Dictionary Entries
Showing 101–120 of 1,759 words
ပ
ပင်းခူကျား
[pɪ́ɴkʰùt͡ɕá]
Arakanese:
အဝါနှင့် အနက်ကွက်ပါရေ ပင့်ခူကြီး တမျိုး။ ဖကိုမူကား၊ ဖယကုမ္မာ၊ ကြီးစွာပြောင်းအား၊ ပင်းခူကျားကို၊ လွှားလွှားခွက်ကာ၊ ခွက်ကာကေလေ့၊ ဟန်စီလေ -- ဟန်စွာလေ (လှီတော်သံ
Burmese:
အဝါနှင့် အနက်ကွက်ပါသော ပင့်ခူကြီး တစ်မျိုး။ ဖကိုမူကား၊ ဖယကုမ္မာ၊ ကြီးစွာပြောင်းအား၊ ပင်းခူကျားကို၊ လွှားလွှားခွက်ကာ၊ ခွက်ကာသော်လည်း၊ ဟန်စီလေ -- ဟန်စွာလေ (လှေတော်သံ
English:
spider tiger
Grammar Note:
နာမ်
ပင်းခူးခြင်း
[pɪ́ɴkʰùးkʰɹɪ́ɴ]
Arakanese:
ပင်းခူ သဘင် (ဘယကုမ္မာဇာတ်) ကပြရာမာ သီဆိုရရေ သီးခြင်းနှင့် တီးမှုတ်ပုံ စနစ်နည်းနာ အခြင်းအရာ
Burmese:
ပင်းခူ သဘင် (ဘယကုမ္မာဇာတ်) ကပြရာ၌ သီဆိုရသော သီးခြင်းနှင့် တီးမှုတ်ပုံ စနစ်နည်းနာ အခြင်းအရာ
English:
system
Grammar Note:
နာမ်
ပင်းခူခြည်
[pɪ́ɴkʰùkʰɹɛ]
Arakanese:
၁၊ ပင်းခူ၏ ကိုယ်မှထွက်သော ပျောင်းသော အမျှင်စေး။ ပင်းခူး ခြည်လျှင်၊ ရစ်ခွေပတ်ကာ၊ လွန်ထွေးကြက်ကေ၊ မြှေးယှက်ဖြာသို့။ (ပဋာ)၂၊ အဝတ်အထည် ရက်လုပ်ရေအခါ အထည် အထည်သား၌ ခြည်စများ ဖွာထွက်နိန်ရေ့ ခြည်မျှင်စု
Burmese:
၁၊ ပင်းခူ၏ ကိုယ်မှထွက်သော စေးကပ်သော အမျှင်စေး။ ပင်းခူး ခြည်လျှင်၊ ရစ်ခွေပတ်ကာ၊ လွန်ထွေးကြက်ကေ၊ မြှေးယှက်ဖြာသို့။ (ပဋာ)၂၊ အဝတ်အထည် ရက်လုပ်သည့်အခါ အထည် အထည်သား၌ ချည်စများ ဖွာထွက်နေသည့် ချည်မျှင်စု
English:
cobweb
Grammar Note:
နာမ်
ပင်းခူးခြည်
[pɪ́ɴkʰùးkʰɹɛ]
Arakanese:
၁၊ ရစ်သန်းဖုံးကွယ်ရေ။ ကပ်ငြိ ရစ်ဆိုင်းရေ။၂၊ ခြူနိန်ပါရေကာ
Burmese:
၁၊ ရစ်သန်းဖုံးကွယ်သည်။ ကပ်ငြိ ရစ်ဆိုင်းသည်။၂၊ ရှုပ်ထွေးသည်
English:
confuse
Grammar Note:
ကြိယာ
ပင်းခူဇာတ်
[pɪ́ɴkʰùzàaʔ]
Arakanese:
ရခိုင်ရို့၏ ရှီးရိုးရာ နန်းမားမာ ခင်းကျင်း ပြသဖို့ ရီးသားသော ပင်းခူးဇာတ် ဝတ္တု
Burmese:
ရခိုင်တို့၏ ရှေးရိုးရာ နန်းတွင်းတွင် ခင်းကျင်း ပြသရန် ရေးသားသော ပင်းခူးဇာတ် ဝတ္တု
English:
novel
Grammar Note:
နာမ်
ပင်းခူဇာတ်သဘင်
[pɪ́ɴkʰùzàaʔθbʱɪ̀ɴ]
