Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 1,759 words

    ပ

    ပယိုင်း

    [pjáɪɴ]
    ကြိမ်၊ နှီး အစဟိစွာအနိန်နန့် ရက်လုပ် ထားရေ ကြိုးတပ် လွယ်ရရေ ထည့်စရာ ခြင်းတောင်ရှည်
    ကြိမ်၊ နှီး စသည်ဖြင့် ရက်လုပ် ထားသော ကြိုးတပ် လွယ်ရသည့် ထည့်စရာ ခြင်းတောင်ရှည်
    bucket
    နာမ်

    ပယ်

    [pɛ̀]
    တယောက်ယောက်၏ ပေးစွာကို မယူပဲ ထားရေ။ ဖယ်ယှားသည်
    တစ်စုံတစ်ဦး၏ ပေးသည်ကို မယူပဲ ထားသည်။ ဖယ်ရှားသည်
    take off
    ကြိယာ

    ပယ်ချ

    [pɛ̀ɕ]
    လက် မခံနိုင်လိုသနန့် လုံးလုံး ဖယ်ယှားပစ်သည်
    လက် မခံနိုင်လိုသဖြင့် လုံးလုံး ဖယ်ရှားပစ်သည်
    take off
    ကြိယာ

    ပယ်ပစ်

    [pɛ̀pɪʔ]
    ရွီတွက် ထည့်သွင်းခြင်း မပြုပဲ ထားရေ
    ရေတွက် ထည့်သွင်းခြင်း မပြုပဲ ထားသည်
    repudiate
    ကြိယာ

    ပယ်ဖျက်

    [pɛ̀pʰrɛʔ]
    ပယ်ထုတ်သည်
    ပယ်ထုတ်သည်
    reject
    ကြိယာ

    ပယ်သတ်

    [pɛ̀θaʔ]
    ပျက်ပြယ်စီရေ။ ရုပ်သိမ်းရေ။ ဖျက်သိမ်းရေ။ ၂၊ ပယ်ထုတ်သည်
    ပျက်ပြယ်စေသည်။ ရုပ်သိမ်းသည်။ ဖျက်သိမ်းသည်။ ၂၊ ပယ်ထုတ်သည်
    abrogate
    ကြိယာ

    ပယွိန့်

    [pjwèɪɴ့]
    ဝါး၊ ကြိမ် အစဟိစွာနှင့် ရက်လုပ် ထားရေ ငါးယှာရာမာ အသုံးပြုရေ ထည့်စရာ
    ဝါး၊ ကြိမ် စသည်နှင့် ရက်လုပ် ထားသော ငါးရှာရာ၌ အသုံးပြုသော ထည့်စရာ
    bucket
    နာမ်

    ပရံ

    [pɹံ]
    အရာ ပုဂ္ဂိုလ် တဦး တယောက်။ ကျောက်မျက်ပျံကို ပရံယောက်ျား၊ ကွင်းသည့်ရွီကို ဖဲ့ကာ ထွက်ကေ၊ ချွတ်ယူငြားလို့ မြင်သည်အိမ်မက်။ (ဓမ္မက
    အခြား ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်။ ကျောက်မျက်ပျံကို ပရံယောက်ျား၊ ကွင်းသည့်ရွီကို ဖဲ့ကာ ထွက်ကေ၊ ချွတ်ယူငြားလို့ မြင်သည်အိမ်မက်။ (ဓမ္မက
    other
    နာမ်

    ပရကတ်

    [pɹkaʔ]
    အခွင့်အရီးကို မျှော်စပ်ဗျာယ် တစုံ တဦး၏ လိုလားချက်ကို ဖြည့်စွမ်းသောအနိန်နန့်
    အခွင့်အရေးကို မျှော်ကိုးလျက် တစ်စုံ တစ်ဦး၏ လိုလားချက်ကို ဖြည့်စွမ်းသော အားဖြင့်
    servile
    ကြိယာဝိသေသန

    ပရဂုတ်

    [pɹɡoʊʔ]
    ရွက်အားဖြင့် လားလာ နှိုင်ရေ ရေယာဉ်ကြီး။ သင်္ဘော မဟုတ်၊ ပရဂုတ်လည်း အဂေါင့်ထိုခါ ရောက်လိမ့်မည်။ (သိုက်
    ရွက်အားဖြင့် သွားလာ နိုင်သော ရေယာဉ်ကြီး။ သင်္ဘော မဟုတ်၊ ပရဂုတ်လည်း အဟုတ်ထိုခါ ရောက်လိမ့်မည်။ (သိုက်
    brig
    နာမ်

    ပရစ်ဖူး

    [pɹɪʔpʰùး]
    ထွက်ခါစ အရွက်အဖူး
    ထွက်ခါစ အရွက်အဖူး
    bug
    နာမ်

    ပရန်သတ်

    [pɹàɴθaʔ]
    ရခိုင် ကျင်ကိုင်နည်း တမျိုး
    ရခိုင် ကျင်ကိုင်နည်း တစ်မျိုး
    none
    ကြိယာ

