Dictionary Entries
Showing 161–180 of 1,759 words
ပ
ပင်လေ
[pɪ̀ɴlè]
Arakanese:
မဖြစ်ပျက်သိမ့်စွာကို ဖြစ်ပျက်ဘိပိုင် မှတ်ယူပနာ ယင်းပိုင် ဖြစ်ပျက်မှုနှင့် ဆန့်ကျင်သော အရာကြိယာကို သုံးလိုရာမာ ဆက်စပ်သော စကားလုံး။ ခန္ဓာရုပ်ကို၊ ဖျက်ဖျက်ကင်ကင်၊ ငါ့ကိုပင်လေ၊ သင်သင်ဖျက်ဖျက်၊ မမြင်ချင်ကေ၊ သင်မင်းပျက်မာ၊ ချက်ချက်ပြုတ်ပြုတ်။ (ပန်း
Burmese:
မဖြစ်ပျက်သေးသည်ကို ဖြစ်ပျက်ဘိသကဲ့သို့ မှတ်ယူ၍ ယင်းသို့ ဖြစ်ပျက်မှုနှင့် ဆန့်ကျင်သော အခြားကြိယာကို သုံးလိုရာ၌ ဆက်စပ်သော စကားလုံး။ ခန္ဓာရုပ်ကို၊ ဖျက်ဖျက်ကင်ကင်၊ ငါ့ကိုပင်လေ၊ သင်သင်ဖျက်ဖျက်၊ မမြင်ချင်ကေ၊ သင်မင်းပျက်မှာ၊ ချက်ချက်ပြုတ်ပြုတ်။ (ပန်း
English:
none
Grammar Note:
သမ္ဗန္တ
ပင်လေ၂
[pɪ̀ɴlè၂]
Arakanese:
ဟိကြိယာကို ဆန့်ကျင်သော၊ နောက်ကြိယာကို ဖော်ပြလိုရာမာ ဆက်စပ်ရေ့ စကားလုံး။ ကျူးလွန်သည်ဖြစ်၊ မွေးဖခင်မာ၊ ကြင်မချစ်ပဲ၊ နှင်ပစ်တုံးစဉ်၊ စဉ်းငယ်ပင်လေ၊ ဖခင်ဆိုးမာ၊ မတိုးတွန့်ပဲ။ (ဓမ္မသာ
Burmese:
ရှေ့ကြိယာကို ဆန့်ကျင်သော၊ နောက်ကြိယာကို ဖော်ပြလိုရာ၌ ဆက်စပ်သည့် စကားလုံး။ ကျူးလွန်သည်ဖြစ်၊ မွေးဖခင်မှာ၊ ကြင်မချစ်ပဲ၊ နှင်ပစ်တုံးစဉ်၊ စဉ်းငယ်ပင်လေ၊ ဖခင်ဆိုးမှာ၊ မတိုးတွန့်ပဲ။ (ဓမ္မသာ
English:
none
Grammar Note:
သမ္ဗန္တ
ပင်းသကူ
[pɪ́ɴθkù]
Arakanese:
အသျှင်မဟိ စွန့်ပစ်ထားရေ ဝန်၊ သင်္ကန်း၊ ပရိက္ခရာ အစဟိစွာ
Burmese:
အသျှင်မရှိ စွန့်ပစ်ထားသော ပစ္စည်း၊ သင်္ကန်း၊ ပရိက္ခရာ စသည်
English:
none
Grammar Note:
နာမ်
ပင့်သက်သျှူ
[pɪ̀ɴ့θɛʔʃù]
Arakanese:
အသက်ရှုရာမာ ဝအောင် မရှုဟိုက်နိုင်ပဲ ဝင်ရုံထွက်လီာက်ရုံရာ ရှုဟိုက်နှိုင်ရေ ဝင်လေ ထွက်လီ
Burmese:
အသက်ရှုရာတွင် ဝအောင် မရှုရှိုက်နိုင်ပဲ ဝင်ရုံထွက်ရုံမျှသာ ရှုရှိုက်နိုင်သော ဝင်လေ ထွက်လေ
English:
breathe
Grammar Note:
နာမ်
ပင်သီ
[pɪ̀ɴθí]
Arakanese:
မခုတ်မထစ် အပိုင်သီရေ အပင်မျိုး
Burmese:
မခုတ်မထစ် အလိုလိုသေသော သစ်ပင်မျိုး
English:
none
Grammar Note:
နာမ်
ပင်သီ၂
[pɪ̀ɴθí၂]
Arakanese:
