Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 1,759 words

    ပ

    ပါးစပ်စုတ်

    [pàးsaʔsoʊʔ]
    စကား ပြောဆိုရာမာ အထိန်း အသိမ်း အစောင့် အစည်း နည်းရေ။ တွိ့ကရာကို တောင်စဉ် ရေမရ ပြောဆိုရေ
    စကား ပြောဆိုရာတွင် အထိန်း အသိမ်း အစောင့် အစည်း နည်းသည်။ တွေ့ကရာကို တောင်စဉ် ရေမရ ပြောဆိုသည်
    Rubber-stamp
    ကြိယာ

    ပါးစပ်ဆွီး

    [pàးsaʔsʰwï]
    အပြော အဆို ရုန်ရင်း ကြမ်းတမ်းသော။ ရိုင်းပျစွာ ပြောဆို တတ်ရေ
    အပြော အဆို ရုန်ရင်း ကြမ်းတမ်းသော။ ရိုင်းပျစွာ ပြောဆို တတ်သော
    billingsgate
    နာမဝိသေသန

    ပါးစပ်တညောင်း

    [pàးsaʔtɲáʊɴ]
    ရက်ပြတ် တတွက်တွတ် ပြောဆိုဗျာယ်။ ရွှီထီး သခင် ပြည်ကြီးသျှင်ကို၊ နင်လျှင်သတ်ဟု၊ ပဇတညောင်း၊ လဲရာမာလေ၊ လဲကာ ထောင်းယောင်၊ ဆဲမောင်းပြောဆို (ဥဒိန်သာ)
    အဆက်မပြတ် တတွက်တွတ် ပြောဆိုလျက်။ ရွှေထီး သခင် ပြည်ကြီးသျှင်ကို၊ နင်လျှင်သတ်ဟု၊ ပဇတညောင်း၊ လဲရာမှာလေ၊ လဲကာ ထောင်းယောင်၊ ဆဲမောင်းပြောဆို (ဥဒိန်သာ)
    chatter
    ကြိယာဝိသေသန

    ပါးစပ်တောင်း

    [pàးsaʔtáʊɴ]
    စားချင် သောက်ချင် ဖြစ်နီရေ။ စားသောက် ချင်သည်
    စားချင် သောက်ချင် ဖြစ်နေသည်။ စားသောက် ချင်သည်
    tasty
    ကြိယာ

    ပါးစပ်တွိ

    [pàးsaʔtwì]
    စားပနာ မြိန်ရေ။ ၂၊ (ဥပစာ) ကိုယ့် အကြိုက်နှင့် တိုက်ဆိုင်ရေ။ သဖောကျရေ
    စား၍ မြိန်သည်။ ၂၊ (ဥပစာ) မိမိ၏ အကြိုက်နှင့် တိုက်ဆိုင်သည်။ သဘော ကျသည်
    tasty
    ကြိယာ

    ပါးစပ်ပေါက်

    [pàးsaʔpaʊʔ]
    ပြောချင် ဆိုချင်စိတ် ပြင်းထန်ရေ။ အလွန် ပြောချင် ဆိုချင်ရေ။ ဝင်ပြီးကေ ပြောဆိုချင် စိတ်ကို ဖိနှိပ်၍ မရယောင် ကြွရွ ထက်သန်သည်
    ပြောချင် ဆိုချင်စိတ် ပြင်းထန်သည်။ အလွန် ပြောချင် ဆိုချင်သည်။ ဝင်၍ ပြောဆိုချင် စိတ်ကို ဖိနှိပ်၍ မရအောင် ကြွရွ ထက်သန်သည်
    intensive
    ကြိယာ

    ပါးစပ်လိုက်

    [pàးsaʔlaɪʔ]
    ပြောချင် ဆိုချင်စိတ် ပြင်းထန်ရေ။ အလွန် ပြောချင် ဆိုချင်ရေ။ ဝင်ပြီးကေ ပြောဆိုချင် စိတ်ကို ဖိနှိပ်၍ မရယောင် ကြွရွ ထက်သန်သည်
    ပြောချင် ဆိုချင်စိတ် ပြင်းထန်သည်။ အလွန် ပြောချင် ဆိုချင်သည်။ ဝင်၍ ပြောဆိုချင် စိတ်ကို ဖိနှိပ်၍ မရအောင် ကြွရွ ထက်သန်သည်
    intensive
    ကြိယာ

