Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 1,759 words

    ပ

    ပလောင်ပစ်

    [plàʊɴpɪʔ]
    သီနတ်ဖြင့် သားကောင်ကို ပစ်သည်
    သေနတ်ဖြင့် သားကောင်ကို ပစ်သည်
    shoot
    ကြိယာ

    ပလောင်းပလောင်

    [pláʊɴplàʊɴ]
    အလုပ်လိုက် အားရပါးရ
    အလုပ်လိုက် အားရပါးရ
    heartiness
    ကြိယာဝိသေသန

    ပလောပလန်

    [plɔ́plàɴ]
    တနှစ်ခံ အပင် တမျိုး၏ အသီးမှ ထုတ်ယူ ရဟိရေ ယစ်မူးစီရန် အသုံးပြုကတ်တေ့ အစီး တမျိုး။ ပလောပလန် သောက်ပြန် တကျည့်။ ယူဟိုက်ခရေ်၊ သက္ကရာဇာ၊ စည်းစိမ်ပျော်၏(ဘိန်း)
    တစ်နှစ်ခံ အပင် တစ်မျိုး၏ အသီးမှ ထုတ်ယူ ရရှိသော မူးယစ်စေရန် အသုံးပြုကြသည့် အစေး တစ်မျိုး။ ပလောပလန် သောက်ပြန် တစ်ကျည့်။ ယူယှိုက်ခဲ့သော်၊ သက္ကရာဇာ၊ စည်းစိမ်ပျော်၏(ဘိန်း)
    poppy
    နာမ်

    ပလဲ

    [plɛ]
    ပူသော ဥ အမြစ်ကို ဝါးအဖြစ် အသုံးပြုရရေ ဝါးရွက်ပိုင် ရှည်ချွန်သော အရွက်ဟိပြီးကေ ပင်မကြီးးလုံး မဟိသော အညှောက်ပင် တမျိုး
    ပူသော ဥ အမြစ်ကို ဝါးအဖြစ် အသုံးပြုရသော ဝါးရွက်ကဲ့သို့ ရှည်ချွန်သော အရွက်ရှိ၍ ပင်စည်းလုံး မယှိသော အညှောက်ပင် တစ်မျိုး
    none
    နာမ်

    ပလွီ

    [plwí]
    အထဲ လျှာခင်နှင့် သံစုံမှုတ် နှိုင်ရေ လက်နှိပ် ပေါက်ပါဟိရေ့ ပြွန်ခေါင်း တူရိယာ တမျိုး။ (ပလွီကျော်၊ ပလွီစံကျော်၊ ပလွီပြား၊ သုံးပေါက် ပလွီ၊ ငါးပေါက် ပလီ၊ နွှဲပလွီ အစဟိစွာ အမျိုးမျိုး အပြားပြား ဟိရေ)
    အတွင်း လျှာခင်နှင့် သံစုံမှုတ် နိုင်သော လက်နှိပ် ပေါက်ပါရှိသည့် ပြွန်ခေါင်း တူရိယာ တစ်မျိုး။ (ပလွီကျော်၊ ပလွီစံကျော်၊ ပလွီပြား၊ သုံးပေါက် ပလွီ၊ ငါးပေါက် ပလီ၊ နွှဲပလွီ စသည် အမျိုးမျိုး အပြားပြား ရှိသည်)
    flute
    နာမ်

    ပလွီကျော်

    [plwít͡ɕɔ̀]
    သာယာ ငြိမ်းညောင်း သံစုံ နှောအောင် ပြုလုပ် ထားရေ ရခိုင် ပလွီ တူရိယာ တမျိုး။ ပလွီကျော် အသံကြားကေ၊ ပျိုသက်နှံမာ နီလို့ မဖြစ် ချစ်တေ မောင်ကို လာချင်လတ်ကေ၊ မပြောခီကေ။ (ပဲယာ
    သာယာ ငြိမ်းညောင်း သံစုံ နှောအောင် ပြုလုပ် ထားသော ရခိုင် ပလွေ တူရိယာ တစ်မျိုး။ ပလွီကျော် အသံကြားကေ၊ ပျိုသက်နှံမှာ နီလို့ မဖြစ် ချစ်တေ မောင်ကို လာချင်လတ်ကေ၊ မပြောခီကေ။ (ပဲယာ
    flute
    နာမ်

