Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 1,759 words

    ပ

    ပရဝါ

    [pɹwà]
    ကွပ်မျက်ရန် စီရင်ခြင်း ခံရရေ သူတိကို သတ်ရရေ အမူထမ်း။ မုဒိန်းတန္တမာ နဖူးမာ စာထိုးပနာ သူသတ် ပရဝါအစို့မာဖြည့်။ (မင်းကြီးတမ်း
    ကွပ်မျက်ရန် စီရင်ခြင်း ခံရသော သူများကို သတ်ရသော အမူထမ်း။ မုဒိန်းတန္တမှာ နဖူးတွင် စာထိုး၍ သူသတ် ပရဝါအစို့မှာဖြည့်။ (မင်းကြီးတမ်း
    hangman
    နာမ်

    ပရိဂုဏ်

    [pɹìɡoʊn်]
    ခြံ၊ မြေ အစဟိစွာရို့ကို ကာရံ ထားရေ စည်း
    ခြံ၊ မြေ စသည်တို့ကို ကာရံ ထားသော စည်း
    hedge
    နာမ်

    ပရိယာယ်

    [pɹìjàɛ̀]
    တမျိုးတမည် ကိုယ်ရီခြုံခြင်း။ အကွန်ဆောင်ခြင်း။၂၊ လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် ဆန်းပြား ထူးထွေစွာ ပြုမူချက်
    တစ်မျိုးတစ်မည် အယောင်ဆောင်ခြင်း။ ဟန်ဆောင်ခြင်း။၂၊ လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် ဆန်းပြား ထူးထွေစွာ ပြုမူချက်
    artillery
    နာမ်

    ပရိယေသန

    [pɹìjèθn]
    ရှာမှီခြင်း။ ၂၊ စားသောက်ဖို့ အစားအစာ
    ရှာမှီခြင်း။ ၂၊ စားသောက်ရန် အစားအစာ
    meal
    နာမ်

    ပရိုက်ကံ

    [pɹaɪʔkံ]
    ကဲ့၏ ရှုတ်ချခြင်း၊ နှိပ်စက် ကလူပြုခြင်း၊ ယုတ်ညံ့သော အမှု အစဟိစွာရို့ကို ပြုလုပ်ရေ။ ၂၊ ကိုယ့်ထက် ကြီးကဲသော ဂုဏ် အသီရေ ဟိရေ ပုဂ္ဂိုလ်အား ယုတ်ပတ်၍ ပြောရေ
    ကဲ့ရဲ့ ရှုတ်ချခြင်း၊ နှိပ်စက် ကလူပြုခြင်း၊ ယုတ်ညံ့သော အမှု စသည်တို့ကို ပြုလုပ်သည်။ ၂၊ မိမိထက် ကြီးကဲသော ဂုဏ် အသေရေ ရှိသော ပုဂ္ဂိုလ်အား ယုတ်ပတ်၍ ပြောသည်
    wigging
    ကြိယာ

    ပရိုက်ဟိန္န

    [pɹaɪʔhìn̪a̰n̪n̪a̰]
    ကိုယ့်ထက် ဂုဏ် သိက္ခာ ကြီးရေ ပုဂ္ဂိုလ်ရို့အား ယုတ်ပတ်၍ ပြောရေ။ ကဲ့၏ ရှုတ်ချရေ။ သားတော် အိမ်ဟိ မင်းရဲဘော်စွာကား မကောင်းရေ ဒုစရိုက်ကို ကျင့်ခြင်း၊ ရဟန်း သံဃာတော်ရို့အား ပရိုက်ဟိန္နပြုရေ။ (စကားပြေ
    မိမိထက် ဂုဏ် သိက္ခာ ကြီးသော ပုဂ္ဂိုလ်တို့အား ယုတ်ပတ်၍ ပြောသည်။ ကဲ့ရဲ့ ရှုတ်ချသည်။ သားတော် အိမ်ရှေ့ မင်းရဲဘော်သည်ကား မကောင်းသော ဒုစရိုက်ကို ကျင့်ခြင်း၊ ရဟန်း သံဃာတော်တို့အား ပရိုက်ဟိန္နပြု၏။ (စကားပြေ
    talk back
    ကြိယာ

    ပရုန်းနရုန်း

    [pɹóʊɴnɹóʊɴ]
    နှောင့်နှေးခြင်း မဟိဘဲ။ ဆုတ်ဆိုင်းခြင်း မဟိဘဲ။ အယင့်ယင်။ အဂု
    နှောင့်နှေးခြင်း မရှိပဲ။ ဆုတ်ဆိုင်းခြင်း မရှိပဲ။ လျင်မြန်စွာ။ ချက်ချင်း
    quick
    ကြိယာဝိသေသန

