Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,741–1,758 of 1,758 words

    န

    နှုန်းပြု

    [n̥óʊɴpɹoʊ]
    ၁၊ အရွီအတွက် အစဟိစွာ တပြီီးညီ သတ်မှတ်ချက်။ ၂၊ သတ်မှတ် ထားရေအတိုင်း ပီးရရေ အခ ကြီးငွီ။ (ဈီးနှုန်း သတ်မှတ် ထားချက်)
    ၁၊ အရေအတွက် စသည် တစ်ပြေးညီ သတ်မှတ်ချက်။ ၂၊ သတ်မှတ် ထားသည့်အတိုင်း ပေးရသော အခ ကြေးငွေ။ (ဈေးနှုန်း သတ်မှတ် ထားချက်)
    rate
    နာမ်

    နှုန်းဖွဲ့

    [n̥óʊɴpʰwé]
    ဖွဲ့နွဲ့ ရီးသား စပ်ဆိုရေ
    ဖွဲ့နွဲ့ ရေးသား စပ်ဆိုသည်
    compose
    ကြိယာ

    နှုံးဗွီ

    [n̥óʊɴbwí]
    အနံ့ပြင်း၍ ပယောဂမာ အသုံးပြုရေ အပင် တမျိုး၊ (ယင်း အပင် ဟိကေ တစေ္ဆ၊ မှင်စာ ကြောက်ရေဟု အယူ ဟိပြီးကေ တချို့ ရခိုင် အိမ်တိမာ စိုက်ထားလိ့ ဟိကတ်တေ
    အနံ့ပြင်း၍ ပယောဂတွင် အသုံးပြုသော အပင် တစ်မျိုး၊ (ယင်း အပင် ရှိလျှင် တစေ္ဆ၊ မှင်စာ ကြောက်သည်ဟု အယူ ရှိ၍ အချို့ ရခိုင် အိမ်များတွင် စိုက်ထားလေ့ ရှိကြသည်
    none
    နာမ်

    နှုံးရိုင်း

    [n̥óʊɴɹáɪɴ]
    ဟင်းခတ် အဖြစ် အသုံး ပြုရေ တူရသိန်ထက် အရွက် ကြီးပြီးကေ တောတောင်မာ အလိကျ ပေါက်လိဟိရေ တူရသိန်ရိုင်း တမျိုး
    ဟင်းခတ် အဖြစ် အသုံး ပြုသော ပင်စိမ်းထက် အရွက် ကြီး၍ တောတောင်တွင် အလေ့ကျ ပေါက်လေ့ရှိသော ပင်စိမ်းရိုင်း တစ်မျိုး
    basil
    နာမ်

    နှူး

    [n̥ùး]
    ၁၊ နူးအောင် (နှူးသည်) လုပ်ရေ။ ၂၊ ကျက်ထား ပြီးရေ စာကို မှတ်မိလိ့မေ နောက်ထပ် ပြုလုပ်ရေ
    ၁၊ နူးအောင် (နှူးသည်) လုပ်သည်။ ၂၊ ကျက်ထား ပြီးသော စာကို မှတ်မိအောင် တဖန် ပြုလုပ်သည်
    be clever and sharp
    ကြိယာ

    နှူးနှပ်

    [n̥ùးn̥aʔ]
    ၁၊ သဖောပေါက် နားလည်ရေ။ ၂၊ တတ်ကျွမ်း တတ်ပွန်ရေ။ ၃၊ လိမ္မာ အထာနပ်သည်
    ၁၊ သဘောပေါက် နားလည်သည်။ ၂၊ ကျွမ်းကျင် တတ်ပွန်သည်။ ၃၊ လိမ္မာ ပါးနပ်သည်
    understand
    ကြိယာ

