Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 1,759 words

    ပ

    ပန်းစုပ်

    [páɴsoʊʔ]
    ယောက်ျား၏ လိင်၊ ပန်းသုက်သွီးကို စုပ်သုံးသော မယူမ တမျိုး။ နှုတ်သီးရှည်ချွန် စိကေချေ ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ်တမျိုး
    ယောက်ျား၏ လိင်၊ ပန်းသုက် သွေးကို စုပ်သုံးသော မိန်းမလျာ တစ်မျိုး။ နှုတ်သီးရှည်ချွန် အနည်းငယ် ကောက်၍ ပန်းဝတ်ရည်ကို စုပ်သုံးသော ငှက်ငယ်တစ်မျိုး
    none
    နာမ်

    ပန်ဆင်

    [pàɴsʰɪ̀ɴ]
    ၁၊ ဝတ်ဆင်ရေ။ ၂၊ တင့်ရေ လှပအောင် မွမ်းမံ ပြုပျင်သည်
    ၁၊ ဝတ်ဆင်သည်။ ၂၊ တင့်တယ် လှပအောင် မွမ်းမံ ပြုပြင်သည်
    wear
    ကြိယာ

    ပန်းဆင်

    [páɴsʰɪ̀ɴ]
    ဆင် အချေစား တမျိုး။ ထိမ်းမြား မင်္ဂလာ ပြုလုပ်မည့် အခါ၊ သမက်သျှင် ပါးက ယူလားရေ လက်ဝတ် ရတနာနှင့် ပန်းတိကို သမီးသျှင်အား တင့်ရေ လှပအောင် ပန်း အမျိုးမျိုးဖြင့် အဂေါင်းလုံး ပြည့်အောင် ပန်ဆင် ပီးရရေ ရခိုင်ရို့၏ ထုံးဓလိ့တခု
    ဆင် အငယ်စား တစ်မျိုး။ လက်ထပ် မင်္ဂလာ ပြုလုပ်မည့် အခါ၊ သတို့သား ထံမှ ယူသွားသော လက်ဝတ် ရတနာနှင့် ပန်းများကို သတို့သမီးအား တင့်တယ် လှပအောင် ပန်း အမျိုးမျိုးဖြင့် ဦးခေါင်းလုံး ပြည့်အောင် ပန်ဆင် ပေးရသော ရခိုင်တို့၏ ထုံးဓလေ့တစ်ခု
    none
    နာမ်

    ပန်းဆင်ခ

    [páɴsʰɪ̀ɴkʰ]
    ထိမ်းမြား မင်္ဂလာ ပြုလုပ်မည့် သမီးသျှင်အား ပန်းဆင်မြန်းသည့် အတွက် သမက်သျှင်ပါးက ပီးရရေ ငွီ
    လက်ထပ် မင်္ဂလာ ပြုလုပ်မည့် သတို့သမီးအား ပန်းဆင်မြန်းသည့် အတွက် သတို့သားထံမှ ပေးရသော ငွေ
    none
    နာမ်

    ပန်းဆွဲ

    [páɴsʰwɛ]
    အိမ် အစဟိစွာ၏ တံဆပ်မြိတ် အောက်ဘက် အစွန်းဖျားမာ ပပုံစံ ပြုလုပ်ပနာ ကပ်ရိုက် ထားရေ ပျိုင်ချပ်ပြား
    အိမ် စသည်၏ တံဆပ်မြိတ် အောက်ဘက် အစွန်းဖျားတွင် ပန်းပုံစံ ပြုလုပ်၍ ကပ်ရိုက် ထားသော ပျဉ်ချပ်ပြား
    timber
    နာမ်

    ပန်ဇင်

    [pàɴzɪ̀ɴ]
    ရေမှ ငါးကို သတ်ထိုး စားမျိုသော နှုတ်သီး တုတ်ချွန်၍ အမွှီး စိမ်းညိုရောင် တောက်ပြောင်းသော ငှက်
    ရေမှ ငါးကို သတ်ထိုး စားမျိုသော နှုတ်သီး တုတ်ချွန်၍ အမွှေး စိမ်းညိုရောင် တောက်ပြောင်းသော ငှက်
    King Fisher
    နာမ်

    ပန်းတီ

    [páɴtí]
    လောင်း၊ သမ္ဗန်ရို့၏ ပျိုင်ပြား အစပ်ကြားမာ ဖာထေး ရရေ အုန်းဆံကြိုး၊ ဂုန်နီကြိုး အစဟိရေ ဝန်
    လှေ၊ သမ္ဗန်တို့၏ ပျဉ်ပြား အစပ်ကြားတွင် ဖာထေး ရသော အုန်းဆံကြိုး၊ ဂုန်နီကြိုး စသော ပစ္စည်း
    none
    နာမ်

    ပန်းတီး

    [páɴtï]
    ဆွေးမြည့် ဟောင်းမြင်းသော။ စုတ်ပြတ် လွယ်ယောင် ဆွေးမြှေ့သော
    ဆွေးမြည့် ဟောင်းမြင်းသော။ စုတ်ပြတ် လွယ်အောင် ဆွေးမြှေ့သော
    moldy
    နာမ်

    ပန်းတူ

    [páɴtù]
    နုပ်နုပ် လှီးထားရေ ဆီးရွက်ထည့်၍ သောက်ရှူရန် ပြွန်နှင့်တကွသော တမာကူ
    နုပ်နုပ် လှီးထားသော ဆေးရွက်ထည့်၍ သောက်ရှူရန် ပြွန်နှင့်တကွသော ဆေးအိုး
    none
    နာမ်

