Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,061–1,080 of 1,759 words

    ပ

    ပျင်းလိမ်တွန့်

    [prɪ́ɴlèɪɴtʊ̀ɴ့]
    ပျင်းရိခြင်းကြောင့် ကိုယ်လက်ရို့ကို တွန့်ဝါရေ
    ပျင်းရိခြင်းကြောင့် ကိုယ်လက်တို့ကို တွန့်လိမ်သည်
    loll
    ကြိယာ

    ပျင်သားချ

    [prɪ̀ɴθáɕ]
    ကလိမ်ချ လားရေ။ နပ်ယောင်ကား လုပ်လားသည်
    ကလိမ်ချ သွားသည်။ လူလည် လုပ်သွားသည်
    defraud
    ကြိယာ

    ပျင်ဦ

    [prɪ̀ɴʔù]
    ကြိုတင် ပြုလုပ်ရေ။ အသင့် ဖြစ်စီရေ။ လှပ တင့်ရေအောင် ပြုလုပ်ရေ။ ပျက်စီး တနည်း မားယွင်းစွာကို ကောင်းမွန်အောင် ပြုလုပ်ရေ။ တစုံ တခုသော အဖြစ်အခြီသို့ ရောက်ယောင် အားထုတ်သည်
    ကြိုတင် ပြုလုပ်သည်။ အသင့် ဖြစ်စေသည်။ လှပ တင့်တယ်အောင် ပြုလုပ်သည်။ ပျက်စီး သို့မဟုတ် မှားယွင်းသည်ကို ကောင်းမွန်အောင် ပြုလုပ်သည်။ တစ်စုံ တစ်ခုသော အဖြစ်အခြေသို့ ရောက်အောင် အားထုတ်သည်
    preserve
    ကြိယာ

    ပျင်ဦ၂

    [prɪ̀ɴʔù၂]
    ပြုသည်၊ ဠုပ်ရေ။ အေ - ငါ အိမ်မာ ပျင်နီရေဒေ (အရပ်
    ပြုသည်၊ ဠုပ်သည်။ အေ - ငါ အိမ်မှာ ပျင်နီရေဒေ (အရပ်
    make
    ကြိယာ

    ပျင်ဦ၃

    [prɪ̀ɴʔù၃]
    ပြုလိုရာ ပြုပါစီဖိ ဆိုရေ သဘောနန့်။ ညဦးကပင်၊ စောင့်ကြပ်ကျင်ကေ၊ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်ကေ၊ ဇာပင်ပျင်လည်း၊ ဃျင်သရိကို၊ မသိလိုက်ပါ။ (ထာနု
    ပြုလိုရာ ပြုပါစေတော့ ဆိုတဲ့ သဘောဖြင့်။ ညဦးကပင်၊ စောင့်ကြပ်ကျင်ကေ၊ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်လျှင်၊ ဇာပင်ပျင်လည်း၊ ဃျင်သရိကို၊ မသိလိုက်ပါ။ (ထာနု
    damn the consequences
    ပစ္စည်း

    ပျစ်

    [prɪʔ]
    သား၊ ငါးစစွာကို ကင်ရန် စကာပိုင် ရက်ထားရေ ကိရိယာ။ တခုနှင့် တခု တွဲစပ်နိန်ရေ အရာ
    သား၊ ငါးစသည်ကို ကင်ရန် စကာကဲ့သို့ ရက်ထားသော ကိရိယာ။ တစ်ခုနှင့် တစ်ခု တွဲစပ်နေသော အရာ
    roaster
    နာမ်

    ပျစ်၂

    [prɪʔ၂]
    မချောင်မချိ ဖြစ်တေ။ တခုနှင့် တခု ပူးကပ်ရေ။ တင်းကျပ် သိပ်သည်းရေ။ ပျစ် နီးကပ်စီရေ
    မချောင်မချိ ဖြစ်သည်။ တစ်ခုနှင့် တစ်ခု ပူးကပ်သည်။ တင်းကျပ် သိပ်သည်းသည်။ ပြွတ်သိပ် နီးကပ်စေသည်
    jam
    ကြိယာ

