Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,741–1,759 of 1,759 words

    ပ

    ပွဲပေါက်

    [pwɛpaʊʔ]
    ၁၊ ပွဲလမ်း အစဟိစွာမာ အတွိ အကြုံ ဟိရေ။ ၂၊ ပွဲသဘင် အခမ်းအနား၌ ဆက်ဆံမှု ပြေပြစ်ရေ။ ပေါက်ရောက် ဝင်ကန်ရေ
    ၁၊ ပွဲလမ်း စသည်တွင် အတွေ့ အကြုံ ယှိသည်။ ၂၊ ပွဲသဘင် အခမ်းအနား၌ ဆက်ဆံမှု ပြေပြစ်သည်။ ပေါက်ရောက် ဝင်ဆံ့သည်
    socialise
    ကြိယာ

    ပွဲပေါက်ပြင်ပေါက်

    [pwɛpaʊʔpɹɪ̀ɴpaʊʔ]
    ၁၊ ပွဲလမ်း အစဟိစွာမာ အတွိ အကြုံ ဟိရေ။ ၂၊ ပွဲသဘင် အခမ်းအနား၌ ဆက်ဆံမှု ပြေပြစ်ရေ။ ပေါက်ရောက် ဝင်ကန်ရေ
    ၁၊ ပွဲလမ်း စသည်တွင် အတွေ့ အကြုံ ယှိသည်။ ၂၊ ပွဲသဘင် အခမ်းအနား၌ ဆက်ဆံမှု ပြေပြစ်သည်။ ပေါက်ရောက် ဝင်ဆံ့သည်
    socialise
    ကြိယာ

    ပွဲပျက်

    [pwɛprɛʔ]
    ပွဲသဘင် ကပြနေစဉ် ပွဲကြည့် ပရိတ်သတ်များ ထိတ်လန့် ပြေးလွှား စီရန် အနှောင့်အယှက် ပြုသည်
    ပွဲသဘင် ကပြနေစဉ် ပွဲကြည့် ပရိတ်သတ်များ ထိတ်လန့် ပြေးလွှား စေရန် အနှောင့်အယှက် ပြုသည်
    break into pandemonium at owing to some disturbances
    ကြိယာ

    ပွဲပြပြလို့

    [pwɛpɹpɹlo̰]
    လူမှုရီးအားဖြင့် သင့်တင့် လျော်ကန်မှု မဟိသော အပြုအမူ။ အပြောအဆို။ ဇာလဲဝေမင်းရို့ လင်မယား လူတိဟိမာ ပွဲပြပြလို့ကာ။ (အရပ်
    လူမှုရေးအားဖြင့် သင့်တင့် လျော်ကန်မှု မယှိသော အပြုအမူ။ အပြောအဆို။ ဇာလဲဝေမင်းရို့ လင်မယား လူတိရှိမှာ ပွဲပြပြလို့ကာ။ (အရပ်
    decorum
    နာမ်

    ပွဲပြီးကေကျီ

    [pwɛpɹïkèt͡ɕí]
    (ဥပစာ)ပြီးရား။ ပွဲပျက်-ပျောက်ပျောက်။ အစိုင် မစွဲစိုက်ပဲ
    (ဥပစာ)ပြီးပြီး။ ပွဲပျက်-ပျောက်ပျောက်။ အစဉ် မစွဲစိုက်ပဲ
    break into pandemonium at owing to some disturbances
    ကြိယာဝိသေသန

    ပွဲရံ

    [pwɛɹံ]
    လိုရင်း ဟင်းလျာမှအပ အခြားသော ဟင်းလျာခွက်များ
    လိုရင်း ဟင်းလျာမှအပ အခြားသော ဟင်းလျာခွက်များ
    side dishes
    နာမ်

    ပွဲရဘမ်းရ

    [pwɛɹbʱáɴɹ]
    အောင်ပွဲ ရဟိသူ
    အောင်ပွဲ ရယှိသူ
    successor
    နာမ်

    ပွဲလန့်ဖျာဖြန့်

    [pwɛlàɴ့pʰràpʰɹàɴ့]
    (ဥပစာ) ဆူပူ လှုပ်ရှား ဗလဗွီသတ်ရာမာ အခွင့်အရီးကို အလွယ်ချေ ရယူရန် ကြိုးစားသည်
    (ဥပစာ) ဆူပူ လှုပ်ရှား ရှုပ်ထွေးရာတွင် အခွင့်အရေးကို အလွယ်တကူ ရယူရန် ကြိုးစားသည်
    wangle
    ကြိယာ

    ပွဲလမ်းသဘင်

    [pwɛláɴθbʱɪ̀ɴ]
    လူသူအများ ကြည်သာ ရွှင်လန်းစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်သည့် အခမ်းအနား
    လူသူအများ ကြည်သာ ရွှင်လန်းစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်သည့် အခမ်းအနား
    festival
    နာမ်

