Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 1,759 words

    ပ

    ပင်နွယ်လိမ္မော်

    [pɪ̀ɴnwɛ̀lìm̪a̰m̪a̰ɔ̀]
    လုံးဝိုင်း၍ အထဲမာ အနံ့ ကောင်းမွန်သော အသီးများ သီးသည့် စင်တင်နွယ်ပင် တမျိုး။ (ရှာလပတ်ရည် ဖျော်၍ သုံးရေ။
    လုံးဝိုင်း၍ အတွင်း၌ အနံ့ ကောင်းမွန်သော အသီးများ သီးသည့် စင်တင်နွယ်ပင် တစ်မျိုး။ (အဖျော်ရည် ဖျော်၍ သုံးသည်။
    orange
    နာမ်

    ပင်ပင်ပန်းပန်း

    [pɪ̀ɴpɪ̀ɴpáɴpáɴ]
    အလွန် ပင်ပန်း ညှိုးငယ်သော။ ကိုယ်စိတ် နှစ်ပါး နွမ်းရိသော
    အလွန် ပင်ပန်း ညှိုးငယ်သော။ ကိုယ်စိတ် နှစ်ပါး နွမ်းနယ်သော
    overwrought
    နာမဝိသေသန

    ပင်ပြတ်

    [pɪ̀ɴpɹaʔ]
    ၁၊ တပင်လုံး အပျံ့အနှံ့။ တပင်လုံး အားလုံး။ ၂၊ ခန္ဓာကိုယ် တခုလုံး။ တကိုယ်လုံး။ ခန္ဓာပင်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နန်း။ (ဒွေး
    ၁၊ တစ်ပင်လုံး အပျံ့အနှံ့။ တစ်ပင်လုံး အကုန်အစင်။ ၂၊ ခန္ဓာကိုယ် တစ်ခုလုံး။ တစ်ကိုယ်လုံး။ ခန္ဓာပင်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နန်း။ (ဒွေး
    all
    ကြိယာဝိသေသန

    ပင်ပြန်

    [pɪ̀ɴpɹàɴ]
    အတန်အသင့် မြင့်သော အပင်မျိုး
    အတန်အသင့် မြင့်သော အပင်မျိုး
    none
    နာမ်

    ပင်ပြပ်

    [pɪ̀ɴpɹaʔ]
    အတန်အသင့် မြင့်သော အပင်မျိုး
    အတန်အသင့် မြင့်သော အပင်မျိုး
    none
    နာမ်

    ပင်ဖြတ်ဒယော

    [pɪ̀ɴpʰɹaʔdjɔ́]
    ပန်းကွက်ဖော်ပနာ ရက်ထားရေ လုံချီတမျိုး၏ အမည်။ တန်ဆာစုံကော၊ ခုံဘိနပ်နှင့်၊ ပင်ဖြတ်ဒယော၊ အစဟိစွာတိကို။ (ပဋါ
    ပန်းကွက်ဖော်၍ ရက်ထားသော လုံချီတစ်မျိုး၏ အမည်။ တန်ဆာစုံကော၊ ခုံဘိနပ်နှင့်၊ ပင်ဖြတ်ဒယော၊ စသည်များကို။ (ပဋါ
    sarong
    နာမ်

    ပင်ဖွား

    [pɪ̀ɴpʰWà]
    ကုလားပင် စိန်ပင်၏ အစိ။ ရီစိမ်ကေ အစိအမြှေးများ ကြွဖောင်းလာသနန့် ရှာလပတ်ရည်မာ ထည့်၍ သုံးရေ။
    ကုလားပင် စိန်ပင်၏ အစေ့။ ရေစိမ်လျှင် အစေ့အမြှေးများ ကြွဖောင်းလာသဖြင့် အဖျော်ရည်တွင် ထည့်၍ သုံးသည်။
    seed
    နာမ်