    ပလွီစံကျော်

    [plwísံt͡ɕɔ̀]
    ဗေလုဝ စောင်းညှောင်းသံ ပိုင် သံစုံ ချိုအီး နားသာသော စိတ်ထဲ စိမ့်ဝင်စွဲအောင် ကြားရသူရို့ တန့်၍ နားထောင် ဟိကို မလားနှိုင်ယောင် လက်သံ ကကောင်း တီးမှုတ် နှိုင်ရေ ရခိုင်ပလွီ တူရိယာ တမျိုး။ ပလွီစံကျော်၊ မှုတ်လို့လာ၊ နာသာရေကား၊ ပင်းဝါးသားလား၊ ရွာသားလား
    ဗေလုဝ စောင်းညှောင်းသံ ကဲ့သို့ သံစုံ ချိုအေး နားသာသော စိတ်ထဲ စိမ့်ဝင်စွဲအောင် ကြားရသူတို့ တန့်၍ နားထောင် ရှေ့သို့ မသွားနိုင်အောင် လက်သံ ကောင်းကောင်း တီးမှုတ် နိုင်သော ရခိုင်ပလွေ တူရိယာ တစ်မျိုး။ ပလွီစံကျော်၊ မှုတ်လို့လာ၊ နာသာရေကား၊ ပင်းဝါးသားလား၊ ရွာသားလား
    flute
    နာမ်

    ပဝတ်ခြည်

    [pwaʔkʰɹɛ]
    ပဝတ် လျှော်မျှင်ဖြင့် ကျစ်ထားရေ ခြည်
    ပဝတ် လျှော်မျှင်ဖြင့် ကျစ်ထားသော ချည်
    none
    နာမ်

    ပဝတ်ပင်

    [pwaʔpɪ̀ɴ]
    အခေါက်ခွံမှ လျှော်မျှင် ထုတ်ယူ ရဟိရေ အပင် တမျိုး
    အခေါက်ခွံမှ လျှော်မျှင် ထုတ်ယူ ရရှိသော အပင် တစ်မျိုး
    none
    နာမ်

    ပဝတ်လှယော်

    [pwaʔɬjɔ̀]
    ပဝှတ်သျှော် ပဝတ် အပင်၏ အခွံ အခေါက်ရို့မှ ထုတ်ယူ ရဟိရေ အမျှင်
    ပဝှတ်သျှော် ပဝတ် အပင်၏ အခွံ အခေါက်တို့မှ ထုတ်ယူ ရရှိသော အမျှင်
    none
    နာမ်

    ပဝေဏီ

    [pwèní]
    ရှေး ထုံးတမ်း စဉ်လာ
    ရှေး ထုံးတမ်း စဉ်လာ
    traditional
    နာမ်

    ပဝေသဏီ

    [pwèθní]
    အလွန် ဝေးသော အတိတ် ကာလ
    အလွန် ဝေးသော အတိတ် ကာလ
    past
    နာမ်

    ပသီး

    [pθï]
    ငါးအစဟိရေ ရေ သတ္တဝါ ရို့၏ ခေါင်းပိုင်း ဖီး တဖက် တချက်မာ ဟိရေ လေရှူသွင်းရာ ရေနှင့်လေ ခွဲခြား ထုတ်ရာ အပေါက်
    ငါးစသော ရေ သတ္တဝါ တို့၏ ခေါင်းပိုင်း ဘေး တစ်ဘက် တစ်ချက်တွင် ရှိသော လေရှူသွင်းရာ ရေနှင့်လေ ခွဲခြား ထုတ်ရာ အပေါက်
    gill
    နာမ်

    ပသီး၂

    [pθï၂]
    ကျမ်းမာပါစီ၊ ချမ်းသာပါစီ၊ ၉၆ ဖြာဝေဒနာရို့ ကင်းယှင်းပါစီ အစဟိစွာအနိန်နန့် မြွက်ဆိုရေ စကား
    ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ၉၆ ဖြာဝေဒနာတို့ ကင်းရှင်းပါစေ စသည်ဖြင့် မြွက်ဆိုသော စကား
    give blessings
    နာမ်

