Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 801–820 of 1,759 words

    ပ

    ပေါက်ဖော်

    [paʊʔpʰɔ̀]
    တမိတည်း တဖတည်းမှ ပေါက်ဖွားသော သားသမီး
    တစ်မိတည်း တစ်ဖတည်းမှ ပေါက်ဖွားသော သားသမီး
    brother and sister
    နာမ်

    ပေါက်ဖွား

    [paʊʔpʰWà]
    တခုခုသော မူလ အခြီခံမှ ပွားထွက်ရေ။ မျိုးဆက်ဖြစ် တည်လှာရေ
    တစ်ခုခုသော မူလ အခြေခံမှ ပွားထွက်သည်။ မျိုးဆက်ဖြစ် တည်လာသည်
    grow
    ကြိယာ

    ပေါက်မင်း

    [paʊʔmɪ́ɴ]
    ပြည်သူ ပြည်သားရို့က ညီညာ၍ မင်းအဖြစ် တင်မြှောက်သည် မဟုတ်ဘဲ၊ မြီကြီးထဲက မှိုငုံတွေ ပေါ်ထွက်ပိုင် ငါဝေး့မင်း တပါးပဲဟု ကိုယ့် မင်းအဖြစ်ကို ခံယူသူ
    ပြည်သူ ပြည်သားတို့က ညီညာ၍ မင်းအဖြစ် တင်မြှောက်သည် မဟုတ်ပဲ၊ မြေကြီးထဲက မှိုငုံတွေ ပေါ်ထွက်သလို ငါလည်းမင်း တစ်ပါးပဲဟု မိမိကိုယ်တိုင် မင်းအဖြစ်ကို ခံယူသူ
    none
    နာမ်

    ပေါက်မြောက်

    [paʊʔmɹɔ́ɛʔ]
    တခုတရီသော ခန့်မှန်းချက်သို့ အောင်မြင်စွာ ရောက်ဟိသည်
    တစ်စုံတစ်ရာသော ခန့်မှန်းချက်သို့ အောင်မြင်စွာ ရောက်ရှိသည်
    success
    ကြိယာ

    ပေါက်ရောက်

    [paʊʔɹɔ́ɛʔ]
    နီရာတိုင်း နှံ့စပ်ရေ။ ဖြစ်မြောက် အောင်မြင်သည်
    နေရာတကာ နှံ့စပ်သည်။ ဖြစ်မြောက် အောင်မြင်သည်
    success
    ကြိယာ

    ပေါကြူ

    [pèàt͡ɕù]
    အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့် ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက် စီရန် ရခိုင်ရို့၏ ဓလိထုံးစံဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိ
    ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့် ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက် စေရန် ရခိုင်တို့၏ ဓလေ့ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိ
    none
    နာမ်

    ပေါကြူ၂

    [pèàt͡ɕù၂]
    ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိပြုရေ။ ပေါကြူ ပက်ကြူ ဖလံယူသား၊ အလိုဘုရား၊ စိတ်မာ ထားဗျာယ် (ကင်းရီလား)
    ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိပြုသည်။ ပေါကြူ ပက်ကြူ လိပ်ပြာယူသား၊ အလိုဘုရား၊ စိတ်မှာ ထားလျက် (ကင်းရီလား)
    none
    ကြိယာ

    ပေါကြူယိုး

    [pèàt͡ɕùjó]
    အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့်၊ ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စီရန် ရခိုင်ရို့၏ ဓလိ့ ထုံးစိုင်ဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတ
    ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့်၊ ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စေရန် ရခိုင်တို့၏ ဓလေ့ ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတ
    none
    နာမ်

    ပေါချာ

    [pèàɕà]
    အထာနပ် ကျင်လည်မှု မဟိဘဲ ထုံထိုင်း နုံချာဗျာယ်
    ပါးနပ် ကျင်လည်မှု မရှိပဲ ထုံထိုင်း နုံချာလျက်
    pitiful
    ကြိယာဝိသေသန

    ပေါင်

    [pèàɪ̀ɴ]
    ကိုယ်ခန္ဓာ၏ ခြီထောက် အရင်းပိုင်း
    ကိုယ်ခန္ဓာ၏ ခြေထောက် အရင်းပိုင်း
    tight
    နာမ်

