Dictionary Entries
Showing 741–760 of 1,759 words
ပ
ပူ၂
[pù၂]
Arakanese:
စပ်ဟိန်၍ အခိုးပြင်းသော
Burmese:
စပ်ရှိန်၍ အခိုးပြင်းသော
English:
hot
Grammar Note:
နာမဝိသေသန
ပူ၃
[pù၃]
Arakanese:
အပြင်သို့ စူကားဖောင်းမို့သော။ မလှစိန်မာ ပါးချေ ပူနီရေထော (အရပ်)
Burmese:
အပြင်သို့ စူကားဖောင်းမို့သော။ မလှစိန်မှာ ပါးချေ ပူနီရေထော (အရပ်)
English:
protuberant
Grammar Note:
နာမဝိသေသန
ပူ၄
[pù၄]
Arakanese:
တနားတခါ အနှောက် အယှက် ပြုရေ။ ၂၊ ဗြုန်းဒိုင်း လုပ်ဆောင်ရဖို့့ အခြီအရဲသို့ ရောက်ရေ။ ၃၊ နှောင့်ယှက်မှု ဖီးရန်ကြောင့် မငြိမ်မသက် ဖြစ်ရရေ။ ၄၊ အခေါက်ခေါက် အဖန်ဖန် တိုက်တိုးရေ
Burmese:
မကြာခဏ အနှောက် အယှက် ပြုသည်။ ၂၊ ဗြုန်းဒိုင်း လုပ်ဆောင်ရမည့် အခြေအနေသို့ ရောက်သည်။ ၃၊ နှောင့်ယှက်မှု ဘေးရန်ကြောင့် မငြိမ်မသက် ဖြစ်ရသည်။ ၄၊ အကြိမ်ကြိမ် အဖန်ဖန် တိုက်တွန်းသည်
English:
disturb
Grammar Note:
ကြိယာ
ပူးကပ်
[pùးkaʔ]
Arakanese:
တခုနန့်တခု ထိကပ်ရေ။ ၂၊ မှီကပ်ရေ။ တခုတရီသော အစီအရင်ဖြင့် စုန်း-ပယောဂ ပူးဝင်စီရေ
Burmese:
တစ်ခုနှင့်တစ်ခု ထိကပ်သည်။ ၂၊ မှီကပ်သည်။ တစ်စုံတစ်ခုသော အစီအရင်ဖြင့် စုန်း-ပယောဂ ပူးဝင်စေသည်
English:
touched
Grammar Note:
ကြိယာ
ပူကျင်း
[pùt͡ɕɪ́ɴ]
Arakanese:
ကိုယ်ကို လေဖြင့် ဖောင်းပွအောင် လုပ်နှိုင်ပနာ ထက်သော နှုတ်သီးဖြင့် တွပ်တတ်ရေ ငါးဝါတမျိုး။ ဝမ်းပိုတိန်နှင့်၊ ပူကျင်းမောင်ကို၊ တကောင်ရကေ၊ ချက်ကာစားမြောက်၊ တကျိပ်လူမာ၊ ကုန်ယောင် တောက်လို့ (ရီလား)
Burmese:
ကိုယ်ကို လေဖြင့် ဖောင်းပွအောင် လုပ်နိုင်၍ ထက်သော နှုတ်သီးဖြင့် တွပ်တတ်သော ငါးဝါတစ်မျိုး။ ဝမ်းပူတင်းနှင့်၊ ပူကျင်းမောင်ကို၊ တကောင်ရကေ၊ ချက်ကာစားမြောက်၊ တစ်ကျိပ်လူမှာ၊ ကုန်ယောင် တောက်လို့ (ရီလား)
English:
Globe-fish
Grammar Note:
နာမ်
ပူးကျင်တောက်ပြွန်
[pùးt͡ɕɪ̀ɴtɔ́ɛʔpWɹàɴ]
Arakanese:
ရခိုင်ပြည်မာ တတိယ အရှည်ဆုံးသော နာမည်ကြီး ပြွန်တခု။ (ဤပြွန်မာ ခရီးသည်ဆယ်ဦး ပဂျင်းစားပနာ သေဘူးကြောင့်နှင့် ပူကျင်းတောက်ပြွန်ဟု အမည်မာ လာကြောင်း ဖြစ်တေ။) အကောက်သုံးဆယ်၊ ငါးပြွန်ရှည် (ရိုးရာ)
