Dictionary Entries
Showing 521–540 of 1,759 words
ပ
ပို၂
[pÒ၂]
Arakanese:
ဟိသင့်စွာထက် များပြား ကျော်လွန်ရေ။ မလိုပဲနန့် လောက်ငှသော။ သုံးရန် မလိုဖြစ်ရေ
Burmese:
ရှိသင့်သည်ထက် များပြား ကဲလွန်သော။ မလိုပဲ လုံလောက်သော။ သုံးရန် မလိုဖြစ်သော
English:
undue
Grammar Note:
နာမဝိသေသန
ပိုး၂
[pó၂]
Arakanese:
ကျော၏ နောက်ပြင်ထက်မာ သယ်ဆောင်ရေ။ ထပ်၍ ကပ်သည်
Burmese:
ကျော၏ နောက်ပြင်ပေါ်တွင် သယ်ဆောင်သည်။ ထပ်၍ ကပ်သည်
English:
affix
Grammar Note:
ကြိယာ
ပို၃
[pÒ၃]
Arakanese:
လောင်းနှစ်စင်းကို ဖောင်ဖွဲ့ရာမာ ပင်ဖြစ်ဖြစ်၊ သစ်တုံးတိကို စီတန်း၍ ဖောင်ဖွဲ့ရာမာ လည်ကောင်း ပူးတွဲ ချိုင်နှောင်သော တန်း
Burmese:
လှေနှစ်စင်းကို ဖောင်ဖွဲ့ရာတွင် လည်းကောင်း၊ သစ်တုံးများကို စီတန်း၍ ဖောင်ဖွဲ့ရာတွင် လည်ကောင်း ပူးတွဲ ချည်နှောင်သော တန်း
English:
none
Grammar Note:
နာမ်
ပို၄
[pÒ၄]
Arakanese:
အချိန်ကာလ။ နီညိုညိုလေ၊ ပိုလောက်မာ၊ ရောက်လတ်တေလေ (ရီလား
Burmese:
အချိန်ကာလ။ နီညိုညိုလေ၊ ပိုလောက်မှာ၊ ရောက်လတ်တေလေ (ရီလား
English:
while
Grammar Note:
နာမ်
ပို၅
[pÒ၅]
Arakanese:
ငါးရှာ ပိုက်နှစ်ခု ပူးစပ်စွာကို ပြောသော စကားလုံး။ ပိုက်အလျားတို အရွီအတွက် နောက်ထပ် သုံးစပ်လီာက် ပိုထားပါ။ (အရပ်
Burmese:
ငါးရှာ ပိုက်နှစ်ခု ပူးစပ်သည်ကို ပြောသော စကားလုံး။ ပိုက်အလျားတို အရေအတွက် နောက်ထပ် သုံးစပ်လောက် ပိုထားပါ။ (အရပ်
English:
fishnet
Grammar Note:
နာမ်
ပို၆
[pÒ၆]
Arakanese:
ဆီးရွက်ကြီး တဆယ်ရွက်ကို ဝါးချောင်းတံ တခုနှင့် ထိုးသီထားရေကို တပျစ် ဟု ခေါ်၏။ ယင်းပိုင် ထိုးသီထားရေ နှစ်ဆယ်ပျစ်ကို သင်္ချာအားဖြင့် တပို ခေါ်၏။ ယင်းပိုင် ပိုကို ရွီတွက်သော စကား
Burmese:
ဆေးရွက်ကြီး တစ်ဆယ်ရွက်ကို ဝါးချောင်းတံ တစ်ခုနှင့် ထိုးသီထားသည်ကို တစ်ပျစ် ဟု ခေါ်၏။ ယင်းသို့ ထိုးသီထားသော နှစ်ဆယ်ပျစ်ကို သင်္ချာအားဖြင့် တစ်ပို ခေါ်၏။ ယင်းသို့ ပိုကို ရေတွက်သော စကား
English:
none
Grammar Note:
နာမ်
ပို့ကား
[po̰ká]
Arakanese:
ပြန့်ကျယ်ရေ။ ဖြန့်ချဲ့ရေ။ အမှန်ထက် ပိုလွန်၍ ပြုမူ ပြောဆိုရေ