    ပွဲလုံးကျော်

    [pwɛlóʊɴt͡ɕɔ̀]
    နီရာများစွာမာ ပါဝင်လေ့ ဟိ၍ ထင်ရှား လူသိများသူ။ အဝီးမောင်သာဖြူ ပွဲတိုင်းပင်လည်း ဆိုက်တေကာမင်း။ (အရပ်
    နေရာများစွာတွင် ပါဝင်လေ့ ယှိ၍ ထင်ရှား လူသိများသူ။ အဝေးမောင်သာဖြူ ပွဲတိုင်းပင်လည်း ဆိုက်တေကာမင်း။ (အရပ်
    Well-known
    နာမ်

    ပွဲဝင်

    [pwɛwɪ̀ɴ]
    ပွဲဦးရက် အနိန်နန့် စတင်ရေ။ ဦးရာဇ်တောင် ဘုရားပွဲမာ ဒဂုန်မောင်ကျော်ဇာတ် အေနိပွဲဝင်ပါရေ။(အရပ်
    ပွဲဦးရက် အနေဖြင့် စတင်သည်။ ဦးရာဇ်တောင် ဘုရားပွဲမှာ ဒဂုန်မောင်ကျော်ဇာတ် အေနိပွဲဝင်ပါရေ။(အရပ်
    start
    ကြိယာ

    ပွဲသဘင်

    [pwɛθbʱɪ̀ɴ]
    သင့်တော်ပိုင် ကြီးကျယ် ခန်းနားအောင် နီရာတကျ စီစိုင် ဖန်တီး ပြုလုပ်ထားရေ ပွဲ
    သင့်တော်သလို ကြီးကျယ် ခန်းနားအောင် နေရာတကျ စီစဉ် ဖန်တီး ပြုလုပ်ထားသော ပွဲ
    festival
    နာမ်

    ပွဲသျှူ

    [pwɛʃù]
    ၁၊ ပွဲသဘင် အခမ်းအနား၌ ပေါက်ရောက် ဝင်ဆံ့ခြင်းမဟိ ဖြစ်တေ။ ၂၊ လူ့အသိုင်းအဝိုင်း၊ လူပုံအလယ်၊ လူလောကထဲကို မတိုးဝံ့ ဖြစ်တေ
    ၁၊ ပွဲသဘင် အခမ်းအနား၌ ပေါက်ရောက် ဝင်ဆံ့ခြင်းမယှိ ဖြစ်သည်။ ၂၊ လူ့အသိုင်းအဝိုင်း၊ လူပုံအလယ်၊ လူလောကထဲသို့ မတိုးရဲ ဖြစ်သည်
    unsocial
    ကြိယာ

    ပွဲသျှူ၂

    [pwɛʃù၂]
    လူ့အသိုင်းအဝိုင်း၊ လူပုံအလယ်၊ လူ့လောကထဲကို မတိုးဝံ့သော သူ
    လူ့အသိုင်းအဝိုင်း၊ လူပုံအလယ်၊ လူ့လောကထဲသို့ မတိုးရဲသော သူ
    craven
    နာမ်

    ပွဲသျှူမဟိ

    [pwɛʃùmhì]
    ကြောက်ရွံ့တတ်ရေ။ သူရဲဘော နည်းသော။ လူတောသူတော မဝင်ဖူးလို့ ပွဲသျှူက မဟိ။ (အရပ်
    ကြောက်ရွံ့တတ်သော။ သူရဲဘော နည်းသော။ လူတောသူတော မဝင်ဖူးလို့ ပွဲသျှူက မဟိ။ (အရပ်
    pusillanimous
    နာမဝိသေသန

    ပွဲအိမ်

    [pwɛʔèɪɴ]
    ရဟန်းခံ၊ ရှင်ပြု အလှူ ပြုလုပ်ရေ အိမ်
    ရဟန်းခံ၊ ရှင်ပြု အလှူ ပြုလုပ်သော အိမ်
    giver home
    နာမ်

    ပွဲဦးနင်း

    [pwɛʔúnɪ́ɴ]
    ဇာတ်ပွဲများမာ ရှီးဦးဆုံး ကပြဖို့ အခန်း စတင်သည်
    ဇာတ်ပွဲများတွင် ရှေးဦးဆုံး ကပြရန် အခန်း စတင်သည်
    start
    ကြိယာ

    ပွဲဦးနင်းမ

    [pwɛʔúnɪ́ɴm]
    ဇာတ်ပွဲများမာ ညွန့်ဖူး ကပြရရေ မမာ့
    ဇာတ်ပွဲများတွင် ပွဲဦးထွက် ကပြရသော မိန်းမ
    actress
    နာမ်

    ပွဲဦးပေါက်

    [pwɛʔúpaʊʔ]
    အဦးအဖျားအနိန်နန့်၊ ဗွေဆော်ဦး
    အဦးအဖျား အားဖြင့်၊ ဗွေဆော်ဦး
    first
    ကြိယာဝိသေသန