Arakanese:
ရခိုင်ရို့၏ ရှီးကျသော ရိုးရာပြဇာတ် သဘင်။ ရခိုင်နန်းမား အကသဘင်။ (ဤကဇာတ်၌ သုံးပွာင်း ၄ဝ - ကျော်ထိ ပါဝင်ကြောင်း သိရရေ။ ဤကဇာတ်၊ ပြဇာတ်တိစွာ စန္ဒြါးမင်းဆက် (ဝေသာလီခေတ်) လက်ထက်ကပင် ပေါ်ပေါက်လာယား ဖြစ်တေ။ ဂုထိ အစိုင် ကပြလာရခြင်း ဖြစ်တေဟု သမိုင်းအရ သိရရေ
Burmese:
ရခိုင်တို့၏ ရှေးကျသော ရိုးရာပြဇာတ် သဘင်။ ရခိုင်နန်းတွင်း အကသဘင်။ (ဤကဇာတ်၌ လူပေါင်း ၄ဝ - ကျော်ထိ ပါဝင်ကြောင်း သိရသည်။ ဤကဇာတ်၊ ပြဇာတ်များသည် စန္ဒြါးမင်းဆက် (ဝေသာလီခေတ်) လက်ထက်ကပင် ပေါ်ပေါက်လာပြီး ဖြစ်သည်။ ယခုထိ အစဉ် ကပြလာရခြင်း ဖြစ်သည်ဟု သမိုင်းအရ သိရသည်
English:
play
Grammar Note:
နာမ်
ပင်းခူဝတ္တု
[pɪ́ɴkʰùwt̪t̪a̰oʊ]
Arakanese:
ဘယကုမ္မာမင်းသားနှင့် ပင်းခူကျားကို အခြီခံထားပနာ ဖြစ်ပျက်ခြင်းရာရို့ကို စိတ်ဝင်စားဖွယ် ဖွဲ့နွဲ့ ရီးခြယ်ထားရေ အကြောင်းအရာစု
Burmese:
ဘယကုမ္မာမင်းသားနှင့် ပင်းခူကျားကို အခြေခံထား၍ ဖြစ်ပျက်ခြင်းရာတို့ကို စိတ်ဝင်စားဖွယ် ဖွဲ့နွဲ့ ရေးခြယ်ထားသော အကြောင်းအရာစု
English:
novel
Grammar Note:
နာမ်
ပင်ချင်း
[pɪ̀ɴɕɪ́ɴ]
Arakanese:
၁၊ (သီးခြား) တပင်တည်း။ ၂၊ (ဥပစာ) တယောက်ထီးတည်း။ ၃၊ ခြည်မျှင် တပင်ချင်း
Burmese:
၁၊ (သီးခြား) တစ်ပင်တည်း။ ၂၊ (ဥပစာ) တစ်ယောက်ထီးတည်း။ ၃၊ ချည်မျှင် တစ်ပင်ချင်း
English:
single
Grammar Note:
နာမ်
ပင်ချင်းခြည်
[pɪ̀ɴɕɪ́ɴkʰɹɛ]
Arakanese:
နှစ်ပင် ပေါင်းထားရေ မဟုတ်၊ တပင်တည်းသော ခြည်မျှင်
Burmese:
နှစ်ပင် ပေါင်းထားသည် မဟုတ်၊ တစ်ပင်တည်းသော ချည်မျှင်
English:
silk
Grammar Note:
နာမ်
ပင်ချင်းဒယော
[pɪ̀ɴɕɪ́ɴdjɔ́]
Arakanese:
အတိုင်းအဖောက်ခြည် တပင်စီဖြင့် ရက်လုပ်ထားရေ ဒယော
Burmese:
အတိုင်းအဖောက်ချည် တစ်ပင်စီဖြင့် ရက်လုပ်ထားသော လုံချည်
English:
sarong
Grammar Note:
နာမ်
ပင်စင်း
[pɪ̀ɴsɪ́ɴ]
Arakanese:
ဘင်ဇင်း အရပ်အမင်ာင်း ရှည်သွယ်သော
Burmese:
ဘင်ဇင်း အရပ်အမောင်း ရှည်သွယ်သော
English:
tall
Grammar Note:
နာမဝိသေသန
ပင်စင်းရှည်
[pɪ̀ɴsɪ́ɴʃɛ̀]
Arakanese:
ဘင်ဇင်းရှည်ဘင်ဇင်း အရပ်အမင်ာင်း ရှည်သွယ်သော
Burmese:
ဘင်ဇင်းရှည်ဘင်ဇင်း အရပ်အမောင်း ရှည်သွယ်သော
English:
tallest
Grammar Note:
နာမဝိသေသန
ပင်စောက်
[pɪ̀ɴsɔ́ɛʔ]
Arakanese:
၁၊ အရပ်အမင်ာင်း ရှည်သွယ်သော သူ။ ၂၊ ပင်မကြီး မြင့်မားသော အပင် အမျိုးအစား။ ပင်တို ပင်စောက်၊ တောင်မက္ကလာမာ ပေါက်ရောက် သွယ်တန်း၊ ရှုခမန်းတည်း (လွမ်း)
Burmese:
၁၊ အရပ်အမောင်း ရှည်သွယ်သော သူ။ ၂၊ ပင်စည် မြင့်မားသော သစ်ပင် အမျိုးအစား။ ပင်တို ပင်စောက်၊ တောင်ခမောက်တွင် ပေါက်ရောက် သွယ်တန်း၊ ရှုခမန်းတည်း (လွမ်း)
English:
tall
Grammar Note:
နာမ်
ပင်တက်ဗလိ
[pɪ̀ɴtɛʔblì]
Arakanese:
အပင် တက်နှိုင်ရေ ကဏန်းကောင် တမျိုး
Burmese:
သစ်ပင် တက်နိုင်သော ကဏန်းကောင် တစ်မျိုး
English:
type of crab
Grammar Note:
နာမ်
ပင်းတန်း
[pɪ́ɴtáɴ]
Arakanese:
လောင်းာ်ခတ်ရရေ တက်ရိုး ရှည်ကြီး
Burmese:
လှော်ခတ်ရသော တက်ရိုး ရှည်ကြီး
English:
paddle
Grammar Note:
နာမ်
ပင်းတန်းကွင်း
[pɪ́ɴtáɴkwɪ́ɴ]
Arakanese:
ခတ်တိုင်မာ ခတ်တက်ကို သွင်းလျှိုရာ အထိန်းကြိုးကွင်း
Burmese:
ခတ်တိုင်တွင် ခတ်တက်ကို သွင်းလျှိုရာ အထိန်းကြိုးကွင်း
English:
none
Grammar Note:
နာမ်
ပင်းတန်းခတ်
[pɪ́ɴtáɴkʰaʔ]
Arakanese:
ရီပြင်ကို ခတ်တက်ဖြင့် ယက်ခတ်ရေ။ လောင်းာ်သည်
Burmese:
ရေပြင်ကို ခတ်တက်ဖြင့် ယက်ခတ်သည်။ လှော်သည်
English:
paddle
Grammar Note:
ကြိယာ
ပင်းတန်းခုံ
[pɪ́ɴtáɴkʰòʊɴ]
Arakanese:
၁၊ ခတ်တိုင် တပ်ဆင်ရန် အခြီခံဖိနပ်။ ၂၊ ခတ်တက် တပ်ဆင်ရရေ တိုင်ငုတ်
Burmese:
၁၊ ခတ်တိုင် တပ်ဆင်ရန် အခြေခံဖိနပ်။ ၂၊ ခတ်တက် တပ်ဆင်ရသော တိုင်ငုတ်
English:
peg
Grammar Note:
နာမ်
ပင်းတန်းခုံတိုင်
[pɪ́ɴtáɴkʰòʊɴtàɪɴ]
Arakanese:
ခတ်တက် တပ်ဆင်ရရေ တိုင်ငုတ်
Burmese:
ခတ်တက် တပ်ဆင်ရသော တိုင်ငုတ်
English:
peg
Grammar Note:
နာမ်
ပင်တို
[pɪ̀ɴtÒ]
Arakanese:
ကိုယ်လုံးတုတ်ခိုင် ကျစ်လျစ်၍ ဘုဒိုပျပ်သော သူ
Burmese:
ကိုယ်လုံးတုတ်ခိုင် ကျစ်လျစ်၍ အရပ်ပုပျပ်သော သူ
English:
dwarfish man
Grammar Note:
နာမ်