Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,281–1,300 of 1,759 words

    ပ

    ပြည်ပက်ကုန်း

    [pɹɛpɛʔkóʊɴ]
    နိုင်ငံကို စီမံခန့်ခွဲရီးနှင့် တရား ဥပဒေ စိုးမိုးရီး လုပ်ငန်းတာဝန်ကို လုပ်ဆောင်ရရေ ဝန်ကြီးများ (ပြည်ထဲရီးဝန်ကြီး)။ တသွယ်တင်းခွန်၊ မျက်နှာမှန်သည်၊ ကျန်ဝန်းလုံး၊ ပြည်ပက်ကုန်းတည်း။ (ရခိုင်ကာ
    နိုင်ငံကို စီမံခန့်ခွဲရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းတာဝန်ကို လုပ်ဆောင်ရသော ဝန်ကြီးများ (ပြည်ထဲရေးဝန်ကြီး)။ တသွယ်တံခွန်၊ မျက်နှာမှန်သည်၊ ကျန်ဝန်းလုံး၊ ပြည်ပက်ကုန်းတည်း။ (ရခိုင်ကာ
    ministers
    ကြိယာ

    ပြည်ပြည်

    [pɹɛpɹɛ]
    ၁၊ ဘုရင် တဦးတည်း၏ အုပ်ချုပ်မှု နယ်မြီ အပိုင်းအရာ။ ၂၊ မင်းနေမြို့တော်။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရပြီးကေယ်၊ နတ်၊ ဗြဟ္မာ အစဟိစွာဖြစ်ရာ နီရာ
    ၁၊ ဘုရင် တစ်ဦးတည်း၏ အုပ်ချုပ်မှု နယ်မြေ အပိုင်းအခြား။ ၂၊ မင်းနေမြို့တော်။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ နတ်၊ ဗြဟ္မာ စသည်ဖြစ်ရာ နေရာ
    town
    နာမ်

    ပြည်ပြီး

    [pɹɛpɹï]
    နိုင်ငံတော်အား တရားဝင် တော်လှန် ဆန့်ကျင်၍ တိုင်းတပါးသို့ ထွက်လှား ခိုလှုံသူ
    နိုင်ငံတော်အား တရားဝင် တော်လှန် ဆန့်ကျင်၍ တိုင်းတစ်ပါးသို့ ထွက်သွား ခိုလှုံသူ
    refugee
    နာမ်

    ပြည်ဖျက်

    [pɹɛpʰrɛʔ]
    တိုင်းပြည် နိုင်ငံကို မငြိမ်မသက်အောင် ဆူပူ မြှောက်ပင့်ပီးသူ
    တိုင်းပြည် နိုင်ငံကို မငြိမ်မသက်အောင် ဆူပူ လှုံ့ဆော်သူ
    mutineer
    နာမ်

    ပြည်ဖျက်မ

    [pɹɛpʰrɛʔm]
    နှိမ့်ချလိုရေ သဘောနန့် ပြောဆို (ကော်ဆဲ)သော စကား။ (မမာ့ကိုရာ)
    နှိမ့်ချလိုသော သဘောဖြင့် ပြောဆို (ဆဲဆို)သော စကား။ (မိန်းမကိုသာ)
    friggin
    နာမ်

    ပြည့်မေါက်

    [pɹɛ့maʊʔ]
    တင်းမောက် ဖွံ့ထွားသော
    တင်းမောက် ဖွံ့ထွားသော
    Full-blown
    နာမဝိသေသန

    ပြည်မှည့်

    [pɹɛm̥ɛ့̀]
    အနာအုံ အထဲဟိ စုခဲနိန်ရေ ပြည်များ ပျော်ကျရေ
    အနာအုံ အတွင်းယှိ စုခဲနေသော ပြည်များ ပျော်ကျသည်
    suppurate
    ကြိယာ

    ပြည်မှိုက်ပြည်မွား

    [pɹɛm̥aɪʔpɹɛmWà]
    နိုင်ငံတော်ကို အဟန့်အတား ပြုသည့် သခိုး ဒါးမြရအစဟိစွာ့ ဖီးအန္တရာယ် အသဲအဖွဲ
    နိုင်ငံတော်ကို အဟန့်အတား ပြုသည့် သူခိုး ဒါးမြရစသည့် ဘေးအန္တရာယ် အသဲအဖွဲ
    none
    နာမ်

    ပြည်ရီးပြည်ရာဦ

    [pɹɛɹïpɹɛɹàʔù]
    နိုင်ငံ၏ အရီးကိစ္စ။ နိုင်ငံတော် အထဲ ဆောင်ရွက်ဖွယ်ရာ ကိစ္စ
    နိုင်ငံ၏ အရေးကိစ္စ။ နိုင်ငံတော် အတွင်း ဆောင်ရွက်ဖွယ်ရာ ကိစ္စ
    matter
    နာမ်

    ပြည်လုံးကျွတ်

    [pɹɛlóʊɴt͡ɕwaʔ]
    နိုင်ငံတော် တဝှမ်းလုံးနှင့် ဆက်စပ် သက်ဆိုင်ရေ
    နိုင်ငံတော် တစ်ဝှမ်းလုံးနှင့် ဆက်စပ် သက်ဆိုင်သော
    nationality
    နာမဝိသေသန