Burmese:
ပြန့်ကျယ်သည်။ ဖြန့်ချဲ့သည်။ အမှန်ထက် ပိုလွန်၍ ပြုမူ ပြောဆိုသည်
English:
widespread
Grammar Note:
ကြိယာ
ပို့ကား၂
[po̰ká၂]
Arakanese:
ပြန့်ကျယ်သော။ အမှန်ထက် ပိုလွန်၍ ပြုမူ ပြောဆိုရေ
Burmese:
ပြန့်ကျယ်သော။ အမှန်ထက် ပိုလွန်၍ ပြုမူ ပြောဆိုသော
English:
widespread
Grammar Note:
နာမဝိသေသန
ပို့ကားတောင်
[po̰kátàʊɴ]
Arakanese:
ရခိုင် ရိုးမတောင်ကို ခေါ်သော အမည်
Burmese:
ရခိုင် ရိုးမတောင်ကို ခေါ်သော အမည်
English:
name of rakhine hill
Grammar Note:
နာမ်
ပိုးကိုက်
[pókaɪʔ]
Arakanese:
ပိုးကောင်များ ကိုက်စား ဖျက်ဆီးရေ။ ဝန် ဝန်ဆန် ပိုးကြောင့် ပျက်စီးရေ
Burmese:
ပိုးကောင်များ ကိုက်စား ဖျက်ဆီးသည်။ ပစ္စည်း ဝန်ဆန် ပိုးကြောင့် ပျက်စီးသည်
English:
wormeaten
Grammar Note:
ကြိယာ
ပိုကဲ
[pÒkɛ]
Arakanese:
အဆများစွာ ပိုပြီးကေ ကျော်လွန်ဗျာယ်
Burmese:
အဆများစွာ ပိုမို ကျော်လွန်လျက်
English:
undue
Grammar Note:
ကြိယာ
ပိုက်
[paɪʔ]
Arakanese:
၁၊ ရင်နှင့်ကပ်၍ ပွေ့ကိုင် ထားရေ။ အသျှေကို ရင်ခွင်မာ ပိုက်ထား (အရပ်)။ ၂၊ သိမ်းသွင်းထားရေ။ ၃၊ မြတ်နိုး ယုယစွာ ထိန်းသိမ်း ထားရေ
Burmese:
၁၊ ရင်နှင့်ကပ်၍ ပွေ့ကိုင် ထားသည်။ အသျှေကို ရင်ခွင်မှာ ပိုက်ထား (အရပ်)။ ၂၊ သိမ်းသွင်းထားသည်။ ၃၊ မြတ်နိုး ယုယစွာ ထိန်းသိမ်း ထားသည်
English:
hug
Grammar Note:
ကြိယာ
ပိုက်၂
[paɪʔ၂]
Arakanese:
သား ငါး အစဟိစွာ ဖမ်းရန် ခြည်မျှင်ဖြင့် အကွက်ဖော်ပနာ ထိုးထားရေ အရာ
Burmese:
သား ငါး စသည် ဖမ်းရန် ချည်မျှင်ဖြင့် အကွက်ဖော်၍ ထိုးထားသော အရာ
English:
fishnet
Grammar Note:
နာမ်
ပိုက်ကလာ
[paɪʔklà]
Arakanese:
တဖြောင့်တည်းသော ပင်မကြီးထိပ်မှ ဖြာထွက်နိန်ရေ့ လက်တံဖျား၌ လက်ခြား အရွက်ဟိပြီးး ပင်မကြီး၌ အသီးများ ပျစ်ဗျာယ် သီးတတ်ရေ အပင်တမျိုး။ (အဖိုပင်၊ အမပင် ဆိုပနာ ကွဲပြားရေ) (အသီးစားသော) သင်္ဘောပင်
Burmese:
တစ်ဖြောင့်တည်းသော ပင်စည်ထိပ်မှ ဖြာထွက်နေသည့် လက်တံဖျား၌ လက်ခြား အရွက်ရှိပြီး ပင်စည်၌ အသီးများ ပြွတ်သိပ်လျက် သီးတတ်သော အပင်တစ်မျိုး။ (အဖိုပင်၊ အမပင် ဟူ၍ ကွဲပြားသည်) (အသီးစားသော) သင်္ဘောပင်
