Dictionary Entries
Showing 1,721–1,740 of 1,759 words
ပ
ပွဲခင်း
[pwɛkʰɪ́ɴ]
Arakanese:
ပွဲသဘင် ကျင်းပရာ ပတ်လည် အပိုင်းအရာ
Burmese:
ပွဲသဘင် ကျင်းပရာ ပတ်လည် အပိုင်းအခြား
English:
ceremony
Grammar Note:
နာမ်
ပွဲစကား
[pwɛská]
Arakanese:
ပွဲလမ်း ဇာတ်သဘင်၊ ပြဇာတ် အစဟိစွာရို့မာ ပြောဆိုရေ စကား
Burmese:
ပွဲလမ်း ဇာတ်သဘင်၊ ပြဇာတ် စသည်တို့တွင် ပြောဆိုသော စကား
English:
script
Grammar Note:
နာမ်
ပွဲစား
[pwɛsá]
Arakanese:
ရောင်းသူ ဝယ်သူ နှစ်ဦး နှစ်ဘက် အကြား တေ့ဆိုင်ပေးသူ
Burmese:
ရောင်းသူ ဝယ်သူ နှစ်ဦး နှစ်ဘက် အကြား တေ့ဆိုင်ပေးသူ
English:
broker
Grammar Note:
နာမ်
ပွဲစားခ
[pwɛsákʰ]
Arakanese:
ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဘက် အကြား တေ့ဆိုင်ပေးသူ
Burmese:
ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဘက် အကြား တေ့ဆိုင်ပေးသူ
English:
broker
Grammar Note:
နာမ်
ပွဲစားခ၂
[pwɛsákʰ၂]
Arakanese:
ရောင်းသူ ဝယ်သူ နှစ်ဘက်အကြားမှ တေ့ဆိုင် ပီးရာမာ ယင်းနှစ်ဘက်အကြားမှ တေ့ဆိုင်ပေးသူက ခံစားရဟိသော အခကြီးငွီ
Burmese:
ရောင်းသူ ဝယ်သူ နှစ်ဘက်အကြားမှ တေ့ဆိုင် ပေးရာတွင် ယင်းနှစ်ဘက်အကြားမှ တေ့ဆိုင်ပေးသူက ခံစားရယှိသော အခကြေးငွေ
English:
brokerage
Grammar Note:
နာမ်
ပွဲစောင်
[pwɛsàʊɴ]
Arakanese:
လိုအပ်က ဖြည့်တင်းရန် အရန်ထားရေ စားသောက်ဖွယ်
Burmese:
လိုအပ်က ဖြည့်တင်းရန် အရန်ထားသော စားသောက်ဖွယ်
English:
meal
Grammar Note:
နာမ်
ပွဲစျီးတန်း
[pwɛsrïtáɴ]
Arakanese:
ပွဲသဘင် ကျင်းပရာ အပြင်ပ လမ်းတလျှောက် စီတန်း ရောင်းချရေ့ ဆိုင်တန်း
Burmese:
ပွဲသဘင် ကျင်းပရာ အပြင်ပ လမ်းတစ်လျှောက် စီတန်း ရောင်းချသည့် ဆိုင်တန်း
English:
none
Grammar Note:
နာမ်
ပွဲတင်ပြင်တင်
[pwɛtɪ̀ɴpɹɪ̀ɴtɪ̀ɴ]
Arakanese:
မဖွယ်မရာသော အခြင်းအရာတိကို လူအများ ဟိနှစ်မာ။ ဇာလဲဝေမင်းရို့ လူဟိမာ ပွဲတင်ပြင်တင်ကာ။ (အရပ်
Burmese:
မဖွယ်မရာသော အခြင်းအရာများကို လူအများ ရှေ့မှောက်တွင်။ ဇာလဲဝေမင်းရို့ လူရှိမှာ ပွဲတင်ပြင်တင်ကာ။ (အရပ်
English:
none
Grammar Note:
ကြိယာဝိသေသန
ပွဲတိုင်းဆိုက်
[pwɛtáɪɴsʰaɪʔ]
Arakanese:
နီရာများစွာမာ ပါဝင်လေ့ ဟိ၍ ထင်ရှား လူသိများသူ။ အဝီးမောင်သာဖြူ ပွဲတိုင်းပင်လည်း ဆိုက်တေကာမင်း။ (အရပ်
Burmese:
နေရာများစွာတွင် ပါဝင်လေ့ ယှိ၍ ထင်ရှား လူသိများသူ။ အဝေးမောင်သာဖြူ ပွဲတိုင်းပင်လည်း ဆိုက်တေကာမင်း။ (အရပ်
English:
Well-known man
Grammar Note:
နာမ်
ပွဲတော်
[pwɛtɔ̀]
Arakanese:
ခမ်းနား ကြီးကျယ် စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပသည့် ပွဲသဘင်
Burmese:
ခမ်းနား ကြီးကျယ် စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပသည့် ပွဲသဘင်
English:
festival
Grammar Note:
