Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 761–780 of 1,759 words

    ပ

    ပူရာပြည့်

    [pùɹàpɹɛ့]
    လျော့နည်းခြင်း မဟိဘဲ။ ယင်းစပါးခြင်ရေ တောင်းစွာ တဆယ့်လေးသစ် ပူရာပြည့် (တဆယ့်လေးသစ် တင်းတင်းပြည့်)။ ၂၊ တင်းပြည့်ကျပ်ပြည့်
    လျော့နည်းခြင်း မရှိပဲ။ ယင်းစပါးခြင်ရေ တောင်းစွာ တစ်ဆယ့်လေးသစ် ပူရာပြည့် (တစ်ဆယ့်လေးသစ် တင်းတင်းပြည့်)။ ၂၊ တင်းပြည့်ကျပ်ပြည့်
    protuberant
    ကြိယာဝိသေသန

    ပူးသတ်

    [pùးθaʔ]
    (တဦးနှင့်တဦး) ကိုယ်ချင်း ပူးကပ်၍ ထိုးနှက်သည်
    (တစ်ဦးနှင့်တစ်ဦး) ကိုယ်ချင်း ပူးကပ်၍ ထိုးနှက်သည်
    fight
    ကြိယာ

    ပူသျှေ

    [pùʃè]
    အမွှီး အတောင်က ကျေးနှင့် တူ၍ နှုတ်သီးနီပြီး အသံကိုစွဲ၍ (ပူ--- ပူ အစဟိစွာအနိန်နန့်) မြည်တတ်ရေ ငှက်ငယ် တမျိုး။ (ညောင်သီးကို စားလိဟိရေ။
    အမွှေး အတောင်က ကျေးနှင့် တူ၍ နှုတ်သီးနီပြီး အသံကိုစွဲ၍ (ပူ--- ပူ စသည်ဖြင့်) မြည်တတ်သော ငှက်ငယ် တစ်မျိုး။ (ညောင်သီးကို စားလေ့ရှိသည်။
    none
    နာမ်

    ပူဟိန်း

    [pùhéɪɴ]
    လွန်ကဲစွာ ပူသော အငွီ့အဟိန်ကို ထိတွိ ခံစားရရေ။ စကြာနီမင်း၊ ယက်ဒေါင်းဟိန်၊ အသူရိန်လေ၊ ပူဟိန်ပြင်းလို့ (ထာနု)။ ရောင်ထင်ပဝင်း၊ နေစက်ဟိန်လေ၊ ပူဟိန်းပြင်းလို့ (ယင်း)
    လွန်ကဲစွာ ပူသော အငွေ့အရှိန်ကို ထိတွေ့ ခံစားရသော။ စကြာနီမင်း၊ ရဟတ်ဒေါင်းရှိန်၊ အသူရိန်လေ၊ ပူဟိန်ပြင်းလို့ (ထာနု)။ ရောင်ထင်ပဝင်း၊ နေစက်ရှိန်လေ၊ ပူဟိန်းပြင်းလို့ (၎င်း)
    hot
    နာမဝိသေသန

    ပေ

    [pè]
    စွန်းထင်းရေ။ လိုလားမှု မဟိအပ်ရေအရာ စွဲထင်ရေ။ ၂၊ တဦးတယောက်သော စကားကိုမျှလည်း လိုက်နာခြင်းမပြုပဲ စွဲစိုက်ပနာ ပြုမှုရေ။ ၃၊ ခိုင်မြဲ တည်တံ့စွာ ရပ်ခံသည်
    စွန်းထင်းသည်။ လိုလားမှု မရှိအပ်သောအရာ စွဲထင်သည်။ ၂၊ တစ်ဦးတစ်ယောက်သော စကားကိုမျှလည်း လိုက်နာခြင်းမပြုပဲ စွဲစိုက်၍ ပြုမှုသည်။ ၃၊ ခိုင်မြဲ တည်တံ့စွာ ရပ်ခံသည်
    stain
    ကြိယာ

    ပေကန့်လန့်

    [pèkàɴ့làɴ့]
    ဆုံးမ သွန်သင်မှုကို မလိုက်နာ တင်းမာ ဖီဆန်ဗျာယ်
    ဆုံးမ သွန်သင်မှုကို မနာခံ တင်းမာ ဖီဆန်လျက်
    decline
    ကြိယာဝိသေသန

    ပေကျိုင်

    [pèt͡ɕàɪɴ]
    အဝှမ်း စွန်းထင်ရေ
    အနှံ့အပြား စွန်းထင်သည်
    stain
    ကြိယာ

    ပေထင်း

    [pètʰɪ́ɴ]
    စွန်းထင်းသည်
    စွန်းထင်းသည်
    stain
    ကြိယာ

    ပေးယှာ

    [péʃà]
    အရောင်းအဝယ် ပြုရာမာ တန်ဖိုး သတ်မှတ်ပြုပနာ သုံးစွဲသော အရာ။ ငွီ
    အရောင်းအဝယ် ပြုရာတွင် တန်ဖိုး သတ်မှတ်ပြု၍ သုံးစွဲသော အရာ။ ငွေ
    cash
    နာမ်

