည်း ထားသည်။ သတိ ထားသည်။ ၂၊ အပြစ် မကင်း စသည့် စကား စသည်ကို ဖော်ထုတ် မပြောပဲ သိုသိပ် ထားသည်
    be guarded in speech
    ကြိယာ

    နှုတ်ထိုင်း

    [n̥oʊʔtʰáɪɴ]
    စကား မပြောပဲ နိန်ရေ။ ငြိမ်သက် နိန်ရေ
    စကား မပြောပဲ နေသည်။ ငြိမ်သက် နေသည်
    calm
    ကြိယာ

    နှုတ်ထွက်

    [n̥oʊʔtʰwɛʔ]
    နှုတ်ဖြင့် အလပ် ပြောရေ။ စာရွက် စာတမ်း မကြေ့ရာလဲဲ အလပ် ပြောရေ
    နှုတ်ဖြင့် အလွတ် ပြောသည်။ စာရွက် စာတမ်း မကြည့်ပဲ အလွတ် ပြောသည်
    give a dictation
    ကြိယာ

    နှုတ်နည်း

    [n̥oʊʔnɛ́]
    ပြောသင့် စကားတိကို ပြောဆိုဖို့ သတိ မပြုလိုက်မိ ဖြစ်တေ။ မပြောလိုက်မိ ဖြစ်တေ
    ပြောသင့် စကားများကို ပြောဆိုရန် သတိ မပြုလိုက်မိ ဖြစ်သည်။ မပြောလိုက်မိ ဖြစ်သည်
    bereticent
    ကြိယာ

    နှုတ်ပိတ်

    [n̥oʊʔpeɪʔ]
    ၁၊ မပြော ဆိုကား ဆိတ်ဆိတ် နိန်ရေ။ ၂၊ စကားကို မပြောဆိုဖို့ အတွက် တားမြစ် ထားရေ
    ၁၊ မပြော ဆိုပဲ ဆိတ်ဆိတ် နေသည်။ ၂၊ စကားကို မပြောဆိုရန် အတွက် တားမြစ် ထားသည်
    keep silent
    ကြိယာ

    နှုတ်ပြစ်ပြု

    [n̥oʊʔpɹɪʔpɹoʊ]
    ပြောဆို ခဲ့မိသော စကားကြောင့် အပြစ်ဆိုပနာ သဖောထားရေ။ အပြစ် ပြောရေ
    ပြောဆို ခဲ့မိသော စကားကြောင့် အပြစ်ဟူ၍ သဘော ထားသည်။ အပြစ် ပြောသည်
    put the blame on sb
    ကြိယာ

    နှုတ်ပြစ်ပြော

    [n̥oʊʔpɹɪʔpɹɔ́]
    စကားဖြင့် အပြစ် ပြောရေ
    စကားဖြင့် အပြစ် ပြောသည်
    put the blame on sb
    ကြိယာ

    နှုတ်ပြစ်သင့်

    [n̥oʊʔpɹɪʔθɪ̰ɴ]
    မလေး မခန့်သော စကားကို ပြောဆို ခဲ့မိအတွက်နန့် အပြစ်သင့် ရောက်ရေ
    မလေး မခန့်သော စကားကို ပြောဆို ခဲ့မိသောကြောင့် အပြစ်သင့် ရောက်သည်
    put the blame on sb
    ကြိယာ

    နှုတ်ပြစ်သင့်၂

    [n̥oʊʔpɹɪʔθɪ̰ɴ၂]
    ယင်းပိုင် ပြောဆိုခဲ့မိအတွက်နန့် သင့်ရောက်သော အပြစ်
    ယင်းသို့ ပြောဆိုခဲ့မိသောကြောင့် သင့်ရောက်သော အပြစ်
    fault
    နာမ်

    နှုတ်ပွတ်

    [n̥oʊʔpwaʔ]
    ဖွင့်ဟ ပြောဆိုရေ။ အနားတော်မာ၊ ရစ်ကာပွက်ယှက်၊ တစာစာလေ၊ နှုတ်လာပွက်လို့ (လွမ်း)
    ဖွင့်ဟ ပြောဆိုသည်။ အနားတော်မှာ၊ ရစ်ကာပွက်ယှက်၊ တစာစာလေ၊ နှုတ်လာပွက်လို့ (လွမ်း)
    speak out
    ကြိယာ

