Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 1,759 words

    ပ

    ပန်းဖွား

    [páɴpʰWà]
    ဘုရားကို ပူဇော်ရာမာ စက္ကူကို အမျှင်အမျှင်ပြုပနာ ဝါးခြမ်းမာ စုစည်းခြည်၍ ဖွားရရား ပြုလုပ်ထားရေ အရာ
    ဘုရားကို ပူဇော်ရာ၌ စက္ကူကို အမျှင်အမျှင်ပြု၍ ဝါးခြမ်းတွင် စုစည်းချည်၍ ဖွားရရား ပြုလုပ်ထားသော အရာ
    none
    နာမ်

    ပန်းဖွားထ

    [páɴpʰWàtʰ]
    ထိခိုက် ပွတ်တိုက် မိခြင်းကြောင့် စုတ်ပြတ် ပွန်းပဲ့ဗျာယ်
    ထိခိုက် ပွတ်တိုက် မိခြင်းကြောင့် စုတ်ပြတ် ပွန်းပဲ့လျက်
    abrasion
    ကြိယာဝိသေသန

    ပန်းမလ်

    [páɴml်]
    အလှအပ ဆင်မြန်းရရေ ပန်း အမျိုးမျိုး
    အလှအပ ဆင်မြန်းရသည့် ပန်း အမျိုးမျိုး
    flowers
    နာမ်

    ပန်းမာသီး

    [páɴmàθï]
    အသိ အလိမ္မာမှု မလောက်သိမ့်ရေ (အရွယ်)
    အသိ အလိမ္မာမှု မပြည့်ဝသေးသော (အရွယ်)
    young
    နာမဝိသေသန

    ပန်းမျောက်လှည့်

    [páɴmrɔ́ɛʔɬɛ̰]
    လောင်းကြီးဖြင့် ခေါင်းဘက်၊ ပန်းဘက် ပေါ်မည်ဆိုကာ ဖေသာပြားကို ထောင်၍ လည်ယောင် လှည့်ကစပ်တေ
    လောင်းကြေးဖြင့် ခေါင်းဘက်၊ ပန်းဘက် ပေါ်မည်ဆိုကာ ပိုက်ဆံပြားကို ထောင်၍ လည်အောင် လှည့်ကစားသည်
    spin coin
    ကြိယာ

    ပန်းမျောက်လှန်

    [páɴmrɔ́ɛʔɬàɴ]
    နှမြိုးတတ်သူ၊ ကပ်စီးနှဲ တတ်သူ
    နှမြောတတ်သူ၊ ကပ်စေးနှဲ တတ်သူ
    skinflint
    နာမ်

    ပန်းယက်

    [páɴjɛʔ]
    ပန်းပွင့်ထဲမာ တည်ဟိရေ့ ချိုရေ ဝတ်ရည်
    ပန်းပွင့်ထဲတွင် တည်ရှိသည့် ချိုသော ဝတ်ရည်
    nectar
    နာမ်

    ပန်းယက်ရည်

    [páɴjɛʔɹɛ̀]
    ပန်းပွင့် ဝတ်ဆံတိုင် အထဲဟိ အရည်
    ပန်းပွင့် ဝတ်ဆံတိုင် အတွင်းရှိ အရည်
    nectar
    နာမ်

    ပန်းရိ

    [páɴɹì]
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် ပင်ပန်း နွမ်းရိခြင်း ဖြစ်တေ
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် ပင်ပန်း နွမ်းနယ်ခြင်း ဖြစ်သည်
    deadbeat
    ကြိယာ

    ပန်းရီကြက်

    [páɴɹít͡ɕɛʔ]
    ကြက်နှင့် အသွင် အပြင် တူပြီး ရီအိုင်ရေစပ်နှင့် တောခြုံရို့မာ ကျက်စားလေ့ ဟိတတ်သည့် ရီကူးတတ်ရေ ခြေတံရှည် ငှက်ငယ် တမျိုး
    ကြက်နှင့် အသွင် အပြင် တူပြီး ရေအိုင်ရေစပ်နှင့် တောခြုံတို့တွင် ကျက်စားလေ့ ရှိတတ်သည့် ရေကူးတတ်သော ခြေတံရှည် ငှက်ငယ် တစ်မျိုး
    stork
    နာမ်

