Dictionary Entries
Showing 1,121–1,140 of 1,759 words
ပ
ပျာယိပျာယာ၂
[pràjìpràjà၂]
Arakanese:
ဖေါ်ရွေရေ။ အယဉ်အကျေး ပြုသည်
Burmese:
ဖေါ်ရွေသည်။ အယဉ်အကျေး ပြုသည်
English:
sociable
Grammar Note:
ကြိယာ
ပျာယိပျာယာ၃
[pràjìpràjà၃]
Arakanese:
လူမှု အလိစရိုက်နှင့် ညီစွာ
Burmese:
လူမှု အလေ့စရိုက်နှင့် ညီစွာ
English:
etiquette
Grammar Note:
ကြိယာဝိသေသန
ပျာယိပျာယာ၄
[pràjìpràjà၄]
Arakanese:
လူမှုလူရာ ဖြစ်ရေ။ ယိုင်ကျေး ဖေါ်ရွေသော
Burmese:
လူမှုလူရာ ဖြစ်သော။ ယဉ်ကျေး ဖေါ်ရွေသော
English:
matey
Grammar Note:
နာမဝိသေသန
ပျာယောင်းပျာယာ
[pràjáʊɴpràjà]
Arakanese:
ကမန်းကတန်း။ စိုးရိမ် ကြောင့်ကြ မှုဖြင့် သပ်ရပ် ကျနခြင်း မဟိဘဲ
Burmese:
အလျင်စလို။ စိုးရိမ် ကြောင့်ကြ မှုဖြင့် သပ်ရပ် ကျနခြင်း မရှိပဲ
English:
hurry
Grammar Note:
ကြိယာဝိသေသန
ပျာရီခတ်
[pràɹíkʰaʔ]
Arakanese:
ပျာယာ ခတ်သည်
Burmese:
ပျာယာ ခတ်သည်
English:
fluster
Grammar Note:
ကြိယာ
ပျာလာ
[pràlà]
Arakanese:
လ္ဘက်ရည်သောက် အောက်ခံ လောင်ပွန်းငယ်
Burmese:
လ္ဘက်ရည်သောက် အောက်ခံ ပုဂံပြားငယ်
English:
plate
Grammar Note:
နာမ်
ပျားဝါ
[práwà]
Arakanese:
ဇော်ဂျီ အမျိုးအစားဝင် ပျားပိုင် တုပ်တတ်ရေ အဆိပ်နည်းသော အရောင် ဝါဝင်းသော ပိုးမွှားကောင် တမျိုး
Burmese:
နကျယ်ကောင် အမျိုးအစားဝင် ပျားကဲ့သို့ တုပ်တတ်သော အဆိပ်နည်းသော အရောင် ဝါဝင်းသော ပိုးမွှားကောင် တစ်မျိုး
English:
hornet
Grammar Note:
နာမ်
ပျားသန်
[práθàɴ]
Arakanese:
ဇော်ဂျီ အမျိုးအစားဝင် ပျားပိုင် တုပ်တတ်ရေ အလွန် အဆိပ်ပြင်းသည့် ပိုးကောင် တမျိုး
Burmese:
နကျယ်ကောင် အမျိုးအစားဝင် ပျားကဲ့သို့ တုပ်တတ်သော အလွန် အဆိပ်ပြင်းသည့် ပိုးကောင် တစ်မျိုး
English:
hornet
Grammar Note:
နာမ်
ပျာဦ
[pràʔù]
Arakanese:
ပြုလုပ် ဖြစ်ပျက်ခြင်း၊ ထမြောက် ကျော်လွန်ခရေကို ထင်ရှားစီသော စကားလုံး။ ဖြစ်ပျက် ပြုလုပ်မှု ပြီးကြောင်း ဖော်ပြသော စကားလုံး၏ အားလုံး သဗ္ဗရဏံ လုပ်လို့ ပြီးပါပျာ။ (ပျာယ်၊ ဗျာ၊ ဗျာယ်)။ (အရပ်)။ ၂၊ ပိုင်းဖြတ်ခြင်းပြ နောက်ဆက် စကား။ (ပဋီသေဓ ကြိယာနှင့် သုံးရာမာ
Burmese:
ပြုလုပ် ဖြစ်ပျက်ခြင်း၊ ထမြောက် ကျော်လွန်ခဲ့သည်ကို ထင်ရှားစေသော စကားလုံး။ ဖြစ်ပျက် ပြုလုပ်မှု ပြီးကြောင်း ဖော်ပြသော စကားလုံး၏ အားလုံး သဗ္ဗရဏံ လုပ်လို့ ပြီးပါပျာ။ (ပျာယ်၊ ဗျာ၊ ဗျာယ်)။ (အရပ်)။ ၂၊ ပိုင်းဖြတ်ခြင်းပြ နောက်ဆက် စကား။ (ပဋီသေဓ ကြိယာနှင့် သုံးရာတွင်
English:
at the end of
Grammar Note:
ကြိယာ
ပျိတ်ပျိတ်
[preɪʔpreɪʔ]
Arakanese:
(ရေ) အဆက် မပြတ် အဟိန်နှင့် လွတ်ထုတ်ရေ။ သွန်ထွက် စီရေ
Burmese:
