Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 1,759 words

    ပ

    ပြိုင်

    [pɹàɪɴ]
    ၁၊ တဦးနှင့် တဦး ဂုဏ်စွမ်းရည် အစဟိစွာဖက် နိူင်းသည်
    ၁၊ တစ်ဦးနှင့် တစ်ဦး ဂုဏ်စွမ်းရည် စသည်ဖက် ယှဉ်သည်
    compete
    ကြိယာ

    ပြိုင်း

    [pɹáɪɴ]
    အပင်၊ ပန်းပင် အစဟိစွာရို့ အစီအရီ ပေါက်ရောက်ဗျာယ်
    သစ်ပင်၊ ပန်းပင် စသည်တို့ အစီအရီ ပေါက်ရောက်လျက်
    grow
    ကြိယာဝိသေသန

    ပြိုင်း၂

    [pɹáɪɴ၂]
    ထင်ရှား ပေါ်လွင်စွာ စီတန်းဗျာယ်
    ထင်ရှား ပေါ်လွင်စွာ စီတန်းလျက်
    processional
    ကြိယာဝိသေသန

    ပြိုင်း၃

    [pɹáɪɴ၃]
    အသား အလွန်မာပနာ ပျိုင်းသော သစ်ကောင်း ထွက်သည့် မြင့်မောက်သော ပင်စောက် သစ်တမျိုး
    အသား အလွန်မာ၍ ပျဉ်းသော သစ်ကောင်း ထွက်သည့် မြင့်မောက်သော ပင်စောက် သစ်တစ်မျိုး
    cedar
    နာမ်

    ပြိုင်းစင်

    [pɹáɪɴsɪ̀ɴ]
    တောတောင် ကိုင်းကုန် အစဟိစွာ ရို့မာ ပေါက်တတ်ရေ သဗြီသီး မှည့်ရောင် ဟိသည့် ချိုင်သော အသီးချေ သီးသည့် ပင်နိမ့် တမျိုး
    တောတောင် ကိုင်းကုန် စသည် တို့တွင် ပေါက်တတ်သော သပြေသီး မှည့်ရောင် ယှိသည့် ချဉ်သော အသီးငယ် သီးသည့် ပင်နိမ့် တစ်မျိုး
    none
    နာမ်

    ပြိုင်ဆိုင်

    [pɹàɪɴsʰàɪɴ]
    နှစ်ဦး နိူင်းဖက်၍ ပိုကဲ စွမ်းဆောင် နှိုင်ကြောင်းကို ပြရေ
    နှစ်ဦး ယှဉ်ဖက်၍ ပိုကဲ စွမ်းဆောင် နိုင်ကြောင်းကို ပြသည်
    compete
    ကြိယာ

    ပြိုင်ညောင်

    [pɹàɪɴɲàʊɴ]
    ဗေါဓိ ညောင်ရွက်နှင့် တူသော ညောင်ပင် တမျိုး။ ရွက်လှဆိုင်ကေ၊ ပြိုင်ညောင်အောက်မာ၊ ရောက်လှမှန်စွာ။ (နာရဒ
    ဗေါဓိ ညောင်ရွက်နှင့် တူသော ညောင်ပင် တစ်မျိုး။ ရွက်လှဆိုင်ကေ၊ ပြိုင်ညောင်အောက်မှာ၊ ရောက်လှမှန်စွာ။ (နာရဒ
    like plane-tree
    နာမ်

    ပြိုင်းတိုင်သိမ်

    [pɹáɪɴtàɪɴθèɪɴ]
    ထူထပ် တောက်ပြောင်၍ အဖျားချွန်ပြီး အနံ့ မွီးကြိုင်သော အရွက်ဟိသည့် ဟင်းခတ်ရရေ အပင်တမျိုး
    ထူထပ် တောက်ပြောင်၍ အဖျားချွန်ပြီး အနံ့ မွေးကြိုင်သော အရွက်ယှိသည့် ဟင်းခတ်ရသော အပင်တစ်မျိုး
    phoebe lanceolata
    နာမ်