    ပျစ်ကျိ

    [prɪʔt͡ɕì]
    ပျောင်း ငြိတွယ်သော။ ပျစ်ချွဲသော
    စေးကပ် ငြိတွယ်သော။ ပျစ်ချွဲသော
    viscous
    နာမဝိသေသန

    ပျစ်ချောင်

    [prɪʔɕàʊɴ]
    အသားအရီ လျော့ပါး ကျုံ့ယုံ့သော
    အသားအရေ လျော့ပါး ကျုံ့ယုံ့သော
    none
    နာမဝိသေသန

    ပျစ်ချောင်ဦ

    [prɪʔɕàʊɴʔù]
    ပိတ်ပေါင်း ထူထပ်သော တောခြုံ ကျကျယ်ဝန်းဝန်း မဟုတ်ဘဲ ကျဉ်းကျပ် ဂြောင်ကျသော အရပ်
    ပိတ်ပေါင်း ထူထပ်သော တောချုံ ကျယ်ကျယ်ဝန်းဝန်း မဟုတ်ပဲ ကျဉ်းကျပ် ချောင်ကျသော အရပ်
    narrow place
    နာမ်

    ပျစ်တောင်း

    [prɪʔtáʊɴ]
    နှီးကို ရက်၍ အောက်ခြီ လေးထောင့် အပေါ်ဝိုင်း ရက်ထားရေ့ အခြီ လေးချောင်း ပါရေ တောင်းစောက်
    နှီးကို ရက်၍ အောက်ခြေ လေးထောင့် အပေါ်ဝိုင်း ရက်ထားသည့် အခြေ လေးချောင်း ပါသော တောင်းစောက်
    bucket
    နာမ်

    ပျစ်တောဦ

    [prɪʔtɔ́ʔù]
    အရွက်၊ အခက်၊ အကိုင်း၊ အနွယ်ရို့ ထွီးယှက် ပေါင်းစည်း ပေါက်ရောက် နိန်ရေ အပင် အုပ်စု။ ၂၊ (နမူနာ) တောခြုံ ပိုင် သပွတ်အူလိုက် အရာ။ အင်းအိုင် ထူပြော၊ အကြင်သူလေ၊ လူမလားပနာ၊ ကျူတော ပတ်ရံ၊ နွယ်ခြုံ ပိတ်ဆီး၊ ပျစ်တောကြီးနှင့်၊ တစီးရွံညွန်၊ တန်တန်ကို၊ လွန်ခတုံမြောက်
    အရွက်၊ အခက်၊ အကိုင်း၊ အနွယ်တို့ ထွေးယှက် ပေါင်းစည်း ပေါက်ရောက် နေသော အပင် အုပ်စု။ ၂၊ (ဥပမာ) တောချုံ ကဲ့သို့ ရှုပ်ထွေးသော အရာ။ အင်းအိုင် ထူပြော၊ အကြင်သူလေ၊ လူမသွား၍၊ ကျူတော ပတ်ရံ၊ နွယ်ခြုံ ပိတ်ဆီး၊ ပျစ်တောကြီးနှင့်၊ တစီးရွံညွန်၊ တန်တန်ကို၊ လွန်ခဲ့တုံမြောက်
    bush
    နာမ်

    ပျစ်ပျစ်နှစ်နှစ်

    [prɪʔprɪʔn̥ɪʔn̥ɪʔ]
    အလွန် စေးဖွဲ့ ကျစ်လျစ်စွာ
    အလွန် စေးဖွဲ့ ကျစ်လျစ်စွာ
    compactly
    ကြိယာဝိသေသန

