Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 1,758 words

    န

    နည်းသိ

    [nɛ́θì]
    လုပ်ထုံး လုပ်နည်းကို နားလည် သဖောပေါက်သည်
    လုပ်ထုံး လုပ်နည်းကို နားလည် သဘော ပေါက်သည်
    understand
    ကြိယာ

    နည်းသီ

    [nɛ́θí]
    တရားသီနည်း။ မပြောင်း ဖို့လဲရရေ နည်း
    ပုံသေနည်း။ မပြောင်း မလဲရသော နည်း
    formula
    နာမ်

    နည်းဥပဒေ

    [nɛ́ʔṵpdè]
    ကိစ္စ အရပ်ရပ် တိကို ဖေါ်ဆောင် ရာမာ ပြေပြစ် စီရန် အစိုးရက ပြဌာန်း ပီးထားရေ ဥပဒေ တမျိုး
    ကိစ္စ အရပ်ရပ် များကို ဖေါ်ဆောင် ရာတွင် ပြေပြစ် စေရန် အစိုးရက ပြဌာန်း ပေးထားသော ဥပဒေ တစ်မျိုး
    by law
    နာမ်

    နံတောင်း

    [nံtáʊɴ]
    နံချင်းပြိုင်။ လက်ကတီး လက်ကတီးအောက် အရပ်။ တပြည်ကလာ၊ ကုလားမ၊ သားကိုကျိတ်တေ၊ နံတောင်းက (ပန်းဝှက်)
    နံဘေး။ လက်ကတီး ချိုင်းကြားအောက် အရပ်။ တပြည်ကလာ၊ ကုလားမ၊ သားကိုကျိတ်တေ၊ နံတောင်းက (ပန်းဝှက်)
    side
    နာမ်

    နံတောင်းကျပ်

    [nံtáʊɴt͡ɕaʔ]
    တစုံ တခုသော ဝန်ဝန်ကို ခါးထစ်ထက် တင်ပနာ နံချင်းပြိုင်ဖြင့် ကပ်ပြီးကေ တံတောင်ဖြင့် ညှပ်ထားရေ။ ထိုနိခါသုံးဖို့ခတ်၊ မကြီးမငယ် အိုးခွက်သျှေကို၊ ခါးဝယ်နံတောင်းကျပ်၍ (ကုသတု)။ ဝမ်းသိဝမ်းသာ၊ ထိုဆရာမာ၊ ယပ်ကိုတောင်းကျပ်၍ (ကုသတု)
    တစ်စုံ တစ်ခုသော ဝန်ပစ္စည်းကို ခါးထစ်ထက် တင်၍ နံဘေးဖြင့် ကပ်လျက် တံတောင်ဖြင့် ညှပ်ထားသည်။ ထိုနေ့ခါသုံးဖို့ခတ်၊ မကြီးမငယ် အိုးခွက်သျှေကို၊ ခါးဝယ်နံတောင်းကျပ်၍ (ကုသတု)။ ဝမ်းသိဝမ်းသာ၊ ထိုဆရာမှာ၊ ယပ်ကိုတောင်းကျပ်၍ (ကုသတု)
    none
    ကြိယာ

    နံတောင်းကျိတ်

    [nံtáʊɴt͡ɕeɪʔ]
    တစုံ တခုသော ဝန်ဝန်ကို ခါးထစ်ထက် တင်ပနာ နံချင်းပြိုင်ဖြင့် ကပ်ပြီးကေ တံတောင်ဖြင့် ညှပ်ထားရေ။ ထိုနိခါသုံးဖို့ခတ်၊ မကြီးမငယ် အိုးခွက်သျှေကို၊ ခါးဝယ်နံတောင်းကျပ်၍ (ကုသတု)။ ဝမ်းသိဝမ်းသာ၊ ထိုဆရာမာ၊ ယပ်ကိုတောင်းကျပ်၍ (ကုသတု)
    တစ်စုံ တစ်ခုသော ဝန်ပစ္စည်းကို ခါးထစ်ထက် တင်၍ နံဘေးဖြင့် ကပ်လျက် တံတောင်ဖြင့် ညှပ်ထားသည်။ ထိုနေ့ခါသုံးဖို့ခတ်၊ မကြီးမငယ် အိုးခွက်သျှေကို၊ ခါးဝယ်နံတောင်းကျပ်၍ (ကုသတု)။ ဝမ်းသိဝမ်းသာ၊ ထိုဆရာမှာ၊ ယပ်ကိုတောင်းကျပ်၍ (ကုသတု)
    none
    ကြိယာ

