Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,641–1,660 of 1,759 words

    ပ

    ပွတ်ကျယ်ဝ

    [pwaʔt͡ɕɛ̀w]
    မီးဖြစ်ယောင် ပွတ်တိုက်ရရေ ကိရိယာ
    မီးဖြစ်အောင် ပွတ်တိုက်ရသည့် ကိရိယာ
    friction
    နာမ်

    ပွတ်ချီပွတ်ယှတ်

    [pwaʔɕípwaʔʃaʔ]
    ရင်းနှီး တွယ်တာမှုဖြင့် ကိုယ်ချင်း ထိကပ် ယုယ ဆက်ဆံဗျာယ်
    ရင်းနှီး တွယ်တာမှုဖြင့် ကိုယ်ချင်း ထိကပ် ယုယ ဆက်ဆံလျက်
    pet
    ကြိယာဝိသေသန

    ပွတ်ချွတ်

    [pwaʔɕwaʔ]
    အညစ်အကြီး စင်ကြယ်အောင် ပွတ်တိုးရေ
    အညစ်အကြေး စင်ကြယ်အောင် ပွတ်တွန်းသည်
    cleaning
    ကြိယာ

    ပွတ်တိုက်

    [pwaʔtaɪʔ]
    ချောမွတ်အောင် တိုက်စားသည်
    ချောမွတ်အောင် တိုက်စားသည်
    rubs
    ကြိယာ

    ပွတ်တီးပွတ်ယှက်

    [pwaʔtïpwaʔʃɛʔ]
    ၁၊ အဝီးကို မခွာထွက်ပဲ တနီရာကို ပတ်လည်ပနာ ရွိ လှုပ်ယှားဗျာယ်။ တခုတရီကို တစိုက်မတ်မတ် တွယ်တာ ခုံမင်ဗျာယ်။ ၂၊ ဝိုက်ဝေ့ ပျံသန်းဗျာယ်
    ၁၊ အဝေးသို့ မခွာထွက်ပဲ တစ်နေရာကို ပတ်လည်၍ ရွေ့လျား လှုပ်ရှားလျက်။ တစ်စုံတစ်ရာကို တစိုက်မတ်မတ် တွယ်တာ ခုံမင်လျက်။ ၂၊ ဝိုက်ဝေ့ ပျံသန်းလျက်
    nuzzle
    ကြိယာဝိသေသန

    ပွတ်ယှက်

    [pwaʔʃɛʔ]
    ၁၊ အဝီးကို မထွက်ခွာပဲ တနီရာကို ပတ်လည်ပနာ ရွိ လှုပ်ရှားရေ။ တခုတရီကို တစိုက်မတ်မတ် တွယ်တာ ခုံမင်ရေ။ ၂၊ ဝိုက်ဝေ့ ပျံသန်းရေ။ အနားတော်မာ၊ ရစ်ကာပွတ်ယှက်၊ တစါစါလေ၊ နှုတ်လာပွက်လို့၊ မသက်မသာ၊ (လွမ်း)
    ၁၊ အဝေးသို့ မထွက်ခွာပဲ တစ်နေရာကို ပတ်လည်၍ ရွေ့လျား လှုပ်ရှားသည်။ တစ်စုံတစ်ရာကို တစိုက်မတ်မတ် တွယ်တာ ခုံမင်သည်။ ၂၊ ဝိုက်ဝေ့ ပျံသန်းသည်။ အနားတော်မှာ၊ ရစ်ကာပွတ်ယှက်၊ တစါစါလေ၊ နှုတ်လာပွက်လို့၊ မသက်မသာ၊ (လွမ်း)
    nuzzle
    ကြိယာ

    ပွတ်သပ်

    [pwaʔθaʔ]
    တခုတရီကို လက်ဝါးဖြင့် ထိကပ်စီရား ယင်းကနိန်ယပိုင်မှ လက်ဝါးဖြင့် တနီရာရာသို့ ဦးတည် လှုပ်ရှားသည်
    တစ်စုံတစ်ရာကို လက်ဝါးဖြင့် ထိကပ်စေပြီး ထိုမှဤမှ လက်ဝါးဖြင့် တစ်နေရာရာသို့ ဦးတည် လှုပ်ရှားသည်
    stroke
    ကြိယာ

    ပွတ်သီပွတ်သပ်

    [pwaʔθípwaʔθaʔ]
    တခုတရီ၏ နံဖီးအပါးမာ ဝေ့ဝိုက်လှည့်ပတ် လူးလာ တုံ့ခေါက် လားလာဗျာယ်
    တစ်စုံတစ်ရာ၏ အနီးအပါးတွင် ဝေ့ဝိုက်လှည့်ပတ် လူးလာ တုံ့ခေါက် သွားလာလျက်
    nuzzle
    ကြိယာ

    ပွန်

    [pʊ̀ɴ]
    ၁၊ လူတိအား ပီးကမ်းရန် နှမြိုး တွန့်တိုသော။ ပီးဖို့ကမ်းဖို့၊ လှူဒါန်းဖို့စွာကို အနည်းသျှေ ပွန်ရေလူ လူကမဟောက်။ (အရပ်)။ ၂၊ ချမ်းသာ တခုတရီကို လူများ မရစီလိုရေ
    ၁၊ သူတစ်ပါးအား ပေးကမ်းရန် နှမြော တွန့်တိုသော။ ပီးဖို့ကမ်းဖို့၊ လှူဒါန်းဖို့စွာကို အနည်းသျှေ ပွန်ရေလူ လူကမဟောက်။ (အရပ်)။ ၂၊ ချမ်းသာ တစ်စုံတစ်ရာကို သူတစ်ပါး မရစေလိုသော
    cheeseparing
    နာမဝိသေသန

