Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 1,759 words

    ပ

    ပက်စီပက်စပ်

    [pɛʔsípɛʔsaʔ]
    မကောင်းမမွန်။ ပျက်ချိပျက်ချော်။ ဖာလိဖာလာ။ အလုပ်လုပ်ကေ၊ ပက်စီပက်စပ် လုပ်လိုမရ၊ သသပ်ရရပ်၊ ကကောင်း မွန်မွန်၊ လုပ်ရရေမှတ်ထား။ (အရပ်
    မကောင်းမမွန်။ ပေါ့ပေါ့တန်တန်။ ဖြစ်ကတတ်ဆန်း။ အလုပ်လုပ်ကေ၊ ပက်စီပက်စပ် လုပ်လိုမရ၊ သပ်သပ်ရပ်ရပ်၊ ကောင်းကောင်း မွန်မွန်၊ လုပ်ရရေမှတ်ထား။ (အရပ်
    haphazardly
    ကြိယာဝိသေသန

    ပက်ထီး

    [pɛʔtʰï]
    တယောက်ထီးတည်း
    တစ်ယောက်ထီးတည်း
    single
    နာမ်

    ပက်ထီးကြီး

    [pɛʔtʰït͡ɕï]
    ဖွံ့ဖြိုးသည့် ကိုယ်ခန္ဓာထက် ပိုပြီးကေလောက်သော။ လူကလေ့ အရပ်အမင်ာင်း ကောင်းရေနန့် ပက်ထီးကြီးရာ မလားယေ။ (အရပ်
    ဖွံ့ဖြိုးသည့် ကိုယ်ခန္ဓာထက် ပိုမိုပြည့်ဝသော။ လူကလည်း အရပ်အမောင်း ကောင်းရေနန့် ပက်ထီးကြီးရာ မလားယေ။ (အရပ်
    strong man
    နာမဝိသေသန

    ပက်ပက်စက်စက်

    [pɛʔpɛʔsɛʔsɛʔ]
    ထောက်ထား ငဲ့ညှာခြင်းမဟိ ရိုင်းပျသောအနိန်နန့်။၂၊ ဆင်ခြင် တွက်ဖော်ဉာဏ်မဟိ၊ ပစမ်းနရမ်း ပြုလွယ်သနန့်။ မောင်သာဖြူ မျက်စိမကြည့် မျက်နှာမကြည့် ပပက်စစက် လုပ်တေနန့်။ (အရပ်
    ထောက်ထား ငဲ့ညှာခြင်းမရှိ ရိုင်းပျသော အားဖြင့်။၂၊ ဆင်ခြင် စဉ်းစားဉာဏ်မရှိ၊ မသပ်မရပ် ပြုလွယ်သဖြင့်။ မောင်သာဖြူ မျက်စိမကြည့် မျက်နှာမကြည့် ပက်ပက်စက်စက် လုပ်တေနန့်။ (အရပ်
    insult
    ကြိယာဝိသေသန

    ပက်ပက်ပျို

    [pɛʔpɛʔprÒ]
    အမှည့်လွန်သော (သစ်းသီး)။ ၂၊ အသက်အရွယ် အလွန် အိုမင်း၊ ရွယ်မင်း၊ ရင့်ရော်သော အဆင့်သို့ ရောက်သော။ နွားစားသရက်ကလေ့ ပက်ပက်ပျို စားဖို့မရ။ အဖိုကြီးကလေ့ ပက်ပက်ပျို မထနိုင် မလားနိုင်ဗျာယ်။ (အရပ်
    အမှည့်လွန်သော (သစ်းသီး)။ ၂၊ အသက်အရွယ် အလွန် အိုမင်း၊ ရွယ်မင်း၊ ရင့်ရော်သော အဆင့်သို့ ရောက်သော။ သရက်သီးကလည်း ပက်ပက်ပျို စားဖို့မရ။ အဖိုကြီးကလည်း ပက်ပက်ပျို မထနိုင် မလားနိုင်ဗျာယ်။ (အရပ်
    overripe
    နာမဝိသေသန