    နတ္တိသာရဓမ္မသတ်ကျမ်း

    [nt̪t̪a̰ìθàɹdʱm̪a̰m̪a̰θaʔt͡ɕáɴ]
    ပရိန်ခေတ် ငနှလုံးမင်း လက်ထက် အသုံးပြုခရေ (ဓမ္မသတ်) ကျမ်း
    ပရိန်ခေတ် ငနှလုံးမင်း လက်ထက် အသုံးပြုခဲ့သော (ဓမ္မသတ်) ကျမ်း
    none
    နာမ်

    နတ္ထိ

    [nt̪a̰t̪ʰa̰ì]
    မဟိ။ မဖြစ်။ ကုရာ နတ္ထိ၊ ဆီးမဟိတည်း (ပါ)
    မရှိ။ မဖြစ်။ ကုရာ နတ္ထိ၊ ဆေးမရှိတည်း (ပါ)
    nothing
    ကြိယာ

    နတ်

    [naʔ]
    လူတချို့ရို့ ကိုးကွယ် ကတ်တေ စတုမဟာရာဇ် အစဟိရေ ဘုံခြားသား တမျိုး။ (ဥပပတ္တိနတ်၊ သမ္မုတ္တိနတ်၊ ဝိသုဒ္ဓိနတ် သုံးမျိုးရို့မာ ဥပပတ္တိနတ်မျိုး ဖြစ်တေ။) အကြောင်းထင်ရှား၊ နတ်အများမာ၊ လက္ခဏာနှင့်ပြည့်စုံသော သတိုးသမီး၏ (ပါရာ)။ ငါးပါး ကြာပန်း၊ ထူးဆန်းသိုက်၊
    လူအချို့တို့ ကိုးကွယ် ကြသော စတုမဟာရာဇ် စသော ဘုံခြားသား တစ်မျိုး။ (ဥပပတ္တိနတ်၊ သမ္မုတ္တိနတ်၊ ဝိသုဒ္ဓိနတ် သုံးမျိုးတို့တွင် ဥပပတ္တိနတ်မျိုး ဖြစ်သည်။) အကြောင်းထင်ရှား၊ နတ်အများတွင်၊ လက္ခဏာနှင့်ပြည့်စုံသော သတိုးသမီး၏ (ပါရာ)။ ငါးပါး ကြာပန်း၊ ထူးဆန်းချိန်ခွင်၊
    god-deity
    နာမ်

    နတ်က

    [naʔk]
    နတ်ပွဲသဘင် ကျင်းပရေ။ (ရခိုင်မင်း လက်ထက်က မိုဃ်းသီးကျ၊ မိုးနှောင်း အစဟိစွာရို့မာ နတ်ကောင်းမခေါ် နတ်ကောင်းမ ၃၀ မှ ၄၀ ကျော်ထိ ပါဝင်ပြီးကေ ဗလလိ နတ်စာ ကျွေးခြင်း၊ ရွာသျှင်၊ တိကို ပူဇော်ပွဲ သဘင် ကျင်းပခြင်း စစွာကို ပြုလုပ်ဗလင့် ဟိကတ်တေ။
    နတ်ပွဲသဘင် ကျင်းပသည်။ (ရခိုင်မင်း လက်ထက်က မိုးဦး၊ မိုးနှောင်း စသည်တို့တွင် နတ်ကတော်ခေါ် နတ်ကောင်းမ ၃၀ မှ ၄၀ ကျော်ထိ ပါဝင်၍ ဗလလိ နတ်စာ ကျွေးခြင်း၊ ရွာသျှင်၊ များကို ပူဇော်ပွဲ သဘင် ကျင်းပခြင်း စသည်ကို ပြုလုပ်လေ့ ရှိကြသည်။
    none
    ကြိယာ

    နတ်ကနားအပ်

    [naʔknáʔaʔ]
    မဏ္ဍပ် ဆောက်လုပ်ပနာ နတ်တင် ကျင်းပသည်
    မဏ္ဍပ် ဆောက်လုပ်၍ နတ်ပူဇော် ကျင်းပသည်
    make a devotional offering
    ကြိယာ

    နတ်ကပ်

    [naʔkaʔ]
    နတ်က ချစ်ခင် သနား၍ စောင့်ယှောက်သည်
    နတ်က ချစ်ခင် သနား၍ စောင့်ရှောက်သည်
    guardian spirit take care
    ကြိယာ

    နတ်ကိုးကွယ်

    [naʔkókwɛ̀]
    နတ်ကို ပူဇော်ပ သ သည်
    နတ်ကို ပူဇော်ပ သ သည်
    make a devotional offering
    ကြိယာ