Burmese:
ရခိုင်ပြည်တွင် တတိယ အရှည်ဆုံးသော နာမည်ကြီး ပြွန်တစ်ခု။ (ဤပြွန်တွင် ခရီးသည်ဆယ်ဦး ငါးပူတင်းစား၍ သေဘူးကြောင့်နှင့် ပူကျင်းတောက်ပြွန်ဟု အမည်တွင် လာကြောင်း ဖြစ်သည်။) အကောက်သုံးဆယ်၊ ငါးပြွန်ရှည် (ရိုးရာ)
English:
none
Grammar Note:
နာမ်
ပူကျစ်သျှေ
[pùt͡ɕɪʔʃè]
Arakanese:
အရပ်နှင့် အလုံး အထည် အချိုးအစား မမျှလောက်ယောင် နိမ့်ပျပ်စွာ
Burmese:
အရပ်နှင့် အလုံး အထည် အချိုးအစား မမျှလောက်အောင် နိမ့်ပျပ်စွာ
English:
dwarfish
Grammar Note:
ကြိယာဝိသေသန
ပူစပ်ပူဟိန်
[pùsaʔpùhèɪɴ]
Arakanese:
အခံရ ခက်ယောင် အပူဟိန်၏ ထိုးကျင် နှိပ်စက်ခြင်း ခံရဗျာယ်
Burmese:
အခံရ ခက်အောင် အပူရှိန်၏ ထိုးကျင် နှိပ်စက်ခြင်း ခံရလျက်
English:
find the heat unbearable
Grammar Note:
ကြိယာဝိသေသန
ပူစာ
[pùsà]
Arakanese:
တောင်နိမ့် တောင်ငယ်။ ပူစာ- စာတီး စီရီရီတည်း
Burmese:
တောင်နိမ့် တောင်ငယ်။ ပူစာ- စာတီး စီရီရီတည်း
English:
small hill
Grammar Note:
နာမ်
ပူဆာပူဆိ
[pùsʰàpùsʰì]
Arakanese:
စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိရေ။ ကြောင့်ကြ စိုးရိမ်သည် လိုအင်ဆန္ဒ မလောက်ခြင်းကြောင့် စိတ်ထိခိုက် နွမ်းလျရေ။ မမွေ့လျော်ကေ၊ ပူဆာပူဆိ၊ မပဋာဟူ၊ ငါ့အပူကို၊ လူမသိပဲ။ (ပဋာ
Burmese:
စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်။ ကြောင့်ကြ စိုးရိမ်သည် လိုအင်ဆန္ဒ မပြည့်ဝခြင်းကြောင့် စိတ်ထိခိုက် နွမ်းလျသည်။ မမွေ့လျော်ကေ၊ ပူဆာပူဆိ၊ မပဋာဟူ၊ ငါ့အပူကို၊ လူမသိပဲ။ (ပဋာ
English:
exhaust
Grammar Note:
ကြိယာ
ပူဆိပူဆာ
[pùsʰìpùsʰà]
Arakanese:
တစာစာနှင့်၊ ငိုကာညီးကေ။(ပဋာ) ၂၊ စိတ်နှလုံး မငြိမ်းမချမ်း ဆင်းရဲ ငြိုငြင်ရေ။ အနှောက် အယှက် ဖြစ်တေ။ အိုတုံးပြီးဖို့၊ ပူဆိပူဆာ၊ ငါ့ခန္ဓာကို၊ တွယ်တာမက်မေါ၊ မနှမြိုးကေ၊ နာဖျားရောဂါ၊ ဖြစ်ခိန်မြောက်လို့ ဆိုက်ရောက်လှာသော် (မျိုးက်)။ ၃၊ စိတ် မချမ်းမသာ ကသိကအောက် ဖြစ်
Burmese:
