Dictionary Entries
Showing 1,221–1,240 of 1,759 words
ပ
ပြင်းကတ်တေ
[pɹɪ́ɴkaʔtè]
Arakanese:
လူများ မခံချိစီရန် သရော် ကြီစပ်သည်
Burmese:
သူတစ်ပါး မခံချိစေရန် သရော် ကျီစယ်သည်
English:
cheap gibe
Grammar Note:
ကြိယာ
ပြင်ကိုယ်တော်ရံ
[pɹɪ̀ɴkÒɛ̀tɔ̀ɹံ]
Arakanese:
လက်ဝဲသင်း အမတ်သျှစ်ယောက်မာ တယောက်ချင်းစီ အပါအဝင် ဖြစ်ရေ အမတ်။ ပြင်ကိုယ်တော်ရံ ဟူစွာကား၊ ရီမြီသခင် ဘုရင်မင်းမြတ်သည် တခုတရီသော အရပ်သို့ ပိုင်အလာ ပြုသည့် ကာလ၊ မင်းမြတ်၏ အဆင် တန်ဆာရို့ကို ထမ်းပိုး ရခြင်းစွာ ပင်ဖြစ်ဖြစ်၊ ဝိဇ္ဇာ၊ နတ် ပသသည့် ကာလ၊ ဆိတ်၊ ဝက်၊
Burmese:
လက်ဝဲသင်း အမတ်သျှစ်ယောက်တွင် တစ်ယောက်စီ အပါအဝင် ဖြစ်သော အမတ်။ ပြင်ကိုယ်တော်ရံ ဟူသည်ကား၊ ရေမြေသခင် ဘုရင်မင်းမြတ်သည် တစ်စုံတစ်ခုသော အရပ်သို့ အသွားအလာ ပြုသည့် ကာလ၊ မင်းမြတ်၏ အဆင် တန်ဆာတို့ကို ထမ်းပိုး ရခြင်းသည် လည်းကောင်း၊ ဝိဇ္ဇာ၊ နတ် ပသသည့် ကာလ၊ ဆိတ်၊ ဝက်၊
English:
guard
Grammar Note:
နာမ်
ပြင်ကုန်း
[pɹɪ̀ɴkóʊɴ]
Arakanese:
မို့မောက်နိန်ရေ မြေတန်း
Burmese:
မို့မောက်နေသော မြေတန်း
English:
pleateau
Grammar Note:
နာမ်
ပြင်ကုန်း၂
[pɹɪ̀ɴkóʊɴ၂]
Arakanese:
ကျယ်ပြန့်သော ကုန်းမြင့် ဒေသ။ သဲကျောက်၊ မြီစီးရို့ဟိ၍ မြက်၊ အပင် ပေါက်ခရေ ကုန်းမြီအရပ်
Burmese:
ကျယ်ပြန့်သော ကုန်းမြင့် ဒေသ။ သဲကျောက်၊ မြေစေးတို့ယှိ၍ မြက်၊ သစ်ပင် ပေါက်ခဲ့သော ကုန်းမြေအရပ်
English:
pleateau
Grammar Note:
နာမ်
ပြင်ခံ
[pɹɪ̀ɴkʰံ]
Arakanese:
ယောက်ျားဝတ် အပေါ်ဖုံး အင်္ကျီ
Burmese:
ယောက်ျားဝတ် အပေါ်ဖုံး အင်္ကျီ
English:
coat
Grammar Note:
နာမ်
ပြင်ခုံ
[pɹɪ̀ɴkʰòʊɴ]
Arakanese:
ရေစပ် ရေလယ် အစဟိစွာ့အရပ်မာ တွိရရေ သဲပြင်
Burmese:
ရေစပ် ရေလယ် စသည့်အရပ်တွင် တွေ့ရသော သဲပြင်
English:
sandbank
Grammar Note:
နာမ်
ပြင်ခုံ၂
[pɹɪ̀ɴkʰòʊɴ၂]
Arakanese:
ဖြားတက်သော မြစ်ဝကျွန်းပေါ် အရပ်မာ ဖြားရီ ကျချိန်၌ နုန်းနစ်များ တင်ကျန်နီ ခရေ ကျယ်ပြန့်သည့် ပြင်
Burmese:
ဒီရေတက်သော မြစ်ဝကျွန်းပေါ် အရပ်တွင် ဒီရေ ကျချိန်၌ နုန်းနစ်များ တင်ကျန်နေ ခဲ့သော ကျယ်ပြန့်သည့် ပြင်