    ပင်မှည့်လိမ္မော်

    [pɪ̀ɴm̥ɛ့̀lìm̪a̰m̪a̰ɔ̀]
    လုံးဝိုင်း၍ အထဲမာ အနံ့ ကောင်းမွန်သော အသီးများသီးသည့် စင်တင်နွယ်ပင် တမျိုး။ (ရှာလပတ်ရည် ဖျော်၍ သုံးရေ။
    လုံးဝိုင်း၍ အတွင်း၌ အနံ့ ကောင်းမွန်သော အသီးများသီးသည့် စင်တင်နွယ်ပင် တစ်မျိုး။ (အဖျော်ရည် ဖျော်၍ သုံးသည်။
    orange
    နာမ်

    ပင်ရှည်

    [pɪ̀ɴʃɛ̀]
    အရပ် အမင်ာင်း ရှည်သော သူ
    အရပ် အမောင်း ရှည်သော သူ
    tall man
    နာမ်

    ပင်ရှည်ဒယော

    [pɪ̀ɴʃɛ̀djɔ́]
    ဟိးရက္ခိုင် ယောက်ျားသုံး ခါးဝတ်ထည်။ ဗေါင်းစလွယ်လေ၊ ပင်ရှည်ဝတ်ပျာ၊ ဝတ်လုံးကြီးနှင့် (ဒွေး)
    ရှေးရခိုင် ယောက်ျားသုံး ခါးဝတ်ထည်။ ဗေါင်းစလွယ်လေ၊ ပင်ရှည်ဝတ်ပျာ၊ ဝတ်လုံးကြီးနှင့် (ဒွေး)
    sarong
    နာမ်

    ပင်လယ်

    [pɪ̀ɴlɛ̀]
    ကြီးကျယ် ပြန့်ပြောသော ဆားငန်ပြင်
    ကြီးကျယ် ပြန့်ပြောသော ဆားငန်ပြင်
    widespread sea
    ကြိယာ

    ပင်လယ်ကမ်းခပ်

    [pɪ̀ɴlɛ̀káɴkʰaʔ]
    (ဥပစာ) (ပဋိကတ်စာပီ၌) တဖက်ကမ်းခပ် တတ်ကျွမ်း တတ်မြောက်သူ
    (ဥပစာ) (ပဋိကတ်စာပေ၌) တစ်ဖက်ကမ်းခပ် ကျွမ်းကျင် တတ်မြောက်သူ
    professional
    နာမ်

    ပင်လယ်ဆူ

    [pɪ̀ɴlɛ̀sʰù]
    အဝီးပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှားထသံ ပြင်းထန်စွာ မြည်လာရေ။
    အဝေးပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှားထကြွသံ ပြင်းထန်စွာ မြည်လာသည်။
    န
    ကြိယာ

    ပင်လယ်ဇီးပင်

    [pɪ̀ɴlɛ̀zïpɪ̀ɴ]
    လမုမျိုးဝင် ဖြားရီချောင်းမာ ပေါက်ရောက်သော အပင်ကြီး တမျိုး
    လမုမျိုးဝင် ဒီရေချောင်းတွင် ပေါက်ရောက်သော သစ်ပင်ကြီး တစ်မျိုး
    mangrove
    နာမ်

    ပင်လယ်နင်းပြင်

    [pɪ̀ɴlɛ̀nɪ́ɴpɹɪ̀ɴ]
    ပင်လယ် ရီအောက်ခြီဟိ အပြင်
    ပင်လယ် ရေအောက်ခြေရှိ အပြင်
    sea’s ground floor
    နာမ်

    ပင်လယ်နွားငှက်

    [pɪ̀ɴlɛ̀nWàŋ̊ɛʔ]
    ရှည်သော နှုတ်သီး ဖြူကွက်သော အတောင်ပံနှင့် နောက်ကုန်းရို့ဟိပြီးကေ ရေစပ် ကမ်းနားမာ ကျက်စားသော ငှက်ကြီး
    ရှည်သော နှုတ်သီး ဖြူကွက်သော အတောင်ပံနှင့် ကျောကုန်းတို့ရှိ၍ ရေစပ် ကမ်းနားတွင် ကျက်စားသော ငှက်ကြီး
    gannet
    နာမ်