    ပရေမစိုက်နရေမစိုက်

    [pɹèmsaɪʔnɹèmsaɪʔ]
    အကျိုးအကြောင်း တခုတရီကို မီးမြန်း စနည်းနာခြင်း မဟိဘဲ။ ဇာလဲဝေမင်းရို့ ပရီမစွတ်က်နရီမစွတ်က် ဗလချိဗလချာ လူကိုသခိုးလို့ ယိုးစွပ်နီလာ ရေကာ။ (အရပ်
    အကျိုးအကြောင်း တစ်စုံတစ်ခုကို မေးမြန်း စုံစမ်းခြင်း မရှိပဲ။ ဇာလဲဝေမင်းရို့ ပရေမစိုက်နရေမစိုက် အလကား လူကိုသူခိုးလို့ စွပ်စွဲနီလာ ရေကာ။ (အရပ်
    accuse
    ကြိယာဝိသေသန

    ပရောပရံ

    [pɹɔ́pɹံ]
    မတည်မကြည် အလူးတလဲအနိန်နန့်
    မတည်မကြည် အရောတဝင် အားဖြင့်
    fraternise
    ကြိယာဝိသေသန

    ပရွက်မည်း

    [pɹwɛʔmɛ́]
    အဆိပ် အတောက် မဟိရေ အရောင်နက်သည့် ခြာချိုင်နှင့် တူသော ကရင်နီကောင်ကြီး တမျိုး
    အဆိပ် အတောက် မရှိသော အရောင်နက်သည့် ခါချဉ်နှင့် တူသော ပုရွက်ဆိတ်ကြီး တစ်မျိုး
    pismire
    နာမ်

    ပရွင်း

    [pɹwɪ́ɴ]
    အများအနိန်နန့် ဝါညိုရောင် ဟိပြီးကေ ကြည်လင်သော အစီးမှ (ပီပင် အသီးသီးပြီးကေ ဆွေးမြည့် လီဗျာယ်းရေ အပင်၏ အောက်ခြီ မြေမှ) ပြောင်းလဲရေ ကျောက်ဖြစ် ရတနာ တမျိုး
    အများအားဖြင့် ဝါညိုရောင် ရှိ၍ ကြည်လင်သော အစေးမှ (ပေပင် အသီးသီး၍ ဆွေးမြည့် လေပြီးသော အပင်၏ အောက်ခြေ မြေမှ) ပြောင်းလဲသည့် ကျောက်ဖြစ် ရတနာ တစ်မျိုး
    jewel
    နာမ်

    ပလက်ကျီ

    [plɛʔt͡ɕí]
    သဌီး၊ သူကြွယ်၊ ဘုရင် သမီးတော် အစဟိစွာရို့အား စုံဖက်မင်္ဂလာ ပြုလုပ်ဖို့ အတွက် သတိုးသမီးအား သတိုးသား အိမ်သို့ ဆောင်ယူ လာရေအခါ စီးနင်း လိုက်ပါ လာရရေ အလုံ ပိတ်ထားရေ့ လူထမ်းယာဉ် တမျိုး
    သူဌေး၊ သူကြွယ်၊ ဘုရင် သမီးတော် စသည်တို့အား ထိမ်းမြားမင်္ဂလာ ပြုလုပ်ရန် အတွက် သတိုးသမီးအား သတိုးသား အိမ်သို့ ဆောင်ယူ လာသောအခါ စီးနင်း လိုက်ပါ လာရသော အလုံ ပိတ်ထားသည့် လူထမ်းယာဉ် တစ်မျိုး
    none
    နာမ်

    ပလင်

    [plɪ̀ɴ]
    အသံမြည်စီရေ ကစပ်စရာ တမျိုး။ (ဝါးလုံးငယ် အခေါင်းမာ တဖက်က ပလင် သီးလုံးငယ် တနည်း တခုခုကို ကျစ်လျစ် အဖိသိပ်၍ ကျန်တဖက်က ထိုးတံကို ထိုးသွင်း၍ အထဲလေ တွန်းကန်အနိန်နန့် အသံကို မြည်စီရေ။ ၂၊ လက်နက် တမျိုး။
    အသံမြည်စေသော ကစားစရာ တစ်မျိုး။ (ဝါးလုံးငယ် အခေါင်းတွင် တစ်ဘက်က ပလင် သီးလုံးငယ် သို့မဟုတ် တစ်ခုခုကို ကျစ်လျစ် အဖိသိပ်၍ ကျန်တစ်ဘက်က ထိုးတံကို ထိုးသွင်း၍ အတွင်းလေ တွန်းကန် အားဖြင့် အသံကို မြည်စေသည်။ ၂၊ လက်နက် တစ်မျိုး။
    none
    နာမ်