    ပြိုင်တူ

    [pɹàɪɴtù]
    တပြိုင်တည်း လက်တွဲဗျာယ်
    တစ်ပြိုင်တည်း ယှဉ်တွဲလျက်
    together
    ကြိယာဝိသေသန

    ပြိုင်တောင်မွိန့်

    [pɹàɪɴtàʊɴmwèɪɴ့]
    မွီးနုဟိသော။ အရွက်များ ပင်တံလုံး၌ ဆင့်၍ ထွက်သော စားသုံးရရေ ပင်ငယ် တမျိုး
    မွေးနုယှိသော။ အရွက်များ ပင်တံလုံး၌ ဆင့်၍ ထွက်သော စားသုံးရသည့် ပင်ငယ် တစ်မျိုး
    none
    နာမ်

    ပြိုင်းပင်

    [pɹáɪɴpɪ̀ɴ]
    အသား အလွန်မာပနာ ပျိုင်းသော သစ်ကောင်း ထွက်သည့် မြင့်မောက်သော ပင်စောက် သစ်တမျိုး
    အသား အလွန်မာ၍ ပျဉ်းသော သစ်ကောင်း ထွက်သည့် မြင့်မောက်သော ပင်စောက် သစ်တစ်မျိုး
    cedar
    နာမ်

    ပြိုင်းပေါက်

    [pɹáɪɴpaʊʔ]
    ခဏ ရပ်စောက် ရပ်တတ်ရုံမျှ (အချေ)
    ခဏ မတ်တတ် ရပ်တတ်ရုံမျှ (ကလေး)
    baby
    ကြိယာဝိသေသန

    ပြိုင်းပေါက်တတ်သျှေ

    [pɹáɪɴpaʊʔtaʔʃè]
    အချေများ ရပ်စောက် ရပ်တတ်ခါစ အရွယ်။ ကျမ္မာတုံလတ်၊ တဆတ်ဆတ်ကေ။ တွားတတ်၊ ထိုင်တတ်၊ ပြိုင်းပေါက် တတ်ကေ၊ ရပ်တတ် ကပင်။ (ပဒုမ္မ) ကာလရှည်လျား၊ နှစ်လများရေ်၊ တွားတတ် ထိုင်တတ်၊ ပြိုင်းပေါက်တတ်လို့ (ဂုတ္တိလ
    ကလေးငယ်များ မတ်တတ် ရပ်တတ်ခါစ အရွယ်။ ကျန်းမာတုံလတ်၊ တဆတ်ဆတ်ကေ။ တွားတတ်၊ ထိုင်တတ်၊ ပြိုင်းပေါက် တတ်ကေ၊ ရပ်တတ် ကပင်။ (ပဒုမ္မ) ကာလရှည်လျား၊ နှစ်လများသော်၊ တွားတတ် ထိုင်တတ်၊ ပြိုင်းပေါက်တတ်လို့ (ဂုတ္တိလ
    baby
    နာမ်

    ပြိုင်းပြိုင်း

    [pɹáɪɴpɹáɪɴ]
    တိုးကြွယ် များပြားလာရေ။ ပွားများ လာရေ။ အလှူ သတင်း၊ မကင်းနေတူ၊ ကျောင်းဂူဘုရား၊ ပွားများရာထောင်၊ ပြိုင်းပြိုင်းပြောင်သည်၊ ညာနောင်ရမ်းဗြဲ၊ နောက်ခဆွဲက (ကင်းမဟော်
    တိုးကြွယ် များပြားလာသည်။ ပွားများ လာသည်။ အလှူ သတင်း၊ မကင်းနေတူ၊ ကျောင်းဂူဘုရား၊ ပွားများရာထောင်၊ ပြိုင်းပြိုင်းပြောင်သည်၊ ညာနောင်ရမ်းဗြဲ၊ နောက်ခဆွဲက (ကင်းမဟော်
    grow
    ကြိယာ