    ပါးစပ်လိုက်၂

    [pàးsaʔlaɪʔ၂]
    ခံမား ပျက်ရာမှ ပြန်ကောင်းလာရေ။ စားသောက်ပနာ ကောင်းရေ။ အရသာ တွိရေ
    ခံတွင်း ပျက်ရာမှ ပြန်ကောင်းလာသည်။ စားသောက်၍ ကောင်းသည်။ အရသာ တွေ့သည်
    tasty
    ကြိယာ

    ပါစား

    [pàsá]
    ပိုပြီးကေ အရီး ထားရေ၊ အလီး ပီးရေ။ ၂၊ လိုက်လျောရေ။ အခွင့်အရီး ပီးထားရေ
    ပို၍ အရေး ထားသည်၊ အလေး ပေးသည်။ ၂၊ လိုက်လျောသည်။ အခွင့်အရေး ပေးထားသည်
    emphasize
    ကြိယာ

    ပါစားပီး

    [pàsápï]
    မျက်နှာ လိုက်ပြီးကေ အခွင့်အရီး ဦးစား ပီးရေ
    မျက်နှာ လိုက်၍ အခွင့်အရေး ဦးစား ပေးသည်
    emphasize
    ကြိယာ

    ပါးစိ

    [pàးsì]
    အစားအစာ သွတ်သွင်းရာ ခံမား ပေါက်။ ပြဲသောပစ၊ ပြီးပနာတောင်ကေ၊ သုံးတောင်ဝဖြင့်၊ ကြီးထမျက်နှာ (ဝိဇယ)။ ပစကိုကိုး၊ ဘီလူးမျိုးကို တန်ခိုးကိုပြ။ (ရာမ
    အစားအစာ သွတ်သွင်းရာ ခံတွင်း ပေါက်။ ပြဲသောပစ၊ ပြီး၍တောင်ကေ၊ သုံးတောင်ဝဖြင့်၊ ကြီးထမျက်နှာ (ဝိဇယ)။ ပစကိုကိုး၊ ဘီလူးမျိုးကို တန်ခိုးကိုပြ။ (ရာမ
    mouth
    နာမ်

    ပါးစိကိုက်

    [pàးsìkaɪʔ]
    ပစကို စိဗျာယ် အထက် သွားဖြင့် အောက်နှုတ်ခမ်ကို ဖိ၍ ကိုက်သည်
    ပါးစပ်ကို စေ့လျက် အထက် သွားဖြင့် အောက်နှုတ်ခမ်ကို ဖိ၍ ကိုက်သည်
    bite
    ကြိယာ

    ပါးစိကိုက်၂

    [pàးsìkaɪʔ၂]
    ထိခိုက် နာကြင်မှု၊ ရင်ဆာမှု အခဲမကျီမှု တခုခုကို အောင့်အည်း၍ ခံနိုင်ဖို့ အထက် သွားဖြင့် နှုတ်ခမ်းကို ဖိကိုက်ပျားကေ ။ ပဇိကိုကိုက်၊ ကမ္ဘာမြီကို၊ ခြီနန့်ဆောင့်ဗျာယ်၊ ဖနောင့်တိုက်လို့ (ရာမ)။ ဒသဂီရိ၊ ဘီလူးအိုလေ၊ ထိုဒိဌိက၊ ပစိကိုကိုက်၊ သီတာဖြူလေ၊ လှရူပကို၊ မ
    ထိခိုက် နာကျင်မှု၊ ဒေါသဖြစ်မှု မကျေမနပ်မှု တစ်ခုခုကို အောင့်အည်း၍ ခံနိုင်ရန် အထက် သွားဖြင့် နှုတ်ခမ်းကို ဖိကိုက်လျက် ။ ပဇိကိုကိုက်၊ ကမ္ဘာမြီကို၊ ခြီနန့်ဆောင့်ဗျာယ်၊ ဖနောင့်တိုက်လို့ (ရာမ)။ ဒသဂီရိ၊ ဘီလူးအိုလေ၊ ထိုဒိဌိက၊ ပစိကိုကိုက်၊ သီတာဖြူလေ၊ လှရူပကို၊ မ
    to grind the teeth
    ကြိယာဝိသေသန