    ပလင်

    [plɪ̀ɴ]
    တိုက်တွန်း ပြောဆိုရေ့ သဘောကို ဖော်ပြ လိုက်ရေအခါ ကြိယာ နောက်ခါ တွဲဖက်သုံး စကားလုံး။ (လုပ်လား၊ စားပလင့်၊ ထိုင်ပလင့် ဟု အသုံး ဟိရေ။
    တိုက်တွန်း ပြောဆိုသည့် သဘောကို ဖော်ပြ လိုက်သောအခါ ကြိယာ နောက်မှ တွဲဖက်သုံး စကားလုံး။ (လုပ်လား၊ စားပလင့်၊ ထိုင်ပလင့် ဟု အသုံး ရှိသည်။
    for the love of god
    ပစ္စည်း

    ပလင်တတ်

    [plɪ̀ɴtaʔ]
    သား၊ ငါး စစွာကို သတ်ဖြတ် ရောင်းချ စားသောက် ခြင်းနန့် အသက်မွီးသူ။ မုဆိုး
    သား၊ ငါး စသည်ကို သတ်ဖြတ် ရောင်းချ စားသောက် ခြင်းဖြင့် အသက်မွေးသူ။ မုဆိုး
    hunter
    နာမ်

    ပလင်တတ်၂

    [plɪ̀ɴtaʔ၂]
    လက်တည့်သော။ လက်ဖြောင့်သော။ ရွှီသာ ပလင်တတ်ရာပလား၊ ယင်းတိုင်သျှင် ကကောင်း လက်တည့်ရေယေ၊ (အရပ်)
    လက်တည့်သော။ လက်ဖြောင့်သော။ ရွှေသာ ပလင်တတ်ရာပလား၊ ယင်းသူ ကောင်းကောင်း လက်တည့်ရေယေ၊ (အရပ်)
    sniper
    နာမဝိသေသန

    ပလင်ပစ်

    [plɪ̀ɴpɪʔ]
    သီနတ်ဖြင့် သားကောင်ကို ပစ်သည်
    သေနတ်ဖြင့် သားကောင်ကို ပစ်သည်
    shoot
    ကြိယာ

    ပလစီချောက်ချား

    [plsíɕɔ́ɛʔɕá]
    တော်ရုံလျော်ရုံ။ အသင့်အတင့်။ ဖြစ်ဖြစ် မြောက်မြောက် အောင်ယောင် မြင်မြင် မဟုတ်ဘဲ။ မည်ကာ မတ္တ
    တော်ရုံလျော်ရုံ။ အသင့်အတင့်။ ဖြစ်ဖြစ် မြောက်မြောက် အောင်အောင် မြင်မြင် မဟုတ်ပဲ။ မည်ကာ မတ္တ
    a way
    ကြိယာဝိသေသန

    ပလီပစာ

    [plípsà]
    မချေမငံ ကဲ့၏ ပြောဆိုခြင်း မာယာ ထွေပြား လှည့်ပတ် ပြောဆိုခြင်း။ မသာမချို၊ မှတ်ဖွယ်ကိုတည်း၊ ပြောဆိုဓလိ့၊ ကဲ့၏ပလီပဇာ၊ မဟုတ်တည်း လင်္ကာပျံ့ဆို၊ ဆိုရေမဟုတ်။ (ပါရာ
    မချေမငံ ကဲ့ရဲ့ ပြောဆိုခြင်း မာယာ ထွေပြား လှည့်ပတ် ပြောဆိုခြင်း။ မသာမချို၊ မှတ်ဖွယ်ကိုတည်း၊ ပြောဆိုဓလေ့၊ ကဲ့ရဲ့ပလီပဇာ၊ မဟုတ်ပါတည်း လင်္ကာပျံ့ဆို၊ ဆိုသည်မဟုတ်။ (ပါရာ
    fib
    နာမ်

    ပလီပတာ

    [plíptà]
    အမျိုးအမည် အရွီအတွက် အစဟိစွာ့ များပြားစွာ။ မရေ မတွက် နှိုင်လောက်ယောင်။ အိန်းဂလိချ် စစ်သားတိ ပလိပလာ တက်လာ ကတ်တေထော (အရပ်
    အမျိုးအမည် အရေအတွက် စသည့် များပြားစွာ။ မရေ မတွက် နိုင်လောက်အောင်။ အင်္ဂလိပ် စစ်သားတိ ပလိပလာ တက်လာ ကတ်တေထော (အရပ်
    uncountable
    ကြိယာဝိသေသန