Dictionary Entries
Showing 21–40 of 1,759 words
ပ
ပက်ကုန်းထမ်း
[pɛʔkóʊɴtʰáɴ]
Arakanese:
ကုန်ဝန်တိကို ပက်ခုံးဖြင့် ထမ်းရွက်၍ အသက် မွေးသော အလုပ်သမား
Burmese:
ကုန်ပစ္စည်းများကို ပခုံးဖြင့် ထမ်းရွက်၍ အသက် မွေးသော အလုပ်သမား
English:
coolie
Grammar Note:
နာမ်
ပက်ကုန်းပေါက်
[pɛʔkóʊɴpaʊʔ]
Arakanese:
ထမ်းဆောင်သော ဝန်၏ ပွတ်တိုက်မှုကြောင့် ပက်ခုံးအသားမာ ပွန်းပဲ့အနာ ဖြစ်ပေါ်သည်
Burmese:
ထမ်းဆောင်သော ဝန်၏ ပွတ်တိုက်မှုကြောင့် ပခုံးအသားတွင် ပွန်းပဲ့အနာ ဖြစ်ပေါ်သည်
English:
abrasion
Grammar Note:
ကြိယာ
ပက်ကုန်းပြောင်း
[pɛʔkóʊɴpɹáʊɴ]
Arakanese:
ကိုယ့်စီကေဝန်ကို တပါးသူအား လွှဲပြောင်းသည်
Burmese:
မိမိတာဝန်ကို တစ်ပါးသူအား လွှဲပြောင်းသည်
English:
cession
Grammar Note:
ကြိယာ
ပက်ကုန်ဝန်ထမ်း
[pɛʔkòʊɴwàɴtʰáɴ]
Arakanese:
ကုန်ဝန်တိကို ပက်ခုံးဖြင့် ထမ်းရွက်၍ အသက် မွေးသော အလုပ်သမား
Burmese:
ကုန်ပစ္စည်းများကို ပခုံးဖြင့် ထမ်းရွက်၍ အသက် မွေးသော အလုပ်သမား
English:
coolie
Grammar Note:
ကြိယာ
ပက်ကောစီး
[pɛʔkɔ́sï]
Arakanese:
အထက်က ခြေနှစ်ဘက်ကို ခွ၍ စီးနင်း တည်နီရေ
Burmese:
အပေါ်က ခြေနှစ်ဘက်ကို ခွ၍ စီးနင်း တည်နေသည်
English:
piggy back
Grammar Note:
ကြိယာ
ပက်ကောစီးသတ်
[pɛʔkɔ́sïθaʔ]
Arakanese:
ခြေနှစ်ကို စုံရပ် ရပ်ပြီး လက်နှစ်ဖက် မြှောက်ကာ ဒုတ်ဖြင့် နင်လားငါလားသတ်ရေ
Burmese:
ခြေနှစ်ကို စုံရပ် ရပ်ပြီး လက်နှစ်ဖက် မြှောက်ကာ ဒုတ်ဖြင့် တအားရိုက်သည်
English:
beat
Grammar Note:
ကြိယာ
ပက်ကျိတ်
[pɛʔt͡ɕeɪʔ]
Arakanese:
ကြာစွာ ရွိ လားတတ်ရေ ပျော့တွဲ့၍ ချွဲကျိသည့် အကောင်တမျိုး
Burmese:
နှေးကွေးစွာ ရွေ့လျား သွားတတ်သော ပျော့တွဲ့၍ ချွဲကျိသည့် အကောင်တစ်မျိုး
English:
slug
Grammar Note:
နာမ်
ပက်ကြူ
[pɛʔt͡ɕù]
Arakanese:
အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့်၊ ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စီရန် ရခိုင်ရို့၏ ဓလိထုံးစံဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိ
Burmese:
ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့်၊ ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စေရန် ရခိုင်တို့၏ ဓလေ့ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိ
English:
none
Grammar Note:
နာမ်
ပက်ကြူ၂
[pɛʔt͡ɕù၂]
Arakanese:
ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိပြုရေ။ ပေါကြူ ပက်ကြူ ဖလံယူသား၊ အလိုဘုရား၊ စိတ်မာ ထားဗျာယ်။ (ကင်းရီလား
Burmese:
ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိပြုသည်။ ပေါကြူ ပက်ကြူ လိပ်ပြာယူသား၊ အလိုဘုရား၊ စိတ်မှာ ထားလျက်။ (ကင်းရီလား
English:
none
Grammar Note:
ကြိယာ
ပက်ကြူယိုး
[pɛʔt͡ɕùjó]
Arakanese:
အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့်၊ ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စီရန် ရခိုင်ရို့၏ ဓလိထုံးစံဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိ
Burmese:
ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့်၊ ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စေရန် ရခိုင်တို့၏ ဓလေ့ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိ
English:
none
Grammar Note:
နာမ်
ပက်ကြူယိုး၂
[pɛʔt͡ɕùjó၂]
Arakanese:
ငါးယှာရာမာ လာဘ်ခေါ်ရေ့ အနိန်နန့် အစီအမံတခု ပြုလုပ်ရေ။ ထို့ - ပက်ကြူတ ပယွိန့် (ငါးယှာရာမာသာ သုံးရေ။
Burmese:
ငါးရှာရာ၌ လာဘ်ခေါ်သည့် အနေဖြင့် အစီအမံတစ်ခု ပြုလုပ်သည်။ ထို့ - ပက်ကြူတစ် ပယွိန့် (ငါးရှာရာ၌သာ သုံးသည်။
English:
none
Grammar Note:
နာမ်
ပက်ခွက်
[pɛʔkʰwɛʔ]
Arakanese:
လောင်း၊ လောင်းမာ ရီခပ် ပက်ထုတ်သော ခွက်ငယ်
Burmese:
လောင်း၊ လှေတွင် ရေခပ် ပက်ထုတ်သော ခွက်ငယ်
English:
cup
Grammar Note:
နာမ်
ပက်ခွက်၂
[pɛʔkʰwɛʔ၂]
Arakanese:
တိမ်၍ အဝှမ်းပြန့်သော ခွက်
Burmese:
တိမ်၍ အဝှမ်းပြန့်သော ခွက်
English:
cup
Grammar Note:
နာမဝိသေသန
ပက်စက်
[pɛʔsɛʔ]
Arakanese:
ဆင်ခြင်ဉာဏ်မဟိ မသေမသပ် ပြုလွယ်ရေ။ ၂၊ ငဲ့ညှာ ထောက်ထားခြင်း မဟိ ရိုင်းပျက်သည်
Burmese:
ဆင်ခြင်ဉာဏ်မရှိ မသေမသပ် ပြုလွယ်သည်။ ၂၊ ငဲ့ညှာ ထောက်ထားခြင်း မရှိ ရိုင်းပျက်သည်
English:
insult
Grammar Note:
ကြိယာ
ပက်စက်ခံ
[pɛʔsɛʔkʰံ]
Arakanese:
လူတိ၏ နှစ်သက် လိုလားခြင်းကို ပြုသည့်အတွက် ကျေးဇုတင်ခြင်း ခံရရေ
Burmese:
သူတစ်ပါး၏ နှစ်သက် လိုလားခြင်းကို ပြုသည့်အတွက် ကျေးဇူးတင်ခြင်း ခံရသည်
English:
thank
Grammar Note:
ကြိယာ
ပက်စက်ခက်
[pɛʔsɛʔkʰɛʔ]
Arakanese:
ဣန္ဒြေမရ ဖြစ်တေ။ မငြိမ်မသက် ဟိရေ။ အေသူသျှေ ကကောင်း ပက်စက်ခက်တေ၊ အငြိမ်မနီ (အရပ်)
Burmese:
ဣန္ဒြေမရ ဖြစ်သည်။ မငြိမ်မသက် ရှိသည်။ အေသူသျှေ ကောင်းကောင်း ပက်စက်ခက်တေ၊ အငြိမ်မနီ (အရပ်)
English:
immodest
Grammar Note:
ကြိယာ
ပက်စက်ခတ်
[pɛʔsɛʔkʰaʔ]
Arakanese:
ယုတ်မာ ညစ်ညမ်းသော။ ၂၊ ရိုင်းပျသော။ ၃၊ သပ်ရပ်ခြင်း မဟိရေ
Burmese:
ယုတ်မာ ညစ်ညမ်းသော။ ၂၊ ရိုင်းပျသော။ ၃၊ သပ်ရပ်ခြင်း မရှိသော
English:
insult
Grammar Note:
နာမဝိသေသန
ပက်စဝါသျှေ
[pɛʔswàʃè]
Arakanese:
(ဥပစာ) အရွယ် ပမာဏအနိန်နန့် ငယ်သော။ (လောင်းပက်စဝါသျှေ၊ ခွက်ပက်စဝါသျှေ၊ တောင်းပက်စဝါသျှေ အစဟိစွာအနိန်နန့် အရွယ် ပမာဏ ငယ်သည်မာရာ တင်စားပနာ သုံးရေ
Burmese:
(ဥပစာ) အရွယ် ပမာဏ အားဖြင့် ငယ်သော။ (လောင်းပက်စဝါသျှေ၊ ခွက်ပက်စဝါသျှေ၊ တောင်းပက်စဝါသျှေ စသည်ဖြင့် အရွယ် ပမာဏ ငယ်သည်၌သာ တင်စား၍ သုံးသည်
English:
small
Grammar Note:
နာမဝိသေသန
ပက်စဝါသျှေ၂
[pɛʔswàʃè၂]
Arakanese:
စောက်တိမ်၍ အဝှမ်း ငယ်သော
Burmese:
စောက်တိမ်၍ အဝှမ်း ငယ်သော
English:
none
Grammar Note:
နာမဝိသေသန
ပက်စီပက်စက်
[pɛʔsípɛʔsɛʔ]
Arakanese:
ထောက်ထား ငဲ့ညှာခြင်းမဟိ ရိုင်းပြရေ။ ၂၊ မစဉ်စား မဆင်ခြင် သပ်ရပ်ခြင်းမဟိ ပြုလွယ်ရေ
Burmese:
ထောက်ထား ငဲ့ညှာခြင်းမရှိ ရိုင်းပျသည်။ ၂၊ မစဉ်စား မဆင်ခြင် သပ်ရပ်ခြင်းမရှိ ပြုလွယ်သည်
English:
insult
Grammar Note:
ကြိယာ