    နှော

    [n̥ɔ́]
    ၁၊ အလူးတလဲ ပေါင်းဖေါ် ဆက်ဆံရေ။ အလွန် ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံရေ။ ဧပိုင် ရောနှော ပေါင်းသင်း ဆက်ဆံ၍ (ဓညသစ်)။ ၂၊ ဖြည့်စွက် သွင်းထည့်ရေ။ ၃၊ သမအောင် ဇွန်းဖြင့် ထပ်ကာထပ်ကာ မွှီရေ
    ၁၊ အရောတဝင် ပေါင်းဖေါ် ဆက်ဆံသည်။ အလွန် ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံသည်။ ဤသို့ ရောနှော ပေါင်းသင်း ဆက်ဆံ၍ (ဓညသစ်)။ ၂၊ ဖြည့်စွက် သွင်းထည့်သည်။ ၃၊ သမအောင် ဇွန်းဖြင့် ထပ်တလဲလဲ မွှေသည်
    be mixed up
    ကြိယာ

    နှောကိန်း

    [n̥ɔ́kéɪɴ]
    ဗေဒင်နည်း အရ ရောပေါင်း ထည့်ရန် ဖြစ်ရေ ဂဏန်း။ နှော(ရော) ကိန်း၊ နှုတ်ကိန်း အစဟိစွာ
    ဗေဒင်နည်း အရ ရောပေါင်း ထည့်ရန် ဖြစ်သော ဂဏန်း။ နှော(ရော) ကိန်း၊ နှုတ်ကိန်း စသည်
    none
    နာမ်

    နှောက်

    [n̥ɔ́ɛʔ]
    မသက်ဆိုင် ပါရာ ပါဝင် စွက်ဖက်ရေ။ သဘောမဖြောင့်၊ သီဟာခွင်မာ၊ ဝင်ကာနှောက်လို့၊ မှောက်ဒေါင့်ဖီလာ (ရာမ)
    မသက်ဆိုင် ပါပဲ ပါဝင် စွက်ဖက်သည်။ သဘောမဖြောင့်၊ သီဟာခွင်မှာ၊ ဝင်ကာနှောက်လို့၊ မှောက်ထောင့်ဖီလာ (ရာမ)
    distrub
    ကြိယာ

    နှောက်၂

    [n̥ɔ́ɛʔ၂]
    ရီကြိုင်ကို မကြည်မလင် (နောက်) အောင် လုပ်ရေ
    ရေကြည်ကို မကြည်မလင် (နောက်) အောင် လုပ်သည်
    turbidity
    ကြိယာ

    နှောင်

    [n̥àʊɴ]
    ၁၊ ဝန် ဥစ္စာတိကို နောက် ကာလမာ အသုံး ပြုဖို့ သိုမှီ ထားရေ။ နှောင်ပြီးစည်းစိမ်၊ ငြိမ်းထွေအမှန် (ပါရာ)။ ၂၊ ထွက်မဗြီး နှိုင်ယောင် လုံခြုံရာမာ ချုပ်ထားရေ။ ၃၊ တုပ်သည်
    ၁၊ ပစ္စည်း ဥစ္စာများကို နောက် ကာလတွင် အသုံး ပြုရန် သိုမှီ ထားသည်။ နှောင်ပြီးစည်းစိမ်၊ ငြိမ်းထွေအမှန် (ပါရာ)။ ၂၊ ထွက်မပြေး နိုင်အောင် လုံခြုံရာ၌ ချုပ်ထားသည်။ ၃၊ တုပ်သည်
    put in safe keeping
    ကြိယာ