    ပသီးပီး

    [pθïpï]
    တစုံ တယောက် ကောင်းကျိုး ရဟိရီး အတွက် တောင့်တ ပြောဆိုရေ။ ဆရာပီးတိုင်း ပီးငြားတိုင်း ပီးသည် ပသီး ကျွန်ရို့ ကိုယ်မာ မြဲစွာ ဟိပါစီ။ (ဓမ္မက) ကိုးဆယ် ခြောက်ပါး ရောဂါတိလေ့ ကင်းငြိလီစီ၊ ရန်သူခင်ပွန်း ဖြစ်လီစီ ဟု ဖခင်ပသီး၊ သမီးသျှေကို မြိန့်မြိန့်ပီးလို့
    တစ်စုံ တစ်ယောက် ကောင်းကျိုး ရရှိရေး အတွက် တောင့်တ ပြောဆိုသည်။ ဆရာပီးတိုင်း ပီးငြားတိုင်း ပီးသည် ပသီး ကျွန်ရို့ ကိုယ်မှာ မြဲစွာ ဟိပါစီ။ (ဓမ္မက) ကိုးဆယ် ခြောက်ပါး ရောဂါများလည်း ကင်းငြိလီစီ၊ ရန်သူခင်ပွန်း ဖြစ်လီစီ ဟု ဖခင်ပသီး၊ သမီးသျှေကို မြိန့်မြိန့်ပီးလို့
    praying wish for someone
    ကြိယာ

    ပသုန်း

    [pθóʊɴ]
    နွားစားသရက် မှည့်ချိန်၊ ပိန္နဲသီး မှည့်ချိန်မာ နွားစားသရက် မှည့်ကို စားပနာ ပစ်ခီသော အခွံ၊ အစိ၌ ကပ်ကေလည်းဟိရေ အချိုရို့ကို အုံဖွဲ့ပြီးကေ စားတတ်ရေ ဖြုတ်ကောင် (ယင်ကောင်) ငယ် တမျိုး
    သရက်သီး မှည့်ချိန်၊ ပိန္နဲသီး မှည့်ချိန်တွင် သရက်သီး မှည့်ကို စား၍ ပစ်လိုက်သော အခွံ၊ အစေ့၌ ကပ်လျက်ရှိသော အချိုတို့ကို အုံဖွဲ့၍ စားတတ်သော ဖြုတ်ကောင် (ယင်ကောင်) ငယ် တစ်မျိုး
    aphid
    နာမ်

    ပသျှူးပိုက်

    [pʃùးpaɪʔ]
    ရေနက်မာ ငါး အကြီး ရှာသော ပိုက် တမျိုး
    ရေနက်တွင် ငါး အကြီး ရှာသော ပိုက် တစ်မျိုး
    seine
    နာမ်

    ပဟိုင်း

    [pháɪɴ]
    ရေယာဉ်၊ လီယာဉ် အစဟိစွာ၏ နောက်ပိုင်း။ နောက်ပိုင်း ကျရေ့ နီရာ။ ပဟိုရ်နပို တရက်မာ နိ လေးဗဟိုရ်၊ ညဉ့် လေးပဟိုရ် ဟိရာ ညဉ့် နိ ကာလတခု၏ အပိုင်းအရာ။ ပျော်ပါးဖွယ်လေ၊ ညနီမှိန်မှိန်၊ သုံးပိုချိန်နှင့် လင်းချိန်ညဉ့်ယံ (ရာမ
    ရေယာဉ်၊ လေယာဉ် စသည်၏ နောက်ပိုင်း။ နောက်ပိုင်း ကျသည့် နေရာ။ ပဟိုရ်နပို တစ်ရက်တွင် နေ့ လေးဗဟိုရ်၊ ညဉ့် လေးပဟိုရ် ရှိရာ ညဉ့် နေ့ ကာလတစ်ခု၏ အပိုင်းအခြား။ ပျော်ပါးဖွယ်လေ၊ ညနေမှိန်မှိန်၊ သုံးပိုချိန်နှင့် လင်းချိန်ညဉ့်ယံ (ရာမ
    period
    နာမ်

    ပဟိုရ်စည်

    [phÒɹ်sɛ̀]
    ရခိုင် ဘုရင်မင်းများ လက်ထက်မာ အချိန် နာရီကို အချက်ပီး တီးခတ်သည့် စည်ကြီး
    ရခိုင် ဘုရင်မင်းများ လက်ထက်တွင် အချိန် နာရီကို အချက်ပေး တီးခတ်သည့် စည်ကြီး
    vat
    နာမ်

    ပဥစ္စကာသီး

    [pʔṵsɪ́səkàθï]
    အရွက်များ အတွန်ဟိပြီးကေ ကြီးရေ အပင်တမျိုးမှ သီးသော ဆီးဖက်ဝင်ရေ့ အသီးတမျိုး
    အရွက်များ အတွန်ရှိ၍ ကြီးသော အပင်တစ်မျိုးမှ သီးသော ဆေးဖက်ဝင်သည့် အသီးတစ်မျိုး
    none
    နာမ်