    ပရံပရ

    [pɹံpɹ]
    တပါးသော။ တသီး တခြား ဖြစ်ရေ။ ၂၊ ဆရာ့ဆရာ အဆက် ဆက်သော
    တစ်ပါးသော။ တစ်သီး တစ်ခြား ဖြစ်သော။ ၂၊ ဆရာ့ဆရာ အဆက် ဆက်သော
    separated
    နာမဝိသေသန

    ပရပိုက်

    [pɹpaɪʔ]
    သစ်ခေါက်၊ ဝါး၊ စက္ကူအစဟိစွာအနိန်နန့် ပြုလုပ်ပနာ စာရီးရန် ဇာ၊ ညာ တွန့်ခေါက် ထားရေ အထပ်ထပ်သော အလွှာ။ (ရွှီ၊ ငွီ၊ ကြီး အစဟိစွာနန့်လည်း ပြုလုပ်ရေ။
    သစ်ခေါက်၊ ဝါး၊ စက္ကူစသည်ဖြင့် ပြုလုပ်၍ စာရေးရန် ဘယ်၊ ညာ တွန့်ခေါက် ထားသော အထပ်ထပ်သော အလွှာ။ (ရွှေ၊ ငွေ၊ ကြေး စသည်ဖြင့်လည်း ပြုလုပ်သည်။
    none
    နာမ်

    ပရပိုက်ခေါက်ရွှီ

    [pɹpaɪʔkʰaʊʔɹW̯í]
    ခေါက်၍ ရရေ၊ ပျော့ပျောင်းရေ ရွှီစင်ရွှီကောင်း
    ခေါက်၍ ရသော၊ ပျော့ပျောင်းသော ရွှေစင်ရွှေကောင်း
    gold
    နာမ်

    ပရပါ

    [pɹpà]
    အရိုးရှည် တပ်ထားရေ ပဲခွပ်ကြီး တမျိုး။ တရွင်းကစ၊ စူးဆောက်ပရပါ၊ လိုရာရာကို ဆောင်ကာယူလား (ဆန္ဒန်)။ တူးရင်းတစင်း၊ ပရပါ ပရပါသျှိတ် တစင်း၊ မီပေါက်တဆူ (လက်သမားသုံး)
    အရိုးရှည် တပ်ထားသော ပဲခွပ်ကြီး တစ်မျိုး။ တူးရွင်းကစ၊ စူးဆောက်ပရပါ၊ လိုရာရာကို ဆောင်ကာယူသွား (ဆန္ဒန်)။ တူးရင်းတစင်း၊ ပရပါ ပရပါသျှိတ် တစင်း၊ မီပေါက်တဆူ (လက်သမားသုံး)
    none
    နာမ်

    ပရပါသျှိတ်

    [pɹpàʃeɪʔ]
    အိန်းဂလိချ်ခေတ်က စပါးမှည့်အချိန်၊ ရိတ်သိမ်းချိန် အခါရို့မာ အိန္ဒိယမှ အလုပ် လုပ်ဖို့ အုတ်ပြတ် အဖွဲ့လိုက် လာရောက် ကတ်တေ အလုပ်ကြမ်း သမားတိကို အယင်က ခေါ်သော စကား။ ပရပါသျှိတ် တတ်တက်လို့ ကျိတ်ကျက်ထွီးဗျာယ်။ (ရိုးရာ
    အင်္ဂလိပ်ခေတ်က စပါးမှည့်အချိန်၊ ရိတ်သိမ်းချိန် အခါတို့၌ အိန္ဒိယမှ အလုပ် လုပ်ရန် အုပ်စုလိုက် အဖွဲ့လိုက် လာရောက် ကြသော အလုပ်ကြမ်း သမားများကို ယခင်က ခေါ်သော စကား။ ပရပါသျှိတ် တတ်တက်လို့ ကျိတ်ကျက်ထွီးဗျာယ်။ (ရိုးရာ
    none
    နာမ်

    ပရပွတ်ဆူ

    [pɹpwaʔsʰù]
    ကျွတ်ကျွတ် ကျွတ်ကျွတ်ဆူ။ ၂၊ လွန်မင်းစွာပူပင်သော ရောက်ရေ
    ကျွတ်ကျွတ် ဆူညံသည်။ ၂၊ လွန်မင်းစွာ ပူပန်သော ရောက်သည်
    concerned
    ကြိယာ

    ပရမ်းပတာ

    [pɹáɴptà]
    ဗရမ်းဗတာ ပြန်ကျဲဗျာယ်
    အစီအစဉ်မကျ ပြန်ကျဲလျက်
    scattered
    ကြိယာဝိသေသန

    ပရမ်ပရ

    [pɹàɴpɹ]
    တယောက်ပြီး တယောက်၊ တခုပြီး တခု အစဟိစွာအနိန်နန့် မပြတ်မလပ် တဆက်တည်း ဖြစ်ရေ အရာ
    တစ်ယောက်ပြီး တစ်ယောက်၊ တစ်ခုပြီး တစ်ခု စသည်ဖြင့် မပြတ်မလပ် တစ်ဆက်တည်း ဖြစ်သော အရာ
    continuous
    နာမ်