အစိုင်အမြဲ။ အစိုင်မပြတ်။ ပင်ဟိုက် အမြဲတစေ။ အကျွန် ယာယီ မဟောက်ပါ အမြဲတမ်း ပင်သီပါရာ။(အရပ်
Burmese:
အစဉ်အမြဲ။ အစဉ်မပြတ်။ ပင်ဟိုက် အမြဲတစေ။ အကျွန် ယာယီ မဟောက်ပါ အမြဲတမ်း ပင်သီပါရာ။(အရပ်
English:
ever
Grammar Note:
ကြိယာ
ပင့်သျှူ
[pɪ̀ɴ့ʃù]
Arakanese:
အသက်ရှုရာမာ ဝအောင် မရှုဟိုက်နိုင်ပဲ ဝင်ရုံထွက်လီာက်ရုံရာ ရှုဟိုက်နှိုင်ရေ ဝင်လေ ထွက်လီ။ ကြောက်စချင်ဖွယ်၊ ရင်ဝအဲ၍၊ တထွေသို့ပင်။ ရှင်သောအသက်၊ ပင့်သျှူဗျာယ်နှင့်၊ ကိုယ်လက်လည်းဝါ၊ ရင်ကဆာ၍ (ပဉ္စဘုတ်)
Burmese:
အသက်ရှုရာတွင် ဝအောင် မရှုရှိုက်နိုင်ပဲ ဝင်ရုံထွက်ရုံမျှသာ ရှုရှိုက်နိုင်သော ဝင်လေ ထွက်လေ။ ကြောက်စချင်ဖွယ်၊ ရင်ဝအဲ၍၊ တထွေသို့ပင်။ ရှင်သောအသက်၊ ပင့်သျှူလျက်နှင့်၊ ကိုယ်လက်လည်းဝါ၊ ရင်ကဆာ၍ (ပဉ္စဘုတ်)
English:
breathe
Grammar Note:
နာမ်
ပင်ဟိုက်
[pɪ̀ɴhaɪʔ]
Arakanese:
၁၊ ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် နွမ်းရိခြင်း ဖြစ်တေ။ ၂၊ အားပျော့နွဲ့လျရေ။ တွန်နာ၊ ထောင့်သန်း၊ ပင်ဟိုက်ပန်းလည်း၊ ပန်းမှန်မသိ (ပဉ္စဘုတ်
Burmese:
၁၊ ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် နွမ်းနယ်ခြင်း ဖြစ်သည်။ ၂၊ အားပျော့နွဲ့လျသည်။ တွန်နာ၊ ထောင့်သန်း၊ ပင်ဟိုက်ပန်းလည်း၊ ပန်းမှန်မသိ (ပဉ္စဘုတ်
English:
languish
Grammar Note:
ကြိယာ
ပစ
[ps]
Arakanese:
အစာ သွတ်သွင်းရာ ခံမား ပေါက်။ အာခံ မား
Burmese:
အစာ သွတ်သွင်းရာ ခံတွင်း ပေါက်။ အာခံ တွင်း
English:
mouth
Grammar Note:
နာမ်
ပစကျ
[pst͡ɕ]
Arakanese:
သူတိ တိုင်း ထံမာ အဆဲ အဆို အပြော အဆို မုန်းတီးခြင်း ခံရရေ။ ‘လူပါးမာ ပစကျ ခံမား ပိန်းလို့ ခြောက်လာဗျယ်။’ ၂၊ ချီးမွမ်းရေ။ အသျှေကို ဝ ရေ ဝ ရေလို့ ပစကျကေ ပိန်တတ်ပါရေ
Burmese:
သူများ တကာ ထံတွင် အဆဲ အဆို အပြော အဆို မုန်းတီးခြင်း ခံရသည်။ ‘လူပါးမှာ ပစကျ ခံတွင်း ပိန်းလို့ ခြောက်လာဗျယ်။’ ၂၊ ချီးမွမ်းသည်။ အသျှေကို ဝ ရေ ဝ ရေလို့ ပစကျကေ ပိန်တတ်ပါရေ
English:
animosity
Grammar Note:
ကြိယာ
ပစကြမ်း
[pst͡ɕáɴ]
Arakanese:
ကြမ်းတမ်းစွာ စကားပြော တတ်ရေ။ အာကြမ်းသော
Burmese:
