Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,701–1,720 of 1,759 words

    ပ

    ပွေးထူ

    [pwétʰù]
    အရင်းအဖျား ဝိုင်းသော အရွက်များ ဆိုင်ဗျာယ် ထွက်သည့် အပွင့်တံ အဝါနှင့် အဝါ ညိုရောင် ပွင့်သော ဆီးဖက်ဝင်ရေ့ အပင် တမျိုး
    အရင်းအဖျား ဝိုင်းသော အရွက်များ ဆိုင်လျက် ထွက်သည့် အပွင့်တံ အဝါနှင့် အဝါ ညိုရောင် ပွင့်သော ဆေးဖက်ဝင်သည့် အပင် တစ်မျိုး
    none
    နာမ်

    ပွေ့ဖက်

    [pwḛpʰɛʔ]
    ရင်ခွင်ထက်၌ လက်ဖြင့် ထွီးထားရေ
    ရင်ခွင်ထက်၌ လက်ဖြင့် ထွေးထားသည်
    hug
    ကြိယာ

    ပွေယှုပ်

    [pwèʃoʊʔ]
    အမျိုးမျိုး အဖုံဖုံ ကွဲလွဲ ထွေးပြားရေ။ ဗလဗွီသတ် ပွီလီရေ။ စိတ် ကောက်ကွိ ဆန်းပြားသည်
    အမျိုးမျိုး အဖုံဖုံ ကွဲလွဲ ထွေးပြားသည်။ ရှုပ်ထွေး ပွေလီသည်။ စိတ် ကောက်ကွေ့ ဆန်းပြားသည်
    gordian knot
    ကြိယာ

    ပွေ့လာ

    [pwḛlà]
    ပွေလာဦး။ အလျင်။ ဦးစွာပွိလာကပင်
    အစအဦး။ အလျင်။ ဦးစွာပွိလာကပင်
    first
    ကြိယာဝိသေသန

    ပွေ့လာပင်

    [pwḛlàpɪ̀ɴ]
    ပွေလာဦး။ အလျင်။ ဦးစွာပွိလာကပင်
    အစအဦး။ အလျင်။ ဦးစွာပွိလာကပင်
    first
    နာမ်

    ပွေ့လာဦး

    [pwḛlàʔú]
    အစ ပထမ ဖြစ်ရေ။ အလျင်ဆုံး ကျသော။ ကနဦး ဖြစ်ရေ
    အစ ပထမ ဖြစ်သော။ အလျင်ဆုံး ကျသော။ ကနဦး ဖြစ်သော
    first
    နာမဝိသေသန

    ပွေးသတ်ပင်

    [pwéθaʔpɪ̀ɴ]
    အရင်းအဖျား ဝိုင်းသော အရွက်များ ဆိုင်ဗျာယ် ထွက်သည့် အပွင့်တံ အဝါနှင့် အဝါညိုရောင် ပွင့်သော ဆီးဖက်ဝင်ရေ့ အပင် တမျိုး
    အရင်းအဖျား ဝိုင်းသော အရွက်များ ဆိုင်လျက် ထွက်သည့် အပွင့်တံ အဝါနှင့် အဝါညိုရောင် ပွင့်သော ဆေးဖက်ဝင်သည့် အပင် တစ်မျိုး
    none
    နာမ်

    ပွေသာ

    [pwèθà]
    ရောင်းဝယ်ရာမာ တန်ဖိုး သတ်မှတ် ထားပနာ သုံးစွဲသော အရာ။ ငွီ
    ရောင်းဝယ်ရာတွင် တန်ဖိုး သတ်မှတ် ထား၍ သုံးစွဲသော အရာ။ ငွေ
    cash
    နာမ်

    ပွေသျှာ

    [pwèʃà]
    ရောင်းဝယ် ရာမာ တန်ဖိုး သတ်မှတ် ထားပနာ သုံးစွဲသော အရာ။ ငွီ
    ရောင်းဝယ် ရာတွင် တန်ဖိုး သတ်မှတ် ထား၍ သုံးစွဲသော အရာ။ ငွေ
    cash
    နာမ်

    ပွေ့သျှေ

    [pwḛʃè]
    ၁၊ ကြွက်ပိုင်ယှောင် သတ္တဝါ တမျိုး။ ၂၊ သောကြာဂြိုဟ်၏ အမှတ်အသား
    ၁၊ ကြွက်ကဲ့သို့သော သတ္တဝါ တစ်မျိုး။ ၂၊ သောကြာဂြိုဟ်၏ အမှတ်အသား
    mouse
    နာမ်

    ပွဲ

    [pwɛ]
    လူများ စုဝီးရာ သဘင်။ အခမ်းအနား။ အစုအဝီး။ အငြိမ့်ဇာတ်ပွဲ။ ရုပ်သေးပွဲနှင့်၊ ပွဲလမ်းသဘင်။ ၂၊ ပျော်ရွှင် ဝမ်းသာ ကြည်နူးဖွယ်ရာ ပြခင်း။ ဆင်ခင်း၊ မြင်ခင်း ပွဲသဘင်ခံပြီးကေ။ (စကားပြေ) ၃၊ ဝန် လောင်းာင် ရောင်းဝယ်ရာ ဌာန။ ၃၊ ဖြစ်ပျက်မှု ပြခင်းရာ၊ ငိုပွဲ၊ ပူဆွေး
    လူများ စုဝေးရာ သဘင်။ အခမ်းအနား။ အစုအဝေး။ အငြိမ့်ဇာတ်ပွဲ။ ရုပ်သေးပွဲနှင့်၊ ပွဲလမ်းသဘင်။ ၂၊ ပျော်ရွှင် ဝမ်းသာ ကြည်နူးဖွယ်ရာ ပြခင်း။ ဆင်ခင်း၊ မြင်ခင်း ပွဲသဘင်ခံပြီးလျှင်။ (စကားပြေ) ၃၊ ပစ္စည်း သိုလှောင် ရောင်းဝယ်ရာ ဌာန။ ၃၊ ဖြစ်ပျက်မှု ပြခင်းရာ၊ ငိုပွဲ၊ ပူဆွေး
    ceremony
    နာမ်