    ပေါင်း

    [pèàɪ́ɴ]
    အဖော် ပြုရေ။ အဖော်အဖြစ် ဆက်ဆံရေ။ ၂၊ ရောနှော ရီတွက်ရေ
    အဖော် ပြုသည်။ အဖော်အဖြစ် ဆက်ဆံသည်။ ၂၊ ရောနှော ရေတွက်သည်
    mix
    ကြိယာ

    ပေါင်၂

    [pèàɪ̀ɴ၂]
    ထိန်းအုပ် ထားရေ ပတ်ပတ်လည် အနားခုံး
    ထိန်းအုပ် ထားသော ပတ်ပတ်လည် အနားခုံး
    frill
    နာမ်

    ပေါင်း၂

    [pèàɪ́ɴ၂]
    အပူဟိန် အဟိန်ဖြင့် ကျက်နပ် စီရေ
    အပူငွေ့ အရှိန်ဖြင့် ကျက်နပ် စေသည်
    distillate
    ကြိယာ

    ပေါင်၃

    [pèàɪ̀ɴ၃]
    ငွီကြီး ချီးယူရာမာ တစုံတရာသော ဝန်ဥစ္စါကို အာမခံဖြင့် အပ်ထားရေ
    ငွေကြေး ချေးယူရာ၌ တစ်စုံတရာသော ပစ္စည်းဥစ္စါကို အာမခံဖြင့် အပ်ထားသည်
    none
    ကြိယာ

    ပေါင်း၃

    [pèàɪ́ɴ၃]
    အဂေါင်းကို တံဘက်၊ ပဝါ အစဟိစွာအနိန်နန့် လွမ်းခြုံ ရစ်ပတ်သည်
    ဦးခေါင်းကို တံဘက်၊ ပဝါ စသည်ဖြင့် လွမ်းခြုံ ရစ်ပတ်သည်
    twist
    ကြိယာ

    ပေါင်း၄

    [pèàɪ́ɴ၄]
    စပါး သီးနှံပင် အကြား၌ တတက်ကပ်၍ ပေါက်သော အသုံးမပြုရေ အပင်ငယ်များ။ အထက်က မို့မောက် ကွေးဝိုက်၍ ဖုံးအုပ် ထားရေ အမိုး
    စပါး သီးနှံပင် အကြား၌ အနီးကပ်၍ ပေါက်သော အသုံးမပြုသော အပင်ငယ်များ။ အပေါ်က မို့မောက် ကွေးဝိုက်၍ ဖုံးအုပ် ထားသော အမိုး
    dome
    နာမ်

    ပေါင်းကပ်

    [pèàɪ́ɴkaʔ]
    စပါး သီးနှံပင် အကြား၌ တတက်ကပ်၍ ပေါက်သော အသုံးမပြုရေ အပင်ငယ်များ။ အထက်က မို့မောက်ကွေးဝိုက်၍ ဖုံးအုပ် ထားရေ အမိုး
    စပါး သီးနှံပင် အကြား၌ အနီးကပ်၍ ပေါက်သော အသုံးမပြုသော အပင်ငယ်များ။ အပေါ်က မို့မောက်ကွေးဝိုက်၍ ဖုံးအုပ် ထားသော အမိုး
    dome
    နာမ်

    ပေါင်းကိုင်း

    [pèàɪ́ɴkáɪɴ]
    အမြင့်ဆုံး အထက်ဆုံး ဖြစ်ရေ သစ်ကိုင်း။ အမြင့်ဆုံး အပေါ်နီရာ
    အမြင့်ဆုံး အပေါ်ဆုံး ဖြစ်သော သစ်ကိုင်း။ အမြင့်ဆုံး အပေါ်နေရာ
    peak
    နာမ်

    ပေါင်းကူး

    [pèàɪ́ɴkùး]
    မို့မောက် ကွေးဝိုက်သော အမိုး။ အမိုးစွန်းချင်း နှစ်ဘက် ဆက်စပ်နိန်ရေ အမိုးဆက် နီရာ
    မို့မောက် ကွေးဝိုက်သော အမိုး။ အမိုးစွန်းချင်း နှစ်ဘက် ဆက်စပ်နေသော အမိုးဆက် နေရာ
    dome
    နာမ်

    ပေါင်ကျိတ်

    [pèàɪ̀ɴt͡ɕeɪʔ]
    ပေါင်ရင်းမာ ဟိရေ အဖုအလုံး
    ပေါင်ရင်းတွင် ရှိသော အဖုအလုံး
    gland
    နာမ်