    ပွန်း

    [pʊ́ɴ]
    တခုတရီ ထိပါး ဖိအား ပွတ်မှုကြောင့် ရပေါ်ဆီ ပွတ်တိုက်ခြင်း ခံရရေ
    တစ်စုံတစ်ခု ထိပါး ဖိအား ပွတ်မှုကြောင့် အပေါ်ယံ ပွတ်တိုက်ခြင်း ခံရသည်
    rubs
    ကြိယာ

    ပွန်၂

    [pʊ̀ɴ၂]
    မပီးရက် မကမ်းရက် ဝန်ဥစ္စာကို အထူး တွယ်တာ မက်မောသည်
    မပေးရက် မကမ်းရက် ပစ္စည်းဥစ္စာကို အထူး တွယ်တာ မက်မောသည်
    parsimony
    ကြိယာ

    ပွန်၃

    [pʊ̀ɴ၃]
    နှမြိုးတတ်သူ
    နှမြောတတ်သူ
    skinflint
    နာမ်

    ပွန်၄

    [pʊ̀ɴ၄]
    သိမြင် နားလည်ရေ။ တတ်ကျွမ်း နှံ့စပ်ရေ။ လိမ္မာ တတ်မြောက်သည်
    သိမြင် နားလည်သည်။ ကျွမ်းကျင် နှံ့စပ်သည်။ လိမ္မာ တတ်မြောက်သည်
    educated
    ကြိယာ

    ပွန်ချီး

    [pʊ̀ɴɕï]
    (ဝန် ဥစ္စာကို အထူးတွယ်တာ မက်မောသနန့်) မပီးရက် မကမ်းရက် ဟိသော
    (ပစ္စည်း ဥစ္စာကို အထူးတွယ်တာ မက်မောသဖြင့်) မပေးရက် မကမ်းရက် ယှိသော
    cheeseparing
    နာမဝိသေသန

    ပွန်းတီး

    [pʊ́ɴtï]
    တခုတရီသော ပညာရပ်၌ လိမ္မာရီးခြား တတ်မြောက်ရေ။ တပ်သာတည်ကျင်၊ စစ်ရီးဆင်ဗျာယ်၊ မွန်းဖျင်ဗိုလ်ပါ၊ နိန်ရေခါ၌၊ လိမ္မာပွန်းတီး၊ ဓါးပိုင်ကြီးဟု။ (ရခိုင်ကာ
    တစ်စုံတစ်ခုသော ပညာရပ်၌ လိမ္မာရေးခြား တတ်မြောက်သည်။ တပ်သာတည်ကျင်၊ စစ်ရေးဆင်လျက်၊ မွန်းဖျင်ဗိုလ်ပါ၊ နေသောခါ၌၊ လိမ္မာပွန်းတီး၊ ဓါးပိုင်ကြီးဟု။ (ရခိုင်ကာ
    educated
    ကြိယာ

    ပွန်းပဲ့

    [pʊ́ɴpé]
    တခုတရီမာ ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် စုတ်ပြတ် ကွာထွက်သည်
    တစ်စုံတစ်ရာတွင် ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် စုတ်ပြတ် ကွာထွက်သည်
    riven
    ကြိယာ

    ပွန်းပွန်းနှီးနှီး

    [pʊ́ɴpʊ́ɴn̥ïn̥ï]
    ခင်မင် ရင်းနှီးစွာ။ အကျွမ်းတဝင်
    ခင်မင် ရင်းနှီးစွာ။ အကျွမ်းတဝင်
    Good-naturedly
    ကြိယာ

    ပွန်းရိ

    [pʊ́ɴɹì]
    တခုတရီမာ ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် စုတ်ပြတ် ကွာထွက်သည်
    တစ်စုံတစ်ရာတွင် ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် စုတ်ပြတ် ကွာထွက်သည်
    riven
    ကြိယာ

    ပွပွ

    [pwpw]
    အလီးချိန် လျော့နည်းသော။ ၂၊ လုံ့လ လျော့နည်းသော။ ၃၊ တာဝန် ငယ်ရေ
    အလေးချိန် လျော့နည်းသော။ ၂၊ လုံ့လ လျော့နည်းသော။ ၃၊ တာဝန် သေးငယ်သော
    diminished
    နာမဝိသေသန

    ပွပွပျက်ပျက်

    [pwpwprɛʔprɛʔ]
    ၁၊ အလီးအနက် ဂရုမထားပဲ။ ၂၊ အရသာ လျော့နည်းစွာ။ ၂၊ တာဝန် ကျေရုံမျှ
    ၁၊ အလေးအနက် ဂရုမထားပဲ။ ၂၊ အရသာ လျော့နည်းစွာ။ ၂၊ တာဝန် ကျေရုံမျှ
    careless
    ကြိယာဝိသေသန