    နှုတ်ဖောက်

    [n̥oʊʔpʰɔ́ɛʔ]
    ၁၊ ကြားဝင့်၍ ပြောဆိုပြုမှု။ ကြားဖြတ် ဝင်ပြီးကေ ပြောဆိုပြုမှု။ ဖြည့်စွက်၍ ပြောဆိုပြုမှု။ ၂၊ စကား ပြောဆိုပြုမှု
    ၁၊ ကြားဝင့်၍ ပြောဆိုပြုမှု။ ကြားဖြတ် ဝင်၍ ပြောဆိုပြုမှု။ ဖြည့်စွက်၍ ပြောဆိုပြုမှု။ ၂၊ စကား ပြောဆိုပြုမှု
    interpolate
    နာမ်

    နှုတ်ဖျားတင်

    [n̥oʊʔpʰrátɪ̀ɴ]
    (ပြောလိုရေ စကား မှတ်မိပိုင် မမှတ်မိပိုင်နန့်) နှုတ်က မထွက်ပဲ ဟိနိန်ရေ
    (ပြောလိုသည့် စကား မှတ်မိသလို မမှတ်မိသလိုနှင့်) နှုတ်မှ မထွက်ပဲ ရှိနေသည်
    forget to tell
    ကြိယာ

    နှုတ်ဖျားသီး

    [n̥oʊʔpʰráθï]
    (ပြောလိုသည့်် စကား မှတ်မိပိုင် မမှတ်မိပိုင်နှင့်) နှုတ်က မထွက်ပဲ ဟိနိန်ရေ
    (ပြောလိုသည့်် စကား မှတ်မိသလို မမှတ်မိသလိုနှင့်) နှုတ်မှ မထွက်ပဲ ရှိနေသည်
    forget to tell
    ကြိယာ

    နှုတ်ဖြေ

    [n̥oʊʔpʰɹè]
    နှုတ်ဖြင့် မိန်းရေကို နှုတ်ဖြင့် ဖြေဆိုရရေ
    နှုတ်ဖြင့် မေးသည်ကို နှုတ်ဖြင့် ဖြေဆိုရသော
    oral
    နာမဝိသေသန

    နှုတ်ဗွီဆိုး

    [n̥oʊʔbwísʰó]
    ကြမ်းတမ်းစွာ ပြောဆို တတ်ရေ အလိပါရေ။ ဆင်ဗွီ မြင်းဗွီ နွားဗွီထက် နှုတ်ဗွီကသာလို့ဆိုး (ပုံ)
    ကြမ်းတမ်းစွာ ပြောဆို တတ်သည့် အလေ့ပါသော။ ဆင်ဗွီ မြင်းဗွီ နွားဗွီထက် နှုတ်ဗွီကသာလို့ဆိုး (ပုံ)
    rough or abusive
    နာမဝိသေသန

    နှုတ်မလိုက်

    [n̥oʊʔmlaɪʔ]
    ၁၊ (စကား) မပြေ မပြစ်သော၊ ထစ်ထစ် ငေါငေါ ဟိရေ။ ၂၊ ကကောင်းလျင် သွက်လက်မှု မဟိရေ
    ၁၊ (စကား) မပြေ မပြစ်သော၊ ထစ်ထစ် ငေါငေါ ရှိသော။ ၂၊ လျင်မြန် သွက်လက်မှု မရှိသော
    stammer
    နာမဝိသေသန

    နှုတ်မလွန်

    [n̥oʊʔmlʊ̀ɴ]
    စကား ပြောဆို ရာမာ အလွန်အကျွံ မပြောဆိုဖို့
    စကား ပြောဆို ရာတွင် အလွန်အကျွံ မပြောဆိုရန်
    not verbally committed to something
    ကြိယာဝိသေသန

    နှုတ်မြွက်

    [n̥oʊʔmWɹɛʔ]
    ဖွင့်ဟ ပြောဆိုရေ။ အနားတော်မာ၊ ရစ်ကာပွက်ယှက်၊ တစာစာလေ၊ နှုတ်လာပွက်လို့ (လွမ်း)
    ဖွင့်ဟ ပြောဆိုသည်။ အနားတော်မှာ၊ ရစ်ကာပွက်ယှက်၊ တစာစာလေ၊ နှုတ်လာပွက်လို့ (လွမ်း)
    admit
    ကြိယာ