    ပက်ပက်လန်

    [pɛʔpɛʔlàɴ]
    နောက်ကို ကျောခင်းဗျာယ် လဲကျရေ။ ၂၊ (ဥပစာ) ဆုတ်ကိုင်ရာမရ ဖြစ်တေ
    နောက်သို့ ကျောခင်းလျက် လဲကျသည်။ ၂၊ (ဥပစာ) ဆောက်တည်ရာမရ ဖြစ်သည်
    flop
    ကြိယာ

    ပက်ပက်လန်၂

    [pɛʔpɛʔlàɴ၂]
    နိူင်းပြိုင်မှုမာ အောင်မြင်မှုမရပဲ ဟိရေ။ မောင်သာ စကားတတ်တေလို့ ကျော်ကြားနီရေ၊ ငါတခွန်း နှက်လိုက်စွာနန့် ပက်ပက်လန်ရေ၊ နောက်ထပ် မဟဝန့်နိုင်ဗျာယ်။ (အရပ်
    ယှဉ်ပြိုင်မှုတွင် အောင်မြင်မှုမရပဲ ရှိသည်။ မောင်သာ စကားတတ်တေလို့ ကျော်ကြားနီရေ၊ ငါတစ်ခွန်း နှက်လိုက်စွာနန့် ပက်ပက်လန်ရေ၊ နောက်ထပ် မဟဝန့်နိုင်ဗျာယ်။ (အရပ်
    lose
    ကြိယာ

    ပက်ပက်သျှေ

    [pɛʔpɛʔʃè]
    စောက်တိမ်၍ အပြန့်ကျဉ်းသော၊ ပက်သော (အိုး)
    စောက်တိမ်၍ အပြန့်ကျဉ်းသော၊ ပက်သော (အိုး)
    pot
    နာမဝိသေသန

    ပက်ပလာသီး

    [pɛʔplàθï]
    တဖြောင့်တည်းသော ပင်မကြီးထိပ်မှ ဖြာထွက်နိန်ရေ့ လက်တံဖျား၌ လက်ခြား အရွက်ဟိပြီးး ပင်မကြီး၌ အသီးများ ပျစ်ဗျာယ် သီးတတ်ရေ ပင်တမျိုး။ (အဖိုပင်၊ အမပင်ဆိုပနာ ကွဲပြားရေ) (အသီးစားသော) သင်္ဘောပင်
    တစ်ဖြောင့်တည်းသော ပင်စည်ထိပ်မှ ဖြာထွက်နေသည့် လက်တံဖျား၌ လက်ခြား အရွက်ရှိပြီး ပင်စည်၌ အသီးများ ပြွတ်သိပ်လျက် သီးတတ်သော ပင်တစ်မျိုး။ (အဖိုပင်၊ အမပင်ဟူ၍ ကွဲပြားသည်) (အသီးစားသော) သင်္ဘောပင်
    papaya
    နာမ်

    ပက်ပြဲ

    [pɛʔpɹɛ]
    ပြဲသော ပစဟိရေ။ (မမာ့) မမက ပစ ပက်ပြဲကြီးနန့်ရာ (အရပ်
    ပြဲသော ပါးစပ်ရှိသော။ (မိန်းမ) မမက ပစ ပက်ပြဲကြီးနန့်ရာ (အရပ်
    none
    နာမဝိသေသန

    ပက်ယက်

    [pɛʔjɛʔ]
    ကိုယ့်ကို နှိမ့်ချပနာ ကျိုးနွံစွာ ဆက်ဆံသည်
    မိမိကို နှိမ့်ချ၍ ကျိုးနွံစွာ ဆက်ဆံသည်
    condescendingly
    ကြိယာ