    နတ်ကောင်း

    [naʔkáʊɴ]
    ယောက်ျား ဇာတိ ဖြစ်ဗျာယ် မမာ့၏ စိတ်ထား အမူအရာ၊ အလိအကျင့် စွဲဝင် နီသူ။ မယူမ။ (ယောက်ျား နတ်ကောင်းမကို လည်း နတ်ကောင်း ဟု ခေါ်ရေ။) နတ်ကောင်း - နတ်ကောင်း။ စျီးမာရောင်း၊ ရောင်းလို့မစွန်၊ အိမ်သို့ပြန် (ဓလိ့)
    ယောက်ျား ဇာတိ ဖြစ်လျက် မိန်းမ၏ စိတ်ထား အမူအရာ၊ အလေ့အကျင့် စွဲဝင် နေသူ။ မိန်းမလျာ။ (ယောက်ျား နတ်ကတော်ကို လည်း နတ်ကောင်း ဟု ခေါ်သည်။) နတ်ကောင်း - နတ်ကောင်း။ စျီးမှာရောင်း၊ ရောင်းလို့မစွန်၊ အိမ်ကိုပြန် (ဓလေ့)
    gay
    နာမ်

    နတ်ကောင်း၂

    [naʔkáʊɴ၂]
    ကောင်းရေနတ်။ သူတော်ကောင်းကို နတ်ကောင်းစီာင်မ၊ ချမ်းသာရ (ပုံ)
    ကောင်းသောနတ်။ သူတော်ကောင်းကို နတ်ကောင်းစောင်မ၊ ချမ်းသာရ (ပုံ)
    god-deity
    နာမ်

    နတ်ကောင်းမ

    [naʔkáʊɴm]
    နတ်များ ပူးဝင် ကခုန် ဟောပြော တတ်ရေ မမာ့။ နတ်ကောင်းမမ
    နတ်များ ပူးဝင် ကခုန် ဟောပြော တတ်သော မိန်းမ။ နတ်ကတော်မ
    spirit medium
    နာမ်

    နတ်ကြည့်

    [naʔt͡ɕɛ့̀]
    စုန်း၊ နတ်၊ တစေ္ဆ၊ အမိုက့် ပယောဂ အစဟိစွာရို့ ဟိမဟိ အကြောင်းရို့ကို နတ်ကောင်းမမထံ မီးမြန်းသည်
    စုန်း၊ နတ်၊ တစေ္ဆ၊ အမှောင့် ပယောဂ စသည်တို့ ရှိမရှိ အကြောင်းတို့ကို နတ်ကတော်မထံ မေးမြန်းသည်
    seance
    ကြိယာ

    နတ်ကြမ်း

    [naʔt͡ɕáɴ]
    ကြမ်းသောနတ်။ ပတ်ကြမ်းကို နတ်ကြမ်းမနိုင် (ပုံ)
    ကြမ်းသောနတ်။ ပတ်ကြမ်းကို နတ်ကြမ်းမနိုင် (ပုံ)
    devil
    နာမ်

    နတ်ကြီး

    [naʔt͡ɕï]
    ၁၊ (တကျွန်းလုံးကို) နတ်၏ ဩဇာ အာဏာဖြင့် လွမ်းမိုးရေ။နတ်ကြီးသခင်၊ ရာမောင်သျှင်မ၊ တကျွန်းလုံးကို၊ ပိုင်စိုးရရေ (နတ်ခြင်း)။ ၂၊ နတ်ကြမ်းရေ။ (အယင်က ရာမောင်ကျွန်း သျှင်မသည် ကိုယ့်ပိုင်နက် အထဲမာ ပေါင်းနီပေါင်းသောသူ၊ ပန်းစိမ်း အရဲ ပန်သော သူရို့ကို လောင်းဖြင့်
    ၁၊ (တစ်ကျွန်းလုံးကို) နတ်၏ ဩဇာ အာဏာဖြင့် လွမ်းမိုးသည်။နတ်ကြီးသခင်၊ ရာမောင်သျှင်မ၊ တကျွန်းလုံးကို၊ ပိုင်စိုးရရေ (နတ်ခြင်း)။ ၂၊ နတ်ကြမ်းသည်။ (ယခင်က ရာမောင်ကျွန်း သျှင်မသည် မိမိပိုင်နက် အတွင်းတွင် ပေါင်းနီပေါင်းသောသူ၊ ပန်းစိမ်း အနီ ပန်သော သူတို့ကို လှေဖြင့်
    spirit power
    ကြိယာ

    နတ်ချစ်

    [naʔɕɪʔ]
    နတ်ကချစ်ခင် သနား၍ စောင့်ယှောက်သည်
    နတ်ကချစ်ခင် သနား၍ စောင့်ရှောက်သည်
    guardian spirit take care
    ကြိယာ