    ပွဲ၂

    [pwɛ၂]
    ဝမ်းသာ ကြည်နူး ပျော်မြူးဖွယ်ရာ။ များစွာသောင်းသဲ၊ တပိုးတွဲမာ၊ ပျော်ပွဲသဘင်၊ ရထားငင်ကေ။ (ရီလား) (နတ်ပွဲ၊ သျှင်ပြုပွဲ၊ မင်္ဂလာဆောင်ပွဲ အစဟိစွာ
    ဝမ်းသာ ကြည်နူး ပျော်မြူးဖွယ်ရာ။ များစွာသောင်းသဲ၊ တပိုးတွဲမှာ၊ ပျော်ပွဲသဘင်၊ ရထားငင်ကေ။ (ရီလား) (နတ်ပွဲ၊ သျှင်ပြုပွဲ၊ သမက်တက်ပွဲ စသည်
    ceremony
    နာမ်

    ပွဲ၃

    [pwɛ၃]
    စားသောက် ဖွယ်ရာ အမျိုးအမည်။ တရားပွဲ၊ (နဂရာပွဲ)၊ လောင်းပွဲ (လိုက်ပွဲ)၊ စားပွဲ
    စားသောက် ဖွယ်ရာ အမျိုးအမည်။ တရားပွဲ၊ (ကန်တော့ပွဲ)၊ လောင်းပွဲ (လိုက်ပွဲ)၊ စားပွဲ
    meal
    နာမ်

    ပွဲ၄

    [pwɛ၄]
    ၁၊ ပြီးပြတ်ရေ။ ကုန်စီရေ။ သဇင်ပွင့်စ၊ နတေ္တာ်လ၊ သဇင်လည်းပွဲ၊ တပိုးတွဲ။ (ပုံ) ၂၊ ပြီးဆုံးရေ။ အဆုံး သတ်ရေ။ တလင်းလည်းပွဲ၊ ပုတ်လည်းဆွဲ။ (ပုံ)။ ၃။ ကိစ္စ ပြီးစီး ရပ်နားရေ။ (ပုံ)
    ၁၊ ပြီးပြတ်သည်။ ကုန်စေသည်။ သဇင်ပွင့်စ၊ နတေ္တာ်လ၊ သဇင်လည်းပွဲ၊ တပိုးတွဲ။ (ပုံ) ၂၊ ပြီးဆုံးသည်။ အဆုံး သတ်သည်။ တလင်းလည်းပွဲ၊ ပုတ်လည်းဆွဲ။ (ပုံ)။ ၃။ ကိစ္စ ပြီးစီး ရပ်နားသည်။ (ပုံ)
    finalize
    နာမ်

    ပွဲကျ

    [pwɛt͡ɕ]
    ရယ်မောစရာ အမူအရာ၊ ရယ်မောဖွယ်ရာ ရသ မြောက်သည်
    ရယ်မောစရာ အမူအရာ၊ ရယ်မောဖွယ်ရာ ရသ မြောက်သည်
    quip
    ကြိယာ

    ပွဲကျကျလို့

    [pwɛt͡ɕt͡ɕlo̰]
    လူစုလူဝီး စည်ကားလှရေ။ လူထု ပရိသတ် စုဝေး နိကတ်ရေ။ ဇာလဲဝေ အေချင့်မာ၊ ပွဲကျကျလို့ကာ။ (အရပ်
    လူစုလူဝေး စည်ကားလှသည်။ လူထု ပရိသတ် စုဝေး နေကြသည်။ ဇာလဲဝေ အေချင့်မှာ၊ ပွဲကျကျလို့ကာ။ (အရပ်
    thriving
    ကြိယာ

    ပွဲကြီးပွဲကောင်း

    [pwɛt͡ɕïpwɛkáʊɴ]
    အခန်းသင့် တွိဆုံသော ထူးခြား တိုက်ဆိုင်သည့် အခွင့်ကြုံပွဲလမ်း
    အခန်းသင့် တွေ့ဆုံသော ထူးခြား တိုက်ဆိုင်သည့် အခွင့်ကြုံပွဲလမ်း
    special ceremony
    နာမ်

    ပွဲကြီးပွဲကျယ်

    [pwɛt͡ɕïpwɛt͡ɕɛ̀]
    ကြီးကျယ် ခမ်းနားသော ပွဲလမ်း။ ၂၊ ကြီးမားရေ အောင်မြင်ချက်
    ကြီးကျယ် ခမ်းနားသော ပွဲလမ်း။ ၂၊ ကြီးမားသော အောင်မြင်ချက်
    success
    နာမ်

    ပွဲကြီးပွဲသန်

    [pwɛt͡ɕïpwɛθàɴ]
    ကြီးကျယ် ခမ်းနားသော ပွဲလမ်း။ ၂၊ ကြီးမားရေ အောင်မြင်ချက်
    ကြီးကျယ် ခမ်းနားသော ပွဲလမ်း။ ၂၊ ကြီးမားသော အောင်မြင်ချက်
    success
    နာမ်

    ပွဲခံ

    [pwɛkʰံ]
    တစုံတရာသော ပွဲသဘင်ကို ကျင်းပသည်
    တစ်စုံတရာသော ပွဲသဘင်ကို ကျင်းပသည်
    celebrate
    ကြိယာ