    ပြိုင်းပြိုင်း၂

    [pɹáɪɴpɹáɪɴ၂]
    ၁၊ အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ။ မကန်မဝှန်။၂၊ ထင်ရှား ပေါ်လွင်စွာ စီတန်းဗျာယ်။ လောင်းစင်းတိုင်း၌၊ ပြိုင်းပြိုင်းရပ်ကျင်၊ မွန်းမွန်းဖျင်၏(ရခိုင်ကာ)၊ (အရိုးပြိုင်းပြိုင်း၊ အကြောပြိုင်းပြိုင်း၊ အပင်ပြိုင်းပြိုင်း အစဟိစွာ
    ၁၊ အမျိုးအမည် အရေအတွက် စသည် များပြားစွာ။ အများအပြား။၂၊ ထင်ရှား ပေါ်လွင်စွာ စီတန်းလျက်။ လှေစင်းတိုင်း၌၊ ပြိုင်းပြိုင်းရပ်ကျင်၊ မွန်းမွန်းဖျင်၏(ရခိုင်ကာ)၊ (အရိုးပြိုင်းပြိုင်း၊ အကြောပြိုင်းပြိုင်း၊ အပင်ပြိုင်းပြိုင်း စသည်
    many
    ကြိယာဝိသေသန

    ပြိုင်ဖော်ပြိုင်ဖက်

    [pɹàɪɴpʰɔ̀pɹàɪɴpʰɛʔ]
    ကိုယ့်ကို ပြိုင်မည့်သူ အရာ တဖက်သာ
    မိမိကို ပြိုင်မည့်သူ အခြား တစ်ဘက်သာ
    competitor
    နာမ်

    ပြိုင်းရိုင်းရိုင်း

    [pɹáɪɴɹáɪɴɹáɪɴ]
    ၁၊ မြင့်မား ထင်ရှား ပေါ်လွင်သော။ ညောင်မှုရုက္ခ၊ မြင့်ရဆောင်းဆောင်း၊ သျှစ်သောင်းပါးပျိုင်း၊ ပြိုင်းရိုင်းရိုင်းနှင့်။ (ဆဒ္ဒန်) မြူခြီမှိုင်းမှိုင်း၊ ပြိုင်းရိုင်းရိုင်းနှင့်၊ ဆိုင်းဆိုင်းမို့မို့၊ တညို့ညို့ကေ (ကော်)၊ ၂၊ မကန်မဝှန် အစီအရီ
    ၁၊ မြင့်မား ထင်ရှား ပေါ်လွင်သော။ ညောင်မှုရုက္ခ၊ မြင့်ရဆောင်းဆောင်း၊ သျှစ်သောင်းပါးပျဉ်း၊ ပြိုင်းရိုင်းရိုင်းနှင့်။ (ဆဒ္ဒန်) မြူခြေမှိုင်းမှိုင်း၊ ပြိုင်းရိုင်းရိုင်းနှင့်၊ ဆိုင်းဆိုင်းမို့မို့၊ တညို့ညို့ကေ (ကော်)၊ ၂၊ အများအပြား အစီအရီ
    higher
    နာမဝိသေသန

    ပြိုင်လောင်း

    [pɹàɪɴláʊɴ]
    ပြိုင်ဖော် ပြိုင်ဖက် တက်ခတ် ပြိုင်ပွဲမာ အသုံးပြုရေ ပြိုင်ပွဲဝင်လောင်း
    ပြိုင်ဖော် ပြိုင်ဖက် လှေလှော် ပြိုင်ပွဲတွင် အသုံးပြုသော ပြိုင်ပွဲဝင်လှေ
    powerboat
    နာမ်

    ပြိုင်လှီ

    [pɹàɪɴɬí]
    ပြိုင်ဖော် ပြိုင်ဖက် တက်ခတ် ပြိုင်ပွဲမာ အသုံးပြုရေ ပြိုင်ပွဲဝင်လောင်း
    ပြိုင်ဖော် ပြိုင်ဖက် လှေလှော် ပြိုင်ပွဲတွင် အသုံးပြုသော ပြိုင်ပွဲဝင်လှေ
    powerboat
    နာမ်

    ပြိုပျက်

    [pɹÒprɛʔ]
    နနောင်း အခြီပြု ရပ်တည်ရာမှ ပျက်ယွင်း ကျရေ
    မြဲမြံစွာ အခြေပြု ရပ်တည်ရာမှ ပျက်ယွင်း ကျသည်
    tumbledown
    ကြိယာ