နာမ်
ပွဲတော်ခင်း
[pwɛtɔ̀kʰɪ́ɴ]
Arakanese:
မင်း၊ မိဘုရားသည် အစားအစာ စားသောက်ရီ
Burmese:
မင်း၊ မိဘုရားသည် အစားအစာ စားသောက်သည်
English:
eat
Grammar Note:
ကြိယာ
ပွဲတော်ခေါ်
[pwɛtɔ̀kʰɔ̀]
Arakanese:
သျှင်ဘုရင်၊ မိဖုရား အစဟိရေ မြင့်မြတ်သူရို့ စားစရာကို သုံးဆောင်ရေ
Burmese:
သျှင်ဘုရင်၊ မိဖုရား စသော မြင့်မြတ်သူတို့ စားစရာကို သုံးဆောင်သည်
English:
eat
Grammar Note:
ကြိယာ
ပွဲတော်စာ
[pwɛtɔ̀sà]
Arakanese:
ဘုရင်၊ မိဖုရား အစဟိရေ မြင့်မြတ်သူ ရို့၏ စားစရာ အစားအစာ
Burmese:
ဘုရင်၊ မိဖုရား စသော မြင့်မြတ်သူ တို့၏ စားစရာ အစားအစာ
English:
meal
Grammar Note:
နာမ်
ပွဲတော်အုပ်
[pwɛtɔ̀ʔoʊʔ]
Arakanese:
(မင်း၊ မိဖုရား အစဟိစွာရို့အတွက်) စားသောက်စရာများ ထည့်ထားရေ အပေါင်နှင့် အခြီပါ ထည့်စရာ ဝန်
Burmese:
(မင်း၊ မိဖုရား စသည်တို့အတွက်) စားသောက်စရာများ ထည့်ထားသော အဖုံးနှင့် အခြေပါ ထည့်စရာ ပစ္စည်း
English:
ornamental container of food for the royalty
Grammar Note:
နာမ်
ပွဲတွိ
[pwɛtwì]
Arakanese:
ကိုယ်တွိ မျက်မြင်။ အတွိ အကြုံအရ။ နည်းတွိ မဟောက် ပွဲတွိရာ။ (အရပ်
Burmese:
ကိုယ်တွေ့ မျက်မြင်။ အတွေ့ အကြုံအရ။ နည်းတွိ မဟောက် ပွဲတွိရာ။ (အရပ်
English:
doubting thomas
Grammar Note:
ကြိယာဝိသေသန
ပွဲထိုင်
[pwɛtʰàɪɴ]
Arakanese:
မင်္ဂလာ ကျက်သရေဟိသော ပွဲလမ်းသဘင် အခမ်းအနားမာ တက်ရောက် နီထိုင်သူ။ မောင်စောဖြူလည်း ပွဲထိုင်လူကြီး ဖြစ်လှာဗျာ မလားယေ။ (အရပ်
Burmese:
မင်္ဂလာ ကျက်သရေယှိသော ပွဲလမ်းသဘင် အခမ်းအနားတွင် တက်ရောက် နေထိုင်သူ။ မောင်စောဖြူလည်း ပွဲထိုင်လူကြီး ဖြစ်လာဗျာ မလားယေ။ (အရပ်
English:
attend a fete
Grammar Note:
နာမ်
ပွဲထုတ်
[pwɛtʰoʊʔ]
Arakanese:
၁၊ သိသာ မြင်သာ ထင်သာယောင် အခါအားလျှော်စွာ ဖော်ထုတ် ပြရေ။ ၂၊ အခြီအရဲကို သိပျားဖြစ်ပနာ ဆောင်ရွက် နှိုင်ရေ အရည်အခြင်း တင်ပြ စီရေ
Burmese:
၁၊ သိသာ မြင်သာ ထင်သာအောင် အခါအားလျှော်စွာ ထုတ်ဖော် ပြသည်။ ၂၊ အခြေအနေကို သိပြီးဖြစ်၍ ဆောင်ရွက် နိုင်သော အရည်အချင်း တင်ပြ စေသည်
English:
lay bare
Grammar Note:
ကြိယာ
ပွဲထွက်
[pwɛtʰwɛʔ]
Arakanese:
တစုံ တခုသော ပွဲလမ်း သဘင် အခမ်းအနားသို့ စတင် တက်ရောက်ရေ
Burmese:
တစ်စုံ တစ်ခုသော ပွဲလမ်း သဘင် အခမ်းအနားသို့ စတင် တက်ရောက်သည်
English:
attend
Grammar Note:
ကြိယာ
ပွဲနီပွဲထိုင်
[pwɛnípwɛtʰàɪɴ]
Arakanese:
ပွဲလမ်း သဘင် တက်ရောက် ပူးပေါင်း ဆောင်ရွက်ခြင်း
Burmese:
ပွဲလမ်း သဘင် တက်ရောက် ပူးပေါင်း ဆောင်ရွက်ခြင်း
English:
cooperate
Grammar Note:
နာမ်
ပွဲပီး
[pwɛpï]
Arakanese:
နတ် စစွာကို ပူဇော်ဖွယ် ရို့နန့် ပသပူဇော်သည်
Burmese:
နတ် စသည်ကို ပူဇော်ဖွယ် တို့ဖြင့် ပသပူဇော်သည်
English:
offer up in oblation
Grammar Note:
ကြိယာ