တစာစာနှင့်၊ ငိုကာညီးကေ။(ပဋာ) ၂၊ စိတ်နှလုံး မငြိမ်းမချမ်း ဆင်းရဲ ငြိုငြင်သည်။ အနှောက် အယှက် ဖြစ်သည်။ အိုတုံးပြီးမှာ၊ ပူဆိပူဆာ၊ ငါ့ခန္ဓာကို၊ တွယ်တာမက်မေါ၊ မနှမြောကေ၊ နာဖျားရောဂါ၊ ဖြစ်ခိန်မြောက်လို့ ဆိုက်ရောက်လာသော် (မျောက်)။ ၃၊ စိတ် မချမ်းမသာ ကသိကအောက် ဖြစ်
English:
fret
Grammar Note:
ကြိယာ
ပူဆောင့်ပူဆာ
[pùsʰa̰ʊɴpùsʰà]
Arakanese:
စိတ်နှလုံး မအေးမချမ်း၊ ဆင်းရဲ ငြိုငြင်အောင် ပြုရေ။ မနီသာယောင် နှောက်ယှက်ရေ။ ၂၊ ဗြုန်းဒိုင်းလုပ် ဆောင်ရဖို့့ အခြီအရဲသို့ ရောက်ရေ။ ၃၊ နှောက်ယှက်မှု ဖီးရန်ကြောင့် မငြိမ်မသက် ဖြစ်ရရေ။ ၄၊ အခေါက်ခေါက် အဖန်ဖန် တိုက်တိုးရေ။ ၅၊ စိတ်ဆင်းရဲအောင် ပြုမူပြောဆိုခြင
Burmese:
စိတ်နှလုံး မအေးမချမ်း၊ ဆင်းရဲ ငြိုငြင်အောင် ပြုသည်။ မနေသာအောင် နှောက်ယှက်သည်။ ၂၊ ဗြုန်းဒိုင်းလုပ် ဆောင်ရမည့် အခြေအနေသို့ ရောက်သည်။ ၃၊ နှောက်ယှက်မှု ဘေးရန်ကြောင့် မငြိမ်မသက် ဖြစ်ရသည်။ ၄၊ အကြိမ်ကြိမ် အဖန်ဖန် တိုက်တွန်းသည်။ ၅၊ စိတ်ဆင်းရဲအောင် ပြုမူပြောဆိုခြင
English:
disturb
Grammar Note:
ကြိယာ
ပူတုတ်
[pùtoʊʔ]
Arakanese:
လိုင်စည်း၍ အလယ်ပူပြီး၊ အဖျားခပ် သွယ်သွယ်ဟိရေ ဆွဲတောင်းရှည် တမျိုး
Burmese:
လည်စည်း၍ အလယ်ပူပြီး၊ အဖျားခပ် သွယ်သွယ်ရှိသော ခြင်းတောင်းရှည် တစ်မျိုး
English:
bucket
Grammar Note:
နာမ်
ပူးတွဲ
[pùးtwɛ]
Arakanese:
သီးခြားတိကိုလေ့ တပေါင်းတည်း စုစည်းရေ။ ၂၊ တတူတကွ ဖြစ်တည်သည်
Burmese:
သီးခြားများကိုလည်း တစ်ပေါင်းတည်း စုစည်းသည်။ ၂၊ အတူတကွ ဖြစ်တည်သည်
English:
collect
Grammar Note:
ကြိယာ
ပူပူဆာဆာ
[pùpùsʰàsʰà]
Arakanese:
မခံချိမခံသာ ပူသော အတွိ့ကို ခံစားရဗျာယ်
Burmese:
မခံချိမခံသာ ပူသော အတွေ့ကို ခံစားရလျက်
English:
hot
Grammar Note:
ကြိယာဝိသေသန
ပူပူဆာဆာ၂
[pùpùsʰàsʰà၂]
Arakanese:
စိတ်မချမ်းမသာ ကသိကအောက် ဖြစ်တေ။ စိတ်နှလုံး ဆင်းရဲ ငြိုငြင်းရေ။ ၂၊ အနှောက်အယှက်ကြောင့် မငြိမ်းမသက် ဖြစ်ရရေ။ ၃၊ ကြောင့်ကြ စိုးရိမ်ရေ။ ဟူးဟူးမီးတူ၊ သောကပူဗျာယ်၊ ပူပူဆာဆာ၊ နိန်ရေခါ၌။ (ရခိုင်ကာ
Burmese:
စိတ်မချမ်းမသာ ကသိကအောက် ဖြစ်သည်။ စိတ်နှလုံး ဆင်းရဲ ငြိုငြင်းသည်။ ၂၊ အနှောက်အယှက်ကြောင့် မငြိမ်းမသက် ဖြစ်ရသည်။ ၃၊ ကြောင့်ကြ စိုးရိမ်သည်။ ဟူးဟူးမီးတူ၊ သောကပူလျက်၊ ပူပူဆာဆာ၊ နေသောခါ၌။ (ရခိုင်ကာ