    ပက်ယက်ခံ

    [pɛʔjɛʔkʰံ]
    တစုံ တခုသော အကျိုးကို မျှော်ကြိုးဗျာယ်၊ ကိုယ့်ကိုယ်ကို နှိမ့်ချပနာ ပြုမှုပြောဆို နီထိုင်သည်
    တစ်စုံ တစ်ခုသော အကျိုးကို မျှော်ကြိုးလျက်၊ မိမိကိုယ်ကို နှိမ့်ချ၍ ပြုမှုပြောဆို နေထိုင်သည်
    condescendingly
    ကြိယာ

    ပက်လက်လန်

    [pɛʔlɛʔlàɴ]
    နောက်ကို ကျောခင်းဗျာယ် လဲကျရေ။ ၂၊ (ဥပစာ) ဆုတ်ကိုင်ရာမရ ဖြစ်တေ
    နောက်သို့ ကျောခင်းလျက် လဲကျသည်။ ၂၊ (ဥပစာ) ဆောက်တည်ရာမရ ဖြစ်သည်
    flop
    ကြိယာ

    ပက်လက်လဲ

    [pɛʔlɛʔlɛ]
    ထလန်းဂါး အနိန်အထား ဖြစ်ယောင် လှဲသည်
    ပက်လက် အနေအထား ဖြစ်အောင် လဲလျောင်းသည်
    supine
    ကြိယာ

    ပက်လက်လဲ၂

    [pɛʔlɛʔlɛ၂]
    နောက်ကို ကျောခင်းဗျာယ် လဲကျရေ။ ၂၊ (ဥပစာ) ဆုတ်ကိုင်ရာမရ ဖြစ်တေ
    နောက်သို့ ကျောခင်းလျက် လဲကျသည်။ ၂၊ (ဥပစာ) ဆောက်တည်ရာမရ ဖြစ်သည်
    flop
    ကြိယာ

    ပက်လက်လွယ်

    [pɛʔlɛʔlwɛ̀]
    နို့စို့ အချေအား ထလန်းဂါး အနိန်အထားဖြင့် ပွီ့ရွက်ရေ
    နို့စို့ ကလေးငယ်အား ပက်လက် အနေအထားဖြင့် ပွေ့ချီသည်
    none
    ကြိယာ

    ပက်လက်သျှေ

    [pɛʔlɛʔʃè]
    လူ မွီးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ အချေ။ မွီးကင်းစ အချေ
    လူ မွေးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ ကလေးငယ်။ မွေးကင်းစ ကလေးငယ်
    baby
    နာမ်

    ပက်လန်

    [pɛʔlàɴ]
    နှုတ်ခမ်းကြီးပြီးကေ အထက်ကို လန်တက်နိန်ရေ (ကျား မ) နှုတ်ခမ်း ပက်လန်၊ ကန်တော်ကြီးနန့်၊ ယင်းပိုင်မမာ့၊ ရို့မလို (လောင်းချပ်)
    နှုတ်ခမ်းကြီး၍ အထက်သို့ လန်တက်နေသော (ကျား မ) နှုတ်ခမ်း ပက်လန်၊ ကန်တော်ကြီးနန့်၊ ယင်းပိုင်မိန်းမ၊ တို့မလို (လှေချပ်)
    none
    နာမဝိသေသန

    ပက်လန်၂

    [pɛʔlàɴ၂]
    ဥချိုကား၍ နောက်ကို လန်နိန်ရေ ကျွဲ၊ နွား အစဟိစွာ
    ဥချိုကား၍ နောက်သို့ လန်နေသော ကျွဲ၊ နွား စသည်
    herd
    နာမ်

    ပက်လန်သျှေ

    [pɛʔlàɴʃè]
    လူ မွီးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ အချေ။ မွီးကင်းစ အချေ
    လူ မွေးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ ကလေးငယ်။ မွေးကင်းစ ကလေးငယ်
    baby
    နာမ်