    နှောင့်

    [n̥a̰ʊɴ]
    ကြာမြင့်ရေ။ ကြာရေ။ ဆိုင်းတွဲ့ရေ။ ကောဇာဂြိုဟ်မင်း၊ သွားခြင်းနှောင့်အံ့၊ ဗိုလ်ပါဆင်မြင်း၊ ပြည့်သျှင်မင်း၏၊ ကြမ္မာတည်း (ပါရာ)။ ၃၊ ကိုယ်စိတ် ပင်ပန်းအောင်၊ ဒုက္ခ ရောက်ယောင် လုပ်ရေ။ အနှောင့်အယှက် ဖြစ်တေ
    ကြာမြင့်သည်။ နှေးကွေးသည်။ ဆိုင်းတွဲ့သည်။ ကောဇာဂြိုဟ်မင်း၊ သွားခြင်းနှောင့်အံ့၊ ဗိုလ်ပါဆင်မြင်း၊ ပြည့်သျှင်မင်း၏၊ ကြမ္မာတည်း (ပါရာ)။ ၃၊ ကိုယ်စိတ် ပင်ပန်းအောင်၊ ဒုက္ခ ရောက်အောင် လုပ်သည်။ အနှောင့်အယှက် ဖြစ်သည်
    slow
    ကြိယာ

    နှောင်း

    [n̥áʊɴ]
    ချစ်ခင် လေးစားမှုကို ပြဖို့ ကြိယာကို အထူး ပြုရေ စကား။ နန်း၊ နှန်း၊ နှောင်း ဆိုပနာ လည်း သုံးရေ။ (ဟုတ်တေနှောင်း အစဟိစွာ၊ နော် နှင့် အသုံး တူစွာ
    ချစ်ခင် လေးစားမှုကို ပြရန် ကြိယာကို အထူး ပြုသော စကား။ နန်း၊ နှန်း၊ နှောင်း ဟူ၍ လည်း သုံးသည်။ (ဟုတ်တေနှောင်း စသည်၊ နော် နှင့် အသုံး တူသည်။
    none
    နာမ်

    နှောင်၂

    [n̥àʊɴ၂]
    နောက် ကာလမာ အသုံး ပြုဖို့ သိုမှီ ထားရေ ဝန် ဥစ္စာ
    နောက် ကာလတွင် အသုံး ပြုရန် သိုမှီ ထားသော ပစ္စည်း ဥစ္စာ
    goods
    နာမ်

    နှောင်း၂

    [n̥áʊɴ၂]
    ၁၊ နောက်ကျသော အချိန် ကာလ။ ကောက်နှောင်းကေ - ဆင်အစာ (ပုံ)။ ၂၊ အချိန် ကာလ နောက်ကျရေ၏ အဖြစ်။ အခါ ကောင်းယင့် အလာနှောင်းရေ (ပုံ)
    ၁၊ နောက်ကျသော အချိန် ကာလ။ ကောက်နှောင်းကေ - ဆင်အစာ (ပုံ)။ ၂၊ အချိန် ကာလ နောက်ကျသည်၏ အဖြစ်။ အခါ ကောင်းယင့် အလာနှောင်းရေ (ပုံ)
    be late
    နာမ်

    နှောင်း၃

    [n̥áʊɴ၃]
    နောက်ဆုံး မွေးသော သား။ သားနှောင်းကေ - ကျွန်အရာ (ပုံ)
    နောက်ဆုံး မွေးသော သား။ သားနှောင်းကေ - ကျွန်အရာ (ပုံ)
    youngest son
    နာမ်

    နှောင်းထွီး

    [n̥áʊɴtʰwï]
    အထွီးဆုံး၊ အထွေဆုံး သားသမီးကို ခေါ်သော အမည်
    အငယ်ဆုံး၊ အထွေဆုံး သားသမီးကို ခေါ်သော အမည်
    youngest son-daughter
    နာမ်

    နှောင့်ယှက်

    [n̥a̰ʊɴʃɛʔ]
    တစုံ တဦးအား ထိပါး တိုက်ခိုက်ရေ။ စိတ်နှလုံး ပင်ပန်း ဆင်းရဲအောင် လုပ်ရေ
    တစ်စုံ တစ်ဦးအား ထိပါး တိုက်ခိုက်သည်။ စိတ်နှလုံး ပင်ပန်း ဆင်းရဲအောင် လုပ်သည်
    distrub
    ကြိယာ