English:
silt
Grammar Note:
နာမ်
ပြင်ခေါင်း
[pɹɪ̀ɴkʰèàɪ́ɴ]
Arakanese:
ဟင်းလင်းပြင်။ အကာအကွယ် အတားအဆီး မဟိသော ပြင်
Burmese:
ဟင်းလင်းပြင်။ အကာအကွယ် အတားအဆီး မယှိသော ပြင်
English:
void
Grammar Note:
နာမ်
ပြင်ခွင်
[pɹɪ̀ɴkʰwɪ̀ɴ]
Arakanese:
ညီညာသော မြီပြင်ကျယ်။ လွင်ပြင်
Burmese:
ညီညာသော မြေပြင်ကျယ်။ လွင်ပြင်
English:
level
Grammar Note:
နာမ်
ပြင်စ
[pɹɪ̀ɴs]
Arakanese:
၁၊ တော၏ အစပ်။ တောခြေ။ ၂၊ အထဲ၏ အရာ တဖက်။ တပါးသော အရပ်။ ယာပြင်စဝယ်၊ ချင်းမတကောင်၊ တဲတဆောင်နှင့်။ (ဂုတ္တိလ
Burmese:
၁၊ တော၏ အစပ်။ တောခြေ။ ၂၊ အတွင်း၏ အခြား တစ်ဘက်။ တစ်ပါးသော အရပ်။ ယာပြင်စဝယ်၊ ချင်းမတစ်ကောင်၊ တဲတစ်ဆောင်နှင့်။ (ဂုတ္တိလ
English:
place
Grammar Note:
နာမ်
ပြင်တင်း
[pɹɪ̀ɴtɪ́ɴ]
Arakanese:
(နန်းတော်ဆောင် အစဟိစွာ၌) လီထွက် ဝင်ရာ ပြတင်း။ သာမမိဖုရား၊ ပတင်းဟူကေ၊ ပြူပေါက်ထားလို့ (ဥဒိန်သာ)။ စက်ရာဆောင်မာ၊ မီးရောင်လင်းကေ၊ ပတင်းပြူပေါက်၊ ဝင်းဝင်း တောက်ဗျာယ်။ (ဓမ္မသာ
Burmese:
(နန်းတော်ဆောင် စသည်၌) လေထွက် ဝင်ရာ ပြတင်း။ သာမမိဖုရား၊ ပတင်းဟူကေ၊ ပြူပေါက်ထားလို့ (ဥဒိန်သာ)။ စက်ရာဆောင်မှာ၊ မီးရောင်လင်းကေ၊ ပတင်းပြူပေါက်၊ ဝင်းဝင်း တောက်လျက်။ (ဓမ္မသာ
English:
window
Grammar Note:
နာမ်
ပြင်တင်းကာ
[pɹɪ̀ɴtɪ́ɴkà]
Arakanese:
ပြတင်းပေါက်ကို ကာသော လှစ်ကာ တမျိုး။ ပြင်တင်းကာ တရွှားပီး၏ (ပြင်ယားစာ
Burmese:
ပြတင်းပေါက်ကို ကာသော လှစ်ကာ တစ်မျိုး။ ပြင်တင်းကာ တစ်ချပ်ပီး၏ (ပြင်ယားစာ
English:
blind
Grammar Note:
နာမ်
ပြင်တစ်ပြင်
[pɹɪ̀ɴtɪʔpɹɪ̀ɴ]
Arakanese:
၁၊ လမ်း အကွာအဝီးကို မှတ်သားသော သင်္ချာ ဝန် စကား။ ၂၊ တာတရာ့ ငါးဆယ် ဟိသော အကွာအဝီး။ ၃၊ မနီမဝီးသော ပြင်လယ်ဂေါင် တခု။ ဤတောထွက်ကေ၊ ပြင်တပြင်ကို၊ ဆင်နှင့်လည်းလှမ်း၊ တောတတောနှင့် မြောင်ကိုသန်းကေ၊ စမ်းအိုင်နားမာ။ (ဥဒိန်သာ
Burmese:
၁၊ လမ်း အကွာအဝေးကို မှတ်သားသော သင်္ချာ ပစ္စည်း စကား။ ၂၊ တာတစ်ရာ့ ငါးဆယ် ယှိသော အကွာအဝေး။ ၃၊ မနီမဝေးသော ကွင်းပြင် တစ်ခု။ ဤတောထွက်လျှင်၊ ပြင်တစ်ပြင်ကို၊ ဆင်နှင့်လည်းလှမ်း၊ တောတစ်တောနှင့် မြောင်ကိုသန်းကေ၊ စမ်းအိုင်နားတွင်။ (ဥဒိန်သာ
