Dictionary Entries
Showing 61–80 of 1,759 words
ပ
ပက်လွယ်သျှေ
[pɛʔlwɛ̀ʃè]
Arakanese:
လူ မွီးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ အချေ။ မွီးကင်းစ အချေ
Burmese:
လူ မွေးဖွားစဦး အရွယ်၊ ငယ်ဦးစ အရွယ်၊ နို့စို့ ကလေးငယ်။ မွေးကင်းစ ကလေးငယ်
English:
baby
Grammar Note:
နာမ်
ပကျီကောင်
[pt͡ɕíkàʊɴ]
Arakanese:
ဘိတ်ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုး အနွယ်ဝင် ပိုးကောင် တမျိုး။ (နဂျီ၊ ပဂျီဟု လည်း ခေါ်ရေ။
Burmese:
ရွှံ့ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုး အနွယ်ဝင် ပိုးကောင် တစ်မျိုး။ (နဂျီ၊ ပဂျီဟု လည်း ခေါ်သည်။
English:
wasp
Grammar Note:
နာမ်
ပကျီအုံ
[pt͡ɕíʔòʊɴ]
Arakanese:
ဘိတ်ပျော့ဖြင့် ပကရိုင် ဆောက်လုပ်သော အခန်း အဆက် ဆက် အိမ်
Burmese:
ရွှံ့ပျော့ဖြင့် ပကရိုင် ဆောက်လုပ်သော အခန်း အဆက် ဆက် အိမ်
English:
none
Grammar Note:
နာမ်
ပခပ်နခပ်
[pkʰaʔnkʰaʔ]
Arakanese:
‘ပခပ်နာခပ်၊ ဆင်ချီဖတ်ကို၊ ခဲပြတ် တခဲပင်နှင့်’ (ကုသတု)
Burmese:
‘ပခပ်နာခပ်၊ ဆင်ချီဖတ်ကို၊ ခဲပြတ် တခဲပင်နှင့်’ (ကုသတု)
English:
none
Grammar Note:
ကြိယာဝိသေသန
ပခုတ်
[pkʰoʊʔ]
Arakanese:
စပါး နို့ရည် တည်ချိန်မာ နို့ရည်ကို စုပ်၍ ဖျက်ဆီးသော စပါးဖျက် ပိုးတမျိုး
Burmese:
စပါး နို့ရည် တည်ချိန်တွင် နို့ရည်ကို စုပ်၍ ဖျက်ဆီးသော စပါးဖျက် ပိုးတစ်မျိုး
English:
insect
Grammar Note:
နာမ်
ပချီကရာ
[pɕíkɹà]
Arakanese:
တွယ်အပ်၊ ဆံညှပ်၊ သကြေလုံး အစဟိရေ ပါးပါးချေ့ ဖြစ်တေ့ ကုန်ဝန် ‘အကျွန်ရို့မာ ပချီကရာ ဆိုင်သျှေ ပါရာ၊ အထည် အလိပ်က မရောင်းပါ’
Burmese:
တွယ်ချိတ်၊ ဆံညှပ်၊ သကြားလုံး စသော အသေးအဖွဲ့ ဖြစ်သည့် ကုန်ပစ္စည်း ‘အကျွန်ရို့မှာ ပချီကရာ ဆိုင်သျှေ ပါရာ၊ အထည် အလိပ်က မရောင်းပါ’
English:
safety pin
Grammar Note:
နာမ်
ပချီကရီ
[pɕíkɹí]
Arakanese:
တွယ်အပ်၊ ဆံညှပ်၊ သကြေလုံး အစဟိရေ ပါးပါးချေ့ ဖြစ်တေ့ ကုန် ဝန် ‘အကျွန်ရို့မာ ပချီကရာ ဆိုင်သျှေ ပါရာ၊ အထည် အလိပ်က မရောင်းပါ’
Burmese:
တွယ်ချိတ်၊ ဆံညှပ်၊ သကြားလုံး စသော အသေးအဖွဲ့ ဖြစ်သည့် ကုန် ပစ္စည်း ‘အကျွန်ရို့မှာ ပချီကရာ ဆိုင်သျှေ ပါရာ၊ အထည် အလိပ်က မရောင်းပါ’
English:
safety pin
Grammar Note:
နာမ်
ပချုပ်
[pɕoʊʔ]
Arakanese:
နှီးထန်းခေါက် အစဟိစွာရို့နန့် ပြုလုပ်ရေ့ အဖုံ ပါရေ ထည့်စရာ တမျိုး
Burmese:
နှီးထန်းခေါက် စသည်တို့ဖြင့် ပြုလုပ်သည့် အဖုံ ပါသော ထည့်စရာ တစ်မျိုး
English:
none
Grammar Note:
နာမ်
ပချဲ့နချဲ့
[pɕénɕé]
Arakanese:
မခံသာယောင် စောင်းကာ ရိပ်ကာ ပြောဆိုရေ။ ကျီစား ပြောဆိုရေ။ ‘စကားပြောကေ တည့်တည့်ပြော၊ ပချဲ့နချဲ့ မပြောကေ့’ (အရပ်
Burmese:
မခံသာအောင် စောင်းကာ ရိပ်ကာ ပြောဆိုသည်။ ကျီစား ပြောဆိုသည်။ ‘စကားပြောကေ တည့်တည့်ပြော၊ ပချဲ့နချဲ့ မပြောကေ့’ (အရပ်
English:
chaff
Grammar Note:
ကြိယာ
ပချဲ့ပနဲ့
[pɕépné]
Arakanese:
မခံချိ မခံသာ ဖြစ်ယောင် နောက်ပြောင် ကျီးစားကာ။ စကားပြောကေ ရိုးရိုး တန်းတန်းပြော ပချဲ့ပနန့် မပြောကေ့ (အရပ်
Burmese:
မခံချိ မခံသာ ဖြစ်အောင် နောက်ပြောင် ကျီးစားကာ။ စကားပြောကေ ရိုးရိုး တန်းတန်းပြော ပချဲ့ပနဲ့ မပြောကေ့ (အရပ်
English:
chaff
Grammar Note:
ကြိယာဝိသေသန
ပခွက်
[pkʰwɛʔ]
Arakanese:
အချေ တိကို လွှဲသိပ် ရရေ အသုံး အဆောင် ဝန် တမျိုး။ သက်ကြီး ရွယ်အိုနှင့် သူနာ အစဟိစွာရို့ကို ထမ်းပိုး သယ်ဆောင် ရရေ ကြိုးသိုင်း၍ တခုခုနှင့် ထုံးဖွဲ့ ထားရေ သယ်စရာ ဝန်
Burmese:
ကလေးငယ် များကို လွှဲသိပ် ရသော အသုံး အဆောင် ပစ္စည်း တစ်မျိုး။ သက်ကြီး ရွယ်အိုနှင့် သူနာ စသည်တို့ကို ထမ်းပိုး သယ်ဆောင် ရသည့် ကြိုးသိုင်း၍ တစ်ခုခုနှင့် ထုံးဖွဲ့ ထားသော သယ်စရာ ပစ္စည်း
English:
hammock
Grammar Note:
နာမ်
ပခွက်တွင်း
[pkʰwɛʔtwɪ́ɴ]
Arakanese:
ပုခွက်နှင့် သိပ်ရရေ မွီးကင်းစ အရွယ်။ ‘ပခွက်မားက အမိသင်၊ ဇလဲ မသိခင်’။ (တေး
Burmese:
ပုခွက်နှင့် သိပ်ရသော မွေးကင်းစ အရွယ်။ ‘ပခွက်တွင်းက အမိသင်၊ ဇလဲ မသိခင်’။ (တေး
English:
baby
Grammar Note:
နာမ်
ပဂတူး
[pɡtùး]
Arakanese:
အစ ပထမ ဖြစ်ရေ။ အလျင်ဆုံး ကျသော ကနဦး ဖြစ်ရေ။ ရှေးရှေးသော ကာလမာ ဖြစ်ရေ
Burmese:
အစ ပထမ ဖြစ်သော။ အလျင်ဆုံး ကျသော ကနဦး ဖြစ်သော။ ရှေးရှေးသော ကာလ၌ ဖြစ်သော
English:
initial
Grammar Note:
နာမဝိသေသန
ပဂျောက်ကျ
[pdʑɔ́ɛʔt͡ɕ]
Arakanese:
ပါးပြင်သား ပိန်လျော့ ချိုင့်ဝင်သော
Burmese:
ပါးပြင်သား ပိန်လျော့ ချိုင့်ဝင်သော
English:
none
Grammar Note:
နာမဝိသေသန
ပဂျောက်ရိုး
[pdʑɔ́ɛʔɹó]
Arakanese:
လျှာရင်း၌ ပ စောက် သဏ္ဍာန် တည်နိန်ရေ အရိုး
Burmese:
လျှာရင်း၌ ပ စောက် သဏ္ဍာန် တည်နေသော အရိုး
English:
cheekbone
Grammar Note:
နာမ်
ပဂျောင်
[pdʑàʊɴ]
Arakanese:
ပါးပြင်၏ ထောင့်အောက် မေးရိုး အဆုံး အထဲဘက် နီရာ
Burmese:
ပါးပြင်၏ ထောင့်အောက် မေးရိုး အဆုံး အတွင်းဘက် နေရာ
English:
cheekbone
Grammar Note:
နာမ်
ပင်
[pɪ̀ɴ]
Arakanese:
မူရင်း အခြီခံ ဖြစ်ရေ။ အရင်းခံ ဖြစ်ရေ
Burmese:
မူရင်း အခြေခံ ဖြစ်သော။ အရင်းခံ ဖြစ်သော
English:
fundamental
Grammar Note:
နာမဝိသေသန
ပင့်
[pɪ̀ɴ့]
Arakanese:
အောက်မှ အထက်ကို မြှင့်တင်ရေ။ ၂၊ တဦးတယောက်၏ ဂုဏ်ကိုကဲ၍ ချီးပင့် ပြောဆိုရေ။ ၃၊ ကကောင်းလျင်သော အားအဟုန်များ လာယောင် ကူထောက်ပြုရေ။ မီးလောင်ရာ လီပင့်ဆိုရေပိုင်။ (ပုံ
Burmese:
အောက်မှ အပေါ်သို့ မြှင့်တင်သည်။ ၂၊ တစ်ဦးတစ်ယောက်၏ ဂုဏ်ကိုကဲ၍ ချီးပင့် ပြောဆိုသည်။ ၃၊ လျင်မြန်သော အားအဟုန်များ လာအောင် ကူထောက်ပြုသည်။ မီးလောင်ရာ လီပင့်ဆိုရေပိုင်။ (ပုံ
English:
blandish
Grammar Note:
ကြိယာ
ပင်း
[pɪ́ɴ]
Arakanese:
တဖက်ဘက်ကို လိုက်လျော ပူးပေါင်းသည်
Burmese:
တစ်ဘက်ဘက်သို့ လိုက်လျော ပူးပေါင်းသည်
English:
cooperate
Grammar Note:
ကြိယာ
ပင်၂
[pɪ̀ɴ၂]
Arakanese:
မူရင်းအနိန်နန့်။ အခြီခံအနိန်နန့်
Burmese:
မူရင်း အားဖြင့်။ အခြေခံ အားဖြင့်
English:
fundamental
Grammar Note:
ကြိယာဝိသေသန