    ပင်လယ်ပင်စွပ်

    [pɪ̀ɴlɛ̀pɪ̀ɴswaʔ]
    ပင်လယ် ကမ်းစဟိ ခရုခွံများမာ ခိုဝင်ကြီးပွား လားလာ နီတတ်ရေ ကဏန်းကောင်ငယ် တမျိုး။ ပင်လယ်ပင်စွပ်၊ ရခိုင်ရွာမာ လီသွပ်သွပ်နန့် (တေး)။ မရွတ်မသီခင် (ခရုမသီခင်)၊ ပင်လယ်ပင်စွပ်ဝင် (ပုံ
    ပင်လယ် ကမ်းစပ်ရှိ ခရုခွံများတွင် ခိုဝင်ကြီးပွား သွားလာ နေတတ်သော ကဏန်းကောင်ငယ် တစ်မျိုး။ ပင်လယ်ပင်စွပ်၊ ရခိုင်ရွာမှာ လီသွပ်သွပ်နန့် (တေး)။ မရွတ်မသီခင် (ခရုမသီခင်)၊ ပင်လယ်ပင်စွပ်ဝင် (ပုံ
    hermit crab
    နာမ်

    ပင်လယ်ပွဲ

    [pɪ̀ɴlɛ̀pwɛ]
    တန်ဆောင်မုန်းလ ရာသီ၌ ပင်လယ်ကမ်းစ သဲပြင်ရှည်၌ သဲစာတီ တည်ခြင်း လှိုင်းစီးခြင်းအစဟိစွာ့ ရခိုင်ရို့၏ ဓလိထုံးစံ တမျိုး။ သောင်းသောင်းသဲသဲ၊ ပင်လယ်ပွဲဟု၊ ကျူးပြီးကသီ၊ ထွေထွေနီမျှ၊ လောကီဘာသာ၊ ပျော်မြူးရှာလိမ့်။ (ကျေးစေ
    တန်ဆောင်မုန်းလ ရာသီ၌ ပင်လယ်ကမ်းစပ် သဲသောင်ပြင်၌ သဲပုံစေတီ တည်ခြင်း လှိုင်းစီးခြင်းစသည့် ရခိုင်တို့၏ ဓလေ့ထုံးစံ တစ်မျိုး။ သောင်းသောင်းသဲသဲ၊ ပင်လယ်ပွဲဟု၊ ကျူးပြီးကသီ၊ ထွေထွေနီမျှ၊ လောကီဘာသာ၊ ပျော်မြူးရှာလိမ့်။ (ကျေးစေ
    festival
    နာမ်

    ပင်လယ်ရီခူ

    [pɪ̀ɴlɛ̀ɹíkʰù]
    ပင်လယ်ထဲမာ ကျက်စားသည့်၊ စိမ်း၊ ညို၊ ပြာရောင် အမျိုးမျိုးဟိပြီးကေ ကျိချွဲသော ပင်လယ် သတ္တဝါ တမျိုး။ ပင်လယ်ရီမြှုပ် ပင်လေရီမြှုတ် ၁၊ ရေပူဖောင်းငယ်စု ၂၊ ရီပြင်ပေါ်ယံ၌ လီခိုသနန့် ပူဖောင်းငယ်တိအဖြစ် မျိုးပါနိန်ရေ့ ပူဖောင်းငယ်အစု
    ပင်လယ်ထဲတွင် ကျက်စားသည့်၊ စိမ်း၊ ညို၊ ပြာရောင် အမျိုးမျိုးရှိ၍ ကျိချွဲသော ပင်လယ် သတ္တဝါ တစ်မျိုး။ ပင်လယ်ရီမြှုပ် ပင်လေရီမြှုတ် ၁၊ ရေပူဖောင်းငယ်စု ၂၊ ရေပြင်ပေါ်ယံ၌ လေခိုသဖြင့် ပူဖောင်းငယ်များအဖြစ် မျောပါနေသည့် ပူဖောင်းငယ်အစု
    jellyfish
    နာမ်

    ပင်လယ်အူ

    [pɪ̀ɴlɛ̀ʔù]
    အဝီး ပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှားထသံ ပြင်းထန်စွာ မြည်လာရေ။
    အဝေး ပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှားထကြွသံ ပြင်းထန်စွာ မြည်လာသည်။
    န
    ကြိယာ