    ပျစ်ပျောင်ဦ

    [prɪʔpràʊɴʔù]
    မျက်နှာဟိ ပါးထက်မာ အရီတိ လျော့တွန့် ချိုင့်ဝင်သော။ ကုန်းချိ ကုန်းချောင်း၊ ပါးပျစ်ပျောင်နှင့်၊ ပဇောင်းဝါကြီးဖို့လဲ။ (ဓမ္မက
    မျက်နှာရှိ ပါးပေါ်တွင် အရေများ လျော့တွန့် ချိုင့်ဝင်သော။ ကုန်းချိ ကုန်းချောင်း၊ ပါးပျစ်ပျောင်နှင့်၊ ပဇောင်းဝါကြီးမလဲ။ (ဓမ္မက
    dent
    နာမဝိသေသန

    ပျစ်သားထိုး

    [prɪʔθátʰó]
    အလွန်အကျွံ စုပြုံ ပြည့်ကျပ်ဗျာယ်။ လူကြားကို ဖေါက်လို့က မပေါက်၊ တယောက်နန့် တယောက် ပျစ်သားထိုးနီရေ။ (ရေ
    အလွန်အမင်း စုပြုံ ပြည့်ကျပ်လျက်။ လူကြားကို ဖေါက်လို့က မပေါက်၊ တစ်ယောက်နန့် တစ်ယောက် ပျစ်သားထိုးနီရေ။ (ရေ
    jam
    ကြိယာဝိသေသန

    ပျဉ်

    [prɪ̀ɴ]
    အရာအရာ စီစိတ် ခွဲလွှာ ထားရေ သစ်သားချပ်
    အခြားအခြား စီစိတ် ခွဲလွှာ ထားသော သစ်သားချပ်
    timber
    နာမ်

    ပျဉ်း

    [prɪ́ɴ]
    ရော်ဘာ ဖိနပ် အသားပျိုင်းလို့ မပွန်းမပဲ့။ အမဲသား ဖဲ့လို့မရ ပျိုင်းရေ။ (အရပ်
    ရော်ဘာ ဖိနပ် အသားပျဉ်းလို့ မပွန်းမပဲ့။ အမဲသား ဖဲ့လို့မရ ပျဉ်းရေ။ (အရပ်
    none
    နာမဝိသေသန

    ပျဉ်း၂

    [prɪ́ɴ၂]
    မလျင် မမြန်သော။ ထိုင်းမှိုင်းသော။ ဖင်နွဲ့သော။ ကြာသော။ ဖြည်းသော။ မြင့်ကြာသော။ မင်း ကကောင်း ပိုင်အလာ ပျိုင်းရေကာ။ (အရပ်
    မလျင် မမြန်သော။ လေးကန်သော။ ဖင်နွဲ့သော။ နှေးကွေးသော။ ဖြည်းသော။ မြင့်ကြာသော။ မင်း ကောင်းကောင်း အလားအလာ ပျဉ်းရေကာ။ (အရပ်
    counter productive
    နာမဝိသေသန

    ပျဉ်း၃

    [prɪ́ɴ၃]
    အသက် မထွက်နှိုင်ပဲ ဟိနိန်ရေ။ ငှက်များရို့ထက်၊ တန်ခိုးခြုံကေ၊ ဂဠုန်ငှက်ကား၊ အသက်ပျိုင်းတွေ၊ ရိုးအရာလေ၊ မာစကားကို၊ ကြားဖူးရေလေ။ (ဒွေး
    အသက် မထွက်နိုင်ပဲ ရှိနေသည်။ ငှက်များတို့ထက်၊ တန်ခိုးချုံကေ၊ ဂဠုန်ငှက်ကား၊ အသက်ပျဉ်းတွေ၊ ရိုးအရာလေ၊ မှာစကားကို၊ ကြားဖူးရေလေ။ (ဒွေး
    none
    ကြိယာ

    ပျဉ်ခေါင်း

    [prɪ̀ɴkʰèàɪ́ɴ]
    လူသီကောင် သွင်းသော ခေါင်း
    လူသေကောင် သွင်းသော ခေါင်း
    coffin
    နာမ်