    ပြည့်ဝ

    [pɹɛ့w]
    လိုလေသေး မဟိအောင် အားလုံး ရဟိရေ။ လောက်ထိုနောင်၊ ဇံဘလောင်လည်း၊ တောတောင်မြိုင်ဖျား၊ လွန်ပေါတိ၏။ (ထွန်းတိ
    လိုလေသေး မယှိအောင် အလုံးစုံ ရယှိသည်။ ပြည့်ဝထိုနောင်၊ ဇံဘလောင်လည်း၊ တောတောင်မြိုင်ဖျား၊ လွန်ပေါများ၏။ (ထွန်းတိ
    adequately
    ကြိယာ

    ပြည်ဝတ်

    [pɹɛwaʔ]
    အနာ အထဲဟိ ဖြူခဲပျစ်နိန်ရေ ပြည်အစု
    အနာ အတွင်းယှိ ဖြူခဲပျစ်နေသော ပြည်အစု
    suppurate
    နာမ်

    ပြည်ဝမ်း

    [pɹɛwáɴ]
    ဆန်၊ စပါး၊ ကောက်ပဲ သီးနှံ လောင်းာင်ရာ ကျီကျများ
    ဆန်၊ စပါး၊ ကောက်ပဲ သီးနှံ သိုလှောင်ရာ ကျီကျများ
    garner
    နာမ်

    ပြည်ဝီစိ

    [pɹɛwísì]
    အနာ အထဲဟိ ဖြူခဲ ပျစ်နိန်ရေ ပြည်ဖုငယ်
    အနာ အတွင်းယှိ ဖြူခဲ ပျစ်နေသော ပြည်ဖုငယ်
    punster
    နာမ်

    ပြည်သံကြိုး

    [pɹɛθံt͡ɕó]
    ထူးထူးခြားခြား သတင်း ပေါင်းစုံကို ရှာဖွီ၍ ပြောဆိုတတ်သူ
    ထူးထူးခြားခြား သတင်း ပေါင်းစုံကို ရှာဖွေ၍ ပြောဆိုတတ်သူ
    none
    နာမ်

    ပြတည်း

    [pɹtɛ́]
    ရခိုင် ဘုရင် မင်းမြတ်ရို့ တိုင်းခန်း လှည့်လည်သည့် အခါမှ တနားချေတဗွေချေ အနေအားဖြင့် တည်းခို နားနီရာ စခန်း။ အဆောက်အအုံ
    ရခိုင် ဘုရင် မင်းမြတ်တို့ တိုင်းခန်း လှည့်လည်သည့် အခါတွင် ခေတ္တ အနေအားဖြင့် တည်းခို နားနေရာ စခန်း။ အဆောက်အအုံ
    rest room
    နာမ်

    ပြတော

    [pɹtɔ́]
    ချောင်းကမ်းထောင်း မြစ်နားရို့မာ ပေါက်ရောက်ဗျာယ် ဟိနီရေ တောခြုံ ဖုတ်အချေ
    ချောင်းကမ်းပါး မြစ်နားတို့တွင် ပေါက်ရောက်လျက် ယှိနေသော တောချုံ ဖုတ်ကလေး
    none
    နာမ်

    ပြတ်

    [pɹaʔ]
    တန်ဖိုး ပိုင်းခြာရေ။ ဈီးနှုန်း၊ လုပ်အားခ အစဟိစွာ လျော့အောင် တိုက်တွန်း ပြောဆိုရေ
    တန်ဖိုး ပိုင်းခြားသည်။ ဈေးနှုန်း၊ လုပ်အားခ စသည် လျော့အောင် တိုက်တွန်း ပြောဆိုသည်
    cool down
    ကြိယာ

    ပြတ်၂

    [pɹaʔ၂]
    ပိုင် ထက်ရေ။ ရှရေ။ ၂၊ လက်နက် တစုံတရာ ထိခိုက်မိရေ။ ဒဏ်ရာ ရရေ။ (ဓါးပြတ်လားခရေ၊ အနား ပြတ်လားခရေ အစဟိစွာ
    အသွား ထက်သည်။ ရှသည်။ ၂၊ လက်နက် တစ်စုံတရာ ထိခိုက်မိသည်။ ဒဏ်ရာ ရသည်။ (ဓါးပြတ်လားခရေ၊ အနား ပြတ်လားခရေ စသည်
    wound
    ကြိယာ

    ပြတ်၃

    [pɹaʔ၃]
    မြေစိုင်၊ မြီခဲ၊ မြေတုံး၊ ပခတ်နခတ်၊ ဆင်ချီးဖက်ကို၊ ခဲပြတ်တခဲပင်နှင့်။ (ကုသတု
    မြေစိုင်၊ မြေခဲ၊ မြေတုံး၊ ပခတ်နခတ်၊ ဆင်ချီးဖက်ကို၊ ခဲပြတ်တစ်ခဲပင်နှင့်။ (ကုသတု
    blocks of land
    နာမ်