    ပါးစိအုပ်ရုပ်

    [pàးsìʔoʊʔɹoʊʔ]
    ပါးပြင် ဖောင်းကား ပွယောင်ဟိခြင်း။ ပဇိအုပ်ရုပ်၊ မမာ့ယုတ်မာ၊ ဖားပြုတ်ကေအသွင်၊ နှုတ်ကလျင်ကေ။ (ပဒုမ္မ
    ပါးပြင် ဖောင်းကား ပွယောင်ရှိခြင်း။ ပဇိအုပ်ရုပ်၊ မိန်းမယုတ်မှာ၊ ဖားပြုတ်အသွင်၊ နှုတ်ကလျင်ကေ။ (ပဒုမ္မ
    cheek
    နာမ်

    ပါးစုတ်နားစုတ်

    [pàးsoʊʔnásoʊʔ]
    ကိုယ့်အကျိုး အခွင့် ရဟိရန် တယောက်ယောက်အား အကြိုက်လိုက်ပြီးကေ ခယမြှောက်ပင့်သည်
    မိမိအကျိုး အခွင့် ရရှိရန် တစ်စုံတစ်ဦးအား အကြိုက်လိုက်၍ ခယမြှောက်ပင့်သည်
    obsequious
    ကြိယာ

    ပါးစုတ်နားယက်

    [pàးsoʊʔnájɛʔ]
    တယောက်ယောက်၏ မျက်နှာသာ ပီးမှု အကြိုက် တွေ့မှုအတွက် လိုက်လျော ခယ ပြုမှုသည်
    တစ်စုံတစ်ဦး၏ မျက်နှာသာ ပေးမှု အကြိုက် တွေ့မှုအတွက် လိုက်လျော ခယ ပြုမှုသည်
    obsequious
    ကြိယာဝိသေသန

    ပါးစုတ်ပါးယက်

    [pàးsoʊʔpàးjɛʔ]
    ရိုသေ လေးစားခြင်း မဟိဘဲ။ အရိုအသီမဲ့ ပြုဗျာယ်
    ရိုသေ လေးစားခြင်း မရှိပဲ။ အရိုအသေမဲ့ ပြုလျက်
    without respect
    ကြိယာဝိသေသန

    ပါးစုတ်ပါးယက်၂

    [pàးsoʊʔpàးjɛʔ၂]
    အသက် ဉာဏ် ပညာ အစဟိစွာ၊ နုန့်နန့်သူ။ အသျှေကို ကစပ်ကေ ဂေါင်းထက် ခြီထက်၊ ခွီးကိုကစပ်ကေ - ပါးစုတ်ပါးယက်။ (ပုံ
    အသက် ဉာဏ် ပညာ စသည်၊ နုန့်နဲ့သူ။ အသျှေကို ကစပ်ကေ ဂေါင်းထက် ခြီထက်၊ ခွီးကိုကစပ်ကေ - ပါးစုတ်ပါးယက်။ (ပုံ
    twit
    နာမ်

    ပါးစောင်

    [pàးsàʊɴ]
    ပစ ခံမား ဖီးထောင့်စွန်း။ ပစအထဲ အာစောင်
    ပါးစပ် ခံတွင်း ဘေးထောင့်စွန်း။ ပါးစပ်အတွင်း အာစောင်
    buccal cavity
    နာမ်

    ပါးတောက်နားတောက်

    [pàးtɔ́ɛʔnátɔ́ɛʔ]
    အမြမြန်ဆဆန်။ ကမန်းကတန်း။ အယင့်အယင်။ ပတောက်နယက်
    အဆောတလျင်။ အလျင်စလို။ အလျင်အမြန်။ ပတောက်နယက်
    hurry up
    ကြိယာဝိသေသန