    ပန်းတူချီး

    [páɴtùɕï]
    ဆီးလိပ်ငွီ့၊ ပန်းတူငွီ့ရို့ ခဲ၍ ဖြစ်လှာသော အစီး။ ပန်းတင်ခုံ
    ဆေးလိပ်ငွေ့၊ ဆေးတံငွေ့တို့ ခဲ၍ ဖြစ်လာသော အစေး။ ပန်းတင်ခုံ
    none
    နာမ်

    ပန်းထောင်

    [páɴtʰàʊɴ]
    ကလပ်နှင့် ထည့်၍ ထားရေ ပန်း။ ရခိုင်ရို့၏ ဝါကျွတ်လပွဲ၌ ပန်တထောင် စိအောင် ပူဇော်သော ထုံးဓလိ့
    ကလပ်နှင့် ထည့်၍ ထားသော ပန်း။ ရခိုင်တို့၏ ဝါကျွတ်လပွဲ၌ ပန်တစ်ထောင် စေ့အောင် ပူဇော်သော ထုံးဓလေ့
    none
    နာမ်

    ပန်းထောင်ပွဲ

    [páɴtʰàʊɴpwɛ]
    ရခိုင် ဘုရင်မင်း လက်ထက် ဝါကျွတ်လ ပွဲတော်၌ ပန်းထောင် ထီးကြီး၊ ပန်းထီးကြီး လုပ်ပနာ ဘုရားအား ပူဇော်သော ပွဲတော်
    ရခိုင် ဘုရင်မင်း လက်ထက် ဝါကျွတ်လ ပွဲတော်၌ ပန်းထောင် ထီးကြီး၊ ပန်းထီးကြီး လုပ်၍ ဘုရားအား ပူဇော်သော ပွဲတော်
    none
    နာမ်

    ပန်ထွာ

    [pàɴtʰwà]
    တခုတရီ ပြုလုပ်ဖို့ လေးစားစွာ ပြောရေ။ တောင်းပန်ရေ
    တစ်စုံတစ်ခု ပြုလုပ်ရန် လေးစားစွာ ပြောသည်။ တောင်းပန်သည်
    request
    ကြိယာ

    ပန်းနီလာ

    [páɴnílà]
    အခွံ နီဝါရောင် ဟိရေ ရခိုင်စပါး တမျိုး၏ အမည်
    အခွံ နီဝါရောင် ရှိသော ရခိုင်စပါး တစ်မျိုး၏ အမည်
    grain
    နာမ်

    ပန်းနှစ်ခိုင်

    [páɴn̥ɪʔkʰàɪɴ]
    သန့်စင် ပန်းနှစ်ခိုင်စီ ပူး၍ ပါရေ ပန်းဖေါ်ဒယော အဆင်
    သန့်စင် ပန်းနှစ်ခိုင်စီ ပူး၍ ပါသော ပန်းဖေါ်လုံချည် အဆင်
    Arakan-Rakhine sarong
    နာမ်

    ပန်းပီး

    [páɴpï]
    ယှုံးကြောင်း ဝန်ခံရေ။ စကားထာ ဝှက်ရာမာ အဖြီ မဖော် ပီးနှိုင်သူက အယှုံးခံကြောင်း ဝန်ခံသည်
    ရှုံးကြောင်း ဝန်ခံသည်။ စကားထာ ဝှက်ရာ၌ အဖြေ မဖော် ပေးနိုင်သူက အရှုံးခံကြောင်း ဝန်ခံသည်
    give loss
    ကြိယာ

    ပန်းပျံ

    [páɴprံ]
    အပင်ကြီး ကို ဆင့်၍ ပျံတက် ဖူးပွင့်နိန်ရေ (ပန်း) သစ်ခွပန်း အမျိုးမျိုး
    သစ်ပင်ကြီး အပေါ်တွင် ဆင့်၍ ပျံတက် ဖူးပွင့်နေသော (ပန်း) သစ်ခွပန်း အမျိုးမျိုး
    orchid
    နာမ်

    ပန်းဖူးတိုင်

    [páɴpʰùးtàɪɴ]
    ပြေးပွဲ ပြိုင်ပွဲရို့မာ အောင်မြင်မှု တာဝန်နီရာ
    ပြေးပွဲ ပြိုင်ပွဲတို့တွင် အောင်မြင်မှု တာဝန်နေရာ
    goal
    နာမ်

    ပန်းဖူးဝင်

    [páɴpʰùးwɪ̀ɴ]
    ပန်းတာသို့ ဆိုက်ရောက်ရေ။ ပန်းတိုင်ကို ရောက်ရေ
    ပန်းတာသို့ ဆိုက်ရောက်သည်။ ပန်းတိုင်သို့ ရောက်သည်
    come in
    ကြိယာ

    ပန်းဖျား

    [páɴpʰrá]
    တခုတရီ လှုပ်ယှားမှု ပြုသနန့် ပင်ပန်း နွမ်းရိအတွက်နန့် ဖျားသော အဖျားမျိုး
    တစ်စုံတစ်ခု လှုပ်ရှားမှု ပြုသဖြင့် ပင်ပန်း နွမ်းနယ်သောကြောင့် ဖျားသော အဖျားမျိုး
    ill
    နာမ်