    ပန်းရွီနွယ်

    [páɴɹwínwɛ̀]
    ခြုံပင်၊ အပင်တိကို မှီတွယ်၍ ပေါက်တတ်ပြီး၊ အဝါရောင် အနွယ်တံ ရှည်များ ယှက်ဖြာဟိ အရွက်မဟိပဲ သုပ်၍ စားနှိုင်ရေ ကပ်ပါးပင် တမျိုး
    ချုံပင်၊ သစ်ပင်များကို မှီတွယ်၍ ပေါက်တတ်ပြီး၊ အဝါရောင် အနွယ်တံ ရှည်များ ယှက်ဖြာရှိ အရွက်မယှိပဲ သုပ်၍ စားနိုင်သော ကပ်ပါးပင် တစ်မျိုး
    parasite
    နာမ်

    ပန်းလက်ချိတ်

    [páɴlɛʔɕeɪʔ]
    ပန်းကို လိုရာ အချိတ် အတွန့် အကွက် ပုံပေါ်ယောင် လက်ဖြင့်ဖော်ပနာ ရက်လုပ်သော အထည်
    ပန်းကို လိုရာ အချိတ် အတွန့် အကွက် ပုံပေါ်အောင် လက်ဖြင့်ဖော်၍ ရက်လုပ်သော အထည်
    none
    နာမ်

    ပန်လင်

    [pàɴlɪ̀ɴ]
    အပင် အရွက် ထင်းရှူးပင်နှင့် တူသော (အစီးအဆီ မထွက်၊ ရုက္ခဗေဒ ပင်လယ်ကဗွီးခေါ်သော) အပင်ကြီး တမျိုး
    အပင် အရွက် ထင်းရှူးပင်နှင့် တူသော (အစေးအဆီ မထွက်၊ ရုက္ခဗေဒ ပင်လယ်ကဗွီးခေါ်သော) သစ်ပင်ကြီး တစ်မျိုး
    binder
    နာမ်

    ပန်းလီးတက်

    [páɴlïtɛʔ]
    သားလောင်း စတင် ဖြစ်ပေါ်ရေ။ အခြီခံအဖြစ် စွဲတည်ရေ။ ကိုယ်ဝန် ဟိသည်
    သားလောင်း စတင် ဖြစ်ပေါ်သည်။ အခြေခံအဖြစ် စွဲတည်သည်။ ကိုယ်ဝန် ယှိသည်
    pregnant
    ကြိယာ

    ပန်းလှမဉ္ဇူ

    [páɴɬmjʊ́nzaù]
    ရခိုင် ဒယော တခု၏ အမည်
    ရခိုင် လုံချည် တစ်ခု၏ အမည်
    sarong
    နာမ်

    ပန်းဝတ်တိုင်

    [páɴwaʔtàɪɴ]
    ပန်းပွင့်၏ ဝတ်ဆံတိုင်
    ပန်းပွင့်၏ ဝတ်ဆံတိုင်
    farina
    နာမ်

    ပန်းဝတ်မှုန်

    [páɴwaʔm̥òʊɴ]
    ပန်းပွင့် ဝတ်ဆံမျှင် အဖျားမာ တည်ဟိရေ အလုံးကချေတိ
    ပန်းပွင့် ဝတ်ဆံမျှင် အဖျားတွင် တည်ရှိသော အလုံးကလေးများ
    pollen
    နာမ်

    ပန်းဝတ်ရည်

    [páɴwaʔɹɛ̀]
    ပန်းပွင့် ဝတ်ဆံတိုင် အထဲဟိ အရည်
    ပန်းပွင့် ဝတ်ဆံတိုင် အတွင်းရှိ အရည်
    nectar
    နာမ်

    ပန်းဝှက်

    [páɴʍɛʔ]
    တံပက်လူ၏ ဉာဏ်ကို စမ်းလိုအတွက်နန့် အဖြီ ဖေါ်ပီးဖို့ အတွက်ရာ လျှို့ချက် ကွယ်ဝှက်သော စကားဖြင့် မိန်းရေ။ စကားထာ ဝှက်သည်
    တစ်ဘက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့် အဖြေ ဖေါ်ပေးရန် အလို့ငှာ လျှို့ချက် ကွယ်ဝှက်သော စကားဖြင့် မေးသည်။ စကားထာ ဝှက်သည်
    riddle
    ကြိယာ

    ပန်းသရီချောင်းစာ

    [páɴθɹíɕáʊɴsà]
    ပန်းသရီချောင်း နယ်ပယ်တခုလုံး အပိုင်စားခွင့်ကို ပီးအပ်လိုက်ရေ
    ပန်းသရီချောင်း နယ်ပယ်တစ်ခုလုံး အပိုင်စားခွင့်ကို ပေးအပ်လိုက်သည်
    confer
    ကြိယာ