(ရေ) အဆက် မပြတ် အရှိန်နှင့် လွတ်ထုတ်သည်။ သွန်ထွက် စေသည်
English:
pour
Grammar Note:
ကြိယာ
ပျို
[prÒ]
Arakanese:
ပျိုမျစ် ငယ်ရွယ်သော။ နုနယ် ငယ်ရွယ်သော
Burmese:
ပျိုမျစ် ငယ်ရွယ်သော။ နုနယ် ငယ်ရွယ်သော
English:
young
Grammar Note:
နာမ်
ပျို့
[pro̰]
Arakanese:
လောက် စိုပြည်ရေ။ ဝဖြိုးရေ။ ပြည့်ဖြိုးသည်
Burmese:
ပြည့်ဝ စိုပြည်သည်။ ဆူဖြိုးသည်။ ပြည့်ဖြိုးသည်
English:
unreservedly
Grammar Note:
ကြိယာ
ပျိုး
[pró]
Arakanese:
တခုတရီ ပြုလုပ် ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်ဗျာယ် အကြောင်းရင်း ခံရေ။ အပင် ပေါက်အောင် မျိုးစိချရေ
Burmese:
တစ်စုံတစ်ခု ပြုလုပ် ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်လျက် အကြောင်းရင်း ခံသည်။ အပင် ပေါက်အောင် မျိုးစေ့ချသည်
English:
grow
Grammar Note:
ကြိယာ
ပျို၂
[prÒ၂]
Arakanese:
ကလိန့်မေသျှေကို ရည်ညွန်း၍ သုံးစွဲသော စကား
Burmese:
မိန်းကလေးကို ရည်ညွန်း၍ သုံးစွဲသော စကား
English:
virgin
Grammar Note:
နာမ်
ပျို့၂
[pro̰၂]
Arakanese:
(စိတ်မာ မသတီ၍) ချထုတ်မှ လီဆန်တက်ပနာ ပျို့ချင်သည်
Burmese:
(စိတ်မှာ မသတီ၍) အစာအိမ်မှ လေဆန်တက်၍ အန်ချင်သည်
English:
eruct
Grammar Note:
ကြိယာ
ပျိုး၂
[pró၂]
Arakanese:
ကြီးပွားဆဲ ကြီးပွားလတ္တံသော မျိုးပွားပင်၊ စပါးပင်ပျိုး
Burmese:
ကြီးပွားဆဲ ကြီးပွားလတ္တံသော မျိုးပွားပင်၊ ကောက်ပင်ပျိုး
English:
crop
Grammar Note:
နာမ်
ပျို၃
[prÒ၃]
Arakanese:
နူးနပ် ကြွီမြည့် သနန့် အရည်အဖြစ်သို့ ရောက်ရေ။ ပျက်စီး လားရေ။ အဖိုးမတန် ဖြစ်လှားရေ
Burmese:
နူးနပ် ကြွေမြည့် သဖြင့် အရည်အဖြစ်သို့ ရောက်သည်။ ပျက်စီး သွားသည်။ အဖိုးမတန် ဖြစ်သွားသည်
English:
deflower
Grammar Note:
ကြိယာ
ပျို့၃
[pro̰၃]
Arakanese:
သိဟိ မှတ်သား ထားစရာ အဖြစ်အပျက် တိကို ပုဒ်ရီတိစွာ လေးလုံး တပါဒ ဖွဲ့နွဲ့ ထားရေ ကဗျာစု
Burmese:
သိယှိ မှတ်သား ထားစရာ အဖြစ်အပျက် များကို ပုဒ်ရေများစွာ လေးလုံး တစ်ပါဒ ဖွဲ့နွဲ့ ထားသော ကဗျာစု
English:
poetry
Grammar Note:
နာမ်
ပျို့ကြောင်း
[pro̰t͡ɕáʊɴ]
Arakanese:
ပျိုင်ချပ်၊ ဓား အစဟိစွာ့မာ လှပ စီရန် အလို့ငှါ အလျားလိုက် ကြောင်းဖေါ် ထားရေ မြောင်းကြော
Burmese:
ပျဉ်ချပ်၊ ဓား စသည့်တွင် လှပ စေရန် အလို့ငှါ အလျားလိုက် ကြောင်းဖေါ် ထားသော မြောင်းကြော
English:
striation
Grammar Note:
နာမ်
ပျို့ကြောင်းထိုး
[pro̰t͡ɕáʊɴtʰó]
Arakanese:
ရွီပေါ်၊ ဆောက် အစဟိစွာအနိန်နန့် မြောင်းကြော ထင်အောင် ပြုလုပ်ရေ
Burmese:
ရွေပေါ်၊ ဆောက် စသည်ဖြင့် မြောင်းကြော ထင်အောင် ပြုလုပ်သည်
English:
smooth
Grammar Note:
ကြိယာ