English:
papaya
Grammar Note:
နာမ်
ပိုက်ချ
[paɪʔɕ]
Arakanese:
၁၊ ပိုက်ဖြင့် ငါးယှာရေ။ ၂၊ ပိုက်ချရန် ရီအောက်ကို ပိုက်ကို ချထားရေ
Burmese:
၁၊ ပိုက်ဖြင့် ငါးရှာသည်။ ၂၊ ငါးဖမ်းရန် ရေအောက်သို့ ပိုက်ကို ချထားသည်
English:
enmesh
Grammar Note:
ကြိယာ
ပိုက်တန်း
[paɪʔtáɴ]
Arakanese:
ပိုက်ချရန် ရီအောက်ကို ပိုက်ကို ချထားရေ
Burmese:
ငါးဖမ်းရန် ရေအောက်သို့ ပိုက်ကို ချထားသည်
English:
enmesh
Grammar Note:
ကြိယာ
ပိုက်တန်းထောင်
[paɪʔtáɴtʰàʊɴ]
Arakanese:
သား၊ ငါးစစွာကို ကာဆီးရုံမျှ တန်းလံထားရေ့ ပိုက်တမျိုး
Burmese:
သား၊ ငါးစသည်ကို ကာဆီးရုံမျှ တန်းချည်ထားသည့် ပိုက်တစ်မျိုး
English:
fishnet
Grammar Note:
နာမ်
ပိုက်တိုင်းကျ
[paɪʔtáɪɴt͡ɕ]
Arakanese:
အနိန်အထား မှန်ကန်လို့။ နီသားတကျ။ နီရာကမထ၊ ပိုက်တိုင်းကျပင် ထိုင်နီရေထော။ (အရပ်
Burmese:
အနေအထား မှန်ကန်စွာ။ နေသားတကျ။ နီရာကမထ၊ ပိုက်တိုင်းကျပင် ထိုင်နီရေထော။ (အရပ်
English:
right
Grammar Note:
ကြိယာဝိသေသန
ပိုက်ထောင့်ကွင်း
[paɪʔtʰa̰ʊɴkwɪ́ɴ]
Arakanese:
ထောင့်ကို ကြက်ခြေခတ် ကြိမ် တနည်း ဝါးခြမ်း ခြည်၍ ငါးမျှားတံ ဖျားမာ ခြည်၍ ပိုက်ထောင့်ကွင်းသို့ ဖွဲနုများ ချပြီးကေ ရီထဲမာ နစ်ခြည် ဖော်ခြည်ပြုလုပ်ပနာ ပိုက်ချရရေ ကိရိယာတမျိုး
Burmese:
ထောင့်ကို ကြက်ခြေခတ် ကြိမ် သို့မဟုတ် ဝါးခြမ်း ချည်၍ ကိုင်းတံ ဖျားတွင် ချည်၍ ပိုက်ထောင့်ကွင်းသို့ ဖွဲနုများ ချကာ ရေထဲ၌ နစ်ချည် ဖော်ချည်ပြုလုပ်၍ ငါးဖမ်းရသော ကိရိယာတစ်မျိုး
English:
none
Grammar Note:
နာမ်
ပိုက်နာယာ
[paɪʔnàjà]
Arakanese:
ပိုက်သမားရို့မာ အကြီးအကဲ။ ဂေါင်းဆောင်။ အကြီးအမှူး။ ထိုရေအခါ၊ ပိုက်နာယာမာ၊ တန်ဆာဝတ်စား၊ သစ်လွင်လွင်ကို၊ ဝတ်ဆင်ငြါးလို့ (ပဒုမ္မ
Burmese:
ပိုက်သမားတို့တွင် အကြီးအကဲ။ ခေါင်းဆောင်။ အကြီးအမှူး။ ထိုသည့်အခါ၊ ပိုက်နာယာမှာ၊ တန်ဆာဝတ်စား၊ သစ်လွင်လွင်ကို၊ ဝတ်ဆင်ငြါးလို့ (ပဒုမ္မ
English:
headman
Grammar Note:
နာမ်