Dictionary Entries
Showing 1,721–1,740 of 1,758 words
န
နှုတ်မှု
[n̥oʊʔm̥oʊ]
Arakanese:
စကားဖြင့် ပြောဆို ဆောင်ရွက်မှု
Burmese:
စကားဖြင့် ပြောဆို ဆောင်ရွက်မှု
English:
oratory technique
Grammar Note:
နာမ်
နှုတ်ယား
[n̥oʊʔjá]
Arakanese:
စကား ပြောချင် ဆိုချင်ခြင်း ဖြစ်ပေါ် လာရေ
Burmese:
စကား ပြောချင် ဆိုချင်ခြင်း ဖြစ်ပေါ် လာသည်
English:
speak
Grammar Note:
ကြိယာ
နှုတ်ရိုင်း
[n̥oʊʔɹáɪɴ]
Arakanese:
အပြောအဆို သိမ်မွေ့ခြင်း မဟိရေ။ ရိုင်းစိုင်းသော
Burmese:
အပြောအဆို သိမ်မွေ့ခြင်း မရှိသော။ ရိုင်းစိုင်းသော
English:
rough or abusive
Grammar Note:
နာမဝိသေသန
နှုတ်ရဲအာရဲ
[n̥oʊʔɹɛʔɹɛ]
Arakanese:
မတွန့် မဆုတ် ပြောဝံ့ဆိုဝံ့ ဟိရေ
Burmese:
မတွန့် မဆုတ် ပြောဝံ့ဆိုဝံ့ ရှိသော
English:
speak out
Grammar Note:
နာမဝိသေသန
နှုတ်ရှည်
[n̥oʊʔʃɛ̀]
Arakanese:
စကား ပြောကေ အဆုံးထိး မဟိဘဲ
Burmese:
စကား ပြောလျှင် ဆုံးခန်းတိုင်း မရှိပဲ
English:
chatterbox
Grammar Note:
ကြိယာဝိသေသန
နှုတ်လီး
[n̥oʊʔlï]
Arakanese:
အဂု မပြောမဆိုကား ကြာ ထုံထိုင်းသော
Burmese:
ချက်ချင်း မပြောမဆိုပဲ နှေးကွေး ထုံထိုင်းသော
English:
Button-up
Grammar Note:
နာမဝိသေသန
နှုတ်လုံ
[n̥oʊʔlòʊɴ]
Arakanese:
၁၊ စကား ပြောဆို ရာမာ စောင့်စည်း ချုပ်တည်း ထားရေ။ သတိ ထားရေ။ ၂၊ အပြစ် မကင်း စရေ စကား စစွာကို ဖော်ထုတ် မပြောပဲ သိုသိပ် ထားရေ
Burmese:
၁၊ စကား ပြောဆို ရာတွင် စောင့်စည်း ချုပ်တည်း ထားသည်။ သတိ ထားသည်။ ၂၊ အပြစ် မကင်း စသည့် စကား စသည်ကို ဖော်ထုတ် မပြောပဲ သိုသိပ် ထားသည်
English:
be guarded in speech
Grammar Note:
ကြိယာ
နှုတ်လွတ်
[n̥oʊʔlwaʔ]
Arakanese:
ထင်ရာ မြင်ရာ တွိ့ကရာ ပြောရေ
Burmese:
ထင်ရာ မြင်ရာ တွေ့ကရာ ပြောသည်
English:
random talk
Grammar Note:
ကြိယာ
နှုတ်လွတ်၂
[n̥oʊʔlwaʔ၂]
Arakanese:
စာကို မကြေ့ရာလဲဲ အာဂုံအားဖြင့်။ အလပ် ဆိုနှိုင်သနန့်
Burmese:
စာကို မကြည့်ပဲ အာဂုံအားဖြင့်။ အလွတ် ဆိုနိုင်သဖြင့်
English:
give a dictation
Grammar Note:
ကြိယာဝိသေသန
နှုတ်လွတ်အံ
[n̥oʊʔlwaʔʔံ]
Arakanese:
စာအုပ် စစွာကို မကြည်ရှုပဲ အလပ် ရွတ်ဆိုရေ
Burmese:
စာအုပ် စသည်ကို မကြည်ရှုပဲ အလွတ် ရွတ်ဆိုသည်
English:
give a dictation
Grammar Note:
ကြိယာ
နှုတ်လှန်ထိုး
[n̥oʊʔɬàɴtʰó]
Arakanese:
လူကြီး၊ မိဘ၊ ဆရာ အစဟိစွာရို့ကို ပြန်ပနာ ပြောဆိုရေ
Burmese:
လူကြီး၊ မိဘ၊ ဆရာ စသည်တို့ကို ပြန်လည် ပြောဆိုသည်
English:
talk back
Grammar Note:
ကြိယာ
နှုတ်သီး
[n̥oʊʔθï]
Arakanese:
၁။ ကျွဲ၊ နွား၊ မြင်း၊ ခွီး အစဟိရေ သတ္တဝါရို့၏ ပစ အစိတ်အပိုင်း။၂၊ ကြက်၊ ငှက် အစဟိစွာ ရို့၏ ချွန်ထွက် နိန်ရေ ပစ အစိတ်အပိုင်း
Burmese:
၁။ ကျွဲ၊ နွား၊ မြင်း၊ ခွေး စသော သတ္တဝါတို့၏ ပါးစပ် အစိတ်အပိုင်း။၂၊ ကြက်၊ ငှက် စသည် တို့၏ ချွန်ထွက် နေသော ပါးစပ် အစိတ်အပိုင်း
English:
beak
Grammar Note:
နာမ်
နှုတ်သီးဆိုး
[n̥oʊʔθïsʰó]
Arakanese:
(ဥပစာ) မုန်းတီးခြင်း ခံရရေ
Burmese:
(ဥပစာ) မုန်းတီးခြင်း ခံရသည်
English:
hate
Grammar Note:
ကြိယာ
နှုတ်သွက်
[n̥oʊʔθwɛʔ]
Arakanese:
စကား အပြောအဆို သွက်လက် ကကောင်းလျင်သော
Burmese:
စကား အပြောအဆို သွက်လက် လျင်မြန်သော
English:
fluent-quick with words
Grammar Note:
နာမဝိသေသန
နှုတ်သွက်အာသွက်
[n̥oʊʔθwɛʔʔθwɛʔ]
Arakanese:
နှုတ်သွက်အာသွက်
Burmese:
နှုတ်သွက်အာသွက်
English:
fluent-quick with words
Grammar Note:
ကြိယာဝိသေသန
နှုတ်သွင်း
[n̥oʊʔθwɪ́ɴ]
Arakanese:
ကြိုတင် ပြောပြ ထားရေ
Burmese:
ကြိုတင် ပြောပြ ထားသည်
English:
forecast
Grammar Note:
ကြိယာ
နှုန်း
[n̥óʊɴ]
Arakanese:
ယင်းနည်းပိုင်။ ပုံစံ။ ခိုင်းနှိုင်းရေ။ တူညီရေဟု တွဲဖက်ပြရေ။ ပမာ ပြုရေ။ နမူနာယူကာ နှုန်း၊ သူတော်အသွင်၊ တူစွာ ဆင်ရေ။ ကြောင်လျှင်သီတင်းသုံးသို့ (ဥဒိန်တု)
Burmese:
အလားတူ။ ပုံစံ။ ခိုင်းနှိုင်းသည်။ တူညီသည်ဟု တွဲဖက်ပြသည်။ ပမာ ပြုသည်။ ဥပမာယူကာ နှုန်း၊ သူတော်အသွင်၊ တူစွာ ဆင်သည်။ ကြောင်လျှင်သီတင်းသုံးသို့ (ဥဒိန်တု)
English:
similar
Grammar Note:
ကြိယာ
နှုန်း၂
[n̥óʊɴ၂]
Arakanese:
တူညီချက်ကို နှိုင်းနိူင်း ပြသော စကား၊ ပိုင်။ ပိုင်။ လို။ နှယ်။ သောင်းသောင်း မွမ်းဖျင်၊ အလောင်းတော်ကို၊ စီရင်ပြီးခါ၊ ပြည်တော်သာက၊ စကြာမင်းနှုံး၊ ဖုတ်သဂြိုလ်ကေ၊ ဆိုရီထုံးသို့ (ကော်)
Burmese:
တူညီချက်ကို နှိုင်းယှဉ် ပြသော စကား၊ ကဲ့သို့။ သဖွယ်။ လို။ နှယ်။ သောင်းသောင်း မွမ်းဖျင်၊ အလောင်းတော်ကို၊ စီရင်ပြီးခါ၊ ပြည်တော်သာက၊ စကြာမင်းနှုံး၊ ဖုတ်သဂြိုလ်ကေ၊ ဆိုသည်ထုံးသို့ (ကော်)
English:
as-like
Grammar Note:
ပစ္စည်း
နှုန်း၃
[n̥óʊɴ၃]
Arakanese:
၁၊ နိူင်းဖက် နှိုင်းနိူင်းရေ။ ခိုင်းနှိုင်းရေ။ ၂၊ နိူင်းဖက် ပြိုင်ဆိုင်ရေ။ သူ့ကို မြင်သော်၊ ငါလျှင်နှုန်းကေ၊ မဆုံးလို့လေ (ပဒ)။ ရာမ ဘုန်းကို၊ မနှုန်းသာက (ရာမ)
Burmese:
၁၊ ယှဉ်ဖက် နှိုင်းယှဉ်သည်။ ခိုင်းနှိုင်းသည်။ ၂၊ ယှဉ်ဖက် ပြိုင်ဆိုင်သည်။ သူ့ကို မြင်သော်၊ ငါလျှင်နှုန်းကေ၊ မဆုံးလို့လေ (ပဒ)။ ရာမ ဘုန်းကို၊ မနှုန်းသာက (ရာမ)
English:
compare
Grammar Note:
ကြိယာ
နှုန်း၄
[n̥óʊɴ၄]
Arakanese:
အရွီအတွက်၊ ပမဏ၊ တပြီီးညီ သတ်မှတ် ထားချက်
Burmese:
အရေအတွက်၊ ပမဏ၊ တစ်ပြေးညီ သတ်မှတ် ထားချက်
English:
rate
Grammar Note:
နာမ်