    ပေးသော

    [péθɔ́]
    အရောင်းအဝယ် ပြုရာမာ တန်ဖိုး သတ်မှတ်ပြုပနာ သုံးစွဲသော အရာ။ ငွီ
    အရောင်းအဝယ် ပြုရာတွင် တန်ဖိုး သတ်မှတ်ပြု၍ သုံးစွဲသော အရာ။ ငွေ
    cash
    နာမ်

    ပေါ

    [pèà]
    တိုးကြွယ် များရေ
    တိုးကြွယ် များပြားသော
    plenty
    နာမဝိသေသန

    ပေါ့

    [pɔ̰]
    လီးနက်မှု လျော့နည်းသော။ အဟိန်အဟုန် ပိုင် အစဟိစွာ့ သွက်လက်သော
    လေးနက်မှု လျော့နည်းသော။ အရှိန်အဟုန် အသွား စသည့် သွက်လက်သော
    careless
    နာမဝိသေသန

    ပေါ၂

    [pèà၂]
    ကုန်ဖိုးနှုန်း နည်းလျော့သော။ အဖိုးအခါ သက်သာသော
    ကုန်ဖိုးနှုန်း နည်းလျော့သော။ အဖိုးအခါ သက်သာသော
    cheap
    နာမဝိသေသန

    ပေါ့၂

    [pɔ̰၂]
    အလီးချိန် မပြည့်မီသော။ ၂၊ အရသာ နည်းပါးသော။ ၃၊ လီးနက်မှုမဟိ နည်းပါးသော။ ၄၊ ကြိုးစားမှု နည်းပါးသော။ ၅၊ ကျင်ကြံ အားထုတ်မှု လျော့နည်းသော
    အလေးချိန် မပြည့်မီသော။ ၂၊ အရသာ နည်းပါးသော။ ၃၊ လေးနက်မှုမရှိ နည်းပါးသော။ ၄၊ ကြိုးစားမှု နည်းပါးသော။ ၅၊ ကျင်ကြံ အားထုတ်မှု လျော့နည်းသော
    careless
    နာမဝိသေသန

    ပေါ၃

    [pèà၃]
    လီးနက်မှု မဟိဘဲ ပေါတန်စွာ ပြုမူ ပြောဆိုရေ
    လေးနက်မှု မရှိပဲ ပေါတန်စွာ ပြုမူ ပြောဆိုသည်
    dally with
    ကြိယာ

    ပေါ၄

    [pèà၄]
    ဆင်ခြင်နိုင်စွမ်း နည်းပါးရေ။ ဖျင်းရေ။ နရေ။ နုံရေ။ ညံ့ရေ။ တခုကမသိတတ်၊ ကကောင်းပေါရေ လူတိရာ (အရပ်)
    ဆင်ခြင်နိုင်စွမ်း နည်းပါးသည်။ ဖျင်းသည်။ နသည်။ နုံသည်။ ညံ့သည်။ တစ်ခုကမသိတတ်၊ ကောင်းကောင်းပေါရေ လူတိရာ (အရပ်)
    naive
    ကြိယာ

    ပေါကာ

    [pèàkà]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မရှိသူ
    twit
    နာမ်

    ပေါကား

    [pèàká]
    များရေ
    များပြားသော
    plenty
    နာမဝိသေသန

    ပေါက်

    [paʊʔ]
    ရောက်ဟိရေ။ လေဖွင့် ထုတ်ရေ။ ဖွင့်ကျ ယိုထွက်ရေ။ နီရာတိုင်း ဆောင်ရွက် နိုင်စွမ်း ဟိရေ။ (တွေးခေါ်မြော်မြင် တတ်ရေ ဉာဏ်) ပွင့်လင်းရေ။ အငန်ဓါတ် ပေါ်ရေ။ အဟိန်အဟုန်ဖြင့် နင်လားငါလားလွဲ ထိုးကော်ရေ။ တံစိုး လက်ဆောင် ပီးရေ
    ရောက်ရှိသည်။ လေဖွင့် ထုတ်သည်။ ဖွင့်ကျ ယိုထွက်သည်။ နေရာတကာ ဆောင်ရွက် နိုင်စွမ်း ရှိသည်။ (တွေးခေါ်မြော်မြင် တတ်သော ဉာဏ်) ပွင့်လင်းသည်။ အငန်ဓါတ် ပေါ်သည်။ အရှိန်အဟုန်ဖြင့် တအားလွဲ ထိုးကော်သည်။ တံစိုး လက်ဆောင် ပေးသည်
    level with
    ကြိယာ

    ပေါက်၂

    [paʊʔ၂]
    နုနယ် စိုပြေသော။ (ဂေါရာ၊ ကျွဲပေါက်၊ နပေါက်၊ ဆင်ပေါက် စစွာကို ဆိုရေ။
    နုနယ် စိုပြေသော။ (လူပျိုပေါက်၊ ကျွဲပေါက်၊ နွားပေါက်၊ ဆင်ပေါက် စသည်ကို ဆိုသည်။
    Fine-spun
    နာမဝိသေသန