English:
fret
Grammar Note:
ကြိယာ
ပူးပေါင်း
[pùးpèàɪ́ɴ]
Arakanese:
၁၊ တသဘောတည်း ရောနှောရေ။ ၂၊ တခုတည်း တွဲစပ်ရေ၏ အဖြစ်သို့ ရောက်ရေ။ ၃၊ အမျိုးတူချင်း တွဲစပ်စီရေ
Burmese:
၁၊ တသဘောတည်း ရောနှောသည်။ ၂၊ တစ်ခုတည်း တွဲစပ်သည်၏ အဖြစ်သို့ ရောက်သည်။ ၃၊ အမျိုးတူချင်း တွဲစပ်စေသည်
English:
Co-ordination
Grammar Note:
ကြိယာ
ပူးပြတ်
[pùးpɹaʔ]
Arakanese:
တခြားအရာရို့ကို တပေါင်းတည်း စုစည်းဗျာယ်။ လင်မယားကို၊ ပေါင်းငြားတတူ၊ မထားမူပြီးကေ၊ ခွဲယူရိုက်ခတ်၊ နွားကြိုးတပ်ပြီးကေ၊ ပူးပြတ်ချိုင်နှောင်၊ ကြက်ကိုလောင်းာင်သို့ (ရခိုင်ကာ)။ ၂၊ တတူလက်တွဲပြီးကေ တည်စီရေအနိန်နန့်
Burmese:
တစ်ခြားအရာတို့ကို တစ်ပေါင်းတည်း စုစည်းလျက်။ လင်မယားကို၊ ပေါင်းငြားအတူ၊ မထားမူ၍၊ ခွဲယူရိုက်ခတ်၊ နွားကြိုးတပ်လျက်၊ ပူးပြတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့ (ရခိုင်ကာ)။ ၂၊ အတူယှဉ်တွဲ၍ တည်စေသော အားဖြင့်
English:
collected
Grammar Note:
ကြိယာဝိသေသန
ပူဖူးကြက်ကြက်
[pùpʰùးt͡ɕɛʔt͡ɕɛʔ]
Arakanese:
ဇကုန် ဖောင်းကားသော။ ပြည့်တင်းသော။ ၂၊ ဇကုန် စူးကားပွ၍ ထွက်သော။ ပြည့်ဖောင်းသော။ ပျိုးစိုက် စပါးစိက ပူဖူးကြက်ကြက် အိတ်ဆံပြည်ရေ။ ကြဲစပါးနန့် စပါးစိချင်း မတူစာကိုကြည့်။ (အရပ်
Burmese:
အစွမ်းကုန် ဖောင်းကားသော။ ပြည့်တင်းသော။ ၂၊ အစွမ်းကုန် စူးကားပွ၍ ထွက်သော။ ပြည့်ဖောင်းသော။ ပျိုးစိုက် စပါးစိက ပူဖူးကြက်ကြက် အိတ်ဆံပြည်ရေ။ ကြဲစပါးနန့် စပါးစိချင်း မတူစာကိုကြည့်။ (အရပ်
English:
protuberant
Grammar Note:
နာမဝိသေသန
ပူဗျာဝှန်
[pùbràʍàɴ]
Arakanese:
ဖြစ်ပြီးကေ ဖြစ်နီဆဲ ဖြစ်အံ့ အမှုရို့အတွက် စိုးရိမ်ခြင်း သံသယဖြစ်ခြင်းရို့ နိူင်း၍ စိတ်မတည်မငြိမ် ခံစားရရေ။ပူပင် ကြောင့်ကြ စိုးရိမ်ခြင်း ပြင်းစွာ ဖြစ်ရရေ
Burmese:
ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အမှုတို့အတွက် စိုးရိမ်ခြင်း သံသယဖြစ်ခြင်းတို့ ယှဉ်၍ စိတ်မတည်မငြိမ် ခံစားရသည်။ ပူပန် ကြောင့်ကြ စိုးရိမ်ခြင်း ပြင်းစွာ ဖြစ်ရသည်
English:
fret
Grammar Note:
ကြိယာ