English:
level
Grammar Note:
နာမ်
ပြင်းထန်
[pɹɪ́ɴtʰàɴ]
Arakanese:
အဟိန်အဟုန် သည်းထန်သည်
Burmese:
အရှိန်အဟုန် သည်းထန်သည်
English:
intensive
Grammar Note:
ကြိယာ
ပြင်ထား
[pɹɪ̀ɴtʰá]
Arakanese:
စနစ်တကျ ထားရေ။ ထိန်းသိမ်းရေ။ သိမ်းဆည်းသည်
Burmese:
စနစ်တကျ ထားသည်။ ထိန်းသိမ်းသည်။ သိမ်းဆည်းသည်
English:
maintain
Grammar Note:
ကြိယာ
ပြင်ပ
[pɹɪ̀ɴp]
Arakanese:
၁၊ တခေါက် တရီချေပင် မြင်ဖူးသိဖူးခြင်း မဟိသော သူ။ ၂၊ အထဲ၏ အပြင်ဘက် နီရာ ဒေသ
Burmese:
၁၊ တစ်ကြိမ် တစ်ခါမျှ မြင်ဖူးသိဖူးခြင်း မယှိသော သူ။ ၂၊ အတွင်း၏ အပြင်ဘက် နေရာ ဒေသ
English:
stranger
Grammar Note:
နာမ်
ပြင်ပေါ်ယံ
[pɹɪ̀ɴpɔ̀jံ]
Arakanese:
၁၊ ပြင်ပ မျက်နှာပြင် နီရာ။ ၂၊ ပြင်ပြုံ သဏ္ဍာန်။ အပြင်ပန်း။ ၃၊ လေးလေး နက်နက် မဟိခြင်း။ သာမန်မျှ ဖြစ်ခြင်း
Burmese:
၁၊ ပြင်ပ မျက်နှာပြင် နေရာ။ ၂၊ ပြင်ပြုံ သဏ္ဍာန်။ အပြင်ပန်း။ ၃၊ လေးလေး နက်နက် မယှိခြင်း။ သာမန်မျှ ဖြစ်ခြင်း
English:
external
Grammar Note:
နာမ်
ပြင်ပေါ်ရီ
[pɹɪ̀ɴpɔ̀ɹí]
Arakanese:
၁၊ ပြင်ပ မျက်နှာပြင် နီရာ။ ၂၊ ပြင်ပြုံ သဏ္ဍာန်။ အပြင်ပန်း။ ၃၊ လေးလေး နက်နက် မဟိခြင်း။ သာမန်မျှ ဖြစ်ခြင်း
Burmese:
၁၊ ပြင်ပ မျက်နှာပြင် နေရာ။ ၂၊ ပြင်ပြုံ သဏ္ဍာန်။ အပြင်ပန်း။ ၃၊ လေးလေး နက်နက် မယှိခြင်း။ သာမန်မျှ ဖြစ်ခြင်း
English:
external
Grammar Note:
နာမ်
ပြင်းပြ
[pɹɪ́ɴpɹ]
Arakanese:
လိုလားချက် တနည်း ခံစားချက် အားကြီးရေ
Burmese:
လိုလားချက် သို့မဟုတ် ခံစားချက် အားကြီးသည်
English:
feel
Grammar Note:
ကြိယာ
ပြင်ပြင်
[pɹɪ̀ɴpɹɪ̀ɴ]
Arakanese:
(မီးရောင်) တောက်ပြောင်မှုမှ ပေါ်ထွက်သော အလင်းရောင်။ အဌမူလရ်မည်၊ ထိုတိုင်းပြည်ကို၊ နိန်ရာတကျ၊ မီးပြင်ပြင်နန့်၊ မြင်ပြန်ရလို့။ (နာရဒ
Burmese:
(မီးရောင်) တောက်ပြောင်မှုမှ ပေါ်ထွက်သော အလင်းရောင်။ အဌနဂိုရ်မည်၊ ထိုတိုင်းပြည်ကို၊ အတည်တကျ၊ မီးပြင်ပြင်နန့်၊ မြင်ပြန်ရလို့။ (နာရဒ
English:
light
Grammar Note:
နာမ်