ကြမ်းတမ်းစွာ စကားပြော တတ်သော။ အာကြမ်းသော
English:
billingsgate
Grammar Note:
နာမဝိသေသန
ပစချွန်း
[psɕʊ́ɴ]
Arakanese:
ရန်တွိ့ စကား ပြောတတ်ရေ။ စွာသော
Burmese:
ရန်တွေ့ စကား ပြောတတ်သော။ စွာသော
English:
pert
Grammar Note:
နာမဝိသေသန
ပစခြီ
[pskʰɹì]
Arakanese:
စားပနာ သောက်ပနာ မြိန်ရေ။ ၂၊ စားသောက်ပနာ အရသာ တွိရေ
Burmese:
စား၍ သောက်၍ မြိန်သည်။ ၂၊ စားသောက်၍ အရသာ တွေ့သည်
English:
tasty
Grammar Note:
ကြိယာ
ပစစုတ်
[pssoʊʔ]
Arakanese:
စကား ပြောဆို ရာမာ အထိန်း အသိမ်း အစောင့် အစည်း နည်းရေ။ တွိ့ကရာကို တောင်စဉ် ရေမရ ပြောဆိုရေ
Burmese:
စကား ပြောဆို ရာတွင် အထိန်း အသိမ်း အစောင့် အစည်း နည်းသည်။ တွေ့ကရာကို တောင်စဉ် ရေမရ ပြောဆိုသည်
English:
verbally committed to something
Grammar Note:
ကြိယာ
ပစတောင်း
[pstáʊɴ]
Arakanese:
စားချင် သောက်ချင် ဖြစ်နီရေ။ စားသောက် ချင်သည်
Burmese:
စားချင် သောက်ချင် ဖြစ်နေသည်။ စားသောက် ချင်သည်
English:
appetizing
Grammar Note:
ကြိယာ
ပစတွိ
[pstwì]
Arakanese:
စားပနာ မြိန်ရေ။ ၂၊ (ဥပစာ) ကိုယ့် အကြိုက်နှင့် တိုက်ဆိုင်ရေ။ သဖောကျရေ
Burmese:
စား၍ မြိန်သည်။ ၂၊ (ဥပစာ) မိမိ၏ အကြိုက်နှင့် တိုက်ဆိုင်သည်။ သဘော ကျသည်
English:
tasty
Grammar Note:
ကြိယာ
ပစပေါက်
[pspaʊʔ]
Arakanese:
ခံမား ပျက်ရာမှ ပြန်ကောင်း လာရေ
Burmese:
ခံတွင်း ပျက်ရာမှ ပြန်ကောင်း လာသည်
English:
tasty
Grammar Note:
ကြိယာ
ပစပ်
[psaʔ]
Arakanese:
ထိမ်းမြား ပီးရေ။ အိမ်ထောင် ပြုစီရေ
Burmese:
လက်ထပ် ပေးသည်။ အိမ်ထောင် ပြုစေသည်
English:
marriage
Grammar Note:
ကြိယာ
ပစပျက်
[psprɛʔ]
Arakanese:
စားမကောင်း သောက်မကောင်း ဖြစ်တေ။ အရသာ မတွိပဲ ဟိရေ
Burmese:
စားမကောင်း သောက်မကောင်း ဖြစ်သည်။ အရသာ မတွေ့ပဲ ရှိသည်
English:
uneatable
Grammar Note:
ကြိယာ
ပစမ်းနရမ်း
[psáɴnɹáɴ]
Arakanese:
အယောင် ယောင် အမား မား၊ (ပြောဆို ပြုဗျာယ်
Burmese:
အယောင် ယောင် အမှား မှား၊ (ပြောဆို ပြုလျက်
English:
wrong
Grammar Note:
ကြိယာဝိသေသန